Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 18, 2018

သမိုင္းဝင္ မိန္းမျမတ္ေလးဦး { သို႔မဟုတ္ } ေတာ္ေလးဝဝင္ အမ်ဳိးသမီးေလးဦး

လူ႔ဘဝတြင္ အိမ္ေထာင္မႈတည္ေဆာက္ရာဝယ္ လင့္က်င့္ဝတ္၊ မယားက်င့္ဝတ္မ်ားရွိၾကရာ မယားဝတၱရားေက်ပြန္းၿပီး လင္ကို ေျခသုတ္ပုဆိုး ေႁမြစြယ္က်ဳိးကဲ့သို႔ ရိုက်ဳိးစြာ လုပ္ေကြၽးျပဳစုေသာ ဇနီးမယားမ်ားကို “ေတာ္ေလးဝဝင္ အမ်ဳိးသမီး” ဟု ဂုဏ္ျပဳေခၚေဝၚၾကသည္။
ျမတ္ဗုဒၶမပြင့္ေပၚမွီက ေတာ္ေလးဝဝင္ အမ်ဳိးသမီးေလးဦးရွိခဲ့ေလသည္။ ထိုေလးဦးမွာ ဗုဒၶ၏ ေရွ႕အတိက္ ဘဝဇာတ္ေတာ္ ငါးရာ႔ငါးဆယ္ ျမင့္ျမတ္ေသာ သမိုင္းဝင္ မိန္းမျမတ္မ်ားျဖစ္ၾကေလသည္။

{၁} အမရာေဒဝီ [ မေဟာ္သဓာ၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°°°
အမရာေဒဝီသည္ ဝိေဒဟရာဇ္ၿမိဳ႕ေတာ္၏ေျမာက္ဘက္ ဥတၱရယဝမဇၥ်ဂုံး႐ြာသူျဖစ္သည္။ မေဟာသဓာကို ပါရမီျဖည့္ဖက္ပီပီ လုပ္ေကြၽးျပဳစုခဲ့သည္။ ဥာဏ္ပညာႀကီးမားကာ အသျပာေထာင္ထုတ္ျဖင့္ ျဖားေယာင္းေသြးေဆာင္ခဲ့ေသာ္လည္း လင္အေပၚ သစၥာမေဖာက္ ကိုယ္က်င့္တရားေစာင့္ထိန္းသူ ဇနီးေကာင္းအျဖစ္ သမိုင္းဝင္ ေတာ္ဝင္မွတ္တမ္း တင္ထားခဲ့နိုင္သူျဖစ္ေလသည္။

{၂} စႏၵကိႏၷရီ [ စႏၵကိႏၷရာ၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°
ဗာရာဏသီျပည္ ျဗဟၼဒတ္မင္းႀကီးလက္ထက္ ဘုရားေလာင္း စႏၵကိႏၷရာသည္ ဇနီး ကိႏၷရီႏွင့္ ေပါင္းသင္းေနထိုင္သည္။ ျဗဟၼဒတ္မင္းႀကီးက လင္ျဖစ္သူ ကိႏၷရာဖိုကို ျမႇားျဖင့္ပစ္ခြင္းၿပီး စႏၵကိႏၷရီကို မိဖုရားရာထူးျဖင့္ ျဖားေယာင္ေသြးေဆာင္ေသာ္လည္း လက္မခံခဲ့ေပ။ ကိႏၷရာဖိုအသက္ရွင္ရန္သာ သစၥာျပဳ၍ ကယ္တင္နိုင္ခဲ့သျဖင့္ ေတာ္ေလးဝဝင္ ျမင့္ျမတ္ေသာ သမိုင္းဝင္ အမ်ဳိးသမီးအျဖစ္ မွတ္တမ္းတင္ထားနိုင္ခဲ့ေလသည္။

{၃} မဒၵီေဒဝီ [ ေဝႆႏၲရာမင္း၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°°

