Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 6, 2018

သရဲ ရွိတဲ့အိမ္ျဖစ္ေၾကာင္း သိႏိုင္တဲ့ လကၡဏာ (၁၂) ရပ္


၁။ တိရစာၦန္ေလးေတြ အေၾကာင္းမဲ့ မာန္ဖီျခင္း

သင့္ေခြးက အခန္းတစ္ခန္းကိုပဲ အေၾကာင္းမဲ့ ထိုးေဟာင္းေနသလား။ အိမ္ေမြးတိရစာၦန္ေလးေတြက အေၾကာင္းမဲ့ မာန္ဖီျခင္းေတြနဲ႔ ထူးျခားတဲ့ အျပဳအမူေတြ ျပဳလုပ္လာၿပီဆိုရင္ သူတို႔က သင္မျမင္ႏိုင္တဲ့ အရာတစ္ခုခုကို ျမင္ေနၿပီဆိုတဲ့ အဓိပၸာယ္ပါပဲ။

၂။ ေနရာတစ္ေနရာတည္းမွာပဲ ကြက္ၿပီး ေအးစိမ့္ေနျခင္း

႐ုတ္တရက္ႀကီး ခ်မ္းစိမ့္သြားတာမ်ိဳးဆိုရင္ အနီးအနားမွာ သရဲတေစၦရွိေနလို႔ ျဖစ္ႏိုင္ပါတယ္။

၃။ ဆူညံသံမ်ား

တံခါးေခါက္သံ၊ ကုတ္ျခစ္သံ၊ တဒုန္းဒုန္းထုသံေတြ ၾကားေနရၿပီး လုပ္တဲ့သူကို ရွာမေတြ႕ဘူး၊ ဒါမွမဟုတ္ အိမ္ထဲမွာ တျခားသူမရွိဘဲ ဒီလိုအသံေတြၾကားရရင္လည္း သရဲတေစၦျဖစ္ႏိုင္ပါတယ္။

၄။ ပစၥည္းေတြ ေပ်ာက္သြားၿပီး မေမွ်ာ္လင့္ဘဲ ျပန္ျပန္ေပၚလာျခင္း

ပစၥည္းေတြကို ကိုယ္ထားတဲ့ေနရာမွာ ျပန္ရွာမေတြ႕ဘဲ ေနာက္မွ တျခားတစ္ေနရာရာမွာ ျပန္ရွာေတြ႕ၿပီဆိုရင္ေတာ့ တစ္ဦးတစ္ေယာက္က ယူသြားတာျဖစ္ႏိုင္ပါတယ္။ သင့္အိမ္မွာ အဲဒီလို ယူမယ့္သူ မရွိဘူးဆိုရင္ေတာ့ အေျဖက ရွင္းေနပါၿပီ။

၅။ လူမရွိဘဲ တံခါးေတြ ပိတ္သြားျခင္း

ဒီလိုအျဖစ္မ်ိဳးကို ကိုယ္တိုင္ျမင္ေတြ႕ရတာ ရွားပါတယ္။ ဒါေပမဲ့ တံခါးပိတ္သံၾကားရၿပီး သြားၾကည့္လိုက္ေတာ့ ဖြင့္ထားခဲ့တဲ့တံခါးက သူ႔အလိုလို ပိတ္သြားတာမ်ိဳးကိုေတာ့ လူေတာ္ေတာ္မ်ားမ်ား ႀကဳံေတြ႕ဖူးတယ္လို႔ ဆိုပါတယ္။

၆။ မီးေတြ အလိုလို ဖြင့္ပိတ္ျခင္း

တံခါးေတြျဖစ္သလိုမ်ိဳးပါပဲ။ သင့္ေရွ႕မွာ ဖြင့္ပိတ္သြားတာမ်ိဳးေတာ့ မျဖစ္ပါဘူး။။ ဒါေပမဲ့ မီးကို ဖြင့္ထားခဲ့ေပမဲ့ ျပန္ဝင္လာေတာ့ မီးကပိတ္ေနတာမ်ိဳး ျဖစ္တာပါ။ အဲဒီလိုပဲ တီဗြီတို႔၊ ေရဒီယိုတို႔လည္း ျဖစ္တတ္ပါတယ္။

၇။ တစ္ေယာက္ေယာက္က ၾကည့္ေနတယ္လို႔ ခံစားရျခင္း

အထူးသျဖင့္ အိမ္ရဲ႕ ေနရာတစ္ေနရာကို ေရာက္တိုင္း တစ္ေယာက္ေယာက္က ၾကည့္ေနတယ္လို႔ ခံစားရရင္ေပါ့။

