Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, May 3, 2018

သံဃာေတာ္ေတြကို ျပစ္မွားလို႔ လက္ရွိဘ၀မွာပင္ ခံစားရတဲ့အကုသိုလ္ တရားေတြပါ


ျမတ္ဗုဒၶသည္သည္လည္း အလွဴခံပုဂၢိဳလ္ဘက္က မစင္ၾကယ္ေသာ္လည္း အလွဴေပးပုဂၢိဳလ္ဘက္က စင္ၾကယ္ လွ်င္ အက်ဳိးႀကီးသည္ဟု ေဟာၾကားေတာ္မူခဲ့ပါသည္။ ဤသို႕မဟုတ္ဘဲ မိမိျမင္ဖူးၾကားဖူး ေတြ႕ဖူးသည့္ ရဟန္းတစ္ခ်ဳိ႕ကို ၾကည့္၍ ရဟန္းအားလံုးအတူတူပဲဟု သတ္မွတ္ၿပီး ျပစ္မွားမိပါက ရန္မီးေလာင္ခံရသည့္ အေၾကာင္းကို ေအာက္ပါျဖစ္ရပ္ မွန္ဇာတ္လမ္းအားထပ္မံ၍ တင္ျပပါဦးမည္။

“ ႏႈတ္မေစာင့္ေသာ မိန္းမေခ်ာ”

ရံုးဆင္းခ်ိန္ျဖစ္သည့္အတြက္ လိုင္းကားေပၚတြင္ ခရီးသည္မ်ား ျပည့္က်ပ္ေနသည္။ ကားေပၚတြင္ သက္ေတာ္သံုး ဆယ္၀န္းက်င္ခန္႕သာရွိေသးသည့္ ရဟန္းတစ္ပါးလည္းလိုက္ပါလာသည္။ ကားအေရွ႕ပိုင္းရွိ “သံဃာေတာ္မ်ားကို ဦးစားေပးပါ”ထိုင္ခံုတြင္လည္း ဦးထားသည့္သူကရွိေနသည္။

ထို႕အျပင္ထိုေနရာသို႕ေရာက္ေအာင္သြားဖို႕က ျပည့္က်ပ္ေနသည့္လူေတြထဲ တိုးေဝွ႕၍သြားရမည္ ျဖစ္သည့္ အတြက္ မလြယ္ကူလွေပ။ ၿပီးေတာ့မၾကာမီ ဆင္းရမည့္မွတ္တိုင္သို႕ေရာက္ေတာ့မည္ျဖစ္ေသာေၾကာင့္ အလယ္ေလာက္မွာ ပင္ အေပၚတန္းကိုကိုင္၍ လိုက္ပါလာခဲ့သည္။

လိုင္းကားကထံုးစံအတိုင္း ေနာက္ကားေက်ာ္မတက္ေအာင္ အျပင္းေမာင္းေနသည္။ တစ္ခါတစ္ရံ ဘရိတ္ တစ္ခ်က္ ေဆာင့္အနင္းတြင္ အေပၚတန္းကိုကိုင္ထားသည့္ၾကားထဲက ရဟန္းေတာ္၏ ခႏၶာကိုယ္က ေရွ႕သို႕ယိုင္ကာ ပါသြားျပန္သည္။ ျပႆနာက ဤေနရာမွအစျပဳျခင္းျဖစ္သည္။

ရဟန္းေတာ္ႏွင့္အနီးဆံုးေနရာတြင္ အသက္ႏွစ္ဆယ္ေက်ာ္သံုးဆယ္ဝန္းက်င္ခန္႕ မိန္းမေခ်ာေလး တစ္ဦးရွိသည္။ ကားဘရိတ္တစ္ခ်က္ေဆာင့္အနင္းတြင္း အႏွီမိန္းမေခ်ာႏွင့္မေတာ္တဆ ထိခိုက္မိသြားေလေတာ့သည္။ ဤတြင္ မိန္းမေခ်ာ ကအေတြးတစ္မ်ဳိးေပါက္သြားပံုရသည္။ သို႕တည္းမဟုတ္ ရဟန္းႏွင့္မသင့္ေတာ္ မေလ်ာက္ပတ္သည့္လုပ္ရပ္မ်ားကို ျပဳလုပ္ေနသည့္ ရဟန္းတစ္ပါးတစ္ေလကို ေတြ႕ဖူး ၾကားဖူးဟန္တူသည္။

ထိုအသိအျမင္ကိုပင္ အမွန္ဟုယူဆထားဟန္တူသည့္ မိန္းမေခ်ာသည္ ရဟန္းေတာ္ကို ကက္ကက္လန္ေအာင္ ရန္ေတြ႕ေတာ့သည္။ ရဟန္းေတာ္က အက်ဳိးအေၾကာင္းရွင္းျပသည္။ မိန္းမေခ်ာက လက္မခံ။ ဆက္၍ ရန္ေတြ႕ေနသည္။ မၾကာမီ မွတ္တိုင္သို႕ေရာက္လာသည့္အတြက္ ရဟန္းေတာ္လည္း ရွက္ရွက္ႏွင္ပင္ ကားေပၚကဆင္းသြားေတာ့သည္။ မိန္းမေခ်ာကမူ လိုင္းကားႏွင့္ ဆက္၍လိုက္ပါသြားသည္။ထိုမိန္းမေခ်ာလည္း ဆင္းရမည့္မွတ္တိုင္သို႕ေရာက္သည္ႏွင့္ ဆင္းသြားၿပီး ပလက္ေဖာင္းေပၚမွာေလွ်ာက္ေန သည္။ဤတြင္ မျပစ္မွားသင့္ မျပစ္မွားထိုက္သည့္ ရဟန္းကို ျပစ္မွားမိသည့္ မိန္းမေခ်ာကို အကုသိုလ္ကံၾကမၼာက မညွာမတာပင္ ဒဏ္ခတ္လိုက္ေလေတာ့သည္။

