Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, June 26, 2018

ရွင္ျပဳျခင္း အေၾကာင္း သိမွတ္စရာမ်ား

ရွင္ျပဳျခင္းသည္ ေထရ၀ါဒ ဗုဒၶဘာသာလူမ်ဳိးတိုင္း ရင္၀ယ္ျဖစ္ေသာ သားေယာကၤ်ားေလးကို အခ်ိန္အခါ အရြယ္ေရာက္လာလွ်င္ သကၤန္း ၀တ္ေပးျခင္းျဖစ္သည္။ ရွင္ျပဳပဲြသမိုင္းအစ ဘုရားရွင္သည္ ဘုရားအျဖစ္ေရာက္ရွိျပီး တစ္ႏွစ္ေျမာက္သည့္အခ်ိန္တြင္ ေမြးရာဇာတိ ကပိလ၀တ္ေနျပည္ေတာ္သို႔ ၾကြေရာက္သီတင္းသံုးေတာ္မူပါတယ္။ တစ္ရက္တြင္ ယေသာ္ဓရာမိဖုရားက သားေတာ္ရာဟုလာကို ဘုရားရွင္ထံ အေမြေတာင္းခိုင္းပါသည္။ သားေတာ္ရာဟုလာမွ ဘုရားရွင္ထံအေမြေတာင္းသည့္ အခါတြင္ ဘုရားရွင္က " သာရိပုတၱရာ ရာဟုလာကို ရွင္ျပဳေပးလိုက္ပါလို႔ ေစခိုင္းေတာ္မူပါသည္။

ရွင္သာရိပုတၱရာရဟႏၱာအရွင္ျမတ္ၾကီးမွ မည္သို႔ရွင္ျပဳေပးရမလဲဟု ေမးေလွ်ာက္တဲ့အခါ ဘုရားရွင္က ရဟန္းအေပါင္းကို စုေ၀းေစျပီး "ရဟန္းတို႔ သရဏဂံုသံုးပါးနဲ႔ ရွင္သာမေဏျပဳေပးဖို႔ ငါဘုရားခြင့္ျပဳေတာ္မူပါတယ္လို႔ မိန္႔ေတာ္မူပါတယ္။ ရွင္ျပဳႏိုင္သည္႔အရြယ္ အသက္တစ္ဆယ့္ငါးႏွစ္ျပည့္သူကိုသာ ရွင္ျပဳေပးရန္ ဘုရားရွင္မွ မိန္႔ဆိုေတာ္မူေၾကာင္း ၀ိနည္းမဟာ၀ါပါဠိေတာ္တြင္ပါရွိပါသည္။ သို႔ရာတြင္မိဘမ်ားကြယ္လြန္သြားသျဖင့္ ခိုကိုးရာမဲ့ေနေသာ ကေလးငယ္ႏွစ္ဦးကိုသာသနာ့ေဘာင္ အတြင္းသို႔ သြတ္သြင္းခ်င္၍ ညီေတာ္အာနႏၵာမေထရ္က ဘုရားရွင္ထံသို႔ေလွ်ာက္ထားေသာအခါ အသက္တစ္ဆယ့္ ငါးႏွစ္မျပည့္ေသးေသာ္လည္း မိမိေရွ႕တြင္ခ်ထားေသာဆြမ္းကို က်ီးမလာေအာင္ ေျခာက္လွန္႔ႏိုင္ခဲ့လွ်င္ ဒီသူငယ္ကို ရွင္ျပဳေပးႏိုင္တယ္လို႔ ထပ္ဆင့္သတ္မွတ္ေတာ္မူခဲ့ပါတယ္။
ရည္ရြယ္ခ်က္
၁။ အလံုးစံုေသာသံသရာ ၀ဋ္ဆင္းရဲတြင္းမွ လြတ္ေျမာက္လိုျခင္း။
၂။ သာသနာ့အေမြခံ သာသနာ့ဒါယကာျဖစ္လိုျခင္း။
၃။ ဆြမ္း၊ သကၤန္း၊ ေက်ာင္း၊ ေဆး ဟူေသာပစၥည္းေလးပါး ဒါယကာျဖစ္လိုျခင္း။
၄။ သာသနာျပဳ ပုဂၢိဳလ္ျဖစ္လိုျခင္း။
အဓိကလုပ္ငန္းၾကီး (၃) ရပ္
၁။ ဆံရိတ္ျခင္း (၀ါ) ဆံခ်ျခင္း
၂။ သကၤန္းဆီးျခင္း
၃။ သရဏဂံုေဆာက္တည္ျခင္း ဆံရိတ္ျခင္း (၀ါ) ဆံခ်ျခင္း ေမာင္ရွင္ေလာင္း ဦးေခါင္းမွ ဆံပင္ကိုရိတ္သည့္အခါ အိမ္မွာကတည္းက ရိတ္လို႔ရပါသည္။ သို႔ရာတြင္ ေက်ာင္းတြင္ရိတ္ပါက ေက်ာင္းတိုက္တြင္းရွိ သံဃာေတာ္မ်ားကို ဆံရိတ္မည့္အေၾကာင္းခြင့္ပန္ၾကားျပီးမွ ရိတ္ရမည္ဟု ေရႊပန္းတိမ္သည္သားအား အေၾကာင္းျပဳ၍ ဘုရားရွင္မွ ၀ိနည္းႏွင့္ ပညတ္ေတာ္မူခဲ့ပါသည္။ သကၤန္းဆီးျခင္း သကၤန္းဆီးျခင္း၊ သကၤန္းေတာင္းျခင္း၊ သကၤန္း၀တ္ျခင္းဟု လုပ္ငန္းသံုးရခုရွိပါသည္။ ပါဠိႏွင့္စိမ္းေနလွ်င္ ျမန္မာဘာသာႏွင့္ရြတ္ဆိုျခင္း၊ အာရံုျပဳျခင္းတို႔ျဖင့္ ေလွ်ာက္ထားႏိုင္ပါသည္။


