Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, June 21, 2018

ဗုဒၶျမတ္စြာဘုရားရွင္သည္ ကယ္တင္ရွင္ေလာ


ကယ္တင္ရွင္

ေထရ၀ါဒ ေဒသနာအစဥ္၌ ကယ္တင္ရွင္ဟူ၍ မရွိ။ ကယ္တင္ေပးႏုိင္သူ
ဟူ၍လည္း မရွိေပ။ ဗုဒၶဘုရား ကုိယ္တုိင္လည္း လူသားတုိ႔အတြက္ ကယ္တင္ရွင္ မဟုတ္ခဲ့၊ လူသားတုိ႔အတြက္ လမ္းညႊန္သူ သာျဖစ္ေလသည္။

ဗုဒၶဘုရားရွင္က –

” ခ်စ္သားတုိ႔၊ သင္တုိ႔ လြတ္ေျမာက္မႈအတြက္ သင္တုိ႔ကုိယ္တုိင္ ႀကိဳးစား အားထုတ္အပ္၏၊ ဘုရားရွင္တုိ႔မည္သည္ လမ္းညႊန္ ေဟာျပ႐ုံသာ ေဟာျပေတာ္မူႏုိင္ၾကကုန္၏၊ ”

ဟု ဓမၼပဒေဒသနာ၌ အတိအလင္း ေဟာျပထား၏။

ထုိ႔ျပင္ ခႏၶ၀ဂၢသံယုတ္၊ အတၱဒီပသုတ္၌လည္း –

“ရဟန္းတုိ႔၊ မိမိကုိယ္သာ မွီခုိၾကလ်က္၊ မိမိကုိယ္ကုိသာ အားထားၾကလ်က္
အျခားတစ္ပါးကုိ အားမကုိးၾကဘဲ တရားကုိသာ မွီခုိၾကလ်က္၊
တရားကုိသာ အားထားၾကလ်က္ အျခားတစ္ပါးကုိ
အားမထားဘဲ ေနၾကကုန္ေလာ့၊ ”

ဟု ေဟာၾကားေတာ္မူခဲ့သည္။
ဗုဒၶဘုရားက လူသားတစ္ဦး၏ ဘ၀ကုိ တရားဓမၼျဖင့္သာ ေနထုိင္ၾကရန္ ေဟာၾကားခဲ့ သည္။ လူတုိ႔သည္ မိမိတုိ႔၏ ဘ၀ကုိ မိမိတုိ႔ ကုိယ္တုိင္သာ ဖန္တီးသည္။
ကုိယ့္ကံ ကုိယ္ျပဳ၍ ကုိယ့္အမႈ ကုိယ္ေဆာင္ၾကရသည္။ မိမိဘ၀အတြက္ ေကာင္းမႈ ဆုိးမႈတုိ႔ကုိ မိမိကုိယ္တုိင္သာလွ်င္ ဖန္တီးသည ္ ဟု ေဟာၾကား၏။

ေကာင္းမႈ မေကာင္းမႈဟူေသာ သေဘာတရားတုိ႔ကုိလည္း ေဟာၾကားျပသ၏။
မေကာင္းမႈကုိ ေရွာင္၍ ေကာင္းမႈကုိ ေဆာင္ရန္လည္း ညႊန္ၾကားသည္။
ေကာင္းမႈကုိ လုပ္ေသာသူသည္ ေကာင္းေသာ အက်ိဳးဆက္ကုိ ျဖစ္ေစ၏။
မေကာင္းမႈကုိ လုပ္ေသာသူသည္ မေကာင္းေသာ အက်ိဳးဆက္ကုိ ျဖစ္ေစ၏။
ဤသုိ႔လွ်င္ ကမၼနိယာမ သေဘာ တရားျဖင့္ ထိန္းေက်ာင္းလ်က္ မတိမ္းေစာင္းေအာင္ ေဟာျပေတာ္္မူခဲ့သည္။

သုိ႔ပါလ်က္ လူအခ်ိဳ႕တုိ႔သည္ မိမိဘ၀အတြက္ ကယ္တင္ရွင္ကုိ ရွာမွီးကုိးကြယ္ ေနၾကသည္။ မျမင္ရေသာ၊ မျမင္ဖူးေသာ၊ ၾကားဖူးနား၀ရွိေသာ နတ္ေဒ၀တာတုိ႔၏ ကူညီမစမႈကုိ အေတြးစိတၱဇျဖင့္ ေတာင့္တေနၾက၏။ ေတာင္းခံေနၾက၏။ မိမိတုိ႔ လူသားအခ်င္းခ်င္းလည္း ကယ္တင္ႏုိင္မည္ဟု ထင္ေသာ ပုဂိၢဳလ္ႀကီးမ်ား၏ မ စ မႈကုိ ေမွ်ာ္လင့္ေနၾကသည္။