ျဖစ္ပံုကား ပလက္ေဖာင္းေပၚတြင္ေလွ်ာက္သြားေနသည့္ ႏႈတ္မေစာင့္ေသာ မိန္းမေခ်ာကို ယဥ္ေၾကာအတိုင္း ေမာင္းလာသည့္ ကားတစ္စီးက မည္သို႕ျဖစ္မွန္းမသိ မခန္႕မွန္းႏိုင္မီမွာပင္ ဝင္တိုက္လိုက္ျခင္းပင္ျဖစ္ပါသည္။ မိန္းမေခ်ာ ကားေနရာမွာပင္ ပဲြခ်င္းၿပီး ကိစၥေခ်ာသြားေလၿပီတည္း။ မျပစ္မွားသင့္ မျပစ္မွားထိုက္သည့္ ရဟန္းသံဃာေတာ္အား ႏႈတ္ျဖင့္ လြန္လြန္က်ဴးက်ဴး ေစာ္ကားခဲ့သည့္အတြက္ တန္ျပန္သက္ေရာက္မႈဆိုးက်ဳိးကို ခ်က္ျခင္းခံစားခဲ့ရျခင္း ပင္ျဖစ္သည္။

“ေကာကမုဆုိး၏ ဇာတ္သိမ္းခန္း”

အမဲလိုက္ေခြးမ်ားႏွင့္အတူ ေတာထဲသို႕ အမဲလိုက္ရန္ မုဆိုးႀကီးေကာက ထြက္လာသည္။ လမ္းခရီးတြင္ ရြာထဲသို႕ ဆြမ္းခံၾကြေတာ္မူလာသည့္ ရဟန္းတစ္ပါးႏွင့္မ်က္ႏွာခ်င္းဆိုင္ ေတြ႕ဆံုမိသည္။ ဤတြင္ ၾကည္ညိဳဖြယ္ရာ ရဟန္း ေတာ္ကို ဖူးေတြ႕ရေသာ္လည္း စိတ္ထားမေကာင္းသည့္ ေကာက တစ္ေယာက္ကား အကုသိုလ္ကို ေစ်းေပါေပါႏွင့္ ဝယ္ယူ လိုက္ေလေတာ့သည္။

“ေတာက္- ဒီေန႕က်ခါမွ ဒီသူယုတ္ေတြကို ေတြ႕ေနရတယ္၊ မဂၤလာမရွိလိုက္တာ၊ ဒီေန႕ေတာ့ သားေကာင္ တစ္ေကာင္မွ ရမယ္မထင္ဘူး “

ေကာက၏ ေဒါသတၾကီးေျပာဆိုလိုက္သည့္ စကားမ်ားသာ။ ဤသို႕ျဖင့္ ေတာထဲသို႕ေရာက္လာၿပီး သားေကာင္ ရွာေဖြပါေသာ္လည္း အခ်ိန္သာ ကုန္သြားသည္။ သားေကာင္တစ္ေကာင္မွ မရေသးေပ။ ထိုအခါ လမ္းမွာေတြ႕ျမင္ခဲ့ရသည့္ ရဟန္းေတာ္အေပၚ ေဒါသပိုၿပီးထြက္လာသည္။

ေဒါသကို ရင္မွာပိုက္ၿပီး ရြာသို႕ျပန္လာခဲ့ရာ ေကာကတစ္ေယာက္ တိုက္တိုက္ဆိုင္ဆိုင္ပင္ ရြာထဲမွ ဆြမ္းခံျပန္ၾကြ လာသည့္ ရဟန္းေတာ္ႏွင့္ ဆံုမိျပန္ေလသည္။ သည္အခါ ေဒါသအေပၚေဒါသဆင့္လာသည့္အတြက္ အမဲလိုက္ေခြးမ်ားကို ရႈးတိုင္၍ ရဟန္းေတာ္ကို ကိုက္သတ္ရန္ ေစခိုင္းလိုက္ေတာ့သည္။

ရဟန္းေတာ္ေလးသည္လည္းအသက္ေဘးေၾကာင့္ထန္႕လန္႕ကာထြက္ေျပးရွာသည္။မလြတ္သည့္အဆံုးတြင္နီးစပ္ရာသစ္ပင္တစ္ပင္ေပၚလွ်င္ျမန္စြာ ေျပးတက္သြားသည္။ ေကာက၏ ေဒါသကအရွိန္ေကာင္းေနဆဲ။ ထို႕ေၾကာင့္ သစ္ပင္ေအာက္မွေန၍ ျမွားဆူးခၽြန္တို႕ျဖင့္ ရဟန္းေတာ္ေလး၏ ေျခဖဝါးႏွစ္ဖက္အား အၾကိမ္မ်ားစြာ ထိုးလိုက္သည္။

