Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Monday, June 25, 2018

ဘုရားမွာ တံခြန္တိုင္ နဲ႔ လူျခေသၤ့ထားရတဲ့ အေၾကာင္း

မႏုသီဟ

ခ်စ္ခင္ေလးစားရပါေသာ ဆရာရွင္။ ကြၽန္မကို ေက်းဇူးျပဳၿပီး ဘုရားမွာ တံခြန္တိုင္ထားရတဲ့အေၾကာင္းေလးနဲ႔ မႏုသီဟ (စကားအမွန္မသိလို႔ ကန္ေတာ့ပါရွင္) ထားၾကတဲ့ အဓိပၸါယ္ေလးကို ေျပာျပေပးပါဦးရွင္။ စကားအမွားရွိရင္ ႏူးၫႊတ္စြာ ေတာင္းပန္ပါတယ္ရွင္။ စာလုံးေပါင္းမွားခဲ့လဲ ျပန္ေပးပါရွင္။ (ျပင္ေပးပါရွင့္လို႔ ျပင္လိုက္တယ္။)

အဲတာေတြအားလုံးက အေဆာင္အေယာင္ေတြသာျဖစ္ပါတယ္။ ဟိုကေန သည္ကေန ေရာေႏွာကူးစက္လာတာေတြ။ ဘုရားလက္ထက္မွာ ဘာတခုမွ မရွိခဲ့ပါ။ အဲလိုဟာေတြက ၾကာေလမ်ားေလ။ ဘာမွန္းမသိတာေတြ။ ဘာသာေရးအရ မလိုအပ္တာေတြျဖစ္တယ္။ သုတအျဖစ္ေတာ့ သိလိုရင္ ရွာဖတ္ႏိုင္တယ္။

မႏုသီဟစကားက ပါဠိစကားျဖစ္တယ္။ လူခေၾသၤ့လို႔ အဓိပၸါယ္ရတယ္။ ခေၾသၤ့ကိုယ္နဲ႔ လူဦးေခါင္းတပ္ဆင္ထားတယ္။ ေရွးေဟာင္းအီဂ်စ္ စဖင့္႐ုပ္နဲ႔ဆင္တယ္။ မႏုသီဟ ဖင္ႏွစ္ခြလို႔ေျပာၾကတယ္။ တကယ္ရွိသတၱဝါ မဟုတ္ပါ။ အဲလို အေကာင္ေတြ၊ ပုံေတြ၊ ႐ုပ္တုေတြဟာ ေရွးေဟာင္းယဥ္ေက်းမႈထြန္းကာခဲ့တဲ့ေနရာတိုင္းမွာ အမ်ိဳးမ်ိဳးရွိတယ္။ ဥပမာ ဂရိယဥ္ေက်းမႈထဲ၊ ပုံျပင္ေတြထဲမွာ အမ်ားႀကီးရွိတယ္။ ေရွးေခတ္လူေတြက စိတ္ကူးဉာဏ္ဆန္းၿပီး ထြင္ခဲ့တာေတြသာ ျဖစ္တယ္။ ကေန႔လူေတြထြင္ၾကတာေတြကိုလည္း ေနာင္တခ်ိန္မွာ မဟုတ္ကယ္ထင္မွတ္ၾကဦးမယ္။

မႏုသီဟ႐ုပ္က ဘယ္ကာလမွာစေပၚသလဲ မသိပါ။ စာေတြထဲမွာေတာ့ အထင္နဲ႔ ေရးထားၾကတာေတြရွိတယ္။ ဥပမာ သာသနာလကၤာရစာတန္းမွာ သာသာနာ ၂၃၅ ခုႏွစ္၊ ရာမညတိုင္း၊ သုဝဏၰဘူမိ သထုံျပည္၊ သီရိဓမၼာေမသာကမင္း၊ ေရေစာင့္ဘီလူးမ၊ မေထရ္၊ ခေၾသၤ့ႏွင့္တူေသာ ေခါင္းတလုံး ကိုယ္ႏွစ္ခုရွိေသာ မႏုသီဟဖန္ဆင္း။

