Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 23, 2018

ျမန္မာျပည္ကဒီကံေတြက်ဴးလြန္အားမ်ားလို႔… ဆရာေတာ္ၾကီး သတိေပးေလျပီ


 ျမန္မာျပည္ကဒီကံေတြက်ဴးလြန္အားမ်ားလို႔

ဒီအျပစ္ေတြအတြက္ကံနိမ့္တဲ့ေဒသေတြရယ္ အႏွံ႔အျပားခပ္မ်ားမ်ားမွာ ေဘးဒဏ္သင့္ေနၾက၏လို႔ထင္မိပါသည္။

🔵 ေတာင္ၿပိဳ ကမ္းၿပိဳ

🔵 ေရႀကီး

🔵 မီးႀကီးေလာင္

🔵 ငလ်င္လႈပ္ခတ္

🔵 မိုးသီးမိုးခဲ(ဂဲ)မွန္

🔵 ေလျပင္းမုန္တိုင္းက် … စသည္ ..စသည္ ..

⃣ ဗဟုသုတအေနနဲ႕ေျပာျပခ်င္ပါတယ္။ အရိယာပုဂၢိဳလ္မွန္းသိသည္ ျဖစ္ေစ .. မသိ္သည္ျဖစ္ေစ ယုတ္မာ ေသာ စိတ္ထားျဖင့္စြပ္စြဲ ကဲ႕ရဲ႕ျခင္း ကိုေခၚပါတယ္။

■ ခုအေျခအေနဟာရဟန္းေတြကို ဘာသာျခားေတြတင္မကဗုဒၶ ဘာသာ ဝင္ေတြ ကိုယ္တိုင္ပုတ္ခတ္ ေစာ္ကားေျပာေနႀကပါတယ္။ ဘာသာျခားေတြကိုေတာ့ မေျပာလိုေတာ့ပါဘူး ဗုဒၶဘာသာဝင္ေတြ အတြက္ ေျပာခ်င္ပါတယ္။ ဗုဒၶဘာသာဝင္ေတြရဲ႕ ပန္းတိုင္ဟာနိဗၺာန္မဂ္ဖိုလ္ရဖို႕ပါ။

■ ေရာက္ေအာင္ လည္းႀကိဳးစားအားထုတ္ေနတဲ႔ သူေတြရွိပါတယ္။ မိမိကိုယ္တိုင္ မဂ္ဖိုလ္ေရာက္ ေႀကာင္း တရားက်င့္ေနျပီဆိုရင္ေတာ႔ ့ဒီကံမထိုက္ေအာင္ ကိုယ့္ႏႈတ္ကို ထိန္းႀကပါ။

■ ဒီကံထိုက္သြားရင္ေတာ့ တရားအားမထုတ္နဲ႕ေတာ့မရေတာ့ပါဘူး။ လူအရိယာ ရဟန္းအရိယာကို သူတို႕မွာ တရား မရွိဘူး။ ရဟန္းကိုလည္း ရဟန္းမဟုတ္ဘူး။ ရဟန္းတရားမရွိဘူးလို႕ သိသိမသိသိ စြပ္စြဲေျပာရင္ အရိယူပဝါဒႏၲရာယ္ ထိုက္ပါတယ္ ။ ဒီကံ ဟာ သိပ္ေႀကာက္စရာေကာင္းပါတယ္။

■ ဒါေႀကာင့္သူမ်ားဆုိရင္ အျပစ္မေျပာတာ အေကာင္းဆံုးပါ။ ကိုယ္အျပစ္ေျပာလိုက္တဲ႕သူဟာ အရိယာမဟုတ္သည့္တိုင္ ေကာင္းေကာင္းမြန္မြန္ေနျပီး သီလေစာင့္တဲ႔ပုဂၢိဳလ္ျဖစ္ေနရင္လည္း အရိယူပဝါဒကံနီးပါး အျပစ္ႀကီးတယ္လိ႕ုဆိုပါတယ္။

