Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, June 24, 2018

ဘုရင့္ေနာင္ ေဖာင္ဖ်က္တယ္ဆုိတာ ….

“ေဖာင္ဖ်က္” ”ဘုရင့္ေနာင္ ေဖာင္ဖ်က္သလို” ဆိုတဲ့အသံုးအႏႈန္းက “ေနာက္ဆုတ္ရန္မ႐ွိ ေ႐ွ႕ဆက္တိုးရမည္ ေအာင္ပြဲရရမည္” ဆိုတဲ့ အဓိပၸါယ္နဲ႔ပဲ သံုးဖို႔ေကာင္းပါသဗ်။ မထူးဇာတ္ခင္းတဲ့အဓိပၸါယ္မဟုတ္ဖူးဗ်။ ေနာက္တစ္ခုက ေဖာင္ဖ်က္တယ္ဆိုသည္မွာလဲ အျမဲတမ္းဖ်က္ၾကံဳရင္ဖ်က္၊ ဖ်က္ခ်င္မွဖ်က္ အဲ့လို ဗရမ္းဗတာႀကီးမဟုတ္ဖူး။ လိုအပ္မွဖ်က္ရတဲ့အမ်ိဳးဗ်။ ဟာ… ေနာင္႐ိုးထံုး ႏွလံုးမူ၊ ဘုရင့္ေနာင္ေဖာင္ဖ်က္ၿပီဆိုၿပီး ႐ွိစုမဲ့စုပိုက္ဆံကို တစ္ကြက္ေကာင္း ခ်ဲထိုးပစ္တာမ်ိဳးက်ေတာ့ သိပ္မနိပ္ဖူး။ ဒါက် အလြဲသံုးစားလုပ္တာ ျဖစ္သြားၿပီ။ ဘုရင့္ေနာင္ကို Abuse လုပ္တာ။

ဘုရင့္ေနာင္လို႔ဆိုလိုက္တာနဲ႔ ႐ွင္ရဲထြဋ္၊ တပင္ေရႊထီး၊ ေနာင္႐ိုးတိုက္ပြဲ၊ ဒုတိယျမန္မာႏိုင္ငံေတာ္၊ ယိုးဒယားကိုေအာင္ႏိုင္သူ၊ စသည္ျဖင့္ေပါ့။ လူသိမ်ားၾကတယ္။ ဒါေပသိ လူအေၾကာင္းကိုေျပာရင္ သူ႔ရဲ႕ကေလး ဘဝ၊ သူ႔ကိုေမြးတဲ့ေခတ္ကာလအေနအထားပါမွ ပံုေပၚတာဗ်။ သူငယ္ငယ္က အခုေခတ္ျမန္မာ့ေျမပံုလိုနယ္နမိတ္ထဲမွာ ၿမိဳ႕ျပႏိုင္ငံငယ္ေလးေတြ အမ်ားႀကီးျပန္႔က်ဲေနတာ။ တစ္ၿမိဳ႕သည္ တစ္ႏိုင္ငံ ဘုရင္တစ္ေယာက္႐ွိတယ္။ အဲ့သည့္ၿမိဳ႕ေတြ ၿမိဳ႕ေတြက ဘုရင္ေတြကို အႏိုင္ယူၿပီးကိုယ့္အာဏာစက္ေအာက္ကိုဆြဲသြင္းလိုက္တဲ့အခါ အင္ပါယာေပါ့။

ႏိုင္ငံကို ေ႐ွ႕ေနာက္အေပၚေအာက္ပိုင္းလိုက္ရင္ အင္ပါယာ၄ခုကြဲေနတယ္ (အဲ့အခ်ိန္က) အေနာက္မွာရခိုင္၊ အေပၚမွာအင္းဝ၊ အေ႐ွ႕မွာ ႐ွမ္း၊ ေအာက္မွာ ဟံသာဝတီ၊ ျပည္ၿမိဳ႕က ဟံသာဝတီရဲ႕မဟာမိတ္။ ေတာင္ငူကေတာ့ အားလံုးနဲ႔တည့္ေအာင္ေပါင္းေနရတဲ့ ပိစိေလး၊ ဒါေပမဲ့ အေရးလုပ္ၿပီးတိုက္စရာလဲမလို၊ သူ႔ေနရာကပြိဳင့္မက် သြားေရးလာေရး ခက္တယ္ဆိုေတာ့ စစ္ဒဏ္ကိုမခံရဘူး။ အင္းဝ-ဟံသာဝတီ အႏွစ္၄၀ စစ္ရယ္၊ သိုဟန္ဘြားတို႔နဲ႔ အင္းဝနဲ႔ တိုက္တဲ့စစ္ရယ္၊ ဒီႏွစ္ခုကိုေ႐ွာင္ဖို႔ေျပးၾကတဲ့လူေတြက ေတာင္ငူဘက္ကိုပဲသြားၾကတယ္။ ဒါေတြဟာေတာင္ငူအတြက္ Manpower bonus ျဖစ္လာတယ္၊ အင္းဝရဲ႕ Brain Drain သည္ ေတာင္ငူအတြက္ Brain Gain ျဖစ္လာတယ္။ ဒါေတြကေရႊထီး-ရဲထြဋ္ တို႔တည္ေထာင္မဲ့ႏိုင္ငံရဲ႕ အရင္း (Capital) ေတြျဖစ္လာပါတယ္။

Situation Analysis

အထက္မွာေျပာခဲ့တဲ့ အင္အားစု၄ခုမွာ အင္းဝနဲ႔ဟံသာသည္ အၾကာႀကီး ရန္ျဖစ္ထားတဲ့အတြက္ ပါးပါးပဲက်န္တယ္။ အဲ့သည္မွာမွ ႐ွမ္းကဝင္ႀကိတ္သြားေတာ့ အင္းဝပ်က္ပါတယ္။ ဟံသာဝတီသည္ ပင္လယ္ထြက္ေပါက္႐ွိတယ္၊ Oversea Trade ႐ွိတယ္၊ ရခိုင္ရယ္ ျပည္ရယ္နဲ႔ မဟာမိတ္ျပဳထားတယ္။ သူ႔ရဲ႕အဓိကျပသနာက ေခါင္းေဆာင္မႈအရည္အေသြးပါ။ ရာဇာဓိရာဇ္အလြန္မွာတက္လာတဲ့ သု႐ွင္ က ေခတ္စကားနဲ႔ေျပာရရင္ဆိုဒ္မျပည့္ဘူးေပါ့ဗ်ာ။ ရာထူးနဲ႔ကိုက္ညီတဲ့အရည္အခ်င္းမ႐ွိပါေပါ့။

ဆိုေတာ့.. အကယ္၍မ်ားသာ ရခိုင္-ျပည္ အတြဲက မဟာမိတ္ဖ်က္ၿပီး Push to south လုပ္လာရင္ ၾကားထဲက အားနည္းတဲ့ ေတာင္ငူသည္ ေၾကထြက္သြားမယ္။ ဘုရင့္ေနာင္တို႔က ဒီအေရးကိုႀကိဳျမင္တဲ့အတြက္ႀကိဳျပင္တယ္၊ အင္အားတည္ေဆာက္တယ္၊ ကြၽဲႏွစ္ေကာင္ၾကားက ေျမစာပင္ျဖစ္ခံမည့္အစား ကြၽဲေတြကိုေပၚစားဖို႔ဆံုးျဖတ္လိုက္ၾကပါတယ္။