ဓာတ္ပြင့္ေအာင္၊ စန္းပြင့္ေအာင္ ေတာင္းဆုိေနၾကသည္။ ေကာင္းမႈမဂၤလာ အျဖာျဖာႏွင့္ ျပည့္စုံပါေစေၾကာင္း ရွိခုိးဦးတင္၍ ေတာင္းဆုပန္ဆင္ေနၾက ေလသည္။ တကယ္ေတာ့မူ လူသားတစ္ဦး၏ ေကာင္းမႈ ဆုိးမႈကုိ လမ္းေၾကာင္းေျပာင္း၍ တိမ္းေစာင္းသြားေအာင္ ဘယ္ပုဂိၢဳလ္ကမွွ ရြက္ေဆာင္မေပးႏုိင္ေပ။ ဆုေတာင္းေပး၍လည္း မရ။ ဤသေဘာ တရားကုိ ဗုဒၶဘုရားရွင္ကလည္း ေဟာၾကားခဲ့ပါသည္။

ဗုဒၶဘုရားရွင္သည္ နာလႏၵၿမိဳ႕၊ ပါ၀ါရိက သရက္ဥယ်ာဥ္၌ သီတင္းသုံးေနစဥ္ ရြာသူႀကီးတစ္ေယာက္က ေလွ်ာက္ထားခဲ့ဖူးသည္။ —

” အရွင္ဘုရား၊ ပစၦာဘူမိအရပ္မွာ ေနေသာ ပုဏၰားေတြက လူေတြကုိ နတ္ဘ၀ ေရာက္ေအာင္ လုပ္ေပးႏုိင္သည္လုိ႔ ဆုိပါသည္၊ အရွင္ဘုရားေကာ လုပ္ေပးႏုိင္ပါ သလား၊

ရြာသူႀကီး၊ ေက်ာက္တုံးႀကီး တစ္တုံးကုိ ေရထဲ ပစ္ခ်လုိက္ၿပီးေနာက္လူေတြက ၀ုိင္းၿပီး အုိ ေက်ာက္တုံးႀကီး၊ ေရေပၚမွာ ေပၚပါေလာ့၊ ကုန္းေပၚသုိ႔ တက္ခဲ့ပါေလာ့၊ လုိ႔ အႀကိမ္ႀကိမ္ ေတာင္းဆုိလွ်င္ ေက်ာက္တုံးႀကီး ေပၚလာပါမည္လား၊ ကုန္းေပၚတက္လာ ပါမည္လား၊

မေပၚလာႏုိင္ပါ၊ မတက္လာႏုိင္ပါဘုရား၊

ရြာသူႀကီး၊ ေထာပတ္အုိးတစ္လုံးကုိ ေရထဲမွာ ခြဲလုိက္မည္ဆု္ိလွ်င္ အုိျခမ္းကြဲေတြက ေရထဲမွာ ျမဳပ္ၿပီး ေထာပတ္ေတြက ေရေပၚမွာ ေပၚေနလိမ့္မည္၊ ဒီအခါမွာ လူေတြက ၀ုိင္းၿပီး ေထာပတ္ေတြ ေရေအာက္ နစ္ျမဳပ္ပါေစ၊ လုိ႔ ဆုေတာင္းၾကလွ်င္ ျမဳပ္သြားပါမည္လား၊

မျမဳပ္ႏုိင္ပါဘုရား၊

ရြာသူႀကီး၊ ဒီဥပမာလုိပဲ၊ ကုသုိလ္ေကာင္းမႈ မလုပ္ဘဲ မေကာင္းမႈေတြကုိ လုပ္ေနၿပီဆုိလွ်င္ ေကာင္းရာဘ၀ ေရာက္ပါေစလုိ႔ ဘယ္လုိပင္ ဆုေတာင္းေသာ္လည္း မရႏုိင္ဘူး၊ ေကာင္းမႈေတြ လုပ္ေနသူကုိလည္း မေကာင္းသည့္ဘ၀ ခံရပါေစဆုိလုိ႔ မရဘူး၊ ေကာင္းမႈ အက်ိဳးအတုိင္း ေကာင္းေသာဘ၀ကုိ ရရွိမည္သာတည္း၊ ”