ရွင္ေလာင္းမွ ဥပဇၥ်ယ္ဆရာဘုန္းၾကီး ေရွ႔တြင္ေဆာင့္ေၾကာင့္ထိုင္ျပီး မိမိ၀တ္မည့္သကၤန္းကို လက္အုပ္ခ်ီျပီး သကၤန္းကပ္ရာတြင္ "အရွင္ဘုရား အလံုးစံုေသာ သံသရာ၀ဋ္ဆင္းရဲမွ လြတ္ေျမာက္ရာ နိဗၺာန္ကိုမ်က္ေမွာက္ျပဳပါရျခင္းအက်ိဳးငွာ တပည့္ေတာ္၏ လက္၌ရွိေသာ ဤသကၤန္းကို ယူေတာ္မူ၍ တပည့္ေတာ္အား သနားေစာင့္ေရွာက္ခ်ီးျမွင့္ေသာအားျဖင့္ ရွင္သာမေဏ ျပဳလုပ္ေပးေတာ္မူပါ ဘုရား" ဟုဆိုျပီး သကၤန္းကို ဆရာလက္အပ္ရပါသည္။ သကၤန္းေတာင္းရာတြင္ "အရွင္ဘုရား အလံုးစံုေသာ သံသရာ၀ဋ္ဆင္းရဲမွ လြတ္ေျမာက္ရာ နိဗၺန္ကို မ်က္ေမွာက္ျပဳပါရျခင္း အက်ိဳးငွာ အရွင္ဘုရား၏ လက္၌ရွိေသာ ထိုသကၤန္းကို ေပးေတာ္မူ၍ တပည့္ေတာ္ကို သနားေစာင့္ေရွာက္ ခ်ီးျမွင့္ေသာအားျဖင့္ ရွင္သာမေဏျပဳေပးေတာ္မူပါဘုရား" ဟုဆိုရပါမည္။ သကၤန္း၀တ္ရာတြင္ ဆရာဘုန္းေတာ္ၾကီးကိုယ္တိုင္ကျဖစ္ေစ၊ ဘုန္းေတာ္ၾကီးမွ ေစခိုင္းခံရသူေမာင္ရွင္ေလာင္းအား သကၤန္း၀တ္ေပးႏိုင္ပါသည္။ ေမာင္ရွင္ေလာင္းကိုယ္တိုင္လည္း ၀တ္လို႔ရပါသည္။ သရဏဂံုေဆာက္တည္ျခင္း သရဏဂံုေဆာက္တည္ျခင္းသည္ ရွင္ျပဳမဂၤလာတစ္ခုလံုး၏ ပဓာနအက်ဆံုးျဖစ္ပါသည္။ သရဏဂံုသည္ ဗုဒၶသာသနာေတာ္၏ ပႏၷက္လည္းျဖစ္သည္။ ဗုဒၶံ သရဏံ ဂစၧာမိ၊ ဓမံၼသရဏံ ဂစၧာမိ ၊ သံဃံ သရဏံ ဂစၧာမိ ဟုဆိုအပ္ေသာ သရဏဂံု (၃) ပါးကို ဆရာဘုန္းၾကီးႏွင့္ တပည့္ေမာင္ရွင္ေလာင္းတို႔သည္ ဌာန္ကရိုဏ္းက်က် ပီပီသသျဖင့္ ရြတ္ဆိုျပီး ဆံုးသြားလွ်င္ ရွင္သာမေဏစစ္စစ္ ျဖစ္သြားပါသည္။ ရွင္ျပဳမဂၤလာဆင္ႏႊဲသည့္အခါတြင္
(၁) ရွင္သာမေဏစစ္စစ္ျဖစ္ရန္ ၊
(၂) ရွင္သာမေဏ စစ္စစ္ျဖစ္ျပီးလွ်င္လည္း ဆယ္ပါးသီလ၊ လိင္ဆယ္ပါး၊ ဒဏ္ဆယ္ပါး၊ ေသခိယ-၇၅ပါး၊ ခႏၶက၀တ္ (၁၄) ပါးစေသာ ရွင္က်င့္၀တ္ကို သိရွိလိုက္နာရြတ္ဆိုႏိုင္ရန္ ေမာင္ရွင္ေလာင္းအား ဘုန္းေတာ္ၾကီးေက်ာင္းသို႔ အနည္းဆံုး ရက္သတၱပတ္ တပတ္ၾကိဳတင္ပို႔ကာ သင္ၾကားသင့္ပါသည္။ မိဘမ်ားမွ အမြန္အျမတ္ထားျပီး ရွင္ျပဳေပးျခင္းကို အႏွစ္သာရရွိသည့္ သာသနာျပဳရွင္ျပဳျဖစ္ရန္ ရွင္သာမေဏတိုင္းမွ ရွင္က်င့္၀တ္မ်ားကို လိုက္နာရပါမည္။ ေၾကြးတင္ကၽြန္ျဖစ္ ရွင္သာမေဏမျဖစ္ ဗုဒၶဘာသာ၀င္ျမန္မာတုိ႔၏ အစဥ္အလာ ဓေလ့တစ္ခုမွာ သားရွင္ျပဳရာတြင္ အိတ္သြန္ဖာေမွာက္ ေအာတုိက္၍ လွဴဒါန္းျခင္း ျဖစ္သည္။ မိမိတုိ႔၏ ေငြအင္အားထက္ ေက်ာ္လြန္၍ သားငယ္ကို မင္းေျမာက္တန္ဆာ ဆင္ျမန္းေပးကာ အဘိသိက္သြန္း၍ ျမင့္ျဖင့္လွည့္ျခင္း၊ ျမိဳ႕မ်ား၌ ေမာ္ေတာ္ကားျဖင့္လွည့္လည္ျခင္း၊ လူအေျမာက္အျမား ဖိတ္ၾကားျပီး ေကၽြးေမြးျခင္း၊ မ႑ပ္ ေဆာက္၍ ဆုိင္း၀ုိင္း, အဆုိေတာ္ တုိ႔ျဖင့္ ဧည့္ခံျခင္း၊ အသံခ်ဲ႕စက္ငွားရမ္း၍ တစ္ရပ္ကြက္လုံး ဆူညံသြားေအာင္ သီခ်င္းမ်ားဖြင့္ျခင္း၊ ပဓါနအလွဴထက္ ပကာသနအမႈတုိ႔ျဖင့္ ေငြသုံးျဖဳန္းျခင္း စသည္တုိ႔ကို ေကာင္းသည္ လိုအပ္သည္ထင္၍ သူ႔ထက္ငါ မသာရင္ေတာင္ မနိမ့္က်ေအာင္လုပ္မည္ဟု အားခဲကာ လုပ္ေဆာင္ေနၾက၏။အခ်ဳိ႕လယ္သမားတုိ႔က