၈။ ၾကမ္းျပင္၊ နံရံနဲ႔ ပရိေဘာဂပစၥည္းေတြမွာ အစြန္းအထင္းေတြ ေတြ႕ျခင္း

ဘယ္ကဘယ္လိုေရာက္လာမွန္းမသိဘဲ ေတြ႕ရတဲ့ အမွတ္အသား၊ ေျခရာ၊ လက္ရာနဲ႔ လက္ေရးလို ေဆးကြက္ေတြကို သရဲေျခာက္တဲ့ အိမ္ေတြမွာ ျမင္ေတြ႕ရတတ္ပါတယ္။

၉။ ထူးဆန္းတဲ့ အရိပ္ေတြ

သရဲရွိတဲ့အိမ္ေတြမွာ သင့္ရဲ႕မ်က္လုံးေထာင္ကေန အမည္းေရာင္အရိပ္ကို ရိပ္ခနဲေတြ႕တာမ်ိဳးလည္း ျဖစ္တတ္ပါတယ္။

၁၀။ ကေလးငယ္ေတြက လူမရွိဘဲ စကားေျပာျခင္း

ကေလးေေတြက လူမရွိဘဲနဲ႔ တစ္ေယာက္ေယာက္ရွိေနသေယာင္ စကားေျပာေနၿပီဆိုရင္ သူတို႔ဟာ ဝိဉာဥ္ေတြနဲ႔ စကားေျပာတာ ျဖစ္ႏိုင္ပါတယ္။

၁၁။ ကိုယ့္အသားကို ထိကိုင္တယ္လို႔ ခံစားရျခင္းတခ်ိဳ႕ဆိုရင္ ဆြဲစိတ္သလိုေတာင္ ခံစားရတယ္လို႔ ဆိုပါတယ္။ ဒါေပမဲ့ ဒီလိုျဖစ္ရပ္မ်ိဳးျဖစ္တာ ရွားပါးပါတယ္။

၁၂။ တီးတိုးသံ

မသဲမကြဲအသံေတြ ဒါမွမဟုတ္ ဂီတသံေတြ ၾကားရတယ္ဆိုရင္ သင့္အိမ္ထဲကို ဝိဉာဥ္ေတြဝင္လာၿပီး သင္နဲ႔ ဆက္သြယ္ဖို႔ ႀကိဳးစားတာ ျဖစ္ႏိုင္ပါတယ္။
Credit: Original Uploader
# Unicode Version ျဖင့္ ဖတ္ပါ #
၁။ တိရစ္ဆာန်လေးတွေ အကြောင်းမဲ့ မာန်ဖီခြင်း

သင့်ခွေးက အခန်းတစ်ခန်းကိုပဲ အကြောင်းမဲ့ ထိုးဟောင်းနေသလား။ အိမ်မွေးတိရစ္ဆာန်လေးတွေက အကြောင်းမဲ့ မာန်ဖီခြင်းတွေနဲ့ ထူးခြားတဲ့ အပြုအမူတွေ ပြုလုပ်လာပြီဆိုရင် သူတို့က သင်မမြင်နိုင်တဲ့ အရာတစ်ခုခုကို မြင်နေပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။

၂။ နေရာတစ်နေရာတည်းမှာပဲ ကွက်ပြီး အေးစိမ့်နေခြင်း

ရုတ်တရက်ကြီး ချမ်းစိမ့်သွားတာမျိုးဆိုရင် အနီးအနားမှာ သရဲတစ္ဆေရှိနေလို့ ဖြစ်နိုင်ပါတယ်။

၃။ ဆူညံသံများ

တံခါးခေါက်သံ၊ ကုတ်ခြစ်သံ၊ တဒုန်းဒုန်းထုသံတွေ ကြားနေရပြီး လုပ်တဲ့သူကို ရှာမတွေ့ဘူး၊ ဒါမှမဟုတ် အိမ်ထဲမှာ တခြားသူမရှိဘဲ ဒီလိုအသံတွေကြားရရင်လည်း သရဲတစ္ဆေဖြစ်နိုင်ပါတယ်။

