Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 18, 2018

ဗုဒၶဘာသာ ဆိုတာ ႐ုပ္ထု ကို ကိုးကြယ္ျခင္း မဟုတ္ပါဘူး….


ခုတေလာ ျမတ္စြာဘုရား ပံုေတာ္ ဆင္းတုေတာ္ ေတြကို ဖိုတိုေရွာ့ပ္ နဲ ့ေတာင္ထိပ္ တင္လိုက္၊ေရထဲခ်လိုက္၊ ေတာထဲပို႔လိုက္ ေရာင္ျခည္ေတာ္ ဆိုျပီး အလင္း ေတြ လုပ္လိုက္၊ေျမြပတ္လိုက္….စသည္ျဖင့္ လုပ္ခ်င္ရာ ထင္ရာလုပ္ေနၾကတယ္။

ေနာက္ၿပီးေတာ့ ႀကိဳက္တယ္ဆို like လုပ္ပါ ၊ share လုပ္ပါ။ဒီ ပံုေတာ္ ဖူးသူေတြ ပြားမ်ားသူေတြ ဘာျဖစ္မယ္ ညာျဖစ္မယ္ ဆိုကာ“ျမတ္ ဗုဒၶ ကို သင္တို ့ထင္ျမင္သလို လုပ္ခ်င္တာ လုပ္စရာမ်ား မမွတ္ပါနဲ႔”

2016 October တုန္းက…..ကြ်န္မ ေထရဝါဒ အယူအဆ နဲ႕ျမတ္စြာဘုရား ရဲ႕ပုံေတာ္ ႐ုပ္ပြား ဆင္းတုေတာ္ မ်ား ႏွင့္ မဟာယာန,ဂ်ိန္းဝါဒဘုရားပုံေတာ္ ႐ုပ္ထု ေတြရဲ႕ အယူအဆ နဲ႕ကြဲျပားပုံကို postအျဖစ္တင္ခဲ့ဖူးပါတယ္။တခ်ဳိ႕သူမ်ားက အင္တာနက္ ေပၚမွာတင္ထားတဲ့ စၾကၤာပုံပါ ဘုရား မ်ား၊ သကၤန္း လုံလုံျခံဳမဝတ္ရံုထားတဲ့ ရင္ဘက္ ေပၚ ဗိုက္ေပၚ စသည္ျဖင့္ ဂ်ိန္း,မဟာယာနအယူအဆ ဘုရားပုံ မ်ားကို အဟုတ္ထင္ၿပီးဓာတ္ပုံစာေတြေရးၾက,postတင္ၾက,likeေပးၾက,shareလုပ္ၾက အဟုတ္ထင္မွတ္ေနၾကတယ္။

ဘုရား ပုံေတာ္ ႐ုပ္ထု မ်ားနဲ႔ပတ္သတ္ၿပီး ေထရဝါဒ ၊ ဂ်ိန္း ၊မဟာယာနအယူအဆမ်ားနဲ႕ပတ္သတ္ၿပီး ေလာကနီတိသုတစာေပရဲ႕ post အေဟာင္း ေတြမွာ ေလ့လာဖတ္ရႈႏိုင္ပါတယ္။ဒါမ်ဳိးအယူအဆေတြဟာ….ျမတ္ဗုဒၶ ရဲ႕ စစ္မွန္တဲ့ အဆုံးအမ ဟုတ္မဟုတ္ ေလ့လာပါ။သင့္ေတာ္သလား မသင့္ေတာ္ဘူးလား စဥ္းစားၾကပါ။

ဗုဒၶဘာသာ တရား ကို ေျခေျချမစ္ျမစ္ ဂဃဏန မသိဘဲ ေသးသိမ္ေသးေအာင္ မလုပ္ၾကပါနဲ႔။ဒီေနရာမွာ ဘာသာျခားေတြ စြပ္စြဲတတ္ၾကတာ ဗုဒၶဘာသာ ဟာ….႐ုပ္ထု ကိုးကြယ္တဲ့ဘာသာဆိုၿပီး စြပ္စြဲေျပာတတ္ၾကပါတယ္။

“ဗုဒၶဘာသာဝင္ ဆိုတာ တကယ္ေတာ့ Idol (ရုပ္ထု)ကို ကိုးကြယ္တာ မဟုတ္ပါ။”“Ideal(ေက်းဇူးဂုဏ္)ကို ကိုးကြယ္တာလို ့ေျပာခ်င္ပါတယ္။”အိမ္မွာ ဘုရား ဆင္းတုေတာ္ ထားတယ္ဆိုတာ….

