Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 25, 2018

အပါယ္ေလးပါးမွ လြတ္ေျမာက္ေစႏိုင္ေသာ ကုသိုလ္(၇)မ်ိဳး

အပါယ္လြတ္ေၾကာင္း ကုသိုလ္(၇)မ်ိဳးတို႔မွာ -
(၁)။ သရဏဂုံ ေဆာက္တည္ျခင္း (သရဏဂုံကုသိုလ္) ဘုရား၊ တရား၊ သံဃာ ရတနာသံုးပါးတို႔၏ ဂုဏ္ေက်းဇူးမ်ားကို မိရိုးဖလာဗုဒၶဘာသာတို႔လို မကိုးကြယ္ မဆည္းကပ္ဘဲ၊ တကယ့္စစ္မွန္ေသာ ခိုင္ျမဲေသာသဒၶါ၊ ပညာဦးစီးေသာ စိတ္ထားျဖင့္ ၾကည္ညိဳျခင္းလို႔ဆိုတဲ့ (သရဏဂုံကုသိုလ္)ေတြပြားၿပီး ကိုးကြယ္ဆည္းကပ္ရပါမယ္။ အဲ့ဒီကုသိုလ္မ်ိဳး အျမဲမျပတ္ေဆာက္တည္ထားရင္ အပါယ္ေလးပါးက လြတ္ေျမာက္ႏိုင္ပါတယ္။ ဘုရား႐ွင္လက္ထက္က သာဓကေတြ ႐ွိပါတယ္၊ စာ႐ွည္မည္စိုး၍ ေရးမျပႏိုင္တာကို ခြင့့္လႊတ္သည္းခံေပးၾကပါ။

(၂)။ ငါးပါးသီလျမဲျခင္း(ပၪၥသီလကုသိုလ္) ငါးပါးသီလျမဲတဲ့ပုဂၢိဳလ္ဟာလည္း အပါယ္ေလးပါးက လြတ္ေျမာက္ႏိုင္ပါတယ္။

(၃)။ စာေရးတံမဲခ်ျခင္းကုသိုလ္ စာေရးတံမဲခ်ျခင္းကုသိုလ္ဆိုတာ ဗုဒၶဘာသာဝင္မ်ားရဲ႕ သီတင္းကြၽတ္အခ်ိန္အခါ သယမမွာ ေက်ာင္းတိုက္အသီးသီးမွ သံဃာေတာ္မ်ားကို မဲခ်၍(မဲခြဲ၍) ကိုယ္ဆီကို မဲက်လာတဲ့သံဃာေတာ္ကို ဆြမ္းအစ႐ွိတဲ့ လႉဖြယ္ဝတၳဳအစုစုကို လႉဒါန္းရတဲ့ ကုသိုလ္ပါ။ က်ရာသံဃာကို မြန္ျမတ္စြာ လႉဒါန္းလိုက္ရေသာကုသိုလ္သည္ ပုဂၢိဳလ္ကိုလည္း အစြဲမထားတဲ့အတြက္ သံဃာ့ဂုဏ္ကို ရည္မွန္းရာလည္းေရာက္သည့္အတြက္ အင္မတန္ မြန္ျမတ္လွတဲ့ကုသုိလ္မ်ိဳးပါပဲ။ ဒီကုသိုလ္ဒါနကို စာေရးတံဆြမ္းဝတ္လို႔ ေခၚပါတယ္။ အလြယ္မွတ္ခ်င္ရင္ စာေရးတံမဲခ်တဲ့ ကုသိုလ္လို႔ပဲ မွတ္သားလိုက္ပါ။ အဲ့ဒီကုသိုလ္ဟာ အင္မတန္မွကို ျပဳရလြယ္ကူၿပီး၊ အကုန္အက်နည္းေပမယ့္ ရ႐ွိလိုက္တဲ့အက်ိဳးေက်းဇူးကေတာ့ အပါယ္ေလးပါးမွေတာင္ လြတ္ကင္းႏိုင္ပါတယ္။