မႏုသီဟ႐ုပ္ေတြထြန္းကားတာ အမရပူရေခတ္လို႔ ေရးတာလည္း ဖတ္ရတယ္။ အႀကီးဆုံးႏွင့္ အခ်ိဳးအက်ဆုံး မႏုသီဟ႐ုပ္ေတြကို အမရပူရ၊ ေတာင္သမန္ ေက်ာက္ေတာ္ႀကီးမွာလို႔ ဆိုပါတယ္။

တံခြန္တိုင္ကို ဘုရားဝင္းထဲ ဘုန္းႀကီးေက်ာင္းေတြထဲမွာထားေလ့ရွိၾကတယ္။ ဘုရားလက္ထက္မွာ ရာဇၿဂိဳဟ္သေဌးႀကီးက အေတာင္ေျခာက္ဆယ္ျမင့္တဲ့အထိ ဝါးေတြကိုဆက္ၿပီး ေထာင္ထားတဲ့တိုင္ထိပ္မွာ စႏၵကူးသပိတ္ကို ခ်ိပ္ဆြဲထားၿပီး စြမ္းႏိုင္သူယူလို႔ ေၾကညာေမာင္းခတ္ေတာ့ အရွင္ပိ႑ောလမေထရ္က ဈာန္တံခိုးနဲ႔ ယူလိုက္တယ္လို႔ဖတ္ရပါတယ္။ တံခြန္၊ ကုကၠား၊ အလံတို႔ဟာ အျမင့္၊ အထြတ္အျမတ္သေဘာ အေလးအျမတ္ျပဳၾကတဲ့သေဘာျဖစ္မယ္။

အဲလိုဟာေတြကို သမိုင္းသုေတသနလုပ္သူေတြက ေရးထားၾကပါတယ္။ ကြၽန္ေတာ္ကေတာ့ စိတ္မဝင္စားလွပါ။ ေဆာရီး။ ေမးလို႔သာ သိတာေလးေျဖတယ္။ မဟုတ္ရင္ ျပင္မယ္။ သူမ်ားေတြ တန္ဖိုးထား လက္ခံယုံၾကည္ေနၾကတာကို လိုက္အျပစ္ေျပာဘို႔ေတာ့ မသင့္ပါ။ အစဥ္အလာသေဘာ၊ အႏုပညာသေဘာမွာ တန္ဖိုးရွိပါတယ္။
 ေဒါက္တာတင့္ေဆြ
#Unicode Version#

မနုသီဟ

ချစ်ခင်လေးစားရပါသော ဆရာရှင်။ ကျွန်မကို ကျေးဇူးပြုပြီး ဘုရားမှာ တံခွန်တိုင်ထားရတဲ့အကြောင်းလေးနဲ့ မနုသီဟ (စကားအမှန်မသိလို့ ကန်တော့ပါရှင်) ထားကြတဲ့ အဓိပ္ပါယ်လေးကို ပြောပြပေးပါဦးရှင်။ စကားအမှားရှိရင် နူးညွှတ်စွာ တောင်းပန်ပါတယ်ရှင်။ စာလုံးပေါင်းမှားခဲ့လဲ ပြန်ပေးပါရှင်။ (ပြင်ပေးပါရှင့်လို့ ပြင်လိုက်တယ်။)

အဲတာတွေအားလုံးက အဆောင်အယောင်တွေသာဖြစ်ပါတယ်။ ဟိုကနေ သည်ကနေ ရောနှောကူးစက်လာတာတွေ။ ဘုရားလက်ထက်မှာ ဘာတခုမှ မရှိခဲ့ပါ။ အဲလိုဟာတွေက ကြာလေများလေ။ ဘာမှန်းမသိတာတွေ။ ဘာသာရေးအရ မလိုအပ်တာတွေဖြစ်တယ်။ သုတအဖြစ်တော့ သိလိုရင် ရှာဖတ်နိုင်တယ်။