လွည္းကိုေရာင္း၊ ႏြားကိုေရာင္း၊ လယ္ကို ေပါင္ႏွံကာ ရွင္ျပဳအလွဴကို ျပဳလုပ္ၾကသျဖင့္ လယ္လုပ္ ကိရိယာမ်ားလည္းသုဥ္း၊ လယ္ေပါင္လည္းဆုံးရႈံး၍ ေၾကြတင္ကၽြန္ျဖစ္ရသည့္ အေျခသုိ႔ ဆုိက္ေရာက္ၾကရသည္။ လြတ္လပ္ေရး မရမီက ခ်စ္တီးကုလား သူေဌးတုိ႔ထံ သမီးပါအပ္ႏွံ၍ ကၽြန္အျဖစ္ခံခဲ့ၾကရသည္ကို ဆင္ျခင္ေအာက္ေမ့ သင္႔ၾကပါသည္။ သားရွင္ျပဳျခင္းႏွင့္ လွဴဒါန္းျခင္းတုိ႔သည္ သီးျခားကိစၥႏွစ္ရပ္ ျဖစ္သည္ကို သေဘာေပါက္ထားသင့္ပါသည္။
၁။ ရွင္ျပဳျခင္းသည္ မိမိသားငယ္အား သာသနာ့အေမြကိုခံယူေစျပီး ရွင္သာမေဏတုိ႔၏ သီလႏွင့္ က်င့္၀တ္ကို ေစာင့္ထိန္းေစျခင္းျဖင့္ သီလသာသနာကို ထူေထာင္ျခင္းျဖစ္သည္။
၂။ လွဴဒါန္းျခင္းသည္ ပစၥဳပၸန္တမလြန္ ေကာင္းက်ဳိးခ်မ္းသာကို ရည္မွန္း၍ ဒါနသာသနာကို ထူေထာင္ျခင္းျဖစ္သည္။ “ရွင္ျပဳျခင္းက ပဓါန၊ လွဴဒါန္းျခင္းက သာမည” ရွင္ျပဳျခင္းသည္ ဒါနျပဳျခင္းထက္ အဆမ်ားစြာပုိ၍ သာလြန္ျမင့္ျမတ္သည္။ရွင္သာမေဏအျဖစ္သုိ႔ တင္ေျမွာက္ရာတြင္ သရဏဂုံကို ပီပီသသ မရြတ္ဆုိတတ္လွ်င္ ရွင္မျဖစ္ပါ၊ ရွင္၀တ္ျပီးေနာက္ ရွင္က်င့္၀တ္မ်ား ႏွင့္အညီ ေလးေလးစားစား မေနထုိင္လွ်င္လည္း အက်ဳိးေက်းဇူးမၾကီးပါ။
 ရွင္ျပဳျခင္းကိစၥ ေအာင္ျမင္ေပါက္ ေျမာက္ရန္အတြက္-
(၁) ဥပဇၥ်ာယ္ဆရာေကာင္းထံ ခ်ဥ္းကပ္၍ ဩ၀ါဒခံယူျခင္း၊
(၂) သကၤန္းေတာင္း၊ လိင္/ဒဏ္၊ ေသခိယ၊ ပစၥေ၀ကၡဏာ၊ ခႏၶက၀တ္ တုိ႔ကို သင္ယူျပီး သရဏဂုံ ပီပီသသ ရြတ္ဆုိတတ္ေအာင္ ေလ့က်င့္ထားျခင္း၊
(၃) သကၤန္း၊ သပိတ္၊ ပရိကၡရာ တုိ႔ကို ဓမၼကံႏွင့္ ေလ်ာ္ညီေအာင္ ၀ယ္ျခမ္း စီမံထားျခင္း တုိ႔ကို ၾကဳိတင္ေဆာင္ရြက္ထားသင့္သည္။ သကၤန္းပရိကၡရာ ၀ယ္ျခမ္းျခင္းသည္ မြန္ျမတ္သည့္ ဒါနေကာင္းမႈ ျဖစ္ပါသည္။ ရွင္ျပဳရာတြင္ ဤဒါနေကာင္းမႈသာလွ်င္ ပဓါနလိုအပ္ပါသည္။ သကၤန္းပရိကၡရာသစ္အတြက္ ေငြေၾကးမတတ္နုိင္လွ်င္လည္း ဘုန္းၾကီးေက်ာင္းသုိ႔ ေငြတတ္နုိင္သမွ် လွဴဒါန္းျပီး ေက်ာင္းထုိင္ဆရာေတာ္ထံမွ သကၤန္းပရိကၡရာအေဟာင္းမ်ားကို ရယူနုိင္ပါသည္။ ျမတ္စြာဘုရားသည္ မိမိ၏ တစ္ဦးတည္းေသာ ရင္ေသြးျဖစ္သည့္ ရာဟုလာကို ရွင္သာမေဏျပဳေစရာတြင္ မည္သည့္အလွဴအတန္း ပကာသနကိုမွ် မျပဳလုပ္ေခ်။ အရွင္သာရိပုတၱရာက ရာဟုလာ၏ ဦးေခါင္းကို ရိတ္၍ သာေမဏ၀တ္ေပးျခင္းျဖင့္ ရွင္ျပဳျခင္းကိစၥ ျပီးစီးသြားေပေတာ့သည္။ မဟာဂႏၶာရုံဆရာေတာ္ အရွင္ဇနကာဘိ၀ံသက “အနာဂတ္ သာသနာေရး” စာအုပ္တြင္ “သားရွင္ျပဳ အလွဴမဂၤလာျပဳျပင္ေရး” အေၾကာင္းကို ဤသုိ႔ ေရးသားထား၏- “သားရွင္ျပဳကိစၥ၌ ဂုဏ္သေရရွိ လူၾကီးလူေကာင္းတုိ႔ကို ဖိတ္၍ ေကၽြးေမြးေလ့ရွိၾက၏။ ထုိလူၾကီးလူေကာင္းတုိ႔သည္ ထုိကဲ့သုိ႔ အစားအစာကို စားေနက်ျဖစ္၏။ အလွဴရွင္က ဖိတ္လို႔သာ အားနာ၍ (မသြားေကာင္းသျဖင့္) သြားရသည္။ မိမိအိမ္မွာ (ရုံးမွာ) အလုပ္ကိစၥတန္းလန္းႏွင့္ မအားလပ္ၾက။ ေကၽြးေမြးရာ၌ ကုန္ေသာ ေငြလည္း မနည္းလွ၊ စားရသူတုိ႔ကလည္း အားနာပါးနာႏွင့္ မလႊဲသာလို႔ လာၾကရာ၀ယ္ အဘယ္မွာ ကုသုိလ္ထုပ္ၾကီး ရနုိင္ပါမည္နည္း။ ထုိအေပၚမွာ ဂုဏ္ေဖာ္ခ်င္ေသာ (ပကာသနအကုသုိလ္ ေလာဘစိတ္ ကေလး) ပါလိုက္ေခ်ေသး၏။“ဘုန္းၾကီးပင့္ရာမွာလည္း ပင့္ရုိးပင့္စဥ္မပါလွ်င္ မေကာင္းေသာ ဘုန္းၾကီးေပါင္း မ်ားစြာကိုပင့္ရျပန္၏။ ထုိဘုန္းၾကီးမ်ားသည္ ပရိယတ္ ပဋိပတ္ အလုပ္ပ်က္ၾကရ၏။ ေနာက္ပါေက်ာင္းသားတုိ႔လည္း စာသင္ ပ်က္ၾကရ၏။ သုိ႔ျဖစ္၍ ရာေပါင္းေထာင္ေသာင္းမ်ားစြာ အကုန္အက်ခံ၍ ျပဳၾကရေသာ သားရွင္ျပဳ သမီးနားသ အလွဴဒါနၾကီးသည္ အဘယ္နည္းျဖင့္ သာသနာကို အားေပးရာေရာက္ေတာ့မည္နည္း။ “အလွဴဒါယကာတစ္ေယာက္သည္ ကူေငြမ်ားကို ေမွ်ာ္လင့္ျပီး အလွဴၾကီးကို ခမ္းခမ္းနားနား မြမ္းမံျပင္ဆင္၍ထား၏။ ကုန္ေငြႏွင့္ အကူရေသာေငြမွာ ေမွ်ာ္လင့္ခ်က္အတုိငိ္း ျဖစ္မလာေသာအခါ တရားကိုပင္ ေျဖာင့္ေျဖာင့္မနာနုိင္ေအာင္ ျဖစ္သြား၏ ။ “ပရိတ္ရြတ္တာကိုလည္း စိတ္မ၀င္စားနုိင္၊ ေဟာေျပာေသာတရား ကိုလည္း အာရုံမျပဳနုိင္ေတာ့ဘဲ စိတ္ေတြ ကေယာင္ေခ်ာက္ခ်ားျဖစ္ေနေတာ့၏။ တရားဆုံးလို႔ ဆုံးမွန္းမသိ၊ ေဘးလူေတြက အမွ်ေ၀လိုက္ အမွ်ေ၀လိုက္လို႔ ေျပာသည့္အခါ သတိရျပီး ကပ်ာကယာ “ေသာက္က်ဳိးနည္းပါျပီးဗ်ဳိ႕” လို႔ ႏႈတ္က ထြက္သြားရွာသတဲ့။” အမတ္ၾကီးဦးေပၚဦးကလည္း “ယမမင္းထံ အစစ္ခံသံေပါက္” ထဲတြင္ သားရွင္ျပဳအလွဴႏွင့္ပတ္သက္၍ ဤသုိ႔ေကာက္ခ်က္ခ်ျပထား၏-
၁။ သားၾကီးရွင္ျဖစ္၊ ကၽြန္ေတာ္စစ္၊ ၫွစ္၍လွဴခံတယ္။
၂။ ကြမ္း, ေဆး, လက္ဖက္၊ ဆီစက္စက္၊ ၀တ္ႏွင့္ ၾကက္သား ေကၽြးခဲ့တယ္။
၃။ သည္ကိုဟုိကုိ၊ ၾကြပါဆုိ၊ ဗ်ဳိဗ်ာမစဲ ေခၚခဲ့တယ္။
၄။ ကၽြန္ေတာ္အလွဴ၊ ေၾကြးေတြပူ၊ ေငြကူရဘိ ေမွ်ာ္မိတယ္။
၅။ ကူေငြႏွင့္သာ၊ ငါလွဴတာ၊ ေထမိပါရင္ ေတာ္ေရာ့မယ္။
၆။ ပရိကၡရာ၊ ည့ံလွစြာ၊ ဖုိးခ်ဳိတာမွ၀ယ္လွဴတယ္။ ပဓါနျဖစ္သည့္ပရိကၡရာတြင္ ေငြခ်ဳိထား၍ ပကာသနျဖစ္သည့္ ၀တ္သားၾကက္သားတြင္ ေငြစရံၾကဳိေပး၍ မွာၾကသည္။ အသားေပၚသူ တုိ႔ကလည္း အလွဴရက္ေရာက္မွ ၀က္ၾကက္တုိ႔ကို ေလာေလာလတ္လတ္သတ္ျဖတ္ျပီး အသားကို လာပုိ႔သည္။ ကုသုိလ္က တစ္ပဲ ငရဲက တစ္ပိႆာဟု ဆုိရမည့္ မိႆက အလွဴမ်ဳိးျဖစ္သည္။

အလွဴရက္ျပီးေသာအခါ၌လည္း ေၾကြးတင္က်န္ရစ္သျဖင့္ စိတ္ညစ္ဆင္းရဲကာ ပရေစတနာ ပ်က္ရေတာ့သည္။ သုိ႔အတြက္ ပုဗၺ, မုဥၥ, ပရဟူေသာ ေစတနာသုံးတန္ အဂၤ ါ မစုံလင္သည့္အတြက္ အလွဴ အက်ဳိးမွာ မဖြံ႕ျဖဳိး မၾကီးက်ယ္ေတာ့ေခ်။ လက္ငင္းဘ၀၌ပင္ ေၾကြးတင္ကၽြန္ ျဖစ္ခံရ၍ အရႈံးၾကီးဆုံးရႈံးရပါေတာ့သည္။ “ပ်က္အစဥ္ ျပင္ခဏ” ဟူသည္ႏွင့္အညီ မွားယြင္းသည့္ အစဥ္အလာကို ဖယ္ရွား၍ အက်ဳိးမ်ားမည့္ အစဥ္ အလာသစ္ကို ထူေထာင္သင့္ၾကပါသည္။

ေမာင္သုတ

#Unicode Version#