(၄)။ ပကၡိယဘတ္ကုသိုလ္ အဓိပၸါယ္ကေတာ့ မိမိတို႔ ကိုးကြယ္ဆည္းကပ္ေနတဲ့ ဘုန္းႀကီးေက်ာင္းမ်ားကို တစ္လ ဆြမ္းတစ္ခ်ိဳင့္ေသာ္လည္းေကာင္း၊ ႏွစ္ခ်ိဳင့္ေသာ္လည္းေကာင္း၊ လႉဒါန္းရတဲ့ ကုသိုလ္မ်ိဳးကို ေခၚတာပါ။ အ႐ွင္းဆံုးေျပာရရင္ ရက္သတၱပတ္ဆြမ္း၊ လဆြမ္း စတာေတြကို ေခၚတာပါ။ လဆန္းပကၡမွာလႉရင္ လဆန္းပကၡဆြမ္း၊ လဆုတ္မွာလႉရင္ လဆုတ္ပကၡဆြမ္းလို႔ေခၚတယ္။ အဲ့ဒီလို တစ္လကို တစ္ႀကိမ္ေသာ္လည္းေကာင္း၊ ႏွစ္ႀကိမ္ေသာ္လည္းေကာင္း လႉတဲ့အလႉဒါနကို ပကၡိယဘတၱကုသိုလ္လို႔ ေခၚပါတယ္။ ဒီကုသိုလ္သည္လည္းပဲ အကုန္အက်လည္းနည္း ပင္ပန္းမႈလည္းမႀကီးေပမယ့္ အပါယ္ေလးပါးက လြတ္ေျမာက္ႏိုင္တဲ့အထိ အက်ိဳးေက်းဇူးႀကီးမားပါတယ္။ ဒီကုသိုလ္မ်ိဳးကိုလည္း အသက္ထက္ဆံုး လုပ္သြားၾကပါလို႔ တိုက္တြန္းခ်င္ပါတယ္။

(၅)။ ဝႆဝါသိကကုသိုလ္ ဝါဆိုသကၤန္းကပ္လႉတဲ့ ကုသိုလ္ပါ။ ႏွစ္စဥ္ႏွစ္တိုင္း ဝါဆိုဝါကပ္ေတာ္မူၾကတဲ့ သံဃာေတာ္အ႐ွင္သူျမတ္တို႔ကို ႏွစ္စဥ္ႏွစ္တိုင္း ဝါဆိုသကၤန္း ကပ္လႉမယ္ဆိုရင္(တစ္စံုတတ္ႏိုင္လွ်င္တစ္စံု၊ ႏွစ္စံုတတ္ႏိုင္လွ်င္ႏွစ္စံု) အဲ့ဒီကုသိုလ္ဟာလည္းပဲ အကုန္အက်မမ်ားေပမယ့္ ရ႐ွိလိုက္တဲ့ အက်ိဳးေက်းဇူးဟာ အပါယ္ေလးပါးကေတာင္ လြတ္ေျမာက္ေစႏိုင္ပါတယ္။

(၆)။ ဧေကာအာဝါေသာကုသိုလ္ အဓိပၸါယ္ကေတာ့ ေက်ာင္းတစ္ေဆာင္ေသာ္လည္းေကာင္း၊ ဇရပ္တစ္ေဆာင္ေသာ္လည္းေကာင္း လႉဒါန္းရတဲ့ကုသိုလ္ကို ဆိုလိုပါတယ္။ က်ဳပ္တို႔က ဆင္းရဲတယ္ ေက်ာင္းတစ္ေဆာင္ မတတ္ႏိုင္ဘူး၊ ရပါတယ္.. ေက်ာင္းတစ္ေဆာင္လံုး မတတ္ႏိုင္ရင္ အုတ္တစ္ခ်က္ သဲတစ္ပြင့္လႉဒါန္းလိုက္ပါ။ အဲ့ဒီအလႉဒါနထဲမွာ မိမိရဲ႕သဒၶါအရင္းခံတဲ့ ဒါနကုသိုလ္ေတြ ပါဝင္သြားပါၿပီ။ အဲ့ဒီလို အျမဲလိုလို လႉဒါန္းေနတဲ့ပုဂၢိဳလ္ဟာ အပါယ္ေလးပါးက လြတ္ေျမာက္ႏိုင္ပါတယ္။