ဤေဒသနာေတာ္ကုိ ၾကည့္လွ်င္ လူသားတစ္ဦးအတြက္ အျခားသူက ကယ္တင္၍ မရႏုိင္ေၾကာင္း၊ ဆုေတာင္း၍လည္း မရႏုိင္ေၾကာင္း၊ သူတစ္ပါးက ဆုေတာင္းေပး၍လည္း မရႏုိင္ ေၾကာင္း၊ မိမိဘ၀ကုိ မိမိသာလွ်င္ ဖန္တီးႏုိင္ေၾကာင္း၊ မိမိကုိယ္ကုိသာလွ်င္ မိမိကယ္တင္ရွင္ျဖစ္ေၾကာင္း ေရျပင္မွာ ေလွယာဥ္သြားသလုိ ထင္ရွားေလၿပီ။
 Original Writer

#Unicode Version#

ကယ်တင်ရှင်

ထေရဝါဒ ဒေသနာအစဉ်၌ ကယ်တင်ရှင်ဟူ၍ မရှိ။ ကယ်တင်ပေးနိုင်သူ
ဟူ၍လည်း မရှိပေ။ ဗုဒ္ဓဘုရား ကိုယ်တိုင်လည်း လူသားတို့အတွက် ကယ်တင်ရှင် မဟုတ်ခဲ့၊ လူသားတို့အတွက် လမ်းညွှန်သူ သာဖြစ်လေသည်။

ဗုဒ္ဓဘုရားရှင်က –

” ချစ်သားတို့၊ သင်တို့ လွတ်မြောက်မှုအတွက် သင်တို့ကိုယ်တိုင် ကြိုးစား အားထုတ်အပ်၏၊ ဘုရားရှင်တို့မည်သည် လမ်းညွှန် ဟောပြရုံသာ ဟောပြတော်မူနိုင်ကြကုန်၏၊ ”

ဟု ဓမ္မပဒဒေသနာ၌ အတိအလင်း ဟောပြထား၏။

ထို့ပြင် ခန္ဓဝဂ္ဂသံယုတ်၊ အတ္တဒီပသုတ်၌လည်း –

“ရဟန်းတို့၊ မိမိကိုယ်သာ မှီခိုကြလျက်၊ မိမိကိုယ်ကိုသာ အားထားကြလျက်
အခြားတစ်ပါးကို အားမကိုးကြဘဲ တရားကိုသာ မှီခိုကြလျက်၊
တရားကိုသာ အားထားကြလျက် အခြားတစ်ပါးကို
အားမထားဘဲ နေကြကုန်လော့၊ ”

ဟု ဟောကြားတော်မူခဲ့သည်။
ဗုဒ္ဓဘုရားက လူသားတစ်ဦး၏ ဘဝကို တရားဓမ္မဖြင့်သာ နေထိုင်ကြရန် ဟောကြားခဲ့ သည်။ လူတို့သည် မိမိတို့၏ ဘဝကို မိမိတို့ ကိုယ်တိုင်သာ ဖန်တီးသည်။
ကိုယ့်ကံ ကိုယ်ပြု၍ ကိုယ့်အမှု ကိုယ်ဆောင်ကြရသည်။ မိမိဘဝအတွက် ကောင်းမှု ဆိုးမှုတို့ကို မိမိကိုယ်တိုင်သာလျှင် ဖန်တီးသည ် ဟု ဟောကြား၏။

ကောင်းမှု မကောင်းမှုဟူသော သဘောတရားတို့ကိုလည်း ဟောကြားပြသ၏။
မကောင်းမှုကို ရှောင်၍ ကောင်းမှုကို ဆောင်ရန်လည်း ညွှန်ကြားသည်။
ကောင်းမှုကို လုပ်သောသူသည် ကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။
မကောင်းမှုကို လုပ်သောသူသည် မကောင်းသော အကျိုးဆက်ကို ဖြစ်စေ၏။
ဤသို့လျှင် ကမ္မနိယာမ သဘော တရားဖြင့် ထိန်းကျောင်းလျက် မတိမ်းစောင်းအောင် ဟောပြတော်မူခဲ့သည်။

သို့ပါလျက် လူအချို့တို့သည် မိမိဘဝအတွက် ကယ်တင်ရှင်ကို ရှာမှီးကိုးကွယ် နေကြသည်။ မမြင်ရသော၊ မမြင်ဖူးသော၊ ကြားဖူးနားဝရှိသော နတ်ဒေဝတာတို့၏ ကူညီမစမှုကို အတွေးစိတ္တဇဖြင့် တောင့်တနေကြ၏။ တောင်းခံနေကြ၏။ မိမိတို့ လူသားအချင်းချင်းလည်း ကယ်တင်နိုင်မည်ဟု ထင်သော ပုဂ္ဂိုလ်ကြီးများ၏ မ စ မှုကို မျှော်လင့်နေကြသည်။