ဘယ္ကြၽဲကိုေရြးမွာလဲ (The Beautiful Takeover)

ဘယ္ကြၽဲကိုေရြးလဲဆိုေတာ့ ေခါင္းေဆာင္မႈညံ့ဖ်င္းတဲ့ ဟံသာဝတီပါပဲ။ ဟံသာဝတီ စစ္ဆင္ေရးမစခင္မွာ ေတာင္ငူဟာ သူ႔ရဲ႕ေခါင္းေဆာင္မႈကို ခိုင္မာေအာင္လုပ္ပါတယ္။ လက္မထိပ္ကိုအပ္စိုက္ၿပီးတူနဲ႔ထု မတုန္မလႈပ္ သူကိုသာ သူရဲေကာင္းလို႔သတ္မွတ္တယ္ဆိုတဲ့ လူေရြးပြဲဟာ ျပင္ဆင္မႈ မ်ားထဲကတစ္ခုျဖစ္ပါတယ္။ က်ေနာ့္ယူဆခ်က္ကေတာ့ ဒီသူရဲေကာင္းေရြး ပြဲက ေ႐ွးေခတ္ရဲ႕ Psycho test ပါပဲ။ လက္ေရြးစင္ေတြေရြးၿပီးတာနဲ႔ ေရႊေမာေဓာေပၚမွာနားသမဂၤလာလုပ္ပါတယ္။ အတိအလင္း စိန္ေခၚလိုက္တဲ့သေဘာပါပဲ။

ဆက္တိုက္ဆိုသလိုပဲ ပြင့္လင္းရာသီေတြမွာ ေတာင္ငူ တပ္ေတြဟာ ပဲခူးအထိ penetrate လုပ္ဖို႔က်ိဳးစားပါတယ္။ ဟံသာဝတီ ခံတပ္ေတြမွာ ေပၚတူဂီလုပ္ေသနတ္၊ အေျမာက္ေတြတပ္ထားတာရယ္၊ အုပ္ခ်ဳပ္တဲ့ အမတ္ႀကီးႏွစ္ေယာက္ရဲ႕အကြက္ေစ့မႈရယ္ ဒါေၾကာင့္ Raid ေတြ Fail ျဖစ္ပါတယ္။ ဒီျပသနာကို သူလွ်ိဳစစ္ဆင္ေရးနဲ႔ေျဖ႐ွင္းပါတယ္။ ေခတ္အေခၚ ေဆးထိုးတယ္ေပါ့။ ခ်ေကြၽးလိုက္တဲ့ငါးစာကို မိမိရရႀကီးဟပ္ထည့္လိုက္တာကေတာ့ သု႐ွင္ပါပဲ၊ အမတ္ႀကီးႏွစ္ပါးကိုသစၥာေဖာက္လို႔ စြပ္စြဲၿပီးခ်က္ျခင္းသတ္ပါတယ္။ ဟံသာဝတီရဲ႕ အဓိကခံစစ္ၿပိဳက်သြားပါၿပီ။

အက်ိဳးဆက္ကေတာ့ ပဲခူးက်ၿပီး သု႐ွင္ရဲ႕တပ္ေတြဟာ ၾကည္း၊ေရ ႏွစ္ေၾကာင္း ခြဲၿပီးေျပးရပါတယ္။ ဘယ္ကိုေျပးလဲဆိုေတာ့ ျပည္ ကိုေျပးပါတယ္။ သု႐ွင္ရဲ႕အၾကံကေတာ့ အဆံုးအ႐ႈးံကိုကန္႔သတ္ (Limit the loss) ၿပီးျပည္မွာ Refit n Resupply လုပ္ရင္းတပ္ေတြကိုအနားေပး၊ ေတာင္ငူတပ္ေတြလာတိုက္မွ ေစာင့္ျဖဳတ္ၿပီးေတာ့ပဲခူးအထိ တန္ျပန္ထိုးစစ္ဆင္မွာျဖစ္ပါတယ္။ ဒါကိုသိတဲ့ေတာင္ငူတပ္ေတြဟာ သု႐ွင္ကိုေနာက္ကိုအတင္း လိုက္စစ္ဆင္ပါတယ္။ ထိေတြ႔မႈမ်ားစြာျဖစ္ခဲ့တဲ့အထဲမွာမွ ေနာင္႐ိုးတိုက္ပြဲ ဟာ အထင္ကရနဲ႔ မဟာဗ်ဴဟာေျမာက္ေအာင္ပြဲ (Strategic Victory)ျဖစ္ပါတယ္။

ေရအလ်င္ထိုးစစ္ (The Expanding Torrent)

သိမ္းငွက္ေတြသားေကာင္ကိုသုတ္ခ်ီၿပီးခ်က္ျခင္းပ်ံတက္သြားပံုကိုျမင္ၾကည့္ပါ။ သာမန္အားျဖင့္အေလးခ်ိန္တစ္ခုကိုသယ္ၿပီးခ်က္ျခင္းပ်ံတက္ဖို႔ဆိုတာ မလြယ္ပါဘူး၊ ဒါေပမဲ့သိမ္းငွက္ကဘယ္လိုလုပ္သြားလဲ။ သိမ္းငွက္ဟာ အျမင့္ကေနသားေကာင္ဆီကို speed နဲ႔ထိုးဆင္းၿပီး သူ႔ရဲ႕ပစ္မွတ္ေနရာျဖစ္တဲ့ ခါး႐ိုးကိုအားနဲ႔ေဆာင့္ခ်ပစ္လိုက္တဲ့အခါ ခါးက်ိဳးသြားၿပီးသုတ္ခ်ီသြားဖို႔လဲ လြယ္သြားပါတယ္။

ၿပီးေတာ့မွ residual speed နဲ႔ momentum ကိုသံုးၿပီး lift off လုပ္ပါတယ္။ ေရစီးႏွင့္ဆည္မွာ ေရစီးဆိုတဲ့ အား ကို ဆည္ဆိုတဲ့ ခုခံအားနဲ႔ျပန္ထိမ္းျခင္းပါ။ ဆည္ရဲ႕မ်က္ႏွာျပင္တစ္ခုလံုးကို ေရကဖိအားေပးထားတယ္၊ တၿပိဳင္တည္းမွာပဲ ဆည္ရဲ႕ေပ်ာ့ကြက္ဧရိယာေလးကို အ႐ွိန္အဟုန္ျပင္းျပင္းနဲ႔ေဆာင့္ခ်လိုက္တဲ့အခါ ဆည္တစ္ခုလံုးက်ိဳးက်ပါတယ္။ ဒီသေဘာတရားကို ေနာင္႐ိုးတိုက္ပြဲမွာ နည္းဗ်ဴဟာေျမာက္အသံုးခ်သြားခဲ့ပါတယ္။