🔴 တစ္ခုသတိထားဖို႕က လူေတြအေနနဲ႕ ဝိနည္းဆိုတာ တကယ္နားမလည္ႀကပဲႀကားဖူးနားဝ ရွိရံုေလးနဲ႕ ဘုန္းႀကီးတစ္ပါး ညစာစားတာျမင္တယ္။ ပြဲႀကည့္ေနတာျမင္ျပီး လႊတ္ကနဲ (ညစာစား – ပြဲႀကည့္ေနတာ ဘယ္ဘုန္းႀကီးဟုတ္မလဲ) မေျပာမိပါေစနဲ႕ ညစာစား ပြဲႀကည့္ အရက္ေသာက္ေသာက္ ဘုန္းႀကီးဟာဘုန္းႀကီးပါပဲ။

🔴 ဘုန္းႀကီးမဟုတ္ဘူးလို႕ သြားမေျပာမိေစနဲ႕ (#မေကာင္းတဲ့_ဘုန္းႀကီးေတာ့_ဟုတ္တယ္ေပါ့ )

ဘုန္းႀကီး မဟုတ္ဘူးဆိုတာ ပါရာဇိကက်မွွ(ေမထုန္မွီဝဲ သူမ်ားပစၥည္း ခိုး လူသတ္ ကိုယ့္မွာ မရွိတဲ႕ စ်ာန္မဂ္ဖိုလ္ ရွိတယ္ လိမ္ေျပာ) ဘုန္းႀကီးမဟုတ္တာပါ။ တျခားသိကၡာပုဒ္ က်ဴးလြန္ထားရင္ ရဟန္းေတာ့ ရဟန္းပါပဲ တျခားက်ဴးလြန္ထားတာေတြကို ကုစားရင္ ရပါတယ္္။

● ေဒသနာႀကားတယ္ ဒဏ္ထမ္းတယ္ေခၚတယ္ လိမ္ေျပာရင္ေတာင္ ပါစိတ္အာပတ္ သင့္ျပီး အာပတ္ေျဖရင္ရပါတယ္္။ ရဟန္းကို ရဟန္းမဟုတ္ဘူးလို႔ေျပာတာဟာ ဒီကံနီးပါးအျပစ္ႀကီးတယ္။ အရိယာျဖစ္ေနရင္ေတာ့ ပိုဆိုးတာေပါ့ေလ။

● လူေတြအေနနဲ႕ အလြန္ဆံုးေဆာက္တည္နိုင္ရင္ (၁၀)ပါးသီလ။ ဒီထက္ေအာက္(၈)ပါး (၅)ပါး။ (၅)ပါးသီလေတာင္ အခုခါမွာ အနိုင္နိုင္ထိန္းႀကရတယ္။

● ရဟန္းဆိုတာ သိကၡာပုဒ္ေတြ က်ဴးလြန္ေနဦးေတာ့ သူ႕မွာအမ်ားႀကီး က်န္ေသးတယ္။ ကိုယ့္ထက္ေတာ့ မ်ားေသးတယ္ေပါ့။ လူကေနဘုန္းႀကီးတင္မဟုတ္ဘူး ဘုန္းႀကီး အခ်င္းခ်င္းလည္း မေျပာမိပါေစနဲ႕။ အခ်င္းခ်င္းဆိုေတာ့ အျပစ္မရွိဘူး ထင္တတ္ႀကတယ္။ ဟိုရဟန္းက စ်န္မဂ္ဖိုလ္ ရျပီးသားဆို ဘယ့္နွယ့္လုပ္မလဲေနာ္။ ဒါေႀကာင့္ အရိယူပဝါဒႏၲရာယ္ဆိုတာ အလြန္ေႀကာက္စရာ ေကာင္းတာေၾကာင့္ သတိထားႀကပါ။

🗼 (#ေဒါက္တာအရွင္နႏၵမာလာဘိဝံသ) 🗼

(ပါေမာကၡခ်ဳပ္ဆရာေတာ္အျပည္ျပည္ဆိုင္ရာေထရဝါဒဗုဒၶသာသနာျပဳတကၠသိုလ္) ၏အဘိဓမၼာသင္တန္းပို႕ ခ်ခ်က္မ်ားဒုတိယတြဲ မွေကာက္ႏႈတ္၍ေရးသားပါသည္။