ရှင်ပြုခြင်းသည် ထေရဝါဒ ဗုဒ္ဓဘာသာလူမျိုးတိုင်း ရင်ဝယ်ဖြစ်သော သားယောင်္ကျားလေးကို အချိန်အခါ အရွယ်ရောက်လာလျှင် သင်္ကန်း ဝတ်ပေးခြင်းဖြစ်သည်။ ရှင်ပြုပွဲသမိုင်းအစ ဘုရားရှင်သည် ဘုရားအဖြစ်ရောက်ရှိပြီး တစ်နှစ်မြောက်သည့်အချိန်တွင် မွေးရာဇာတိ ကပိလဝတ်နေပြည်တော်သို့ ကြွရောက်သီတင်းသုံးတော်မူပါတယ်။ တစ်ရက်တွင် ယသော်ဓရာမိဖုရားက သားတော်ရာဟုလာကို ဘုရားရှင်ထံ အမွေတောင်းခိုင်းပါသည်။ သားတော်ရာဟုလာမှ ဘုရားရှင်ထံအမွေတောင်းသည့် အခါတွင် ဘုရားရှင်က " သာရိပုတ္တရာ ရာဟုလာကို ရှင်ပြုပေးလိုက်ပါလို့ စေခိုင်းတော်မူပါသည်။



ရှင်သာရိပုတ္တရာရဟန္တာအရှင်မြတ်ကြီးမှ မည်သို့ရှင်ပြုပေးရမလဲဟု မေးလျှောက်တဲ့အခါ ဘုရားရှင်က ရဟန်းအပေါင်းကို စုဝေးစေပြီး "ရဟန်းတို့ သရဏဂုံသုံးပါးနဲ့ ရှင်သာမဏေပြုပေးဖို့ ငါဘုရားခွင့်ပြုတော်မူပါတယ်လို့ မိန့်တော်မူပါတယ်။ ရှင်ပြုနိုင်သည့်အရွယ် အသက်တစ်ဆယ့်ငါးနှစ်ပြည့်သူကိုသာ ရှင်ပြုပေးရန် ဘုရားရှင်မှ မိန့်ဆိုတော်မူကြောင်း ဝိနည်းမဟာဝါပါဠိတော်တွင်ပါရှိပါသည်။ သို့ရာတွင်မိဘများကွယ်လွန်သွားသဖြင့် ခိုကိုးရာမဲ့နေသော ကလေးငယ်နှစ်ဦးကိုသာသနာ့ဘောင် အတွင်းသို့ သွတ်သွင်းချင်၍ ညီတော်အာနန္ဒာမထေရ်က ဘုရားရှင်ထံသို့လျှောက်ထားသောအခါ အသက်တစ်ဆယ့် ငါးနှစ်မပြည့်သေးသော်လည်း မိမိရှေ့တွင်ချထားသောဆွမ်းကို ကျီးမလာအောင် ခြောက်လှန့်နိုင်ခဲ့လျှင် ဒီသူငယ်ကို ရှင်ပြုပေးနိုင်တယ်လို့ ထပ်ဆင့်သတ်မှတ်တော်မူခဲ့ပါတယ်။

ရည်ရွယ်ချက်
၁။ အလုံးစုံသောသံသရာ ဝဋ်ဆင်းရဲတွင်းမှ လွတ်မြောက်လိုခြင်း။
၂။ သာသနာ့အမွေခံ သာသနာ့ဒါယကာဖြစ်လိုခြင်း။
၃။ ဆွမ်း၊ သင်္ကန်း၊ ကျောင်း၊ ဆေး ဟူသောပစ္စည်းလေးပါး ဒါယကာဖြစ်လိုခြင်း။
၄။ သာသနာပြု ပုဂ္ဂိုလ်ဖြစ်လိုခြင်း။
အဓိကလုပ်ငန်းကြီး (၃) ရပ်
၁။ ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း
၂။ သင်္ကန်းဆီးခြင်း
၃။ သရဏဂုံဆောက်တည်ခြင်း ဆံရိတ်ခြင်း (ဝါ) ဆံချခြင်း မောင်ရှင်လောင်း ဦးခေါင်းမှ ဆံပင်ကိုရိတ်သည့်အခါ အိမ်မှာကတည်းက ရိတ်လို့ရပါသည်။ သို့ရာတွင် ကျောင်းတွင်ရိတ်ပါက ကျောင်းတိုက်တွင်းရှိ သံဃာတော်များကို ဆံရိတ်မည့်အကြောင်းခွင့်ပန်ကြားပြီးမှ ရိတ်ရမည်ဟု ရွှေပန်းတိမ်သည်သားအား အကြောင်းပြု၍ ဘုရားရှင်မှ ဝိနည်းနှင့် ပညတ်တော်မူခဲ့ပါသည်။ သင်္ကန်းဆီးခြင်း သင်္ကန်းဆီးခြင်း၊ သင်္ကန်းတောင်းခြင်း၊ သင်္ကန်းဝတ်ခြင်းဟု လုပ်ငန်းသုံးရခုရှိပါသည်။ ပါဠိနှင့်စိမ်းနေလျှင် မြန်မာဘာသာနှင့်ရွတ်ဆိုခြင်း၊ အာရုံပြုခြင်းတို့ဖြင့် လျှောက်ထားနိုင်ပါသည်။