ရဟန္းေတာ္ေလးသည္လည္း အသည္းခိုက္မတတ္ နာက်င္လွသည့္အတြက္ ကိုယ္ရံုသကၤန္းကိုမွ် ထိန္းသိမ္းႏိုင္ စြမ္းမရွိေတာ့ဘဲ ေအာက္သို႕ကၽြတ္က်သြားေလေတာ့သည္။ သကၤန္းသည္အေဝးသို႕မလြင့္သြားဘဲ ရဟန္းေတာ္ေျခဖဝါးကို ျမွားျဖင့္ထိုးဆြေနသည့္ ေကာကမုဆိုး၏ေခါင္းေပၚသို႕ လႊမ္းၿခံဳလ်က္သား က်သြားေလၿပီတည္း။

ဤတြင္ သစ္ပင္ေပၚမွ ရဟန္းေတာ္ေလအား ေဒါသတၾကီး မာဖီဟိန္းေဟာက္ေနၾကသည့္ ေခြးႀကီးမ်ားသည္ သခင္ ျဖစ္သူ ေကာကမုဆိုးအား သစ္ပင္ေပၚမွ ျပဳတ္က်လာသည့္ ရဟန္းဟုထင္မွတ္ၿပီး ဝိုင္းဝန္းကိုက္ခဲၾကေလေတာ့သည္။ အကုသိုလ္အက်ဳိးေပးကား ျမန္ဆန္လြန္းလွသည္။ ေကာကမုဆိုးတစ္ေယာက္ သူ႕အမဲလိုက္ေခြးကိုက္ခဲရကာ အေသဆိုး ႏွင့္ေသခဲ့ရရွာေလၿပီ။ ေသသည္ႏွင့္တၿပိဳင္နက္ ရဟန္းသံဃာအေပၚ ကံသံုးပါးတို႕ျဖင့္ ျပစ္မွားမိခဲ့သည့္အတြက္ အဝီစိငရဲ သို႕က်သြားရွာေလေတာ့သတည္း။

“ငရဲသြားသည့္ ရြဲသမား”

သာဝတၳိေရႊၿမိဳ႕ေတာ္တစ္ေနရာရွိ ရဲြသမား၏ေနအိမ္ထဲတြင္ျဖစ္သည္။ ဆြမ္းခံထြက္ခ်ိန္ျဖစ္သည့္အတြက္ သူကိုးကြယ္ဆည္းကပ္လွဴဒါန္းေနသည့္ တိႆမေထရ္ျမတ္သည္လည္း အိမ္သို႕ၾကြေတာ္မူလာခိုက္တြင္ပဲျဖစ္သည္။ ထို အခ်ိန္တြင္ ရဲြသမာားက မေထရ္ျမတ္ေရွ႕မွာပင္ ဟင္းလ်ာအသားကို လွီးေနသည္။

သည္အခိုက္မွာပင္ ေကာသလမင္းႀကီး ပို႕ဆက္လာသည့္ ပတၱျမားတစ္လံုးက ေရာက္ရွိလာသည္။ ပတၱျမားကို ေသြး၍ အေပါက္ေဖာက္ေပးရမည့္တာဝန္က သူ႕တာဝန္ပင္ျဖစ္သည္။ ရဲြသမားလည္း ေသြးလူးေနသည့္လက္ႏွင့္ ပတၱျမား ကိုေကာက္ကိုင္လိုက္ၿပီး စဥ္းတီးတံုးေပၚတြင္ တင္ထားလိုက္သည္။

ျဖစ္ခ်င္ေတာ့ အိမ္တြင္ေမြးထားသည့္ ႀကိဳးၾကာငွက္သည္ ေသြးလူးေနသည့္ ပတၱျမားကို ဟင္းလ်ာသားဟုထင္ကာ မေထရ္ျမတ္ေရွ႕မွာပင္ ေကာက္မ်ဳိခ်လုိက္ေလသည္။ ရဲြသမားသည္ အိမ္ထဲမွထြက္လာၿပီး ပတၱျမားကို မေတြ႕သည့္အခါ တြင္ကား-

“ပတၱျမားကို ဘယ္သူယူသြားသလဲေဟ့”ဟု အိမ္သူ အိမ္သားတို႕ကို ေမးျမန္းလိုက္သည္။ အိမ္သူအိမ္သားမ်ားက မယူဟု ဆိုသည့္အခါ ဆရာသခင္ မေထရ္ျမတ္အေပၚ ရဲြသမား အထင္လဲြလာေတာ့သည္။ ထိုေၾကာင့္

“အရွင္ဘုရား ပတၱျမား ယူထားတာလား”

ဤတြင္ ဇနီးျဖစ္သူက ဝင္ေရာက္ေျပာဆိုလာသည္။ “ေယာက္က်ား ဒီလိုမေျပာပါနဲဲ႕ ၊အရွင္ျမတ္ကေတာ့ ယူမွာ မဟုတ္ပါဘူး”

မယားကသာ ေျပာေသာ္လည္း အနားတြင္ မေထရ္ျမတ္သာရွိသည့္အတြက္ အျမင္က မၾကည္လင္ႏိုင္ရွာေပ။

”စဥ္းတီတံုးေပၚတင္ထားတဲ့ ပတၱျမားကို အရွင္ဘုရား ယူထားလား”