ဘုရင့္ေနာင္၏ SWOT (SWOT Analysis)

SWOT Analysis အ႐ွည္ေကာက္က Strength, Weakness, Opportunity, Threat Analysis ပါ။ တိုက္ပြဲတစ္ခုမစခင္မွာ ရန္သူ႔အေနအထား၊ သေဘာသဘာဝႏွင့္အေလ့အထ၊ ေနရာယူပံုႏွင့္ေျမအေနအထား၊ လက္နက္အင္အား စတဲ့အခ်က္ေတြကို ေထာက္လွမ္းၿပီး ကိုယ့္တပ္နဲ႔ျပန္ယွဥ္ရပါတယ္။ ၿပီးခါမွတိုက္သင့္မသင့္၊ တိုက္မည့္ပံုစံ ကို စီမံခ်က္ဆြဲၿပီး၊ တိုက္စစ္စီမံခ်က္အတိုင္း လႈပ္႐ွားၾကရတယ္။ ကိုယ့္ထက္အင္အားႀကီးတဲ့ရန္သူကို ႏိုင္ေအာင္ခ်ဖို႔
ဆိုတာ ေဖာင္ဖ်က္လိုက္ရံုနဲ႔မရႏိုင္ပါဘူး။

အဆင့္ဆင့္စဥ္းစားၿပီးမွ ေသေသ ခ်ာခ်ာလုပ္ရပါတယ္။ ေခ်ာင္းကိုကူးၿပီးတစ္ဖက္ကမ္းကရန္သူကိုတိုက္ရတဲ့ အခါမ်ိဳးမွာ အမွားအယြင္းမ႐ွိေအာင္ ပိုၿပီးဂ႐ုစိုက္ရမွာျဖစ္ပါတယ္။ SWOT သည္ မိမိအဖြဲ႔ကိုဗဟိုျပဳတြက္ခ်က္ျခင္းျဖစ္ပါသည္။

Strength (အားသာခ်က္)

မိမိတပ္၏ လုပ္ႏိုင္စြမ္း၊ limitation ကိုသိျခင္း
မိမိတပ္ စိတ္ဓာတ္တက္ႂကြေနျခင္း
ရန္သူ စိတ္ဓာတ္က်ေနျခင္း
ရန္သူ႔တပ္မွာ ေၾကးစားစစ္သည္အမ်ားစုျဖစ္ျခင္း

Weakness (အားနည္းခ်က္)

ရန္သူ႔အင္အားသာလြန္ျခင္း
မိမိတပ္မႈးမ်ားေတြေဝျခင္း ဝိဝါဒကြဲေနျခင္း
စိုးရိမ္စိတ္မ်ားေနျခင္း

Opportunity (အခြင့္အေရး)

မိမိအေရးသာခဲ့ပါက ရန္သူ႔အင္အားခ်ိနဲ႔သြားႏိုင္ျခင္း
ရန္သူ႔စိတ္ဓာတ္က်ဆင္းၿပီး မိမိစိတ္ဓာတ္တက္ႂကြႏိုင္ျခင္း
တပင္ေရႊထီး၏တပ္မ်ားကမ္းတက္ႏိုုင္ရန္ ကာေပး၍ရ

Threat (အႏၲရာယ္)

ရန္သူ႔ေၾကးစားတပ္ဖြဲ႔၏ ေသနတ္မ်ား၊ စိန္ေျပာင္းမ်ား
မိမိကမ္းတက္မည့္ေနရာမွဆီး၍ခုခံပါက ေခ်ာင္းကူးေနေသာ
စစ္သည္မ်ားစြာက်ဆံုးမည္။

ေနာင္႐ိုးတိုက္ပြဲ (The Powerful Combination of Leadership and Courage)

အထက္မွာေရးခဲ့သလိုပဲ သံုးသပ္ၿပီး ဘုရင့္ေနာင္ဟာ O group meeting (တပ္မႈးအစည္းအေဝး)ေခၚတဲ့အခါ ျပသနာထပ္ေပၚပါတယ္၊ ဘာလဲဆိုေတာ့ တပ္မႈးအေတာ္မ်ားမ်ားက မတိုက္သင့္ လို႔ ဆံုးျဖတ္ပါတယ္။ ဒါေၾကာင့္ အအုပ္အစည္းမပ်က္ေစဖို႔ တိုက္မယ္ ဘုရင့္ကိုလဲ ႏိုင္ၿပီလို႔ သတင္းပို႔ထားၿပီးသား လို႔ ပရိယာယ္သံုးလိုက္တယ္။ ဝိတ္နဲ႔ဖိတယ္ဆိုရမေပါ့။ ဒီေတာ့မွ သူ႔တပ္မႈးေတြၿငိမ္သြားတယ္။ ဒါေပမဲ့ ဘုရင္ကိုေၾကာက္လို႔သာ စိတ္ကေတာ့ ဒီပြဲမွာမပါခ်င္ဘူး။

ဒါေၾကာင့္ ကမ္းကိုကူးၿပီးတာနဲ႔ ေဖာင္ေတြကိုမီး႐ႈိ့ဖို႔အမိန္႔ေပးေတာ့ အသည္းအသန္ကိုျပန္ေျပာေတာ့တာေပါ့ စစ္သူႀကီး႐ူးေနလား၊ အေရးမလွလို႔ ဆုတ္ရရင္ဘယ္လိုလုပ္ၾကမွာလဲ၊ ဘုရင္ကိုလဲလိမ္ၿပီးသတင္းပို႔ထားေသးတယ္၊ ဟိုကႀကိတ္ရင္ခမ်ား႐ွင္းမွာလား၊ ဘာလား ညာလားနဲ႔ အသံေတြထြက္ လာေတာ့တယ္။ အေျခအေနက အထိမ္းအကြပ္မတတ္ရင္ အုပ္ခ်ဳပ္မႈပ်က္ျပားတပ္ပ်က္၊ အခန္႔မသင့္ရင္တပ္မႈးကိုပါျပန္သတ္သြားႏိုင္တဲ့အေျခအေန။

ဘုရင့္ေနာင္ထိမ္းသြားတဲ့ပံုစံေလးက ႐ိုးပါတယ္ မင္းတို႔ေျပာတာငါသိပါတယ္ ေသၿပီးသားလူကိုဘုရင္ကဘယ္လိုႀကိတ္လို႔ရမွာလဲ၊ ငါတို႔ႏိုင္ရင္ေကာ ဘယ္ဘုရင္ကလာႀကိတ္မွာလဲ၊ ရံႈးရင္ေသမယ္ အဲ့ေတာ့ မေသခ်င္ႏိုင္ေအာင္ခ်။ သူေျပာတဲ့စကားအဓိပၸါယ္ကဒါပဲ။ အဲ့ေတာ့မွ သူ႔တပ္မႈးေတြသတိျပန္ဝင္လာတယ္။ ဟံသာဝတီရဲ႕ခံစစ္ပံုစံက ကင္းမလက္ေထာင္ခံစစ္လို႔ေခၚပါတယ္။ တပ္ေတြရဲ႕ေနရာယူပံုက ပ ေစာက္ပံုစံယူထားတယ္။ ပေစာက္ရဲ႕အဝေနရာက ဝင္လာမဲ့တပ္ေတြကို အတြင္းထဲမွာပိတ္ၿပီးသတ္ဖို႔ ျပင္ထားပါတယ္။