(၇)။ ဧကာေပါကၡရဏီကုသိုလ္ အဓိပၸါယ္ကေတာ့ ေရတြင္းေရကန္မ်ားကို တူးေဖာ္ျခင္း၊ လႉဒါန္းျခင္း၊ ေရတြင္းေရကန္အေဟာင္းမ်ားကို ျပဳျပင္လႉဒါန္းျခင္း စတဲ့ကုသိုလ္မ်ိဳးပါ။ အဲ့ေလာက္အထိ မလုပ္ႏိုင္ေသးဘူးဆိုရင္ မိမိအိမ္ေ႐ွ႕မွာေသာ္လည္းေကာင္း၊ လမ္းေထာင့္တစ္ေနရာရာမွာေသာ္လည္းေကာင္း ေရအိုးစင္ေလးေဆာက္ၿပီး ေသာက္ေရအိုးေလး တည္ထားမယ္ဆိုရင္ အဲ့ဒီကုသိုလ္အတိုင္း အက်ိဳးေက်းဇူးရႏိုင္ပါတယ္။ ဒါလည္း မလုပ္ႏိုင္ေသးဘူးဆိုရင္ ေအာက္ထစ္ဆံုးအေနနဲ႔ ေရသန္႔ဘူးေလးနဲ႔ ခြက္ကေလးခ်ၿပီး ဖင္ထိုင္ခံုတစ္လံုးေပၚမွာ တည္ထားၿပီး ခရီးသြား ရဟန္း ႐ွင္ လူအေပါင္းတို႔ ေသာက္သံုးဖို႔တည္ထားမယ္ဆိုရင္ အဲ့ဒီဒါနဟာ ေငြေၾကးနဲ႔တိုင္းတာလို႔ ေသးေပမယ့္ ရ႐ွိမယ့္အက်ိဳးေက်းဇူးကေတာ့ အပါယ္ေလးပါးကေတာင္ လြတ္ေျမာက္ႏိုင္ပါတယ္။

ဒီကုသိုလ္(၇)မ်ိဳးစလံုးဟာ ေသာတာပန္မ်ားရဲ႕ အပါယ္ေလးပါးမွ လြတ္ကင္းသလို ပုထုဇဥ္ေတြမွာလည္း လြတ္ေျမာက္ႏိုင္တယ္လို႔ ျမတ္ဗုဒၶက အဘိဓမၼာက်မ္းေတြမွာလည္း ေဟာၾကားခဲ့ပါတယ္။ မသိေသးသူမ်ား ႐ွိပါကလည္း သိျပီးသူမ်ားက တဆင့္ျပန္လည္ ေျပာၾကားေပးဖို႔ ေမတၱာရပ္ခံပါရေစ။ ဤကုသိုလ္(၇)မ်ိဳးထဲမွ တစ္မ်ိဳးေသာ္လည္းေကာင္း၊ နွစ္မ်ိဳးေသာ္လည္းေကာင္း၊ ၇-မ်ိဳးစလံုးကိုေသာ္လည္းေကာင္း အျမဲတမ္း ျပဳလုပ္သြားမယ္ဆိုရင္ ျမတ္စြာဘုရားက ေသာတာပန္ပုဂၢိဳလ္နဲ႔အလားတူၿပီး အပါယ္ေလးပါးက လြတ္ေျမာက္ႏိုင္တယ္လို႔ အတိအလင္းေဟာၾကားခဲ့ပါတယ္။ တစ္ႀကိမ္ေလာက္လုပ္ရံုနဲ႔ေတာ့ မလြတ္ေျမာက္ႏိုင္ဘူးဆိုတာကိုလည္း သတိျပဳေစခ်င္ပါတယ္။ "နိဗဒၶ"ဆိုတဲ့ပါဠိက ပါေနေတာ့ အျမဲတမ္းဝတ္ထားၿပီး ျပဳလုပ္ရမွာျဖစ္တယ္။ ဒါမွလည္း ေသခါနီးအခ်ိန္ ဂတိနိမိတ္ေတြ ေကာင္းမွာ။ ဒါ့ေၾကာင့္ အပါယ္လြတ္ခ်င္သူမ်ားအေနျဖင့္ ဤ(၇)ခ်က္ကို က်င့္ၾကံပြားမ်ား အားထုတ္ႏိုင္ၾကပါေစလို႔ ေမတၱာပို႔သ ဆုေတာင္းေပးလိုက္ပါတယ္။
ဓမၼအျမင္ခရီးျဖင့္ ခရီးသြားေနေသာ Yarzar