(နိဗၺာနပစၥေယာေဟာတု)
Credit: သဗၺဒါနံ_ဓမၼဒါနံ_ဇိနာတိ
# Unicode Version ျဖင့္ ဖတ္ပါ #
 မြန်မာပြည်ကဒီကံတွေကျူးလွန်အားများလို့

ဒီအပြစ်တွေအတွက်ကံနိမ့်တဲ့ဒေသတွေရယ် အနှံ့အပြားခပ်များများမှာ ဘေးဒဏ်သင့်နေကြ၏လို့ထင်မိပါသည်။

🔵 တောင်ပြို ကမ်းပြို

🔵 ရေကြီး

🔵 မီးကြီးလောင်

🔵 ငလျင်လှုပ်ခတ်

🔵 မိုးသီးမိုးခဲ(ဂဲ)မှန်

🔵 လေပြင်းမုန်တိုင်းကျ … စသည် ..စသည် ..

⃣ ဗဟုသုတအနေနဲ့ပြောပြချင်ပါတယ်။ အရိယာပုဂ္ဂိုလ်မှန်းသိသည် ဖြစ်စေ .. မသိသည်ဖြစ်စေ ယုတ်မာ သော စိတ်ထားဖြင့်စွပ်စွဲ ကဲ့ရဲ့ခြင်း ကိုခေါ်ပါတယ်။

■ ခုအခြေအနေဟာရဟန်းတွေကို ဘာသာခြားတွေတင်မကဗုဒ္ဓ ဘာသာ ဝင်တွေ ကိုယ်တိုင်ပုတ်ခတ် စော်ကားပြောနေကြပါတယ်။ ဘာသာခြားတွေကိုတော့ မပြောလိုတော့ပါဘူး ဗုဒ္ဓဘာသာဝင်တွေ အတွက် ပြောချင်ပါတယ်။ ဗုဒ္ဓဘာသာဝင်တွေရဲ့ ပန်းတိုင်ဟာနိဗ္ဗာန်မဂ်ဖိုလ်ရဖို့ပါ။

■ ရောက်အောင် လည်းကြိုးစားအားထုတ်နေတဲ့ သူတွေရှိပါတယ်။ မိမိကိုယ်တိုင် မဂ်ဖိုလ်ရောက် ကြောင်း တရားကျင့်နေပြီဆိုရင်တော့ဒီကံမထိုက်အောင် ကိုယ့်နှုတ်ကို ထိန်းကြပါ။

■ ဒီကံထိုက်သွားရင်တော့ တရားအားမထုတ်နဲ့တော့မရတော့ပါဘူး။ လူအရိယာ ရဟန်းအရိယာကို သူတို့မှာ တရား မရှိဘူး။ ရဟန်းကိုလည်း ရဟန်းမဟုတ်ဘူး။ ရဟန်းတရားမရှိဘူးလို့ သိသိမသိသိ စွပ်စွဲပြောရင် အရိယူပဝါဒန္တရာယ် ထိုက်ပါတယ် ။ ဒီကံ ဟာ သိပ်ကြောက်စရာကောင်းပါတယ်။

■ ဒါကြောင့်သူများဆိုရင် အပြစ်မပြောတာ အကောင်းဆုံးပါ။ ကိုယ်အပြစ်ပြောလိုက်တဲ့သူဟာ အရိယာမဟုတ်သည့်တိုင် ကောင်းကောင်းမွန်မွန်နေပြီး သီလစောင့်တဲ့ပုဂ္ဂိုလ်ဖြစ်နေရင်လည်း အရိယူပဝါဒကံနီးပါး အပြစ်ကြီးတယ်လိ့ုဆိုပါတယ်။