ဘုရင့္ေနာင္က သူ႔တပ္ကို သံုးစုခြဲပါတယ္။ လက္ဝဲေၾကာင္း၊ လက္ယာေၾကာင္းမွာ သူစိတ္အခ်ဆံုး ႏွစ္ေယာက္ကိုဦးစီးေစပါတယ္။ပင္မတိုက္စစ္မွာသူကိုယ္တိုင္ဦးစီးပါတယ္။ ေတာင္ပံစစ္ေၾကာင္းႏွစ္ခုဟာ ရန္သူ႔ခံစစ္လက္တံ ပေစာက္ပံုရဲ႕ အဝင္ဝတစ္ဖက္တစ္ခ်က္ကို fix လုပ္ဖို႔ျဖစ္ပါတယ္ ဒါမွ ပင္မ စစ္ေၾကာင္းဟာ ပိတ္ၿပီးအသတ္မခံရမွာျဖစ္တယ္။ ပင္မစစ္ေၾကာင္းရဲ႕ ပစ္မွတ္က ရန္သူ႔စစ္သူႀကီးျဖစ္ပါတယ္။ စိတ္ဓာတ္ပ်က္ေနတဲ့ရန္သူ႔တပ္ကို တစ္ေယာက္မက်န္ေခ်မႈန္းျခင္းထက္ လက္နက္ခ်အညံ့ခံေစဖို႔ရည္ရြယ္ပါတယ္။

ဘုရင့္ေနာင္ကိုယ္တိုင္ဆင္စီးၿပီးရန္သူ႔စစ္သူႀကီးကိုဖိတိုက္လို႔ ရန္သူ႔ေခါင္းေဆာင္ လက္လြတ္ထြက္ေျပးရပါတယ္။ ခံစစ္ေၾကာင္းကိုေဖာက္ထြက္သြားတဲ့ ေတာင္ငူတပ္ေတြက ဟံသာဝတီရဲ႕စစ္နံႏွစ္ဖက္ကိုေနာက္ေက်ာကျပန္ဝိုင္းတဲ့အခါမွာ ဘယ္လိုမွေတာင့္ခံလို႔မရေတာ့ပဲနဲ႔ လက္နက္ခ်ရပါေတာ့တယ္။ ဒါကိုဒီေန႔ေခတ္မွာ Economy of Force လို႔သံုးႏႈန္းပါတယ္။ အလုပ္နဲ႔ရလဒ္နဲ႔သံုးရမည့္အားကိုခ်ိန္ဆျခင္းပါ။ အားနည္းနည္းသံုးၿပီး ရလဒ္ႀကီးႀကီးထြက္ တယ္ဆိုရင္ အျမတ္ႀကီးတယ္မဟုတ္လား။

ဒီပြဲမွာ ေတာင္ငူကအဆမတန္ ကိုအျမတ္ထြက္ပါတယ္၊ ဟံသာဝတီရဲ႕တပ္အင္အားဟာ အေတာ္ျပဳန္းတီးသြားၿပီး အဆိုးဆံုးက စိတ္ဓာတ္ထိုးဆင္းသြားျခင္းျဖစ္ပါတယ္။ ဟံသာဝတီဘက္က ေပၚတူဂီလုပ္ ေသနတ္၊စိန္ေျပာင္း၊ခဲယမ္း အျပင္ စစ္သားေတြပါသံု႔ပန္းအေနနဲ႔ရလိုက္ၿပီး သခင္အသစ္႐ွာေနတဲ့ ေပၚတူဂီေၾကးစားေတြကိုပါ ကိုယ့္ေအာက္ကိုဆြဲသြင္းႏိုင္ခဲ့ေတာ့ လက္နက္အင္အားမွာလဲ plus ျပပါတယ္။ ေနာက္ပိုင္း အယုဒၵယကိုခ်ီတဲ့အခါ အေထာက္အကူျဖစ္လာပါတယ္။ ေဖာင္ကိုဗရမ္းဗတာမဖ်က္ခဲ့ပါဘူး။ Calculated Risk ပါ။

စာလဲေတာ္ေတာ္ကို႐ွည္ပါၿပီ၊ အႏွစ္ခ်ဳပ္ပါေတာ့မယ္။ ဘုရင့္ေနာင္ရဲ႕ ဒုတိယျမန္မာႏိုင္ငံေတာ္ဟာ အေနာ္ရထာရဲ႕ ပထမအေလာင္းဘုရားရဲ႕ တတိယထက္ က်ယ္ျပန္႔တဲ့နယ္ပယ္၊ ပိုေကာင္းတဲ့အုပ္ခ်ဳပ္ေရးစနစ္႐ွိၿပီး၊ ျပည္တြင္းေရးလဲပိုတည္ၿငိမ္ပါတယ္။ အေ႐ွ႕ေတာင္အာ႐ွရဲ႕အႀကီးဆံုး အင္ပါယာတစ္ခုျဖစ္ပါတယ္။ ယိုးဒယားေတြဆို ဘုရင့္ေနာင္ကိုခုထိေၾကာက္တုန္း၊ ဘုရင္တစ္ပါးလိုေၾကာက္တာ၊ ဘုန္း႐ွင္ကံ႐ွင္တစ္ေယာက္လို႔ယံုၾကည္ၾကတာ။ သူ႔ေနာက္အေလာင္းဘုရားကိုေတာ့ေၾကာက္ပဲေၾကာက္တာ။

ဘာေၾကာင့္လဲဆိုေတာ့ ယိုးဒယားဘုရင့္သား နရဲစြမ္ကို အာမခံအေနနဲ႔သာေခၚလာတယ္၊ လူတန္းေစ့ထားတယ္ လူရာဝင္ေအာင္ထားတယ္ စစ္ပညာပါသင္ေပးတယ္၊ ဒါေၾကာင့္ ယိုးဒယားေတြဟာ ဘုရင့္ေနာင္အေပၚမွာ စိတ္မနာဘူး၊ မမုန္းဘူး၊ ႐ွိန္တယ္။အဂၤလိပ္ေတြျမန္မာျပည္ကို လာသိမ္းတယ္၊ ယူခ်င္ရာယူတယ္ ဗမာကလြဲလို႔တစ္ျခားလူေတြကို အကုန္စစ္မႈထမ္းခိုင္းတယ္၊ ဗမာေတြကိုစစ္မႈထမ္းခြင့္မေပးဘူး၊ သူတို႔အေသအလဲခံရမွ မျဖစ္လြန္းလို႔မွသာ စစ္သားအျဖစ္လက္ခံတယ္၊