က်ြန္မတို႔ရဲ႕ ျမတ္ဗုဒၶ ဒီလူ ့ေလာက မွာ သမိုင္း အေထာက္အထား အထင္ရွားရွိခဲ့တဲ့ မဟာပုရိသပဲ ျဖစ္တယ္။ေလာကေကာင္းက်ဳိး၊ လူ ့ေဘာင္ေကာင္းက်ိဳးကိုသာ လမ္းညႊန္ျပခဲ့တဲ့ အတုမဲ့ပုဂၢိဳလ္ အႏိႈင္းမဲ့ဆရာ သက္ေတာ္ထင္ရွားပြင့္ေတာ္မူခဲ့ၿပီး ေခတ္အဆက္ဆက္ လူသားမ်ိဳးႏြယ္ဆက္မ်ားစြာကို ၾကည္ညိဳသဒၶါထက္သန္လာေအာင္ေလာကသစၥာ ဘဝသစၥာ ဓမၼတရားအစစ္မွန္ကို သိျမင္လာေအာင္၊ ေလာကီ ေလာကုတၱရာ ႏွစ္ျဖာေသာအက်ဳိး ရရွိေစရန္အတြက္စြမ္းေဆာင္ေပးႏိုင္ခဲ့တဲ့ အႏိႈင္းမဲ့ဆရာျဖစ္လို႔ ေက်းဇူးႀကီးမားလို ႔ျမတ္ဗုဒၶ ရဲ ႕ဂုဏ္ေက်းဇူးေတာ္ကို အမွတ္ရလြယ္ေအာင္ သေကၤတျပဳၿပီးသက္ေတာ္ထင္ရွားျမတ္စြာဘုရား အမွတ္နဲ႔ အာ႐ုံျပဳၿပီး ႀကည္ညိဳတာ အရိုအေသျပဳတာ ပူေဇာ္ၾကတာဘဲ ျဖစ္တယ္။

ေနာက္ၿပီး ဆင္းတုေတာ္ ကို ေမာ့ၾကည့္လိုက္တဲ့အခါ….. မိမိႀကံဳေတြ႕ေနရတဲ့ စိတ္ရဲ႕ရႈတ္ေထြးမႈေတြ ၊စိတ္ရဲ႕ပူေလာင္မႈေတြ ေသာကေတြ ေလ်ာ့ပါးသြားၿပီး စိတ္ေအးျငိမ္းခ်မ္းသာမႈကို ခံစားရတယ္။စိတ္ၾကည္လင္ျခင္း ၿငိမ္သက္ျခင္းကို ေပၚေပါက္ေစတယ္။

ေနာက္ၿပီးေတာ့ စိတ္မွာ သမာဓိရေအာင္အနုႆတိပြားစရာ အာရံုထားရာ အျဖစ္နဲ႔ဗုဒၶႏုႆတိဘာဝနာကို ပြားမ်ားအားထုတ္ႏိုင္ဖို႔အတြက္” ျမတ္စြာဘုရားရဲ႕ဆင္းတုေတာ္”ကို ထားရွိျခင္းပဲ ျဖစ္တယ္။က်ြန္မတို ့ ဆင္းတုေတာ္ ထားရွိျခင္းဟာ….နတ္ကိုးကြယ္သူေတြလို ေရွးဦးက လူသားေတြလိုမိမိတို ့မသိတဲ့ ေကာင္းကံ၊ ဆိုးကံေတြကိုဖန္တီးျခယ္လွယ္ ခ်ဳပ္ကိုင္ေနတယ္လို ့ထင္တဲ့ နတ္ဘုရားေတြကို ရည္မွန္းၿပီးနတ္တိုင္နတ္ကြန္း ရုပ္ထုၾကီး ေတြ ေရွ ့မွာ ပူေဇာ္ပသၿပီး ေကာင္းက်ိဳးခ်မ္းသာေပးဖို ့၊ ေဘးအႏၱရာယ္မ်ားမွ ကာကြယ္ေပးဖို ့ေၾကာက္လို႔ က်ဴးလြန္ခဲ့တဲ့ အျပစ္ေတြ ေတာင္းပန္ဖို ့ ထားၿပီး ကိုးကြယ္ၾကတာ မဟုတ္ဘူူးဆိုတာ သိထားသင့္ပါတယ္။