🔴 တစ်ခုသတိထားဖို့က လူတွေအနေနဲ့ ဝိနည်းဆိုတာ တကယ်နားမလည်ကြပဲကြားဖူးနားဝ ရှိရုံလေးနဲ့ ဘုန်းကြီးတစ်ပါး ညစာစားတာမြင်တယ်။ ပွဲကြည့်နေတာမြင်ပြီး လွှတ်ကနဲ (ညစာစား – ပွဲကြည့်နေတာ ဘယ်ဘုန်းကြီးဟုတ်မလဲ) မပြောမိပါစေနဲ့ ညစာစား ပွဲကြည့် အရက်သောက်သောက် ဘုန်းကြီးဟာဘုန်းကြီးပါပဲ။

🔴 ဘုန်းကြီးမဟုတ်ဘူးလို့ သွားမပြောမိစေနဲ့ (#မကောင်းတဲ့_ဘုန်းကြီးတော့_ဟုတ်တယ်ပေါ့ )

ဘုန်းကြီး မဟုတ်ဘူးဆိုတာ ပါရာဇိကကျမှှ(မေထုန်မှီဝဲ သူများပစ္စည်း ခိုး လူသတ် ကိုယ့်မှာ မရှိတဲ့ ဈာန်မဂ်ဖိုလ် ရှိတယ် လိမ်ပြော) ဘုန်းကြီးမဟုတ်တာပါ။ တခြားသိက္ခာပုဒ် ကျူးလွန်ထားရင် ရဟန်းတော့ ရဟန်းပါပဲ တခြားကျူးလွန်ထားတာတွေကို ကုစားရင် ရပါတယ်။

● ဒေသနာကြားတယ် ဒဏ်ထမ်းတယ်ခေါ်တယ် လိမ်ပြောရင်တောင် ပါစိတ်အာပတ် သင့်ပြီး အာပတ်ဖြေရင်ရပါတယ်။ ရဟန်းကို ရဟန်းမဟုတ်ဘူးလို့ပြောတာဟာ ဒီကံနီးပါးအပြစ်ကြီးတယ်။ အရိယာဖြစ်နေရင်တော့ ပိုဆိုးတာပေါ့လေ။

● လူတွေအနေနဲ့ အလွန်ဆုံးဆောက်တည်နိုင်ရင် (၁၀)ပါးသီလ။ ဒီထက်အောက်(၈)ပါး (၅)ပါး။ (၅)ပါးသီလတောင် အခုခါမှာ အနိုင်နိုင်ထိန်းကြရတယ်။

● ရဟန်းဆိုတာ သိက္ခာပုဒ်တွေ ကျူးလွန်နေဦးတော့ သူ့မှာအများကြီး ကျန်သေးတယ်။ ကိုယ့်ထက်တော့ များသေးတယ်ပေါ့။ လူကနေဘုန်းကြီးတင်မဟုတ်ဘူး ဘုန်းကြီး အချင်းချင်းလည်း မပြောမိပါစေနဲ့။ အချင်းချင်းဆိုတော့ အပြစ်မရှိဘူး ထင်တတ်ကြတယ်။ ဟိုရဟန်းက ဈန်မဂ်ဖိုလ် ရပြီးသားဆို ဘယ့်နှယ့်လုပ်မလဲနော်။ ဒါကြောင့် အရိယူပဝါဒန္တရာယ်ဆိုတာ အလွန်ကြောက်စရာ ကောင်းတာကြောင့် သတိထားကြပါ။

🗼 (#ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ) 🗼

(ပါမောက္ခချုပ်ဆရာတော်အပြည်ပြည်ဆိုင်ရာထေရဝါဒဗုဒ္ဓသာသနာပြုတက္ကသိုလ်) ၏အဘိဓမ္မာသင်တန်းပို့ ချချက်များဒုတိယတွဲ မှကောက်နှုတ်၍ရေးသားပါသည်။

(နိဗ္ဗာနပစ္စယောဟောတု)
Credit: သဗ္ဗဒါနံ_ဓမ္မဒါနံ_ဇိနာတိ

No comments:

Post a Comment