ေျပာခ်င္တာက ေ႐ွးျမန္မာဘုရင္ေတြဟာ ေပါက္တတ္ကရေတြမဟုတ္ဖူး။ အေထာက္အထားမ႐ွိဘဲနဲ႔ ေပါက္တတ္ကရတို႔၊ လူသတ္ေကာင္တို႔ စစ္ဘုရင္တို႔ေလ်ာက္ေျပာလို႔မရဘူး။ အေနာ္ရထာဟာ အရက္သမားႀကီးျဖစ္တယ္ ဘာေၾကာင့္ဒီလိုေျပာလဲဆိုေတာ့ DSA ေ႐ွ႕မွာသူ႔အ႐ုပ္ထားလို႔ပါ ဆိုေတာ့ က်ိဳးေၾကာင္းဆီေလ်ာ္ရဲ႕လား ခင္ဗ်ားတို႔စဥ္းစားၾကည့္ပါဦး။ သမိုင္းဆိုတာ အေထာက္အထားနဲ႔ သက္ေသနဲ႔ျပရတဲ့အမ်ိဳးျဖစ္တယ္။ သူမ်ားေျပာသမွ်ယံုရတဲ့ဘာသာရပ္မဟုတ္ဖူး၊ စိတ္ခံစားမႈသက္သက္ နဲ႔ဆံုးျဖတ္လို႔လဲမရဘူး။ Choose wisely, Use responsibly ေပါ့ဗ်ာ။

ၾဆာၾကက္ (Kyaw Min Hein)
စာၿပီးရက္
သုတဇုန္
# Unicode Version ျဖင့္ ဖတ္ပါ #


“ဖောင်ဖျက်” ”ဘုရင့်နောင် ဖောင်ဖျက်သလို” ဆိုတဲ့အသုံးအနှုန်းက “နောက်ဆုတ်ရန်မရှိ ရှေ့ဆက်တိုးရမည် အောင်ပွဲရရမည်” ဆိုတဲ့ အဓိပ္ပါယ်နဲ့ပဲ သုံးဖို့ကောင်းပါသဗျ။ မထူးဇာတ်ခင်းတဲ့အဓိပ္ပါယ်မဟုတ်ဖူးဗျ။ နောက်တစ်ခုက ဖောင်ဖျက်တယ်ဆိုသည်မှာလဲ အမြဲတမ်းဖျက်ကြုံရင်ဖျက်၊ ဖျက်ချင်မှဖျက် အဲ့လို ဗရမ်းဗတာကြီးမဟုတ်ဖူး။ လိုအပ်မှဖျက်ရတဲ့အမျိုးဗျ။ ဟာ… နောင်ရိုးထုံး နှလုံးမူ၊ ဘုရင့်နောင်ဖောင်ဖျက်ပြီဆိုပြီး ရှိစုမဲ့စုပိုက်ဆံကို တစ်ကွက်ကောင်း ချဲထိုးပစ်တာမျိုးကျတော့ သိပ်မနိပ်ဖူး။ ဒါကျ အလွဲသုံးစားလုပ်တာ ဖြစ်သွားပြီ။ ဘုရင့်နောင်ကို Abuse လုပ်တာ။

ဘုရင့်နောင်လို့ဆိုလိုက်တာနဲ့ ရှင်ရဲထွဋ်၊ တပင်ရွှေထီး၊ နောင်ရိုးတိုက်ပွဲ၊ ဒုတိယမြန်မာနိုင်ငံတော်၊ ယိုးဒယားကိုအောင်နိုင်သူ၊ စသည်ဖြင့်ပေါ့။ လူသိများကြတယ်။ ဒါပေသိ လူအကြောင်းကိုပြောရင် သူ့ရဲ့ကလေး ဘဝ၊ သူ့ကိုမွေးတဲ့ခေတ်ကာလအနေအထားပါမှ ပုံပေါ်တာဗျ။ သူငယ်ငယ်က အခုခေတ်မြန်မာ့မြေပုံလိုနယ်နမိတ်ထဲမှာ မြို့ပြနိုင်ငံငယ်လေးတွေ အများကြီးပြန့်ကျဲနေတာ။ တစ်မြို့သည် တစ်နိုင်ငံ ဘုရင်တစ်ယောက်ရှိတယ်။ အဲ့သည့်မြို့တွေ မြို့တွေက ဘုရင်တွေကို အနိုင်ယူပြီးကိုယ့်အာဏာစက်အောက်ကိုဆွဲသွင်းလိုက်တဲ့အခါ အင်ပါယာပေါ့။

နိုင်ငံကို ရှေ့နောက်အပေါ်အောက်ပိုင်းလိုက်ရင် အင်ပါယာ၄ခုကွဲနေတယ် (အဲ့အချိန်က) အနောက်မှာရခိုင်၊ အပေါ်မှာအင်းဝ၊ အရှေ့မှာ ရှမ်း၊ အောက်မှာ ဟံသာဝတီ၊ ပြည်မြို့က ဟံသာဝတီရဲ့မဟာမိတ်။ တောင်ငူကတော့ အားလုံးနဲ့တည့်အောင်ပေါင်းနေရတဲ့ ပိစိလေး၊ ဒါပေမဲ့ အရေးလုပ်ပြီးတိုက်စရာလဲမလို၊ သူ့နေရာကပွိုင့်မကျ သွားရေးလာရေး ခက်တယ်ဆိုတော့ စစ်ဒဏ်ကိုမခံရဘူး။ အင်းဝ-ဟံသာဝတီ အနှစ်၄၀ စစ်ရယ်၊ သိုဟန်ဘွားတို့နဲ့ အင်းဝနဲ့ တိုက်တဲ့စစ်ရယ်၊ ဒီနှစ်ခုကိုရှောင်ဖို့ပြေးကြတဲ့လူတွေက တောင်ငူဘက်ကိုပဲသွားကြတယ်။ ဒါတွေဟာတောင်ငူအတွက် Manpower bonus ဖြစ်လာတယ်၊ အင်းဝရဲ့ Brain Drain သည် တောင်ငူအတွက် Brain Gain ဖြစ်လာတယ်။ ဒါတွေကရွှေထီး-ရဲထွဋ် တို့တည်ထောင်မဲ့နိုင်ငံရဲ့ အရင်း (Capital) တွေဖြစ်လာပါတယ်။

Situation Analysis

အထက်မှာပြောခဲ့တဲ့ အင်အားစု၄ခုမှာ အင်းဝနဲ့ဟံသာသည် အကြာကြီး ရန်ဖြစ်ထားတဲ့အတွက် ပါးပါးပဲကျန်တယ်။ အဲ့သည်မှာမှ ရှမ်းကဝင်ကြိတ်သွားတော့ အင်းဝပျက်ပါတယ်။ ဟံသာဝတီသည် ပင်လယ်ထွက်ပေါက်ရှိတယ်၊ Oversea Trade ရှိတယ်၊ ရခိုင်ရယ် ပြည်ရယ်နဲ့ မဟာမိတ်ပြုထားတယ်။ သူ့ရဲ့အဓိကပြသနာက ခေါင်းဆောင်မှုအရည်အသွေးပါ။ ရာဇာဓိရာဇ်အလွန်မှာတက်လာတဲ့ သုရှင် က ခေတ်စကားနဲ့ပြောရရင်ဆိုဒ်မပြည့်ဘူးပေါ့ဗျာ။ ရာထူးနဲ့ကိုက်ညီတဲ့အရည်အချင်းမရှိပါပေါ့။