ဗုဒၶဘာသာ(ဗုဒၶသာသနာ)ဆိုတာဝိဇၨာဆိုတဲ့ အသိဉာဏ္ စရဏဆိုတဲ့ အက်င့္ကိုပါ လိုအပ္ေၾကာင္း ျမတ္ဗုဒၶ ေဟာၾကားထားေတာ္မူပါသည္။ဥပမာ-နားလည္လြယ္ေအာင္ေျပာရင္ ကြယ္လြန္သြားၿပီး ျဖစ္တဲ့ မိဘႏွစ္ပါးရဲ႕ဓာတ္ပုံ ေရွ႕မွာ ဂါဝရျပဳ အ႐ိုအေသေပးကာလက္အုပ္မိုးၿပီး ရွစ္ခိုးဦးခ် ကန္ေတာ့တာ ဓာတ္ပုံ(Image)ႀကီးကို ကန္ေတာ့တာမဟုတ္ပါ။မိမိရဲ႕မိဘ၏ ဂုဏ္ေက်းဇူးေတြကို ရည္မွန္းၿပီး အနႏၲေက်းဇူးရွင္ေတြမို႔လို႔ ရွစ္ခိုးကန္ေတာ့ျခင္းပဲ ျဖစ္တယ္။က်ြန္မတို႔ ဗုဒၶဘာသာဝင္ေတြအေနနဲ႔လည္း… ျမတ္စြာဘုရား ရဲ႕စစ္မွန္တဲ့ ဓမၼအဆုံးအမေတြကို နားလည္သိရွိေအာင္ ႀကိဳးစားေလ့လာ နာယူၾကပါ။

မိမိရဲ႕ႏွလုံးသား ထဲမွာ ဘုရားတည္ဖို႔သာ အေရးႀကီးပါတယ္။ ေနာက္ၿပီးေတာ့ သမထဘာဝနာႏွင့္ ဝိပႆနာဘာဝနာဟူ၍ ဘာဝနာ ႏွစ္မ်ဳိးရွိပါတယ္။သမထဘာဝနာ (၄၀) ထဲတြင္ ဗုဒၶႏုႆတိ ဘာဝနာ သည္အျမတ္ဆုံး ဘာဝနာျဖစ္ပါသည္။ဒါေၾကာင့္…..

ျမတ္ဗုဒၶရဲ႕ ဗုဒၶါႏုႆတိ ဘာဝနာ ကို ပြားမ်ားရင္းျဖင့္ႏွလုံးစိတ္ဝမ္းၾကည္လင္ ေအးၿငိမ္းျခင္းျဖင့္ ရရွိလာတဲ့ ဓမၼစြမ္းအားျဖင့္ဝိပႆနာဘာဝနာကိုဆက္လက္ပြားမ်ားအားထုတ္ရင္းျဖင့္ဉာဏ္အဆင့္ဆင့္ တက္ကာ ျမတ္နိဗၺာန္အထိ ေရာက္ရွိႏိုင္ေအာင္ ႀကိဳးအားထုတ္ႏိုင္ၾကပါေစလို႔ ဆႏၵျပဳရင္း……စာခ်စ္သူ စာဖတ္သူမ်ား အားလံုးကို အစဥ္ေလးစားလ်ွက္….

သိန္းငယ္စိုး

#Unicode Version#
ခုတလော မြတ်စွာဘုရား ပုံတော် ဆင်းတုတော် တွေကို ဖိုတိုရှော့ပ် နဲ့တောင်ထိပ် တင်လိုက်၊ရေထဲချလိုက်၊ တောထဲပို့လိုက် ရောင်ခြည်တော် ဆိုပြီး အလင်း တွေ လုပ်လိုက်၊မြွေပတ်လိုက်….စသည်ဖြင့် လုပ်ချင်ရာ ထင်ရာလုပ်နေကြတယ်။

နောက်ပြီးတော့ ကြိုက်တယ်ဆို like လုပ်ပါ ၊ share လုပ်ပါ။ဒီ ပုံတော် ဖူးသူတွေ ပွားများသူတွေ ဘာဖြစ်မယ် ညာဖြစ်မယ် ဆိုကာ“မြတ် ဗုဒ္ဓ ကို သင်တို့ထင်မြင်သလို လုပ်ချင်တာ လုပ်စရာများ မမှတ်ပါနဲ့”