ရှင်လောင်းမှ ဥပဇ္ဈယ်ဆရာဘုန်းကြီး ရှေ့တွင်ဆောင့်ကြောင့်ထိုင်ပြီး မိမိဝတ်မည့်သင်္ကန်းကို လက်အုပ်ချီပြီး သင်္ကန်းကပ်ရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗာန်ကိုမျက်မှောက်ပြုပါရခြင်းအကျိုးငှာ တပည့်တော်၏ လက်၌ရှိသော ဤသင်္ကန်းကို ယူတော်မူ၍ တပည့်တော်အား သနားစောင့်ရှောက်ချီးမြှင့်သောအားဖြင့် ရှင်သာမဏေ ပြုလုပ်ပေးတော်မူပါ ဘုရား" ဟုဆိုပြီး သင်္ကန်းကို ဆရာလက်အပ်ရပါသည်။ သင်္ကန်းတောင်းရာတွင် "အရှင်ဘုရား အလုံးစုံသော သံသရာဝဋ်ဆင်းရဲမှ လွတ်မြောက်ရာ နိဗ္ဗန်ကို မျက်မှောက်ပြုပါရခြင်း အကျိုးငှာ အရှင်ဘုရား၏ လက်၌ရှိသော ထိုသင်္ကန်းကို ပေးတော်မူ၍ တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှင့်သောအားဖြင့် ရှင်သာမဏေပြုပေးတော်မူပါဘုရား" ဟုဆိုရပါမည်။ သင်္ကန်းဝတ်ရာတွင် ဆရာဘုန်းတော်ကြီးကိုယ်တိုင်ကဖြစ်စေ၊ ဘုန်းတော်ကြီးမှ စေခိုင်းခံရသူမောင်ရှင်လောင်းအား သင်္ကန်းဝတ်ပေးနိုင်ပါသည်။ မောင်ရှင်လောင်းကိုယ်တိုင်လည်း ဝတ်လို့ရပါသည်။ သရဏဂုံဆောက်တည်ခြင်း သရဏဂုံဆောက်တည်ခြင်းသည် ရှင်ပြုမင်္ဂလာတစ်ခုလုံး၏ ပဓာနအကျဆုံးဖြစ်ပါသည်။ သရဏဂုံသည် ဗုဒ္ဓသာသနာတော်၏ ပန္နက်လည်းဖြစ်သည်။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ၊ ဓမ္မံသရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ဟုဆိုအပ်သော သရဏဂုံ (၃) ပါးကို ဆရာဘုန်းကြီးနှင့် တပည့်မောင်ရှင်လောင်းတို့သည် ဌာန်ကရိုဏ်းကျကျ ပီပီသသဖြင့် ရွတ်ဆိုပြီး ဆုံးသွားလျှင် ရှင်သာမဏေစစ်စစ် ဖြစ်သွားပါသည်။ ရှင်ပြုမင်္ဂလာဆင်နွှဲသည့်အခါတွင်
(၁) ရှင်သာမဏေစစ်စစ်ဖြစ်ရန် ၊
(၂) ရှင်သာမဏေ စစ်စစ်ဖြစ်ပြီးလျှင်လည်း ဆယ်ပါးသီလ၊ လိင်ဆယ်ပါး၊ ဒဏ်ဆယ်ပါး၊ သေခိယ-၇၅ပါး၊ ခန္ဓကဝတ် (၁၄) ပါးစသော ရှင်ကျင့်ဝတ်ကို သိရှိလိုက်နာရွတ်ဆိုနိုင်ရန် မောင်ရှင်လောင်းအား ဘုန်းတော်ကြီးကျောင်းသို့ အနည်းဆုံး ရက်သတ္တပတ် တပတ်ကြိုတင်ပို့ကာ သင်ကြားသင့်ပါသည်။ မိဘများမှ အမွန်အမြတ်ထားပြီး ရှင်ပြုပေးခြင်းကို အနှစ်သာရရှိသည့် သာသနာပြုရှင်ပြုဖြစ်ရန် ရှင်သာမဏေတိုင်းမှ ရှင်ကျင့်ဝတ်များကို လိုက်နာရပါမည်။ ကြွေးတင်ကျွန်ဖြစ် ရှင်သာမဏေမဖြစ် ဗုဒ္ဓဘာသာဝင်မြန်မာတို့၏ အစဉ်အလာ ဓလေ့တစ်ခုမှာ သားရှင်ပြုရာတွင် အိတ်သွန်ဖာမှောက် အောတိုက်၍ လှူဒါန်းခြင်း ဖြစ်သည်။ မိမိတို့၏ ငွေအင်အားထက် ကျော်လွန်၍ သားငယ်ကို မင်းမြောက်တန်ဆာ ဆင်မြန်းပေးကာ အဘိသိက်သွန်း၍ မြင့်ဖြင့်လှည့်ခြင်း၊ မြို့များ၌ မော်တော်ကားဖြင့်လှည့်လည်ခြင်း၊ လူအမြောက်အမြား ဖိတ်ကြားပြီး ကျွေးမွေးခြင်း၊ မဏ္ဍပ် ဆောက်၍ ဆိုင်းဝိုင်း, အဆိုတော် တို့ဖြင့် ဧည့်ခံခြင်း၊ အသံချဲ့စက်ငှားရမ်း၍ တစ်ရပ်ကွက်လုံး ဆူညံသွားအောင် သီချင်းများဖွင့်ခြင်း၊ ပဓါနအလှူထက် ပကာသနအမှုတို့ဖြင့် ငွေသုံးဖြုန်းခြင်း စသည်တို့ကို ကောင်းသည် လိုအပ်သည်ထင်၍ သူ့ထက်ငါ မသာရင်တောင် မနိမ့်ကျအောင်လုပ်မည်ဟု အားခဲကာ လုပ်ဆောင်နေကြ၏။အချို့လယ်သမားတို့က