ဆိုတော့.. အကယ်၍များသာ ရခိုင်-ပြည် အတွဲက မဟာမိတ်ဖျက်ပြီး Push to south လုပ်လာရင် ကြားထဲက အားနည်းတဲ့ တောင်ငူသည် ကြေထွက်သွားမယ်။ ဘုရင့်နောင်တို့က ဒီအရေးကိုကြိုမြင်တဲ့အတွက်ကြိုပြင်တယ်၊ အင်အားတည်ဆောက်တယ်၊ ကျွဲနှစ်ကောင်ကြားက မြေစာပင်ဖြစ်ခံမည့်အစား ကျွဲတွေကိုပေါ်စားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။

ဘယ်ကျွဲကိုရွေးမှာလဲ (The Beautiful Takeover)

ဘယ်ကျွဲကိုရွေးလဲဆိုတော့ ခေါင်းဆောင်မှုညံ့ဖျင်းတဲ့ ဟံသာဝတီပါပဲ။ ဟံသာဝတီ စစ်ဆင်ရေးမစခင်မှာ တောင်ငူဟာ သူ့ရဲ့ခေါင်းဆောင်မှုကို ခိုင်မာအောင်လုပ်ပါတယ်။ လက်မထိပ်ကိုအပ်စိုက်ပြီးတူနဲ့ထု မတုန်မလှုပ် သူကိုသာ သူရဲကောင်းလို့သတ်မှတ်တယ်ဆိုတဲ့ လူရွေးပွဲဟာ ပြင်ဆင်မှု များထဲကတစ်ခုဖြစ်ပါတယ်။ ကျနော့်ယူဆချက်ကတော့ ဒီသူရဲကောင်းရွေး ပွဲက ရှေးခေတ်ရဲ့ Psycho test ပါပဲ။ လက်ရွေးစင်တွေရွေးပြီးတာနဲ့ ရွှေမောဓောပေါ်မှာနားသမင်္ဂလာလုပ်ပါတယ်။ အတိအလင်း စိန်ခေါ်လိုက်တဲ့သဘောပါပဲ။

ဆက်တိုက်ဆိုသလိုပဲ ပွင့်လင်းရာသီတွေမှာ တောင်ငူ တပ်တွေဟာ ပဲခူးအထိ penetrate လုပ်ဖို့ကျိုးစားပါတယ်။ ဟံသာဝတီ ခံတပ်တွေမှာ ပေါ်တူဂီလုပ်သေနတ်၊ အမြောက်တွေတပ်ထားတာရယ်၊ အုပ်ချုပ်တဲ့ အမတ်ကြီးနှစ်ယောက်ရဲ့အကွက်စေ့မှုရယ် ဒါကြောင့် Raid တွေ Fail ဖြစ်ပါတယ်။ ဒီပြသနာကို သူလျှိုစစ်ဆင်ရေးနဲ့ဖြေရှင်းပါတယ်။ ခေတ်အခေါ် ဆေးထိုးတယ်ပေါ့။ ချကျွေးလိုက်တဲ့ငါးစာကို မိမိရရကြီးဟပ်ထည့်လိုက်တာကတော့ သုရှင်ပါပဲ၊ အမတ်ကြီးနှစ်ပါးကိုသစ္စာဖောက်လို့ စွပ်စွဲပြီးချက်ခြင်းသတ်ပါတယ်။ ဟံသာဝတီရဲ့ အဓိကခံစစ်ပြိုကျသွားပါပြီ။

အကျိုးဆက်ကတော့ ပဲခူးကျပြီး သုရှင်ရဲ့တပ်တွေဟာ ကြည်း၊ရေ နှစ်ကြောင်း ခွဲပြီးပြေးရပါတယ်။ ဘယ်ကိုပြေးလဲဆိုတော့ ပြည် ကိုပြေးပါတယ်။ သုရှင်ရဲ့အကြံကတော့ အဆုံးအရှုးံကိုကန့်သတ် (Limit the loss) ပြီးပြည်မှာ Refit n Resupply လုပ်ရင်းတပ်တွေကိုအနားပေး၊ တောင်ငူတပ်တွေလာတိုက်မှ စောင့်ဖြုတ်ပြီးတော့ပဲခူးအထိ တန်ပြန်ထိုးစစ်ဆင်မှာဖြစ်ပါတယ်။ ဒါကိုသိတဲ့တောင်ငူတပ်တွေဟာ သုရှင်ကိုနောက်ကိုအတင်း လိုက်စစ်ဆင်ပါတယ်။ ထိတွေ့မှုများစွာဖြစ်ခဲ့တဲ့အထဲမှာမှ နောင်ရိုးတိုက်ပွဲ ဟာ အထင်ကရနဲ့ မဟာဗျူဟာမြောက်အောင်ပွဲ (Strategic Victory)ဖြစ်ပါတယ်။

ရေအလျင်ထိုးစစ် (The Expanding Torrent)

သိမ်းငှက်တွေသားကောင်ကိုသုတ်ချီပြီးချက်ခြင်းပျံတက်သွားပုံကိုမြင်ကြည့်ပါ။ သာမန်အားဖြင့်အလေးချိန်တစ်ခုကိုသယ်ပြီးချက်ခြင်းပျံတက်ဖို့ဆိုတာ မလွယ်ပါဘူး၊ ဒါပေမဲ့သိမ်းငှက်ကဘယ်လိုလုပ်သွားလဲ။ သိမ်းငှက်ဟာ အမြင့်ကနေသားကောင်ဆီကို speed နဲ့ထိုးဆင်းပြီး သူ့ရဲ့ပစ်မှတ်နေရာဖြစ်တဲ့ ခါးရိုးကိုအားနဲ့ဆောင့်ချပစ်လိုက်တဲ့အခါ ခါးကျိုးသွားပြီးသုတ်ချီသွားဖို့လဲ လွယ်သွားပါတယ်။

ပြီးတော့မှ residual speed နဲ့ momentum ကိုသုံးပြီး lift off လုပ်ပါတယ်။ ရေစီးနှင့်ဆည်မှာ ရေစီးဆိုတဲ့ အား ကို ဆည်ဆိုတဲ့ ခုခံအားနဲ့ပြန်ထိမ်းခြင်းပါ။ ဆည်ရဲ့မျက်နှာပြင်တစ်ခုလုံးကို ရေကဖိအားပေးထားတယ်၊ တပြိုင်တည်းမှာပဲ ဆည်ရဲ့ပျော့ကွက်ဧရိယာလေးကို အရှိန်အဟုန်ပြင်းပြင်းနဲ့ဆောင့်ချလိုက်တဲ့အခါ ဆည်တစ်ခုလုံးကျိုးကျပါတယ်။ ဒီသဘောတရားကို နောင်ရိုးတိုက်ပွဲမှာ နည်းဗျူဟာမြောက်အသုံးချသွားခဲ့ပါတယ်။