”ရဟန္း မယူဘူး၊ ဒကာေတာ္”

” ဒီနားမွာ အရွင္ဘုရားကလဲြလို႕ ဘယ္သူမွ ရွိတာမဟုတ္ဘူး၊ အရွင္ဘုရားမယူရင္ ဘယ္သူယူမွာလဲ၊ ယူထားတဲ့ ပတၱျမားကို ျပန္ေပးပါ ဘုရား”

မေထရ္ျမတ္က ဝန္မခံသည့္အခါ ရဲြသမားသည္ မယားကိုၾကည့္ၿပိး သူ႕အထင္ကိုေျပာဆိုလိုက္ျပန္သည္။

” မိန္းမေရ .. ငါ့ေတာ့အရွင္ဘုရား ယူထားတယ္လို႕ပဲထင္တယ္၊ ပတၱျမားျပန္ရေအာင္ ႏွိပ္စက္ေမးမွျဖစ္ေတာ့ မယ္”

” အိုေယာက္က်ားရယ္၊ ကၽြန္မတို႕ ဒုကၡေရာက္ေအာင္ မလုပ္ပါနဲ႕၊ ကၽြန္မတိုကအားလံုး ကၽြန္ဘဝ ေရာက္ခ်င္ ေရာက္ပါေစ ၊ အရွင္ျမတ္ကိုေတာ့ မႏွိက္စက္ပါနဲ႕ ရွင္ရယ္”

” ေတာ္-ေတာ္ ရွင္မ၊ ငါတို႕တစ္အိမ္သားလံုးေရာင္းေတာင္မွ ပတၱျမားဖိုးရမွာမဟုတ္ဘူး၊ဘာမွလာေျပာမေနနဲ႕၊ ရဟန္းကိုႏွိပ္စက္ၿပီး စစ္ေဆးရမယ္”

ရဲြသမားသည္ ဤသို႕ေျပာဆိုၿပီးသည္ႏွင့္ခ်က္ခ်င္းၿပီး ၾကိဳးျဖင့္ မေထရ္ျမတ္၏ ဦးေခါင္းကို ရစ္ပတ္ခ်ည္ေႏွာင္ကာ တုတ္ျဖင့္ရိုက္ႏွက္ေလေတာ့သည္။ မေထရ္ျမတ္၏ ေခါင္း၊ႏွာေခါင္းနား တို႕မွ ေသြးမ်ားထြက္လာၾက သည္။မ်က္စိအစံုသည္ ေပါက္ထြက္မတတ္ နာက်င္စြာ ေဝဒနာကိုခံစားလ်က္ကပင္ ပစ္လဲက်သြားရွာသည္။

ဤတြင္ ေမြးထားေသာ ႀကိဳးၾကာငွက္သည္ ေသြးနံ႕ရေသာေၾကာင့္ ေျပးလာကာ ေသြးကိုေသာက္သည္။ ရဲြသမားသည္ ေဒါသျဖစျ္ဖစ္ႏွင့္ ႀကိဳးၾကာကို ေျခေထာက္ႏွင့္ ေဆာင့္ကန္လိုက္ရာ ႀကိဳးၾကာငွက္လည္း တစ္ခ်က္တည္းႏွင့္ ေသသြားေတာ့သည္။ ႀကိဳးၾကာငွက္ေသသြားသည္ကို ျမင္သည့္ အခါက်မွ မေထရ္ျမတ္သည္-

”ဒကာေတာ္၏ ပတၱျမားကို ရဟန္းယူျခင္း မဟုတ္၊ႀကိဳးၾကာေကာင္မ်ဳိထားျခင္းသာျဖစ္တယ္၊ တကယ္လို႕ ႀကိဳးၾကာငွက္သာ မေသဘူးဆိုရင္ ရဟန္းေသသြားေတာင္ ဒကာေတာ္ အေနနဲ႕ ပတၱျမားကို ျပန္ရမွာမဟုတ္ဘူး”

ႀကိဳးၾကာငွက္၏ ဝမ္းဗိုက္ထဲမွ ပတၱျမားကို ျပန္ရခဲ့ေလၿပီ။ သည္အခါက်မွ ရဲြသမားသည္ အမွားႀကီး မွားခဲ့ၿပီမွန္း သိရွိသြားၿပီး ေနာင္တမ်ားႏွင့္အတူ မေထရ္ျမတ္ကို ေတာင္းပန္ရွာသည္။

”တကာေတာ္ သင့္တြင္အျပစ္မရွိ၊အတိတ္ဝဋ္ေၾကြးေၾကာင့္သာလွ်င္ ရဟန္းယခုလို ခံစားရျခင္းျဖစ္တယ္၊ သင့္ အျပစ္ကို ရဟန္းသည္းခံပါတယ္”