လှည်းကိုရောင်း၊ နွားကိုရောင်း၊ လယ်ကို ပေါင်နှံကာ ရှင်ပြုအလှူကို ပြုလုပ်ကြသဖြင့် လယ်လုပ် ကိရိယာများလည်းသုဉ်း၊ လယ်ပေါင်လည်းဆုံးရှုံး၍ ကြွေတင်ကျွန်ဖြစ်ရသည့် အခြေသို့ ဆိုက်ရောက်ကြရသည်။ လွတ်လပ်ရေး မရမီက ချစ်တီးကုလား သူဌေးတို့ထံ သမီးပါအပ်နှံ၍ ကျွန်အဖြစ်ခံခဲ့ကြရသည်ကို ဆင်ခြင်အောက်မေ့ သင့်ကြပါသည်။ သားရှင်ပြုခြင်းနှင့် လှူဒါန်းခြင်းတို့သည် သီးခြားကိစ္စနှစ်ရပ် ဖြစ်သည်ကို သဘောပေါက်ထားသင့်ပါသည်။
၁။ ရှင်ပြုခြင်းသည် မိမိသားငယ်အား သာသနာ့အမွေကိုခံယူစေပြီး ရှင်သာမဏေတို့၏ သီလနှင့် ကျင့်ဝတ်ကို စောင့်ထိန်းစေခြင်းဖြင့် သီလသာသနာကို ထူထောင်ခြင်းဖြစ်သည်။
၂။ လှူဒါန်းခြင်းသည် ပစ္စုပ္ပန်တမလွန် ကောင်းကျိုးချမ်းသာကို ရည်မှန်း၍ ဒါနသာသနာကို ထူထောင်ခြင်းဖြစ်သည်။ “ရှင်ပြုခြင်းက ပဓါန၊ လှူဒါန်းခြင်းက သာမည” ရှင်ပြုခြင်းသည် ဒါနပြုခြင်းထက် အဆများစွာပို၍ သာလွန်မြင့်မြတ်သည်။ရှင်သာမဏေအဖြစ်သို့ တင်မြှောက်ရာတွင် သရဏဂုံကို ပီပီသသ မရွတ်ဆိုတတ်လျှင် ရှင်မဖြစ်ပါ၊ ရှင်ဝတ်ပြီးနောက် ရှင်ကျင့်ဝတ်များ နှင့်အညီ လေးလေးစားစား မနေထိုင်လျှင်လည်း အကျိုးကျေးဇူးမကြီးပါ။
 ရှင်ပြုခြင်းကိစ္စ အောင်မြင်ပေါက် မြောက်ရန်အတွက်-
(၁) ဥပဇ္ဈာယ်ဆရာကောင်းထံ ချဉ်းကပ်၍ ဩဝါဒခံယူခြင်း၊
(၂) သင်္ကန်းတောင်း၊ လိင်/ဒဏ်၊ သေခိယ၊ ပစ္စဝေက္ခဏာ၊ ခန္ဓကဝတ် တို့ကို သင်ယူပြီး သရဏဂုံ ပီပီသသ ရွတ်ဆိုတတ်အောင် လေ့ကျင့်ထားခြင်း၊
(၃) သင်္ကန်း၊ သပိတ်၊ ပရိက္ခရာ တို့ကို ဓမ္မကံနှင့် လျော်ညီအောင် ဝယ်ခြမ်း စီမံထားခြင်း တို့ကို ကြိုတင်ဆောင်ရွက်ထားသင့်သည်။ သင်္ကန်းပရိက္ခရာ ဝယ်ခြမ်းခြင်းသည် မွန်မြတ်သည့် ဒါနကောင်းမှု ဖြစ်ပါသည်။ ရှင်ပြုရာတွင် ဤဒါနကောင်းမှုသာလျှင် ပဓါနလိုအပ်ပါသည်။ သင်္ကန်းပရိက္ခရာသစ်အတွက် ငွေကြေးမတတ်နိုင်လျှင်လည်း ဘုန်းကြီးကျောင်းသို့ ငွေတတ်နိုင်သမျှ လှူဒါန်းပြီး ကျောင်းထိုင်ဆရာတော်ထံမှ သင်္ကန်းပရိက္ခရာအဟောင်းများကို ရယူနိုင်ပါသည်။ မြတ်စွာဘုရားသည် မိမိ၏ တစ်ဦးတည်းသော ရင်သွေးဖြစ်သည့် ရာဟုလာကို ရှင်သာမဏေပြုစေရာတွင် မည်သည့်အလှူအတန်း ပကာသနကိုမျှ မပြုလုပ်ချေ။ အရှင်သာရိပုတ္တရာက ရာဟုလာ၏ ဦးခေါင်းကို ရိတ်၍ သာမေဏဝတ်ပေးခြင်းဖြင့် ရှင်ပြုခြင်းကိစ္စ ပြီးစီးသွားပေတော့သည်။ မဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသက “အနာဂတ် သာသနာရေး” စာအုပ်တွင် “သားရှင်ပြု အလှူမင်္ဂလာပြုပြင်ရေး” အကြောင်းကို ဤသို့ ရေးသားထား၏- “သားရှင်ပြုကိစ္စ၌ ဂုဏ်သရေရှိ လူကြီးလူကောင်းတို့ကို ဖိတ်၍ ကျွေးမွေးလေ့ရှိကြ၏။ ထိုလူကြီးလူကောင်းတို့သည် ထိုကဲ့သို့ အစားအစာကို စားနေကျဖြစ်၏။ အလှူရှင်က ဖိတ်လို့သာ အားနာ၍ (မသွားကောင်းသဖြင့်) သွားရသည်။ မိမိအိမ်မှာ (ရုံးမှာ) အလုပ်ကိစ္စတန်းလန်းနှင့် မအားလပ်ကြ။ ကျွေးမွေးရာ၌ ကုန်သော ငွေလည်း မနည်းလှ၊ စားရသူတို့ကလည်း အားနာပါးနာနှင့် မလွှဲသာလို့ လာကြရာဝယ် အဘယ်မှာ ကုသိုလ်ထုပ်ကြီး ရနိုင်ပါမည်နည်း။ ထိုအပေါ်မှာ ဂုဏ်ဖော်ချင်သော (ပကာသနအကုသိုလ် လောဘစိတ် ကလေး) ပါလိုက်ချေသေး၏။“ဘုန်းကြီးပင့်ရာမှာလည်း ပင့်ရိုးပင့်စဉ်မပါလျှင် မကောင်းသော ဘုန်းကြီးပေါင်း များစွာကိုပင့်ရပြန်၏။ ထိုဘုန်းကြီးများသည် ပရိယတ် ပဋိပတ် အလုပ်ပျက်ကြရ၏။ နောက်ပါကျောင်းသားတို့လည်း စာသင် ပျက်ကြရ၏။ သို့ဖြစ်၍ ရာပေါင်းထောင်သောင်းများစွာ အကုန်အကျခံ၍ ပြုကြရသော သားရှင်ပြု သမီးနားသ အလှူဒါနကြီးသည် အဘယ်နည်းဖြင့် သာသနာကို အားပေးရာရောက်တော့မည်နည်း။ “အလှူဒါယကာတစ်ယောက်သည် ကူငွေများကို မျှော်လင့်ပြီး အလှူကြီးကို ခမ်းခမ်းနားနား မွမ်းမံပြင်ဆင်၍ထား၏။ ကုန်ငွေနှင့် အကူရသောငွေမှာ မျှော်လင့်ချက်အတိုငိး ဖြစ်မလာသောအခါ တရားကိုပင် ဖြောင့်ဖြောင့်မနာနိုင်အောင် ဖြစ်သွား၏ ။ “ပရိတ်ရွတ်တာကိုလည်း စိတ်မဝင်စားနိုင်၊ ဟောပြောသောတရား ကိုလည်း အာရုံမပြုနိုင်တော့ဘဲ စိတ်တွေ ကယောင်ချောက်ချားဖြစ်နေတော့၏။ တရားဆုံးလို့ ဆုံးမှန်းမသိ၊ ဘေးလူတွေက အမျှဝေလိုက် အမျှဝေလိုက်လို့ ပြောသည့်အခါ သတိရပြီး ကပျာကယာ “သောက်ကျိုးနည်းပါပြီးဗျို့” လို့ နှုတ်က ထွက်သွားရှာသတဲ့။” အမတ်ကြီးဦးပေါ်ဦးကလည်း “ယမမင်းထံ အစစ်ခံသံပေါက်” ထဲတွင် သားရှင်ပြုအလှူနှင့်ပတ်သက်၍ ဤသို့ကောက်ချက်ချပြထား၏-
၁။ သားကြီးရှင်ဖြစ်၊ ကျွန်တော်စစ်၊ ညှစ်၍လှူခံတယ်။
၂။ ကွမ်း, ဆေး, လက်ဖက်၊ ဆီစက်စက်၊ ဝတ်နှင့် ကြက်သား ကျွေးခဲ့တယ်။
၃။ သည်ကိုဟိုကို၊ ကြွပါဆို၊ ဗျိုဗျာမစဲ ခေါ်ခဲ့တယ်။
၄။ ကျွန်တော်အလှူ၊ ကြွေးတွေပူ၊ ငွေကူရဘိ မျှော်မိတယ်။
၅။ ကူငွေနှင့်သာ၊ ငါလှူတာ၊ ထေမိပါရင် တော်ရော့မယ်။
၆။ ပရိက္ခရာ၊ ညံ့လှစွာ၊ ဖိုးချိုတာမှဝယ်လှူတယ်။ ပဓါနဖြစ်သည့်ပရိက္ခရာတွင် ငွေချိုထား၍ ပကာသနဖြစ်သည့် ဝတ်သားကြက်သားတွင် ငွေစရံကြိုပေး၍ မှာကြသည်။ အသားပေါ်သူ တို့ကလည်း အလှူရက်ရောက်မှ ဝက်ကြက်တို့ကို လောလောလတ်လတ်သတ်ဖြတ်ပြီး အသားကို လာပို့သည်။ ကုသိုလ်က တစ်ပဲ ငရဲက တစ်ပိဿာဟု ဆိုရမည့် မိဿက အလှူမျိုးဖြစ်သည်။

အလှူရက်ပြီးသောအခါ၌လည်း ကြွေးတင်ကျန်ရစ်သဖြင့် စိတ်ညစ်ဆင်းရဲကာ ပရစေတနာ ပျက်ရတော့သည်။ သို့အတွက် ပုဗ္ဗ, မုဉ္စ, ပရဟူသော စေတနာသုံးတန် အင်္ဂ ါ မစုံလင်သည့်အတွက် အလှူ အကျိုးမှာ မဖွံ့ဖြိုး မကြီးကျယ်တော့ချေ။ လက်ငင်းဘဝ၌ပင် ကြွေးတင်ကျွန် ဖြစ်ခံရ၍ အရှုံးကြီးဆုံးရှုံးရပါတော့သည်။ “ပျက်အစဉ် ပြင်ခဏ” ဟူသည်နှင့်အညီ မှားယွင်းသည့် အစဉ်အလာကို ဖယ်ရှား၍ အကျိုးများမည့် အစဉ် အလာသစ်ကို ထူထောင်သင့်ကြပါသည်။

မောင်သုတ