ဘုရင့်နောင်၏ SWOT (SWOT Analysis)

SWOT Analysis အရှည်ကောက်က Strength, Weakness, Opportunity, Threat Analysis ပါ။ တိုက်ပွဲတစ်ခုမစခင်မှာ ရန်သူ့အနေအထား၊ သဘောသဘာဝနှင့်အလေ့အထ၊ နေရာယူပုံနှင့်မြေအနေအထား၊ လက်နက်အင်အား စတဲ့အချက်တွေကို ထောက်လှမ်းပြီး ကိုယ့်တပ်နဲ့ပြန်ယှဉ်ရပါတယ်။ ပြီးခါမှတိုက်သင့်မသင့်၊ တိုက်မည့်ပုံစံ ကို စီမံချက်ဆွဲပြီး၊ တိုက်စစ်စီမံချက်အတိုင်း လှုပ်ရှားကြရတယ်။ ကိုယ့်ထက်အင်အားကြီးတဲ့ရန်သူကို နိုင်အောင်ချဖို့
ဆိုတာ ဖောင်ဖျက်လိုက်ရုံနဲ့မရနိုင်ပါဘူး။

အဆင့်ဆင့်စဉ်းစားပြီးမှ သေသေ ချာချာလုပ်ရပါတယ်။ ချောင်းကိုကူးပြီးတစ်ဖက်ကမ်းကရန်သူကိုတိုက်ရတဲ့ အခါမျိုးမှာ အမှားအယွင်းမရှိအောင် ပိုပြီးဂရုစိုက်ရမှာဖြစ်ပါတယ်။ SWOT သည် မိမိအဖွဲ့ကိုဗဟိုပြုတွက်ချက်ခြင်းဖြစ်ပါသည်။

Strength (အားသာချက်)

မိမိတပ်၏ လုပ်နိုင်စွမ်း၊ limitation ကိုသိခြင်း
မိမိတပ် စိတ်ဓာတ်တက်ကြွနေခြင်း
ရန်သူ စိတ်ဓာတ်ကျနေခြင်း
ရန်သူ့တပ်မှာ ကြေးစားစစ်သည်အများစုဖြစ်ခြင်း

Weakness (အားနည်းချက်)

ရန်သူ့အင်အားသာလွန်ခြင်း
မိမိတပ်မှုးများတွေဝေခြင်း ဝိဝါဒကွဲနေခြင်း
စိုးရိမ်စိတ်များနေခြင်း

Opportunity (အခွင့်အရေး)

မိမိအရေးသာခဲ့ပါက ရန်သူ့အင်အားချိနဲ့သွားနိုင်ခြင်း
ရန်သူ့စိတ်ဓာတ်ကျဆင်းပြီး မိမိစိတ်ဓာတ်တက်ကြွနိုင်ခြင်း
တပင်ရွှေထီး၏တပ်များကမ်းတက်နိုင်ရန် ကာပေး၍ရ

Threat (အန္တရာယ်)

ရန်သူ့ကြေးစားတပ်ဖွဲ့၏ သေနတ်များ၊ စိန်ပြောင်းများ
မိမိကမ်းတက်မည့်နေရာမှဆီး၍ခုခံပါက ချောင်းကူးနေသော
စစ်သည်များစွာကျဆုံးမည်။

နောင်ရိုးတိုက်ပွဲ (The Powerful Combination of Leadership and Courage)

အထက်မှာရေးခဲ့သလိုပဲ သုံးသပ်ပြီး ဘုရင့်နောင်ဟာ O group meeting (တပ်မှုးအစည်းအဝေး)ခေါ်တဲ့အခါ ပြသနာထပ်ပေါ်ပါတယ်၊ ဘာလဲဆိုတော့ တပ်မှုးအတော်များများက မတိုက်သင့် လို့ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် အအုပ်အစည်းမပျက်စေဖို့ တိုက်မယ် ဘုရင့်ကိုလဲ နိုင်ပြီလို့ သတင်းပို့ထားပြီးသား လို့ ပရိယာယ်သုံးလိုက်တယ်။ ဝိတ်နဲ့ဖိတယ်ဆိုရမပေါ့။ ဒီတော့မှ သူ့တပ်မှုးတွေငြိမ်သွားတယ်။ ဒါပေမဲ့ ဘုရင်ကိုကြောက်လို့သာ စိတ်ကတော့ ဒီပွဲမှာမပါချင်ဘူး။

ဒါကြောင့် ကမ်းကိုကူးပြီးတာနဲ့ ဖောင်တွေကိုမီးရှို့ဖို့အမိန့်ပေးတော့ အသည်းအသန်ကိုပြန်ပြောတော့တာပေါ့ စစ်သူကြီးရူးနေလား၊ အရေးမလှလို့ ဆုတ်ရရင်ဘယ်လိုလုပ်ကြမှာလဲ၊ ဘုရင်ကိုလဲလိမ်ပြီးသတင်းပို့ထားသေးတယ်၊ ဟိုကကြိတ်ရင်ခများရှင်းမှာလား၊ ဘာလား ညာလားနဲ့ အသံတွေထွက် လာတော့တယ်။ အခြေအနေက အထိမ်းအကွပ်မတတ်ရင် အုပ်ချုပ်မှုပျက်ပြားတပ်ပျက်၊ အခန့်မသင့်ရင်တပ်မှုးကိုပါပြန်သတ်သွားနိုင်တဲ့အခြေအနေ။

ဘုရင့်နောင်ထိမ်းသွားတဲ့ပုံစံလေးက ရိုးပါတယ် မင်းတို့ပြောတာငါသိပါတယ် သေပြီးသားလူကိုဘုရင်ကဘယ်လိုကြိတ်လို့ရမှာလဲ၊ ငါတို့နိုင်ရင်ကော ဘယ်ဘုရင်ကလာကြိတ်မှာလဲ၊ ရှုံးရင်သေမယ် အဲ့တော့ မသေချင်နိုင်အောင်ချ။ သူပြောတဲ့စကားအဓိပ္ပါယ်ကဒါပဲ။ အဲ့တော့မှ သူ့တပ်မှုးတွေသတိပြန်ဝင်လာတယ်။ ဟံသာဝတီရဲ့ခံစစ်ပုံစံက ကင်းမလက်ထောင်ခံစစ်လို့ခေါ်ပါတယ်။ တပ်တွေရဲ့နေရာယူပုံက ပ စောက်ပုံစံယူထားတယ်။ ပစောက်ရဲ့အဝနေရာက ဝင်လာမဲ့တပ်တွေကို အတွင်းထဲမှာပိတ်ပြီးသတ်ဖို့ ပြင်ထားပါတယ်။

