Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 15, 2018

၎ တန်းပါ..ကိုယ်​၀န်​က ၈ လပါတဲ့


၎ တန်းပါ..ကိုယ်​၀န်​က ၈ လပါတဲ့မိဘတွေက ဆင်းရဲတော့ ကလေးတင့်တောင်းတင့်တယ်ဖြစ်အောင် မွေးစားဖို့ပေးတာ မွေးစားတဲ့သူက စော်ကားတာတဲ့

Zawgyi

၎ တန်းပါ..ကိုယ်​၀န်​က ၈ လပါ..
နှလုံးပို နာပါတယ်​..

ထောက်​ပံ့​ငွေ တစ်​သိန်းနဲ့ ​မွေးပြီး ၃ လအထိ
ကိုစိုးထိုက်
https://www.facebook.com/mp4younews/videos/1762847653772152/?hc_ref=ARQKuQjqEb_0bfWBDPVDKqgNEdr6D1BiEDYgOqry1V6VL8trKE8YNzgVQAthCYL66U8

Unicode >>>

ဒီသမီးငယ်​က​တော့ ကူညီ​ပေးခဲ့ဖူးသမျှထဲအငယ်​ဆုံးစံချိန်​ပါပဲ..

၄ တန်​းပါ..ကိုယ်​၀န်​က ၈ လပါ..

သူ့ဇာတ်​လမ်​း​လေးကလည်​း ဆင်​ခြင်​စရာပါပဲ..

မိဘ​တွေက ဆင်​းရဲလွန်​း​တော့ သမ​ီး​လေးကို

တင်​့တင်​့တယ်​တယ်​​လေးထားနိုင်​​အောင်​ ဟိုးငယ်​ငယ်​ထဲက

​မွေးစားမိဘ​တွေလက်​ထဲ ​မွေးစားဖို့​ပေးထားတယ်​..

အဲဒီ​မွေးစား အ​ဖေက သမီး​လေးကို ​စော်​ကားတာပါ..

ဒီစာ​တွေ ၊ ဒီအ​ကြောင်​း​တွေကို ကျွန်​​တော်​ မ​ရေးချင်​..

လူ​တွေက ကြား​တောင်​ မကြားချင်​တဲ့ ဒီအ​ကြောင်​း​တွေကို

ကိုယ်​က အမြဲတမ်​း နှဖူး​တွေ ့ ဒူး​တွေ့ ကြုံ​နေရသူမို့

နှလုံးပို နာပါတယ်​..

မိဘများဆင်​ခြင်​နိုင်​​အောင်​ရယ်​၊

သက်​ငယ်​မုဒိန်​းဆိုတာ မြန်​မာနိုင်​ငံမှာ

ဘယ်​​လောက်​အထိ ဆိုးရွား​နေပြီလည်​းဆိုတာရယ်​၊

​အများမြင်​သာ​အောင်​ မီး​မောင်းထိုးပြရတာပါ..

ဒီသမီး​လေးကလည်​း ​မွေးခါနီးပြီမို့

​ထောက်​ပ့ံ​ငွေ တစ်​သိန်​းနဲ့ ​မွေးပြီး ၃ လအထိ

လစဉ်​ ၅သောင်း ကူညီသွားပါ့မယ်​..

စကား​ပြော​နေရင်​း ​မောပန်​း​နေပုံရတဲ့ သမီးငယ်​​လေးအတွက်​

​ဆေး​တွေလည်​း ၀ယ်​​ပေးခဲ့တယ်​..

​ဖိနပ်​အစုပ်​​လေးစီးထားတာ​ကြောင်​့ ​ချော်​လဲမှာစိုးရိမ်​လို့

ဖိနပ်​၀ယ်​ဖို့ပါ ​မှာခဲ့တယ်​..

​မွေးပြီးရင်​​တော့ ကျွန်​​တော်​့ဆီ လာ​နေဖို့
​​ပြောခဲ့ပါတယ်​..ကျွန်​​တော်​ ​ကျောင်​းဆက်​ထား​ပေးချင်​လို့ပါ..
သူ့အနာဂတ်​​လေးကို ပုံ​ဖော်​​ပေးချင်​လို့ပါ..
​ကောက်​နိုင်​သမျှ ကြယ်​ငါး​လေး​တွေ ​ကောက်​​ပြီး
ပင်​လယ်​ထဲ ကြိုးစားပြီး ပြန်​ပစ်​ချ​ပေး​နေ​ပေမဲ့
ဒါဟာ အ​ဖြေတစ်​ခု​တော့ မဟုတ်​ပါဘူး..
ဒီကြယ်​ငါး​လေး​တွေ ​သောင်​မတင်​​အောင်​
ကြိုတင်​ကာကွယ်​ခြင်​းသည်​သာ အ​ဖြေပါ..
ကျွန်​​တော်​တို့အားလုံး အ​ဖြေထုတ်​ကြပါစို့

ှCredit : ကိုစိုးထိုက်

No comments:

Post a Comment