Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 12, 2018

ရေသ့ၾကီး ဦးခႏၱီရြတ္ဆိုေသာ အလြန္အက်ိဳးေပးသည့္ ဘုရားရွိခိုး

လာဒ္တိတ္ေနသူမ်ား ၊ ေစ်းေရာင္းမေကာင္းသူမ်ား ၊ အေၾကြးမရသူမ်ား ၊ အေၾကြးမဆပ္ႏိုင္သူမ်ား ၊ ေငြေၾကး အခက္အခဲျဖစ္ေနသူမ်ား ၊အၾကီးအကဲနဲ႕ အဆင္မေျပသူမ်ား ၊ အလုပ္အကိုင္ တုိ႕လုိ တန္းလန္း ျဖစ္ေနသူမ်ား ၊ လာဒ္ရႊင္ေငြ၀င္လိုသူမ်ား အတြက္အလြန္တရာမွ လာဒ္ရႊင္ေစေသာ ရေသ့ၾကီး ဦးခႏၱီရြတ္ေသာ ဂါထာကိုလက္ေဆာင္ေပးလုိက္ရပါတယ္ ခင္ဗ်ာ….

ကုိယ္ေတြ႕တစ္ခု ေျပာပါရေစ…၂၀၁၂ .၁၂ .၃၁ ေန႕မွာ ေငြ ၆ သိန္း ေပးပါမယ္ လုိ႕ ကတိျပဳခဲ့တာပါ..၂၉.၁၂.၂၀၁၂ ေန႕မွ ၄ သိန္းပဲ ရွိပါတယ္.. ၂ သိန္း လုိေနတယ္ေလ..

၂ သိန္းကုိ ၂ ရက္ အတြင္းဘယ္လုိ ရွာရမလဲ.. စိတ္ေပါက္ေပါက္ နဲ႕ တီဗီြ ဖြင့္ၾကည့္လုိက္တာ အဲဒီမွာ ဗန္ေမာ္ ဆရာေတာ္ ေဒါက္တာ ကုမာရ ဘိ၀ံသ က MRTV 4 မွာ ရေသ့ၾကီးဦးခႏီၱအေၾကာင္း တရားေဟာေနတာ နာ လုိက္ရျပီး အဲဒီလာဒ္ရြင္ေစတဲ့ ဂါထာကို အားတုိင္း ရြတ္ မနက္ ၄၅ မိနစ္ ၊ ည ၄၅ မိနစ္ ရြတ္လုိက္တာ ၃၁.၁၂ . ၂၀၁၂ ေန႕လည္ 2း00 နာရီမွာ–

ေဟာခန္းမွာ ေဗဒင္ေဟာေနရင္ ဖုန္း၀င္လာတယ္..ကံစမ္းမဲေပါက္တယ္တဲ့ ၂ သိန္းရမွာတဲ့……ဟုိက္ရွားပါး…. လန္းသြားပါတယ္…..

ကတိ အတုိင္း ​ေပးနိုင္​ခ့ဲပါတယ္​…ကိုယ္​​ေတြ႕ပါဗ်ာ

အဲဒါနဲ႕ သူငယ္ခ်င္းေဗဒင္ဆရာတစ္ေယာက္ကုိ ဖုန္းဆက္ျပီး ေျပာျပတာ သူက ျပန္ေျပာတယ္.. ငါလည္း အဲဒါ ရြတ္တာ ဒီမနက္ပဲ အိမ္၀ုိင္းေရာင္းထြက္ လုိ႕ ဆုိျပီး ၂ သိန္း လာကန္ေတာ့သြားတယ္တဲ့…. ..ေတာ္ေတာ္ထူးတဲ့ ဂါထားပါပဲဗ်ာ

ေငြေၾကးအခက္ခဲ ရွိတဲ့ မိတ္ေဆြမ်ား လည္း မနက္ ၄၅ မိနစ္ ည ၄၅ မိနစ္ ႐ြတ္​ၾကည္​့ပါလား ဘာခက္တာ မွတ္လို႕ …

ေဒါက္တာ ကုမာရ ဘိ၀ံသ(ဗန္းေမာ္ဆရာေတာ္) ခ်ီးျမွင့္ေတာ္မူေသာ ရေသ့ၾကီး ဦးခႏၱီ၏ဂါထာေတာ္။