ဘုရင့်နောင်က သူ့တပ်ကို သုံးစုခွဲပါတယ်။ လက်ဝဲကြောင်း၊ လက်ယာကြောင်းမှာ သူစိတ်အချဆုံး နှစ်ယောက်ကိုဦးစီးစေပါတယ်။ပင်မတိုက်စစ်မှာသူကိုယ်တိုင်ဦးစီးပါတယ်။ တောင်ပံစစ်ကြောင်းနှစ်ခုဟာ ရန်သူ့ခံစစ်လက်တံ ပစောက်ပုံရဲ့ အဝင်ဝတစ်ဖက်တစ်ချက်ကို fix လုပ်ဖို့ဖြစ်ပါတယ် ဒါမှ ပင်မ စစ်ကြောင်းဟာ ပိတ်ပြီးအသတ်မခံရမှာဖြစ်တယ်။ ပင်မစစ်ကြောင်းရဲ့ ပစ်မှတ်က ရန်သူ့စစ်သူကြီးဖြစ်ပါတယ်။ စိတ်ဓာတ်ပျက်နေတဲ့ရန်သူ့တပ်ကို တစ်ယောက်မကျန်ချေမှုန်းခြင်းထက် လက်နက်ချအညံ့ခံစေဖို့ရည်ရွယ်ပါတယ်။

ဘုရင့်နောင်ကိုယ်တိုင်ဆင်စီးပြီးရန်သူ့စစ်သူကြီးကိုဖိတိုက်လို့ ရန်သူ့ခေါင်းဆောင် လက်လွတ်ထွက်ပြေးရပါတယ်။ ခံစစ်ကြောင်းကိုဖောက်ထွက်သွားတဲ့ တောင်ငူတပ်တွေက ဟံသာဝတီရဲ့စစ်နံနှစ်ဖက်ကိုနောက်ကျောကပြန်ဝိုင်းတဲ့အခါမှာ ဘယ်လိုမှတောင့်ခံလို့မရတော့ပဲနဲ့ လက်နက်ချရပါတော့တယ်။ ဒါကိုဒီနေ့ခေတ်မှာ Economy of Force လို့သုံးနှုန်းပါတယ်။ အလုပ်နဲ့ရလဒ်နဲ့သုံးရမည့်အားကိုချိန်ဆခြင်းပါ။ အားနည်းနည်းသုံးပြီး ရလဒ်ကြီးကြီးထွက် တယ်ဆိုရင် အမြတ်ကြီးတယ်မဟုတ်လား။

ဒီပွဲမှာ တောင်ငူကအဆမတန် ကိုအမြတ်ထွက်ပါတယ်၊ ဟံသာဝတီရဲ့တပ်အင်အားဟာ အတော်ပြုန်းတီးသွားပြီး အဆိုးဆုံးက စိတ်ဓာတ်ထိုးဆင်းသွားခြင်းဖြစ်ပါတယ်။ ဟံသာဝတီဘက်က ပေါ်တူဂီလုပ် သေနတ်၊စိန်ပြောင်း၊ခဲယမ်း အပြင် စစ်သားတွေပါသုံ့ပန်းအနေနဲ့ရလိုက်ပြီး သခင်အသစ်ရှာနေတဲ့ ပေါ်တူဂီကြေးစားတွေကိုပါ ကိုယ့်အောက်ကိုဆွဲသွင်းနိုင်ခဲ့တော့ လက်နက်အင်အားမှာလဲ plus ပြပါတယ်။ နောက်ပိုင်း အယုဒ္ဒယကိုချီတဲ့အခါ အထောက်အကူဖြစ်လာပါတယ်။ ဖောင်ကိုဗရမ်းဗတာမဖျက်ခဲ့ပါဘူး။ Calculated Risk ပါ။

စာလဲတော်တော်ကိုရှည်ပါပြီ၊ အနှစ်ချုပ်ပါတော့မယ်။ ဘုရင့်နောင်ရဲ့ ဒုတိယမြန်မာနိုင်ငံတော်ဟာ အနော်ရထာရဲ့ ပထမအလောင်းဘုရားရဲ့ တတိယထက် ကျယ်ပြန့်တဲ့နယ်ပယ်၊ ပိုကောင်းတဲ့အုပ်ချုပ်ရေးစနစ်ရှိပြီး၊ ပြည်တွင်းရေးလဲပိုတည်ငြိမ်ပါတယ်။ အရှေ့တောင်အာရှရဲ့အကြီးဆုံး အင်ပါယာတစ်ခုဖြစ်ပါတယ်။ ယိုးဒယားတွေဆို ဘုရင့်နောင်ကိုခုထိကြောက်တုန်း၊ ဘုရင်တစ်ပါးလိုကြောက်တာ၊ ဘုန်းရှင်ကံရှင်တစ်ယောက်လို့ယုံကြည်ကြတာ။ သူ့နောက်အလောင်းဘုရားကိုတော့ကြောက်ပဲကြောက်တာ။

ဘာကြောင့်လဲဆိုတော့ ယိုးဒယားဘုရင့်သား နရဲစွမ်ကို အာမခံအနေနဲ့သာခေါ်လာတယ်၊ လူတန်းစေ့ထားတယ် လူရာဝင်အောင်ထားတယ် စစ်ပညာပါသင်ပေးတယ်၊ ဒါကြောင့် ယိုးဒယားတွေဟာ ဘုရင့်နောင်အပေါ်မှာ စိတ်မနာဘူး၊ မမုန်းဘူး၊ ရှိန်တယ်။အင်္ဂလိပ်တွေမြန်မာပြည်ကို လာသိမ်းတယ်၊ ယူချင်ရာယူတယ် ဗမာကလွဲလို့တစ်ခြားလူတွေကို အကုန်စစ်မှုထမ်းခိုင်းတယ်၊ ဗမာတွေကိုစစ်မှုထမ်းခွင့်မပေးဘူး၊ သူတို့အသေအလဲခံရမှ မဖြစ်လွန်းလို့မှသာ စစ်သားအဖြစ်လက်ခံတယ်၊

ပြောချင်တာက ရှေးမြန်မာဘုရင်တွေဟာ ပေါက်တတ်ကရတွေမဟုတ်ဖူး။ အထောက်အထားမရှိဘဲနဲ့ ပေါက်တတ်ကရတို့၊ လူသတ်ကောင်တို့ စစ်ဘုရင်တို့လျောက်ပြောလို့မရဘူး။ အနော်ရထာဟာ အရက်သမားကြီးဖြစ်တယ် ဘာကြောင့်ဒီလိုပြောလဲဆိုတော့ DSA ရှေ့မှာသူ့အရုပ်ထားလို့ပါ ဆိုတော့ ကျိုးကြောင်းဆီလျော်ရဲ့လား ခင်ဗျားတို့စဉ်းစားကြည့်ပါဦး။ သမိုင်းဆိုတာ အထောက်အထားနဲ့ သက်သေနဲ့ပြရတဲ့အမျိုးဖြစ်တယ်။ သူများပြောသမျှယုံရတဲ့ဘာသာရပ်မဟုတ်ဖူး၊ စိတ်ခံစားမှုသက်သက် နဲ့ဆုံးဖြတ်လို့လဲမရဘူး။ Choose wisely, Use responsibly ပေါ့ဗျာ။

ဆြာကြက် (Kyaw Min Hein)
စာပြီးရက်
သုတဇုန်