မနုသီဟစကားက ပါဠိစကားဖြစ်တယ်။ လူခြေင်္သ့လို့ အဓိပ္ပါယ်ရတယ်။ ခြေင်္သ့ကိုယ်နဲ့ လူဦးခေါင်းတပ်ဆင်ထားတယ်။ ရှေးဟောင်းအီဂျစ် စဖင့်ရုပ်နဲ့ဆင်တယ်။ မနုသီဟ ဖင်နှစ်ခွလို့ပြောကြတယ်။ တကယ်ရှိသတ္တဝါ မဟုတ်ပါ။ အဲလို အကောင်တွေ၊ ပုံတွေ၊ ရုပ်တုတွေဟာ ရှေးဟောင်းယဉ်ကျေးမှုထွန်းကာခဲ့တဲ့နေရာတိုင်းမှာ အမျိုးမျိုးရှိတယ်။ ဥပမာ ဂရိယဉ်ကျေးမှုထဲ၊ ပုံပြင်တွေထဲမှာ အများကြီးရှိတယ်။ ရှေးခေတ်လူတွေက စိတ်ကူးဉာဏ်ဆန်းပြီး ထွင်ခဲ့တာတွေသာ ဖြစ်တယ်။ ကနေ့လူတွေထွင်ကြတာတွေကိုလည်း နောင်တချိန်မှာ မဟုတ်ကယ်ထင်မှတ်ကြဦးမယ်။

မနုသီဟရုပ်က ဘယ်ကာလမှာစပေါ်သလဲ မသိပါ။ စာတွေထဲမှာတော့ အထင်နဲ့ ရေးထားကြတာတွေရှိတယ်။ ဥပမာ သာသနာလင်္ကာရစာတန်းမှာ သာသာနာ ၂၃၅ ခုနှစ်၊ ရာမညတိုင်း၊ သုဝဏ္ဏဘူမိ သထုံပြည်၊ သီရိဓမ္မာမေသာကမင်း၊ ရေစောင့်ဘီလူးမ၊ မထေရ်၊ ခြေင်္သ့နှင့်တူသော ခေါင်းတလုံး ကိုယ်နှစ်ခုရှိသော မနုသီဟဖန်ဆင်း။

မနုသီဟရုပ်တွေထွန်းကားတာ အမရပူရခေတ်လို့ ရေးတာလည်း ဖတ်ရတယ်။ အကြီးဆုံးနှင့် အချိုးအကျဆုံး မနုသီဟရုပ်တွေကို အမရပူရ၊ တောင်သမန် ကျောက်တော်ကြီးမှာလို့ ဆိုပါတယ်။

တံခွန်တိုင်ကို ဘုရားဝင်းထဲ ဘုန်းကြီးကျောင်းတွေထဲမှာထားလေ့ရှိကြတယ်။ ဘုရားလက်ထက်မှာ ရာဇဂြိုဟ်သဌေးကြီးက အတောင်ခြောက်ဆယ်မြင့်တဲ့အထိ ဝါးတွေကိုဆက်ပြီး ထောင်ထားတဲ့တိုင်ထိပ်မှာ စန္ဒကူးသပိတ်ကို ချိပ်ဆွဲထားပြီး စွမ်းနိုင်သူယူလို့ ကြေညာမောင်းခတ်တော့ အရှင်ပိဏ္ဍောလမထေရ်က ဈာန်တံခိုးနဲ့ ယူလိုက်တယ်လို့ဖတ်ရပါတယ်။ တံခွန်၊ ကုက္ကား၊ အလံတို့ဟာ အမြင့်၊ အထွတ်အမြတ်သဘော အလေးအမြတ်ပြုကြတဲ့သဘောဖြစ်မယ်။

အဲလိုဟာတွေကို သမိုင်းသုတေသနလုပ်သူတွေက ရေးထားကြပါတယ်။ ကျွန်တော်ကတော့ စိတ်မဝင်စားလှပါ။ ဆောရီး။ မေးလို့သာ သိတာလေးဖြေတယ်။ မဟုတ်ရင် ပြင်မယ်။ သူများတွေ တန်ဖိုးထား လက်ခံယုံကြည်နေကြတာကို လိုက်အပြစ်ပြောဘို့တော့ မသင့်ပါ။ အစဉ်အလာသဘော၊ အနုပညာသဘောမှာ တန်ဖိုးရှိပါတယ်။
  ဒေါက်တာတင့်ဆွေ

No comments:

Post a Comment