#Unicode Version#
အပါယ်လွတ်ကြောင်း ကုသိုလ်(၇)မျိုးတို့မှာ -
(၁)။ သရဏဂုံ ဆောက်တည်ခြင်း (သရဏဂုံကုသိုလ်) ဘုရား၊ တရား၊ သံဃာ ရတနာသုံးပါးတို့၏ ဂုဏ်ကျေးဇူးများကို မိရိုးဖလာဗုဒ္ဓဘာသာတို့လို မကိုးကွယ် မဆည်းကပ်ဘဲ၊ တကယ့်စစ်မှန်သော ခိုင်မြဲသောသဒ္ဓါ၊ ပညာဦးစီးသော စိတ်ထားဖြင့် ကြည်ညိုခြင်းလို့ဆိုတဲ့ (သရဏဂုံကုသိုလ်)တွေပွားပြီး ကိုးကွယ်ဆည်းကပ်ရပါမယ်။ အဲ့ဒီကုသိုလ်မျိုး အမြဲမပြတ်ဆောက်တည်ထားရင် အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။ ဘုရားရှင်လက်ထက်က သာဓကတွေ ရှိပါတယ်၊ စာရှည်မည်စိုး၍ ရေးမပြနိုင်တာကို ခွင့်လွှတ်သည်းခံပေးကြပါ။

(၂)။ ငါးပါးသီလမြဲခြင်း(ပဉ္စသီလကုသိုလ်) ငါးပါးသီလမြဲတဲ့ပုဂ္ဂိုလ်ဟာလည်း အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။

(၃)။ စာရေးတံမဲချခြင်းကုသိုလ် စာရေးတံမဲချခြင်းကုသိုလ်ဆိုတာ ဗုဒ္ဓဘာသာဝင်များရဲ့ သီတင်းကျွတ်အချိန်အခါ သယမမှာ ကျောင်းတိုက်အသီးသီးမှ သံဃာတော်များကို မဲချ၍(မဲခွဲ၍) ကိုယ်ဆီကို မဲကျလာတဲ့သံဃာတော်ကို ဆွမ်းအစရှိတဲ့ လှူဖွယ်ဝတ္ထုအစုစုကို လှူဒါန်းရတဲ့ ကုသိုလ်ပါ။ ကျရာသံဃာကို မွန်မြတ်စွာ လှူဒါန်းလိုက်ရသောကုသိုလ်သည် ပုဂ္ဂိုလ်ကိုလည်း အစွဲမထားတဲ့အတွက် သံဃာ့ဂုဏ်ကို ရည်မှန်းရာလည်းရောက်သည့်အတွက် အင်မတန် မွန်မြတ်လှတဲ့ကုသိုလ်မျိုးပါပဲ။ ဒီကုသိုလ်ဒါနကို စာရေးတံဆွမ်းဝတ်လို့ ခေါ်ပါတယ်။ အလွယ်မှတ်ချင်ရင် စာရေးတံမဲချတဲ့ ကုသိုလ်လို့ပဲ မှတ်သားလိုက်ပါ။ အဲ့ဒီကုသိုလ်ဟာ အင်မတန်မှကို ပြုရလွယ်ကူပြီး၊ အကုန်အကျနည်းပေမယ့် ရရှိလိုက်တဲ့အကျိုးကျေးဇူးကတော့ အပါယ်လေးပါးမှတောင် လွတ်ကင်းနိုင်ပါတယ်။

