Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, June 21, 2018

ငွေရှာမှု့ပုံစံလေးမျိုး E/S/B/I


ကျွန်တော့်အတွေးအခေါ်ကိုပြောင်းလဲစေခဲ့တဲ့ငွေရှာမှု့ပုံစံလေးမျိုးအကြောင်းမျှဝေပါတယ်။ဆင်းရဲဖေဖေ ချမ်းသာဖေဖေ ထဲကပါ
E/S/B/Iဆိုပြီးလေးမျိုးပါ
၁။E =Employee (you have ajob)
လခစားဝန်ထမ်းတွေပါ။ အစိုးဝန်ထမ်း company ဝန်ထမ်း အားလုံးကိုဆိုလိုတာပါ အောက်ခြေဝန်ထမ်းမှနိုင်ငံတော်သမ္မတအထိပါ
အနည်းဆုံး အချိန်ရှစ်နာရီပေးပြီးမှ ဝင်ငွေတစ်ခုပြန်ရတာပါ။
၂။ S= Self business(you own a job)
ကိုယ်လုပ်မှကိုယ်ရမှာပါ ။
ဈေးသည်မှစအနုပညာရှင်တွေအဆုံးပါပဲ။ကိုယ်မလုပ်နိုင်ရင်ချက်ခြင်းဝင်ငွေရပ်သွားတဲ့သူတွေပါ။ ကိုယ်လုပ်မှကိုယ်ရတဲ့အမျိုးအစားပါ။
၃။ B= Business owner ( you own a system)
ကိုယ်တိုင်လုပ်စရာမလိုပဲ စနစ်တစ်ခုချပေးပြီး မန်နေဂျာတွေနဲ့လွှဲထားလို့ရတဲ့ ငွေရှာနည်းပုံစံပါ
နောက်ဆုံးတစ်ခုကတော့
၎။ I= Investor (money work for you)
ပိုက်ဆံရင်းပြီးပိုက်ဆံရှာတဲ့ပုံစံပါပဲ။
ကျွန်တော့်သူငယ်ချင်းမိတ်ဆွေတွေရောဘယ်အထဲမှာပါလဲဆိုတာ မန့်သွားကြပါအုံး လူသားအားလုံးပုံစံလေးခုထဲကအနည်းဆုံးတစ်ခုလောက်နဲ့ငွေရှာနေကြတာပါပဲ ။ကျွန်တော်အကြံပြုချင်တာကတော့ ဘယ်နည်းလမ်းနဲ့ပဲငွေရှာကြပါစေ ဘုရားဟောထဲမှာပါတဲ့သမာအာဇီဝနဲ့ပဲငွေရှာစေချင်ပါတယ်
မြတိစွာဘုရားဟောတဲ့သမာအာဇီဝမဟုတ်တဲ့ရောင်းဝယ်ဖောက်ကားပြီးငွေရှာနည်းတွေကတော့
၁။ လက်နက်အရောင်းအဝယ်
၂။အဆိပ်အရောင်းအဝယ်
၃။မူးယစ်ဆေးအရောင်းအဝယ်
၎။သားသတ်လုပ်ငန်း
၅။လူကုန်ကူး တာတွေပါပဲဗျာ
လက်ရှိမှာကျွန်တော်က E ပါပဲ
အားလုံးပဲ I (investor) အဆင့်တက်လှမ်းနိုင်ကြပါစေဗျာ။
Kothetwai Lin

No comments:

Post a Comment