2016 October တုန်းက…..ကျွန်မ ထေရဝါဒ အယူအဆ နဲ့မြတ်စွာဘုရား ရဲ့ပုံတော် ရုပ်ပွား ဆင်းတုတော် များ နှင့် မဟာယာန,ဂျိန်းဝါဒဘုရားပုံတော် ရုပ်ထု တွေရဲ့ အယူအဆ နဲ့ကွဲပြားပုံကို postအဖြစ်တင်ခဲ့ဖူးပါတယ်။တချို့သူများက အင်တာနက် ပေါ်မှာတင်ထားတဲ့ စင်္ကြာပုံပါ ဘုရား များ၊ သင်္ကန်း လုံလုံခြုံမဝတ်ရုံထားတဲ့ ရင်ဘက် ပေါ် ဗိုက်ပေါ် စသည်ဖြင့် ဂျိန်း,မဟာယာနအယူအဆ ဘုရားပုံ များကို အဟုတ်ထင်ပြီးဓာတ်ပုံစာတွေရေးကြ,postတင်ကြ,likeပေးကြ,shareလုပ်ကြ အဟုတ်ထင်မှတ်နေကြတယ်။

ဘုရား ပုံတော် ရုပ်ထု များနဲ့ပတ်သတ်ပြီး ထေရဝါဒ ၊ ဂျိန်း ၊မဟာယာနအယူအဆများနဲ့ပတ်သတ်ပြီး လောကနီတိသုတစာပေရဲ့ post အဟောင်း တွေမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။ဒါမျိုးအယူအဆတွေဟာ….မြတ်ဗုဒ္ဓ ရဲ့ စစ်မှန်တဲ့ အဆုံးအမ ဟုတ်မဟုတ် လေ့လာပါ။သင့်တော်သလား မသင့်တော်ဘူးလား စဉ်းစားကြပါ။

ဗုဒ္ဓဘာသာ တရား ကို ခြေခြေမြစ်မြစ် ဂဃဏန မသိဘဲ သေးသိမ်သေးအောင် မလုပ်ကြပါနဲ့။ဒီနေရာမှာ ဘာသာခြားတွေ စွပ်စွဲတတ်ကြတာ ဗုဒ္ဓဘာသာ ဟာ….ရုပ်ထု ကိုးကွယ်တဲ့ဘာသာဆိုပြီး စွပ်စွဲပြောတတ်ကြပါတယ်။

“ဗုဒ္ဓဘာသာဝင် ဆိုတာ တကယ်တော့ Idol (ရုပ်ထု)ကို ကိုးကွယ်တာ မဟုတ်ပါ။”“Ideal(ကျေးဇူးဂုဏ်)ကို ကိုးကွယ်တာလို့ပြောချင်ပါတယ်။”အိမ်မှာ ဘုရား ဆင်းတုတော် ထားတယ်ဆိုတာ….

ကျွန်မတို့ရဲ့ မြတ်ဗုဒ္ဓ ဒီလူ့လောက မှာ သမိုင်း အထောက်အထား အထင်ရှားရှိခဲ့တဲ့ မဟာပုရိသပဲ ဖြစ်တယ်။လောကကောင်းကျိုး၊ လူ့ဘောင်ကောင်းကျိုးကိုသာ လမ်းညွှန်ပြခဲ့တဲ့ အတုမဲ့ပုဂ္ဂိုလ် အနှိုင်းမဲ့ဆရာ သက်တော်ထင်ရှားပွင့်တော်မူခဲ့ပြီး ခေတ်အဆက်ဆက် လူသားမျိုးနွယ်ဆက်များစွာကို ကြည်ညိုသဒ္ဓါထက်သန်လာအောင်လောကသစ္စာ ဘဝသစ္စာ ဓမ္မတရားအစစ်မှန်ကို သိမြင်လာအောင်၊ လောကီ လောကုတ္တရာ နှစ်ဖြာသောအကျိုး ရရှိစေရန်အတွက်စွမ်းဆောင်ပေးနိုင်ခဲ့တဲ့ အနှိုင်းမဲ့ဆရာဖြစ်လို့ ကျေးဇူးကြီးမားလို့မြတ်ဗုဒ္ဓ ရဲ့ဂုဏ်ကျေးဇူးတော်ကို အမှတ်ရလွယ်အောင် သင်္ကေတပြုပြီးသက်တော်ထင်ရှားမြတ်စွာဘုရား အမှတ်နဲ့ အာရုံပြုပြီး ကြည်ညိုတာ အရိုအသေပြုတာ ပူဇော်ကြတာဘဲ ဖြစ်တယ်။

နောက်ပြီး ဆင်းတုတော် ကို မော့ကြည့်လိုက်တဲ့အခါ….. မိမိကြုံတွေ့နေရတဲ့ စိတ်ရဲ့ရှုတ်ထွေးမှုတွေ ၊စိတ်ရဲ့ပူလောင်မှုတွေ သောကတွေ လျော့ပါးသွားပြီး စိတ်အေးငြိမ်းချမ်းသာမှုကို ခံစားရတယ်။စိတ်ကြည်လင်ခြင်း ငြိမ်သက်ခြင်းကို ပေါ်ပေါက်စေတယ်။