အရဟံ၊ ဗဟိ-အႏၱ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘ၀ူပ-သမံ၊ ယမကံ၊

သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက္ကုိ ရြတ္ဆုိရန္မလုိပါ..အဓိပၸါယ္ သိရန္ ေရးေပးတာပါ…

အထက္ပါ ဂါထာကုိ သာရြတ္ပါ။)

၁။ အရဟံ – ပူေဇာ္အထူးကို ခံယူေတာ္မူထိုက္ေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၂။ ဗဟိ-အႏၱ-ဇယ – အတြင္း-အပ ရန္ကို ေအာင္ေတာ္မူေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၃။ သုဂတံ – ေကာင္းေသာစကားကို ေဟာေျပာတတ္ေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၄။ အမိတံ – မနွုိင္းယွဥ္နိုင္သည့္ တန္ခိုးဗ်ာဋိဟာရိွေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၅။ ၀ိရဇံ – ကိေလသာျမဴ ကင္းေတာ္မူေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၆။ လလိတံ – တင့္တယ္ သပၸါယ္ေတာ္မူေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၇။ အတုလံ – အတုမရိွေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၈။ စရဏံ – အက်င့္စရဏနွင့္ ျပည့္စံုေတာ္မူေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၉။ တိ-ဘ၀ူပ-သမံ – ဘံုသံုးပါး၌ ကိေလသာျငိမ္းေအးေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၁၀။ ယမကံ – ေရမီးအစံုအစံု တန္ခိုးဗ်ာဋိဟာနွင့္ ျပည့္စံုေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၁၁။ သုခဒံ – ခ်မ္းသာကို ေပးစြမ္းနုိင္ေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၁၂။ သရဏံ – ကိုးကြယ္အားထားရာျဖစ္ေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

၁၃။ ဇိနံ – မာန္ငါးပါးကိုေအာင္ျမင္ေသာ ျမတ္စြာဘုရားကို ပဏာမာမိ-ရိွခုိးပါ၏။

လုိသေလာက္ မရေပမဲ့ လုပ္သေလာက္ေတာ့ ရပါတယ္…. ခင္ဗ်ာ……

Credit: အႏိႈင္းမဲ့ရင္ခြင္

Unicode Version

လာဒ်တိတ်နေသူများ ၊ စျေးရောင်းမကောင်းသူများ ၊ အကြွေးမရသူများ ၊ အကြွေးမဆပ်နိုင်သူများ ၊ ငွေကြေး အခက်အခဲဖြစ်နေသူများ ၊အကြီးအကဲနဲ့ အဆင်မပြေသူများ ၊ အလုပ်အကိုင် တို့လို တန်းလန်း ဖြစ်နေသူများ ၊ လာဒ်ရွှင်ငွေဝင်လိုသူများ အတွက်အလွန်တရာမှ လာဒ်ရွှင်စေသော ရသေ့ကြီး ဦးခန္တီရွတ်သော ဂါထာကိုလက်ဆောင်ပေးလိုက်ရပါတယ် ခင်ဗျာ….

ကိုယ်တွေ့တစ်ခု ပြောပါရစေ…၂၀၁၂ .၁၂ .၃၁ နေ့မှာ ငွေ ၆ သိန်း ပေးပါမယ် လို့ ကတိပြုခဲ့တာပါ..၂၉.၁၂.၂၀၁၂ နေ့မှ ၄ သိန်းပဲ ရှိပါတယ်.. ၂ သိန်း လိုနေတယ်လေ..