မေထရ္ျမတ္သည္ ငရဲသြားမည့္ရဲြသမားႏွိပ္စက္သည့္ ဒဏ္ရာေၾကာင့္ပင္ မၾကာမီ ပရိနိဗၺာန္ျပဳရရွာသည္။ ႀကိဳးၾကာငွက္သည္ ရဲြသမား၏ မယားျဖစ္သူ၏ ဝမ္း၌ ပဋိသေႏၶယူသည္။ရဲြသမား၏ မယားသည္ စိတ္ထားႏူးညံ့သည့္ အတြက္ ေသသည့္အခါ နတ္ျပည္၌ ျဖစ္ရေသာ္လည္း ရဟႏၱာကို ျပစ္မွားခဲ့သည့္ ရဲြသမားသည္ကား ေသသည့္အခါ ငရဲသို႕ လားခဲ့ရရွာေလေတာ့သည္ ။

By – စိၾတရံသီ

အညႊန္း- ရဟန္းမစားေသာ ဆြမ္းတနပ္

တစ္စီးရွင္ သီဟသူ။။။။။။

ဦးဇင္းကုိ ရဟန္းေတြ အတြက္လည္း ေရးပါအုံးလုိ႔ ေျပာပါတယ္။ ရဟန္းဘက္ကေတာ့ သူကံတရား သူစီရင္ပါလိမ့္မယ္။ မိမိဒကာ၊ ဒကာမေတြ ကုိယ့္ဘက္စိတ္ထားတတ္ေအာင္ တင္ျပရျခင္းပါ။ လုိက္နာျခင္း၊ မလုိက္နာျခင္းကေတာ့ အျခားသူရဲ႕ က႑ပဲလုိ႔ မွတ္ပါတယ္။

အားလုံး ကုိယ္၊ စိတ္၊ ႏွလုံးရႊင္လန္းခ်မ္းေျမ႕ၾကပါေစ။

“ေဌး”သာမေဏေက်ာ္ဆရာေတာ္
Credit: ဓမၼရတနာ

#Unicode  Version#

မြတ်ဗုဒ္ဓသည်သည်လည်း အလှူခံပုဂ္ဂိုလ်ဘက်က မစင်ကြယ်သော်လည်း အလှူပေးပုဂ္ဂိုလ်ဘက်က စင်ကြယ် လျှင် အကျိုးကြီးသည်ဟု ဟောကြားတော်မူခဲ့ပါသည်။ ဤသို့မဟုတ်ဘဲ မိမိမြင်ဖူးကြားဖူး တွေ့ဖူးသည့် ရဟန်းတစ်ချို့ကို ကြည့်၍ ရဟန်းအားလုံးအတူတူပဲဟု သတ်မှတ်ပြီး ပြစ်မှားမိပါက ရန်မီးလောင်ခံရသည့် အကြောင်းကို အောက်ပါဖြစ်ရပ် မှန်ဇာတ်လမ်းအားထပ်မံ၍ တင်ပြပါဦးမည်။

“ နှုတ်မစောင့်သော မိန်းမချော”

ရုံးဆင်းချိန်ဖြစ်သည့်အတွက် လိုင်းကားပေါ်တွင် ခရီးသည်များ ပြည့်ကျပ်နေသည်။ ကားပေါ်တွင် သက်တော်သုံး ဆယ်ဝန်းကျင်ခန့်သာရှိသေးသည့် ရဟန်းတစ်ပါးလည်းလိုက်ပါလာသည်။ ကားအရှေ့ပိုင်းရှိ “သံဃာတော်များကို ဦးစားပေးပါ”ထိုင်ခုံတွင်လည်း ဦးထားသည့်သူကရှိနေသည်။

ထို့အပြင်ထိုနေရာသို့ရောက်အောင်သွားဖို့က ပြည့်ကျပ်နေသည့်လူတွေထဲ တိုးဝှေ့၍သွားရမည် ဖြစ်သည့် အတွက် မလွယ်ကူလှပေ။ ပြီးတော့မကြာမီ ဆင်းရမည့်မှတ်တိုင်သို့ရောက်တော့မည်ဖြစ်သောကြောင့် အလယ်လောက်မှာ ပင် အပေါ်တန်းကိုကိုင်၍ လိုက်ပါလာခဲ့သည်။

လိုင်းကားကထုံးစံအတိုင်း နောက်ကားကျော်မတက်အောင် အပြင်းမောင်းနေသည်။ တစ်ခါတစ်ရံ ဘရိတ် တစ်ချက် ဆောင့်အနင်းတွင် အပေါ်တန်းကိုကိုင်ထားသည့်ကြားထဲက ရဟန်းတော်၏ ခန္ဓာကိုယ်က ရှေ့သို့ယိုင်ကာ ပါသွားပြန်သည်။ ပြဿနာက ဤနေရာမှအစပြုခြင်းဖြစ်သည်။

ရဟန်းတော်နှင့်အနီးဆုံးနေရာတွင် အသက်နှစ်ဆယ်ကျော်သုံးဆယ်ဝန်းကျင်ခန့် မိန်းမချောလေး တစ်ဦးရှိသည်။ ကားဘရိတ်တစ်ချက်ဆောင့်အနင်းတွင်း အနှီမိန်းမချောနှင့်မတော်တဆ ထိခိုက်မိသွားလေတော့သည်။ ဤတွင် မိန်းမချော ကအတွေးတစ်မျိုးပေါက်သွားပုံရသည်။ သို့တည်းမဟုတ် ရဟန်းနှင့်မသင့်တော် မလျောက်ပတ်သည့်လုပ်ရပ်များကို ပြုလုပ်နေသည့် ရဟန်းတစ်ပါးတစ်လေကို တွေ့ဖူး ကြားဖူးဟန်တူသည်။