ဓာတ်ပွင့်အောင်၊ စန်းပွင့်အောင် တောင်းဆိုနေကြသည်။ ကောင်းမှုမင်္ဂလာ အဖြာဖြာနှင့် ပြည့်စုံပါစေကြောင်း ရှိခိုးဦးတင်၍ တောင်းဆုပန်ဆင်နေကြ လေသည်။ တကယ်တော့မူ လူသားတစ်ဦး၏ ကောင်းမှု ဆိုးမှုကို လမ်းကြောင်းပြောင်း၍ တိမ်းစောင်းသွားအောင် ဘယ်ပုဂ္ဂိုလ်ကမှ ရွက်ဆောင်မပေးနိုင်ပေ။ ဆုတောင်းပေး၍လည်း မရ။ ဤသဘော တရားကို ဗုဒ္ဓဘုရားရှင်ကလည်း ဟောကြားခဲ့ပါသည်။

ဗုဒ္ဓဘုရားရှင်သည် နာလန္ဒမြို့၊ ပါဝါရိက သရက်ဥယျာဉ်၌ သီတင်းသုံးနေစဉ် ရွာသူကြီးတစ်ယောက်က လျှောက်ထားခဲ့ဖူးသည်။ —

” အရှင်ဘုရား၊ ပစ္ဆာဘူမိအရပ်မှာ နေသော ပုဏ္ဏားတွေက လူတွေကို နတ်ဘ၀ ရောက်အောင် လုပ်ပေးနိုင်သည်လို့ ဆိုပါသည်၊ အရှင်ဘုရားကော လုပ်ပေးနိုင်ပါ သလား၊

ရွာသူကြီး၊ ကျောက်တုံးကြီး တစ်တုံးကို ရေထဲ ပစ်ချလိုက်ပြီးနောက်လူတွေက ဝိုင်းပြီး အို ကျောက်တုံးကြီး၊ ရေပေါ်မှာ ပေါ်ပါလော့၊ ကုန်းပေါ်သို့ တက်ခဲ့ပါလော့၊ လို့ အကြိမ်ကြိမ် တောင်းဆိုလျှင် ကျောက်တုံးကြီး ပေါ်လာပါမည်လား၊ ကုန်းပေါ်တက်လာ ပါမည်လား၊

မပေါ်လာနိုင်ပါ၊ မတက်လာနိုင်ပါဘုရား၊

ရွာသူကြီး၊ ထောပတ်အိုးတစ်လုံးကို ရေထဲမှာ ခွဲလိုက်မည်ဆိုလျှင် အိုခြမ်းကွဲတွေက ရေထဲမှာ မြုပ်ပြီး ထောပတ်တွေက ရေပေါ်မှာ ပေါ်နေလိမ့်မည်၊ ဒီအခါမှာ လူတွေက ဝိုင်းပြီး ထောပတ်တွေ ရေအောက် နစ်မြုပ်ပါစေ၊ လို့ ဆုတောင်းကြလျှင် မြုပ်သွားပါမည်လား၊

မမြုပ်နိုင်ပါဘုရား၊

ရွာသူကြီး၊ ဒီဥပမာလိုပဲ၊ ကုသိုလ်ကောင်းမှု မလုပ်ဘဲ မကောင်းမှုတွေကို လုပ်နေပြီဆိုလျှင် ကောင်းရာဘ၀ ရောက်ပါစေလို့ ဘယ်လိုပင် ဆုတောင်းသော်လည်း မရနိုင်ဘူး၊ ကောင်းမှုတွေ လုပ်နေသူကိုလည်း မကောင်းသည့်ဘ၀ ခံရပါစေဆိုလို့ မရဘူး၊ ကောင်းမှု အကျိုးအတိုင်း ကောင်းသောဘဝကို ရရှိမည်သာတည်း၊ ”

ဤဒေသနာတော်ကို ကြည့်လျှင် လူသားတစ်ဦးအတွက် အခြားသူက ကယ်တင်၍ မရနိုင်ကြောင်း၊ ဆုတောင်း၍လည်း မရနိုင်ကြောင်း၊ သူတစ်ပါးက ဆုတောင်းပေး၍လည်း မရနိုင် ကြောင်း၊ မိမိဘဝကို မိမိသာလျှင် ဖန်တီးနိုင်ကြောင်း၊ မိမိကိုယ်ကိုသာလျှင် မိမိကယ်တင်ရှင်ဖြစ်ကြောင်း ရေပြင်မှာ လှေယာဉ်သွားသလို ထင်ရှားလေပြီ။
Original Writer

No comments:

Post a Comment