နောက်ပြီးတော့ စိတ်မှာ သမာဓိရအောင်အနုဿတိပွားစရာ အာရုံထားရာ အဖြစ်နဲ့ဗုဒ္ဓနုဿတိဘာဝနာကို ပွားများအားထုတ်နိုင်ဖို့အတွက်” မြတ်စွာဘုရားရဲ့ဆင်းတုတော်”ကို ထားရှိခြင်းပဲ ဖြစ်တယ်။ကျွန်မတို့ ဆင်းတုတော် ထားရှိခြင်းဟာ….နတ်ကိုးကွယ်သူတွေလို ရှေးဦးက လူသားတွေလိုမိမိတို့မသိတဲ့ ကောင်းကံ၊ ဆိုးကံတွေကိုဖန်တီးခြယ်လှယ် ချုပ်ကိုင်နေတယ်လို့ထင်တဲ့ နတ်ဘုရားတွေကို ရည်မှန်းပြီးနတ်တိုင်နတ်ကွန်း ရုပ်ထုကြီး တွေ ရှေ့မှာ ပူဇော်ပသပြီး ကောင်းကျိုးချမ်းသာပေးဖို့၊ ဘေးအန္တရာယ်များမှ ကာကွယ်ပေးဖို့ကြောက်လို့ ကျူးလွန်ခဲ့တဲ့ အပြစ်တွေ တောင်းပန်ဖို့ ထားပြီး ကိုးကွယ်ကြတာ မဟုတ်ဘူူးဆိုတာ သိထားသင့်ပါတယ်။

ဗုဒ္ဓဘာသာ(ဗုဒ္ဓသာသနာ)ဆိုတာဝိဇ္ဇာဆိုတဲ့ အသိဉာဏ် စရဏဆိုတဲ့ အကျင့်ကိုပါ လိုအပ်ကြောင်း မြတ်ဗုဒ္ဓ ဟောကြားထားတော်မူပါသည်။ဥပမာ-နားလည်လွယ်အောင်ပြောရင် ကွယ်လွန်သွားပြီး ဖြစ်တဲ့ မိဘနှစ်ပါးရဲ့ဓာတ်ပုံ ရှေ့မှာ ဂါဝရပြု အရိုအသေပေးကာလက်အုပ်မိုးပြီး ရှစ်ခိုးဦးချ ကန်တော့တာ ဓာတ်ပုံ(Image)ကြီးကို ကန်တော့တာမဟုတ်ပါ။မိမိရဲ့မိဘ၏ ဂုဏ်ကျေးဇူးတွေကို ရည်မှန်းပြီး အနန္တကျေးဇူးရှင်တွေမို့လို့ ရှစ်ခိုးကန်တော့ခြင်းပဲ ဖြစ်တယ်။ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေအနေနဲ့လည်း… မြတ်စွာဘုရား ရဲ့စစ်မှန်တဲ့ ဓမ္မအဆုံးအမတွေကို နားလည်သိရှိအောင် ကြိုးစားလေ့လာ နာယူကြပါ။

မိမိရဲ့နှလုံးသား ထဲမှာ ဘုရားတည်ဖို့သာ အရေးကြီးပါတယ်။ နောက်ပြီးတော့ သမထဘာဝနာနှင့် ဝိပဿနာဘာဝနာဟူ၍ ဘာဝနာ နှစ်မျိုးရှိပါတယ်။သမထဘာဝနာ (၄၀) ထဲတွင် ဗုဒ္ဓနုဿတိ ဘာဝနာ သည်အမြတ်ဆုံး ဘာဝနာဖြစ်ပါသည်။ဒါကြောင့်…..

မြတ်ဗုဒ္ဓရဲ့ ဗုဒ္ဓါနုဿတိ ဘာဝနာ ကို ပွားများရင်းဖြင့်နှလုံးစိတ်ဝမ်းကြည်လင် အေးငြိမ်းခြင်းဖြင့် ရရှိလာတဲ့ ဓမ္မစွမ်းအားဖြင့်ဝိပဿနာဘာဝနာကိုဆက်လက်ပွားများအားထုတ်ရင်းဖြင့်ဉာဏ်အဆင့်ဆင့် တက်ကာ မြတ်နိဗ္ဗာန်အထိ ရောက်ရှိနိုင်အောင် ကြိုးအားထုတ်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း……စာချစ်သူ စာဖတ်သူများ အားလုံးကို အစဉ်လေးစားလျှက်….

သိန်းငယ်စိုး

No comments:

Post a Comment