၂ သိန်းကို ၂ ရက် အတွင်းဘယ်လို ရှာရမလဲ.. စိတ်ပေါက်ပေါက် နဲ့ တီဗွီ ဖွင့်ကြည့်လိုက်တာ အဲဒီမှာ ဗန်မော် ဆရာတော် ဒေါက်တာ ကုမာရ ဘိ၀ံသ က MRTV 4 မှာ ရသေ့ကြီးဦးခန္တီအကြောင်း တရားဟောနေတာ နာ လိုက်ရပြီး အဲဒီလာဒ်ရွင်စေတဲ့ ဂါထာကို အားတိုင်း ရွတ် မနက် ၄၅ မိနစ် ၊ ည ၄၅ မိနစ် ရွတ်လိုက်တာ ၃၁.၁၂ . ၂၀၁၂ နေ့လည် 2း00 နာရီမှာ–

ဟောခန်းမှာ ဗေဒင်ဟောနေရင် ဖုန်းဝင်လာတယ်..ကံစမ်းမဲပေါက်တယ်တဲ့ ၂ သိန်းရမှာတဲ့……ဟိုက်ရှားပါး…. လန်းသွားပါတယ်…..

ကတိ အတိုင်း ​ပေးနိုင်​ခဲ့ပါတယ်​…ကိုယ်​​တွေ့ပါဗျာ

အဲဒါနဲ့ သူငယ်ချင်းဗေဒင်ဆရာတစ်ယောက်ကို ဖုန်းဆက်ပြီး ပြောပြတာ သူက ပြန်ပြောတယ်.. ငါလည်း အဲဒါ ရွတ်တာ ဒီမနက်ပဲ အိမ်ဝိုင်းရောင်းထွက် လို့ ဆိုပြီး ၂ သိန်း လာကန်တော့သွားတယ်တဲ့…. ..တော်တော်ထူးတဲ့ ဂါထားပါပဲဗျာ

ငွေကြေးအခက်ခဲ ရှိတဲ့ မိတ်ဆွေများ လည်း မနက် ၄၅ မိနစ် ည ၄၅ မိနစ် ရွတ်​ကြည်​့ပါလား ဘာခက်တာ မှတ်လို့ …

ဒေါက်တာ ကုမာရ ဘိ၀ံသ(ဗန်းမော်ဆရာတော်) ချီးမြှင့်တော်မူသော ရသေ့ကြီး ဦးခန္တီ၏ဂါထာတော်။

အရဟံ၊ ဗဟိ-အန္တ-ဇယံ၊ သုဂတံ၊

အမိတံ၊ ၀ိရဇံ၊ လလိတံ၊ အတုလံ၊

စရဏံ၊ တိ-ဘဝူပ-သမံ၊ ယမကံ၊

သုခံ ဒံ ၊ သရဏံ ၊ ပဏာ မာမိ ဇိနံ။

(အနက်ကို ရွတ်ဆိုရန်မလိုပါ..အဓိပ္ပါယ် သိရန် ရေးပေးတာပါ…

အထက်ပါ ဂါထာကို သာရွတ်ပါ။)

၁။ အရဟံ – ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၂။ ဗဟိ-အန္တ-ဇယ – အတွင်း-အပ ရန်ကို အောင်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၃။ သုဂတံ – ကောင်းသောစကားကို ဟောပြောတတ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၄။ အမိတံ – မနှိုင်းယှဉ်နိုင်သည့် တန်ခိုးဗျာဋိဟာရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၅။ ၀ိရဇံ – ကိလေသာမြူ ကင်းတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၆။ လလိတံ – တင့်တယ် သပ္ပါယ်တော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၇။ အတုလံ – အတုမရှိသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၈။ စရဏံ – အကျင့်စရဏနှင့် ပြည့်စုံတော်မူသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၉။ တိ-ဘဝူပ-သမံ – ဘုံသုံးပါး၌ ကိလေသာငြိမ်းအေးသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၀။ ယမကံ – ရေမီးအစုံအစုံ တန်ခိုးဗျာဋိဟာနှင့် ပြည့်စုံသော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၁။ သုခဒံ – ချမ်းသာကို ပေးစွမ်းနိုင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၂။ သရဏံ – ကိုးကွယ်အားထားရာဖြစ်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

၁၃။ ဇိနံ – မာန်ငါးပါးကိုအောင်မြင်သော မြတ်စွာဘုရားကို ပဏာမာမိ-ရှိခိုးပါ၏။

လိုသလောက် မရပေမဲ့ လုပ်သလောက်တော့ ရပါတယ်…. ခင်ဗျာ……

Credit: အနှိုင်းမဲ့ရင်ခွင်

No comments:

Post a Comment