မဒၵီေဒဝီသည္ သိဝိတိုင္း ေစတုတၱရာျပည္မွ ေဝႆႏၲရာမင္း၏ ဇနီးျဖစ္သည္။ ဘုရင္ကို တိုင္းျပည္မွႏွင္ထုတ္ေသာအခါ ေနာက္ေတာ္ပါးမွ မညည္းမညဴ လိုက္ပါ၍ လုပ္ေကြၽးျပဳစုခဲ့သည္။ ေတာထဲတြင္ လင္သားႏွင့္ သားသမီးမ်ားကို အစာေရစာ ရွာေဖြေကြၽးေမြး ျပဳစုေစာင့္ေရွာက္နိုင္ခဲ့သျဖင့္ သမိုင္းမွတ္တမ္းတင္ကာ ေတာ္ေလးဝဝင္ ျမင့္ျမတ္ေသာ အမ်ဳိးသမီးအျဖစ္ ထင္ရွားခဲ့ေလသည္။

{၄} သမ႓ဴလ [ ေသာတၳိေသန၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°°
သမ႓ဴလသည္ ဗာရာဏသီျပည္ ျဗဟၼဒတ္မင္း၏သားေတာ္ ေသာတၳိေသနမင္းသား၏ ၾကင္ယာေတာ္ျဖစ္သည္။ ေသာတၳိေသန ႏူနာေရာဂါစြဲကပ္သျဖင့္ ေတာထြက္သြားစဥ္ လိုက္ပါၿပီး မယားဝတၱရား ငါးပါးႏွင့္အညီ ေျခဆုပ္လက္နယ္ျပဳကာ သစၥာရွိခဲ့သူျဖစ္သည္။ သမ႓ဴလ၏သစၥာကို လင္သားက မယုံသကၤာျဖစ္၍ အခ်င္းမ်ားေသာအခါ သမ႓ဴလက သစၥာဆိုခဲ့၏။ မိမိ၏ ေမတၱာသစၥာ မွန္ခဲ့ပါလွ်င္ ေသာတၳိေသနမင္းသား၏ ႏူနာေရာဂါ ေပ်ာက္ကင္းပါေစဟု သစၥာဓိဌာန္ျပဳခဲ့ရာ ေရာဂါေပ်ာက္ကင္းသျဖင့္ ေတာ္ေလးဝဝင္ ျမင့္ျမတ္ေသာ သမိုင္းဝင္အမ်ဳိးသမီးအျဖစ္ မွတ္တမ္းတင္ထားခဲ့နိုင္ေလသည္။

[မွတ္ခ်က္] အက်ယ္ကို ငါးရာ႕ငါးဆယ္ ဇာတ္နိပါတ္ေတာ္မ်ားမွ မိမိသိလိုေသာဇာတ္ေတာ္ကို ဖတ္ရႈနိုင္ပါသည္။


ကိုယ္စိတ္ႏွစ္ျဖာ က်န္းမာခ်မ္းသာၾကပါေစ။
အရွင္ကုသလ { ျမတ္ဆုရွင္ ဆရာေတာ္ }
# Unicode Version ျဖင့္ ဖတ္ပါ #
လူ့ဘဝတွင် အိမ်ထောင်မှုတည်ဆောက်ရာဝယ် လင့်ကျင့်ဝတ်၊ မယားကျင့်ဝတ်များရှိကြရာ မယားဝတ္တရားကျေပွန်းပြီး လင်ကို ခြေသုတ်ပုဆိုး မြွေစွယ်ကျိုးကဲ့သို့ ရိုကျိုးစွာ လုပ်ကျွေးပြုစုသော ဇနီးမယားများကို “တော်လေးဝဝင် အမျိုးသမီး” ဟု ဂုဏ်ပြုခေါ်ဝေါ်ကြသည်။
မြတ်ဗုဒ္ဓမပွင့်ပေါ်မှီက တော်လေးဝဝင် အမျိုးသမီးလေးဦးရှိခဲ့လေသည်။ ထိုလေးဦးမှာ ဗုဒ္ဓ၏ ရှေ့အတိက် ဘဝဇာတ်တော် ငါးရာ့ငါးဆယ် မြင့်မြတ်သော သမိုင်းဝင် မိန်းမမြတ်များဖြစ်ကြလေသည်။

{၁} အမရာဒေဝီ [ မဟော်သဓာ၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°°°
အမရာဒေဝီသည် ဝိဒေဟရာဇ်မြို့တော်၏မြောက်ဘက် ဥတ္တရယဝမဇ္ဈဂုံးရွာသူဖြစ်သည်။ မဟောသဓာကို ပါရမီဖြည့်ဖက်ပီပီ လုပ်ကျွေးပြုစုခဲ့သည်။ ဉာဏ်ပညာကြီးမားကာ အသပြာထောင်ထုတ်ဖြင့် ဖြားယောင်းသွေးဆောင်ခဲ့သော်လည်း လင်အပေါ် သစ္စာမဖောက် ကိုယ်ကျင့်တရားစောင့်ထိန်းသူ ဇနီးကောင်းအဖြစ် သမိုင်းဝင် တော်ဝင်မှတ်တမ်း တင်ထားခဲ့နိုင်သူဖြစ်လေသည်။