(၄)။ ပက္ခိယဘတ်ကုသိုလ် အဓိပ္ပါယ်ကတော့ မိမိတို့ ကိုးကွယ်ဆည်းကပ်နေတဲ့ ဘုန်းကြီးကျောင်းများကို တစ်လ ဆွမ်းတစ်ချိုင့်သော်လည်းကောင်း၊ နှစ်ချိုင့်သော်လည်းကောင်း၊ လှူဒါန်းရတဲ့ ကုသိုလ်မျိုးကို ခေါ်တာပါ။ အရှင်းဆုံးပြောရရင် ရက်သတ္တပတ်ဆွမ်း၊ လဆွမ်း စတာတွေကို ခေါ်တာပါ။ လဆန်းပက္ခမှာလှူရင် လဆန်းပက္ခဆွမ်း၊ လဆုတ်မှာလှူရင် လဆုတ်ပက္ခဆွမ်းလို့ခေါ်တယ်။ အဲ့ဒီလို တစ်လကို တစ်ကြိမ်သော်လည်းကောင်း၊ နှစ်ကြိမ်သော်လည်းကောင်း လှူတဲ့အလှူဒါနကို ပက္ခိယဘတ္တကုသိုလ်လို့ ခေါ်ပါတယ်။ ဒီကုသိုလ်သည်လည်းပဲ အကုန်အကျလည်းနည်း ပင်ပန်းမှုလည်းမကြီးပေမယ့် အပါယ်လေးပါးက လွတ်မြောက်နိုင်တဲ့အထိ အကျိုးကျေးဇူးကြီးမားပါတယ်။ ဒီကုသိုလ်မျိုးကိုလည်း အသက်ထက်ဆုံး လုပ်သွားကြပါလို့ တိုက်တွန်းချင်ပါတယ်။

(၅)။ ဝဿဝါသိကကုသိုလ် ဝါဆိုသင်္ကန်းကပ်လှူတဲ့ ကုသိုလ်ပါ။ နှစ်စဉ်နှစ်တိုင်း ဝါဆိုဝါကပ်တော်မူကြတဲ့ သံဃာတော်အရှင်သူမြတ်တို့ကို နှစ်စဉ်နှစ်တိုင်း ဝါဆိုသင်္ကန်း ကပ်လှူမယ်ဆိုရင်(တစ်စုံတတ်နိုင်လျှင်တစ်စုံ၊ နှစ်စုံတတ်နိုင်လျှင်နှစ်စုံ) အဲ့ဒီကုသိုလ်ဟာလည်းပဲ အကုန်အကျမများပေမယ့် ရရှိလိုက်တဲ့ အကျိုးကျေးဇူးဟာ အပါယ်လေးပါးကတောင် လွတ်မြောက်စေနိုင်ပါတယ်။

(၆)။ ဧကောအာဝါသောကုသိုလ် အဓိပ္ပါယ်ကတော့ ကျောင်းတစ်ဆောင်သော်လည်းကောင်း၊ ဇရပ်တစ်ဆောင်သော်လည်းကောင်း လှူဒါန်းရတဲ့ကုသိုလ်ကို ဆိုလိုပါတယ်။ ကျုပ်တို့က ဆင်းရဲတယ် ကျောင်းတစ်ဆောင် မတတ်နိုင်ဘူး၊ ရပါတယ်.. ကျောင်းတစ်ဆောင်လုံး မတတ်နိုင်ရင် အုတ်တစ်ချက် သဲတစ်ပွင့်လှူဒါန်းလိုက်ပါ။ အဲ့ဒီအလှူဒါနထဲမှာ မိမိရဲ့သဒ္ဓါအရင်းခံတဲ့ ဒါနကုသိုလ်တွေ ပါဝင်သွားပါပြီ။ အဲ့ဒီလို အမြဲလိုလို လှူဒါန်းနေတဲ့ပုဂ္ဂိုလ်ဟာ အပါယ်လေးပါးက လွတ်မြောက်နိုင်ပါတယ်။