ထိုအသိအမြင်ကိုပင် အမှန်ဟုယူဆထားဟန်တူသည့် မိန်းမချောသည် ရဟန်းတော်ကို ကက်ကက်လန်အောင် ရန်တွေ့တော့သည်။ ရဟန်းတော်က အကျိုးအကြောင်းရှင်းပြသည်။ မိန်းမချောက လက်မခံ။ ဆက်၍ ရန်တွေ့နေသည်။ မကြာမီ မှတ်တိုင်သို့ရောက်လာသည့်အတွက် ရဟန်းတော်လည်း ရှက်ရှက်နှင်ပင် ကားပေါ်ကဆင်းသွားတော့သည်။ မိန်းမချောကမူ လိုင်းကားနှင့် ဆက်၍လိုက်ပါသွားသည်။ထိုမိန်းမချောလည်း ဆင်းရမည့်မှတ်တိုင်သို့ရောက်သည်နှင့် ဆင်းသွားပြီး ပလက်ဖောင်းပေါ်မှာလျှောက်နေ သည်။ဤတွင် မပြစ်မှားသင့် မပြစ်မှားထိုက်သည့် ရဟန်းကို ပြစ်မှားမိသည့် မိန်းမချောကို အကုသိုလ်ကံကြမ္မာက မညှာမတာပင် ဒဏ်ခတ်လိုက်လေတော့သည်။

ဖြစ်ပုံကား ပလက်ဖောင်းပေါ်တွင်လျှောက်သွားနေသည့် နှုတ်မစောင့်သော မိန်းမချောကို ယဉ်ကြောအတိုင်း မောင်းလာသည့် ကားတစ်စီးက မည်သို့ဖြစ်မှန်းမသိ မခန့်မှန်းနိုင်မီမှာပင် ဝင်တိုက်လိုက်ခြင်းပင်ဖြစ်ပါသည်။ မိန်းမချော ကားနေရာမှာပင် ပွဲချင်းပြီး ကိစ္စချောသွားလေပြီတည်း။ မပြစ်မှားသင့် မပြစ်မှားထိုက်သည့် ရဟန်းသံဃာတော်အား နှုတ်ဖြင့် လွန်လွန်ကျူးကျူး စော်ကားခဲ့သည့်အတွက် တန်ပြန်သက်ရောက်မှုဆိုးကျိုးကို ချက်ခြင်းခံစားခဲ့ရခြင်း ပင်ဖြစ်သည်။

“ကောကမုဆိုး၏ ဇာတ်သိမ်းခန်း”

အမဲလိုက်ခွေးများနှင့်အတူ တောထဲသို့ အမဲလိုက်ရန် မုဆိုးကြီးကောက ထွက်လာသည်။ လမ်းခရီးတွင် ရွာထဲသို့ ဆွမ်းခံကြွတော်မူလာသည့် ရဟန်းတစ်ပါးနှင့်မျက်နှာချင်းဆိုင် တွေ့ဆုံမိသည်။ ဤတွင် ကြည်ညိုဖွယ်ရာ ရဟန်း တော်ကို ဖူးတွေ့ရသော်လည်း စိတ်ထားမကောင်းသည့် ကောက တစ်ယောက်ကား အကုသိုလ်ကို ဈေးပေါပေါနှင့် ဝယ်ယူ လိုက်လေတော့သည်။

“တောက်- ဒီနေ့ကျခါမှ ဒီသူယုတ်တွေကို တွေ့နေရတယ်၊ မင်္ဂလာမရှိလိုက်တာ၊ ဒီနေ့တော့ သားကောင် တစ်ကောင်မှ ရမယ်မထင်ဘူး “

ကောက၏ ဒေါသတကြီးပြောဆိုလိုက်သည့် စကားများသာ။ ဤသို့ဖြင့် တောထဲသို့ရောက်လာပြီး သားကောင် ရှာဖွေပါသော်လည်း အချိန်သာ ကုန်သွားသည်။ သားကောင်တစ်ကောင်မှ မရသေးပေ။ ထိုအခါ လမ်းမှာတွေ့မြင်ခဲ့ရသည့် ရဟန်းတော်အပေါ် ဒေါသပိုပြီးထွက်လာသည်။

ဒေါသကို ရင်မှာပိုက်ပြီး ရွာသို့ပြန်လာခဲ့ရာ ကောကတစ်ယောက် တိုက်တိုက်ဆိုင်ဆိုင်ပင် ရွာထဲမှ ဆွမ်းခံပြန်ကြွ လာသည့် ရဟန်းတော်နှင့် ဆုံမိပြန်လေသည်။ သည်အခါ ဒေါသအပေါ်ဒေါသဆင့်လာသည့်အတွက် အမဲလိုက်ခွေးများကို ရှုးတိုင်၍ ရဟန်းတော်ကို ကိုက်သတ်ရန် စေခိုင်းလိုက်တော့သည်။