{၂} စန္ဒကိန္နရီ [ စန္ဒကိန္နရာ၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°
ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီးလက်ထက် ဘုရားလောင်း စန္ဒကိန္နရာသည် ဇနီး ကိန္နရီနှင့် ပေါင်းသင်းနေထိုင်သည်။ ဗြဟ္မဒတ်မင်းကြီးက လင်ဖြစ်သူ ကိန္နရာဖိုကို မြှားဖြင့်ပစ်ခွင်းပြီး စန္ဒကိန္နရီကို မိဖုရားရာထူးဖြင့် ဖြားယောင်သွေးဆောင်သော်လည်း လက်မခံခဲ့ပေ။ ကိန္နရာဖိုအသက်ရှင်ရန်သာ သစ္စာပြု၍ ကယ်တင်နိုင်ခဲ့သဖြင့် တော်လေးဝဝင် မြင့်မြတ်သော သမိုင်းဝင် အမျိုးသမီးအဖြစ် မှတ်တမ်းတင်ထားနိုင်ခဲ့လေသည်။

{၃} မဒ္ဒီဒေဝီ [ ဝေဿန္တရာမင်း၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°°

မဒ္ဒီဒေဝီသည် သိဝိတိုင်း စေတုတ္တရာပြည်မှ ဝေဿန္တရာမင်း၏ ဇနီးဖြစ်သည်။ ဘုရင်ကို တိုင်းပြည်မှနှင်ထုတ်သောအခါ နောက်တော်ပါးမှ မညည်းမညူ လိုက်ပါ၍ လုပ်ကျွေးပြုစုခဲ့သည်။ တောထဲတွင် လင်သားနှင့် သားသမီးများကို အစာရေစာ ရှာဖွေကျွေးမွေး ပြုစုစောင့်ရှောက်နိုင်ခဲ့သဖြင့် သမိုင်းမှတ်တမ်းတင်ကာ တော်လေးဝဝင် မြင့်မြတ်သော အမျိုးသမီးအဖြစ် ထင်ရှားခဲ့လေသည်။

{၄} သမ္ဘူလ [ သောတ္ထိသေန၏ ဇနီး ]
°°°°°°°°°°°°°°°°°°°°°°°°°°°°
သမ္ဘူလသည် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်း၏သားတော် သောတ္ထိသေနမင်းသား၏ ကြင်ယာတော်ဖြစ်သည်။ သောတ္ထိသေန နူနာရောဂါစွဲကပ်သဖြင့် တောထွက်သွားစဉ် လိုက်ပါပြီး မယားဝတ္တရား ငါးပါးနှင့်အညီ ခြေဆုပ်လက်နယ်ပြုကာ သစ္စာရှိခဲ့သူဖြစ်သည်။ သမ္ဘူလ၏သစ္စာကို လင်သားက မယုံသင်္ကာဖြစ်၍ အချင်းများသောအခါ သမ္ဘူလက သစ္စာဆိုခဲ့၏။ မိမိ၏ မေတ္တာသစ္စာ မှန်ခဲ့ပါလျှင် သောတ္ထိသေနမင်းသား၏ နူနာရောဂါ ပျောက်ကင်းပါစေဟု သစ္စာဓိဌာန်ပြုခဲ့ရာ ရောဂါပျောက်ကင်းသဖြင့် တော်လေးဝဝင် မြင့်မြတ်သော သမိုင်းဝင်အမျိုးသမီးအဖြစ် မှတ်တမ်းတင်ထားခဲ့နိုင်လေသည်။

[မှတ်ချက်] အကျယ်ကို ငါးရာ့ငါးဆယ် ဇာတ်နိပါတ်တော်များမှ မိမိသိလိုသောဇာတ်တော်ကို ဖတ်ရှုနိုင်ပါသည်။


ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။
အရှင်ကုသလ { မြတ်ဆုရှင် ဆရာတော် }

No comments:

Post a Comment