(၇)။ ဧကာပေါက္ခရဏီကုသိုလ် အဓိပ္ပါယ်ကတော့ ရေတွင်းရေကန်များကို တူးဖော်ခြင်း၊ လှူဒါန်းခြင်း၊ ရေတွင်းရေကန်အဟောင်းများကို ပြုပြင်လှူဒါန်းခြင်း စတဲ့ကုသိုလ်မျိုးပါ။ အဲ့လောက်အထိ မလုပ်နိုင်သေးဘူးဆိုရင် မိမိအိမ်ရှေ့မှာသော်လည်းကောင်း၊ လမ်းထောင့်တစ်နေရာရာမှာသော်လည်းကောင်း ရေအိုးစင်လေးဆောက်ပြီး သောက်ရေအိုးလေး တည်ထားမယ်ဆိုရင် အဲ့ဒီကုသိုလ်အတိုင်း အကျိုးကျေးဇူးရနိုင်ပါတယ်။ ဒါလည်း မလုပ်နိုင်သေးဘူးဆိုရင် အောက်ထစ်ဆုံးအနေနဲ့ ရေသန့်ဘူးလေးနဲ့ ခွက်ကလေးချပြီး ဖင်ထိုင်ခုံတစ်လုံးပေါ်မှာ တည်ထားပြီး ခရီးသွား ရဟန်း ရှင် လူအပေါင်းတို့ သောက်သုံးဖို့တည်ထားမယ်ဆိုရင် အဲ့ဒီဒါနဟာ ငွေကြေးနဲ့တိုင်းတာလို့ သေးပေမယ့် ရရှိမယ့်အကျိုးကျေးဇူးကတော့ အပါယ်လေးပါးကတောင် လွတ်မြောက်နိုင်ပါတယ်။

ဒီကုသိုလ်(၇)မျိုးစလုံးဟာ သောတာပန်များရဲ့ အပါယ်လေးပါးမှ လွတ်ကင်းသလို ပုထုဇဉ်တွေမှာလည်း လွတ်မြောက်နိုင်တယ်လို့ မြတ်ဗုဒ္ဓက အဘိဓမ္မာကျမ်းတွေမှာလည်း ဟောကြားခဲ့ပါတယ်။ မသိသေးသူများ ရှိပါကလည်း သိပြီးသူများက တဆင့်ပြန်လည် ပြောကြားပေးဖို့ မေတ္တာရပ်ခံပါရစေ။ ဤကုသိုလ်(၇)မျိုးထဲမှ တစ်မျိုးသော်လည်းကောင်း၊ နှစ်မျိုးသော်လည်းကောင်း၊ ၇-မျိုးစလုံးကိုသော်လည်းကောင်း အမြဲတမ်း ပြုလုပ်သွားမယ်ဆိုရင် မြတ်စွာဘုရားက သောတာပန်ပုဂ္ဂိုလ်နဲ့အလားတူပြီး အပါယ်လေးပါးက လွတ်မြောက်နိုင်တယ်လို့ အတိအလင်းဟောကြားခဲ့ပါတယ်။ တစ်ကြိမ်လောက်လုပ်ရုံနဲ့တော့ မလွတ်မြောက်နိုင်ဘူးဆိုတာကိုလည်း သတိပြုစေချင်ပါတယ်။ "နိဗဒ္ဓ"ဆိုတဲ့ပါဠိက ပါနေတော့ အမြဲတမ်းဝတ်ထားပြီး ပြုလုပ်ရမှာဖြစ်တယ်။ ဒါမှလည်း သေခါနီးအချိန် ဂတိနိမိတ်တွေ ကောင်းမှာ။ ဒါ့ကြောင့် အပါယ်လွတ်ချင်သူများအနေဖြင့် ဤ(၇)ချက်ကို ကျင့်ကြံပွားများ အားထုတ်နိုင်ကြပါစေလို့ မေတ္တာပို့သ ဆုတောင်းပေးလိုက်ပါတယ်။

ဓမ္မအမြင်ခရီးဖြင့် ခရီးသွားနေသော Yarzar

No comments:

Post a Comment