ရဟန်းတော်လေးသည်လည်းအသက်ဘေးကြောင့်ထန့်လန့်ကာထွက်ပြေးရှာသည်။မလွတ်သည့်အဆုံးတွင်နီးစပ်ရာသစ်ပင်တစ်ပင်ပေါ်လျှင်မြန်စွာ ပြေးတက်သွားသည်။ ကောက၏ ဒေါသကအရှိန်ကောင်းနေဆဲ။ ထို့ကြောင့် သစ်ပင်အောက်မှနေ၍ မြှားဆူးချွန်တို့ဖြင့် ရဟန်းတော်လေး၏ ခြေဖဝါးနှစ်ဖက်အား အကြိမ်များစွာ ထိုးလိုက်သည်။

ရဟန်းတော်လေးသည်လည်း အသည်းခိုက်မတတ် နာကျင်လှသည့်အတွက် ကိုယ်ရုံသင်္ကန်းကိုမျှ ထိန်းသိမ်းနိုင် စွမ်းမရှိတော့ဘဲ အောက်သို့ကျွတ်ကျသွားလေတော့သည်။ သင်္ကန်းသည်အဝေးသို့မလွင့်သွားဘဲ ရဟန်းတော်ခြေဖဝါးကို မြှားဖြင့်ထိုးဆွနေသည့် ကောကမုဆိုး၏ခေါင်းပေါ်သို့ လွှမ်းခြုံလျက်သား ကျသွားလေပြီတည်း။

ဤတွင် သစ်ပင်ပေါ်မှ ရဟန်းတော်လေအား ဒေါသတကြီး မာဖီဟိန်းဟောက်နေကြသည့် ခွေးကြီးများသည် သခင် ဖြစ်သူ ကောကမုဆိုးအား သစ်ပင်ပေါ်မှ ပြုတ်ကျလာသည့် ရဟန်းဟုထင်မှတ်ပြီး ဝိုင်းဝန်းကိုက်ခဲကြလေတော့သည်။ အကုသိုလ်အကျိုးပေးကား မြန်ဆန်လွန်းလှသည်။ ကောကမုဆိုးတစ်ယောက် သူ့အမဲလိုက်ခွေးကိုက်ခဲရကာ အသေဆိုး နှင့်သေခဲ့ရရှာလေပြီ။ သေသည်နှင့်တပြိုင်နက် ရဟန်းသံဃာအပေါ် ကံသုံးပါးတို့ဖြင့် ပြစ်မှားမိခဲ့သည့်အတွက် အဝီစိငရဲ သို့ကျသွားရှာလေတော့သတည်း။

“ငရဲသွားသည့် ရွဲသမား”

သာဝတ္ထိရွှေမြို့တော်တစ်နေရာရှိ ရွဲသမား၏နေအိမ်ထဲတွင်ဖြစ်သည်။ ဆွမ်းခံထွက်ချိန်ဖြစ်သည့်အတွက် သူကိုးကွယ်ဆည်းကပ်လှူဒါန်းနေသည့် တိဿမထေရ်မြတ်သည်လည်း အိမ်သို့ကြွတော်မူလာခိုက်တွင်ပဲဖြစ်သည်။ ထို အချိန်တွင် ရွဲသမာားက မထေရ်မြတ်ရှေ့မှာပင် ဟင်းလျာအသားကို လှီးနေသည်။

သည်အခိုက်မှာပင် ကောသလမင်းကြီး ပို့ဆက်လာသည့် ပတ္တမြားတစ်လုံးက ရောက်ရှိလာသည်။ ပတ္တမြားကို သွေး၍ အပေါက်ဖောက်ပေးရမည့်တာဝန်က သူ့တာဝန်ပင်ဖြစ်သည်။ ရွဲသမားလည်း သွေးလူးနေသည့်လက်နှင့် ပတ္တမြား ကိုကောက်ကိုင်လိုက်ပြီး စဉ်းတီးတုံးပေါ်တွင် တင်ထားလိုက်သည်။

ဖြစ်ချင်တော့ အိမ်တွင်မွေးထားသည့် ကြိုးကြာငှက်သည် သွေးလူးနေသည့် ပတ္တမြားကို ဟင်းလျာသားဟုထင်ကာ မထေရ်မြတ်ရှေ့မှာပင် ကောက်မျိုချလိုက်လေသည်။ ရွဲသမားသည် အိမ်ထဲမှထွက်လာပြီး ပတ္တမြားကို မတွေ့သည့်အခါ တွင်ကား-

“ပတ္တမြားကို ဘယ်သူယူသွားသလဲဟေ့”ဟု အိမ်သူ အိမ်သားတို့ကို မေးမြန်းလိုက်သည်။ အိမ်သူအိမ်သားများက မယူဟု ဆိုသည့်အခါ ဆရာသခင် မထေရ်မြတ်အပေါ် ရွဲသမား အထင်လွဲလာတော့သည်။ ထိုကြောင့်

“အရှင်ဘုရား ပတ္တမြား ယူထားတာလား”

ဤတွင် ဇနီးဖြစ်သူက ဝင်ရောက်ပြောဆိုလာသည်။ “ယောက်ကျား ဒီလိုမပြောပါနဲ့ ၊အရှင်မြတ်ကတော့ ယူမှာ မဟုတ်ပါဘူး”

မယားကသာ ပြောသော်လည်း အနားတွင် မထေရ်မြတ်သာရှိသည့်အတွက် အမြင်က မကြည်လင်နိုင်ရှာပေ။

”စဉ်းတီတုံးပေါ်တင်ထားတဲ့ ပတ္တမြားကို အရှင်ဘုရား ယူထားလား”