၄။ ပစ္စည်းတွေ ပျောက်သွားပြီး မမျှော်လင့်ဘဲ ပြန်ပြန်ပေါ်လာခြင်း

ပစ္စည်းတွေကို ကိုယ်ထားတဲ့နေရာမှာ ပြန်ရှာမတွေ့ဘဲ နောက်မှ တခြားတစ်နေရာရာမှာ ပြန်ရှာတွေ့ပြီဆိုရင်တော့ တစ်ဦးတစ်ယောက်က ယူသွားတာဖြစ်နိုင်ပါတယ်။ သင့်အိမ်မှာ အဲဒီလို ယူမယ့်သူ မရှိဘူးဆိုရင်တော့ အဖြေက ရှင်းနေပါပြီ။

၅။ လူမရှိဘဲ တံခါးတွေ ပိတ်သွားခြင်း

ဒီလိုအဖြစ်မျိုးကို ကိုယ်တိုင်မြင်တွေ့ရတာ ရှားပါတယ်။ ဒါပေမဲ့ တံခါးပိတ်သံကြားရပြီး သွားကြည့်လိုက်တော့ ဖွင့်ထားခဲ့တဲ့တံခါးက သူ့အလိုလို ပိတ်သွားတာမျိုးကိုတော့ လူတော်တော်များများ ကြုံတွေ့ဖူးတယ်လို့ ဆိုပါတယ်။

၆။ မီးတွေ အလိုလို ဖွင့်ပိတ်ခြင်း

တံခါးတွေဖြစ်သလိုမျိုးပါပဲ။ သင့်ရှေ့မှာ ဖွင့်ပိတ်သွားတာမျိုးတော့ မဖြစ်ပါဘူး။။ ဒါပေမဲ့ မီးကို ဖွင့်ထားခဲ့ပေမဲ့ ပြန်ဝင်လာတော့ မီးကပိတ်နေတာမျိုး ဖြစ်တာပါ။ အဲဒီလိုပဲ တီဗွီတို့၊ ရေဒီယိုတို့လည်း ဖြစ်တတ်ပါတယ်။

၇။ တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရခြင်း

အထူးသဖြင့် အိမ်ရဲ့ နေရာတစ်နေရာကို ရောက်တိုင်း တစ်ယောက်ယောက်က ကြည့်နေတယ်လို့ ခံစားရရင်ပေါ့။

၈။ ကြမ်းပြင်၊ နံရံနဲ့ ပရိဘောဂပစ္စည်းတွေမှာ အစွန်းအထင်းတွေ တွေ့ခြင်း

ဘယ်ကဘယ်လိုရောက်လာမှန်းမသိဘဲ တွေ့ရတဲ့ အမှတ်အသား၊ ခြေရာ၊ လက်ရာနဲ့ လက်ရေးလို ဆေးကွက်တွေကို သရဲခြောက်တဲ့ အိမ်တွေမှာ မြင်တွေ့ရတတ်ပါတယ်။

၉။ ထူးဆန်းတဲ့ အရိပ်တွေ

သရဲရှိတဲ့အိမ်တွေမှာ သင့်ရဲ့မျက်လုံးထောင်ကနေ အမည်းရောင်အရိပ်ကို ရိပ်ခနဲတွေ့တာမျိုးလည်း ဖြစ်တတ်ပါတယ်။

၁၀။ ကလေးငယ်တွေက လူမရှိဘဲ စကားပြောခြင်း

ကလေးေတွေက လူမရှိဘဲနဲ့ တစ်ယောက်ယောက်ရှိနေသယောင် စကားပြောနေပြီဆိုရင် သူတို့ဟာ ဝိဉာဉ်တွေနဲ့ စကားပြောတာ ဖြစ်နိုင်ပါတယ်။

၁၁။ ကိုယ့်အသားကို ထိကိုင်တယ်လို့ ခံစားရခြင်းတချို့ဆိုရင် ဆွဲစိတ်သလိုတောင် ခံစားရတယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ဒီလိုဖြစ်ရပ်မျိုးဖြစ်တာ ရှားပါးပါတယ်။

၁၂။ တီးတိုးသံ

မသဲမကွဲအသံတွေ ဒါမှမဟုတ် ဂီတသံတွေ ကြားရတယ်ဆိုရင် သင့်အိမ်ထဲကို ဝိဉာဉ်တွေဝင်လာပြီး သင်နဲ့ ဆက်သွယ်ဖို့ ကြိုးစားတာ ဖြစ်နိုင်ပါတယ်။
Credit: Original Uploader

No comments:

Post a Comment