”ရဟန်း မယူဘူး၊ ဒကာတော်”

” ဒီနားမှာ အရှင်ဘုရားကလွဲလို့ ဘယ်သူမှ ရှိတာမဟုတ်ဘူး၊ အရှင်ဘုရားမယူရင် ဘယ်သူယူမှာလဲ၊ ယူထားတဲ့ ပတ္တမြားကို ပြန်ပေးပါ ဘုရား”

မထေရ်မြတ်က ဝန်မခံသည့်အခါ ရွဲသမားသည် မယားကိုကြည့်ပြိး သူ့အထင်ကိုပြောဆိုလိုက်ပြန်သည်။

” မိန်းမရေ .. ငါ့တော့အရှင်ဘုရား ယူထားတယ်လို့ပဲထင်တယ်၊ ပတ္တမြားပြန်ရအောင် နှိပ်စက်မေးမှဖြစ်တော့ မယ်”

” အိုယောက်ကျားရယ်၊ ကျွန်မတို့ ဒုက္ခရောက်အောင် မလုပ်ပါနဲ့၊ ကျွန်မတိုကအားလုံး ကျွန်ဘဝ ရောက်ချင် ရောက်ပါစေ ၊ အရှင်မြတ်ကိုတော့ မနှိက်စက်ပါနဲ့ ရှင်ရယ်”

” တော်-တော် ရှင်မ၊ ငါတို့တစ်အိမ်သားလုံးရောင်းတောင်မှ ပတ္တမြားဖိုးရမှာမဟုတ်ဘူး၊ဘာမှလာပြောမနေနဲ့၊ ရဟန်းကိုနှိပ်စက်ပြီး စစ်ဆေးရမယ်”

ရွဲသမားသည် ဤသို့ပြောဆိုပြီးသည်နှင့်ချက်ချင်းပြီး ကြိုးဖြင့် မထေရ်မြတ်၏ ဦးခေါင်းကို ရစ်ပတ်ချည်နှောင်ကာ တုတ်ဖြင့်ရိုက်နှက်လေတော့သည်။ မထေရ်မြတ်၏ ခေါင်း၊နှာခေါင်းနား တို့မှ သွေးများထွက်လာကြ သည်။မျက်စိအစုံသည် ပေါက်ထွက်မတတ် နာကျင်စွာ ဝေဒနာကိုခံစားလျက်ကပင် ပစ်လဲကျသွားရှာသည်။

ဤတွင် မွေးထားသော ကြိုးကြာငှက်သည် သွေးနံ့ရသောကြောင့် ပြေးလာကာ သွေးကိုသောက်သည်။ ရွဲသမားသည် ဒေါသဖြြစ်ဖစ်နှင့် ကြိုးကြာကို ခြေထောက်နှင့် ဆောင့်ကန်လိုက်ရာ ကြိုးကြာငှက်လည်း တစ်ချက်တည်းနှင့် သေသွားတော့သည်။ ကြိုးကြာငှက်သေသွားသည်ကို မြင်သည့် အခါကျမှ မထေရ်မြတ်သည်-

”ဒကာတော်၏ ပတ္တမြားကို ရဟန်းယူခြင်း မဟုတ်၊ကြိုးကြာကောင်မျိုထားခြင်းသာဖြစ်တယ်၊ တကယ်လို့ ကြိုးကြာငှက်သာ မသေဘူးဆိုရင် ရဟန်းသေသွားတောင် ဒကာတော် အနေနဲ့ ပတ္တမြားကို ပြန်ရမှာမဟုတ်ဘူး”

ကြိုးကြာငှက်၏ ဝမ်းဗိုက်ထဲမှ ပတ္တမြားကို ပြန်ရခဲ့လေပြီ။ သည်အခါကျမှ ရွဲသမားသည် အမှားကြီး မှားခဲ့ပြီမှန်း သိရှိသွားပြီး နောင်တများနှင့်အတူ မထေရ်မြတ်ကို တောင်းပန်ရှာသည်။

”တကာတော် သင့်တွင်အပြစ်မရှိ၊အတိတ်ဝဋ်ကြွေးကြောင့်သာလျှင် ရဟန်းယခုလို ခံစားရခြင်းဖြစ်တယ်၊ သင့် အပြစ်ကို ရဟန်းသည်းခံပါတယ်”

မထေရ်မြတ်သည် ငရဲသွားမည့်ရွဲသမားနှိပ်စက်သည့် ဒဏ်ရာကြောင့်ပင် မကြာမီ ပရိနိဗ္ဗာန်ပြုရရှာသည်။ ကြိုးကြာငှက်သည် ရွဲသမား၏ မယားဖြစ်သူ၏ ဝမ်း၌ ပဋိသန္ဓေယူသည်။ရွဲသမား၏ မယားသည် စိတ်ထားနူးညံ့သည့် အတွက် သေသည့်အခါ နတ်ပြည်၌ ဖြစ်ရသော်လည်း ရဟန္တာကို ပြစ်မှားခဲ့သည့် ရွဲသမားသည်ကား သေသည့်အခါ ငရဲသို့ လားခဲ့ရရှာလေတော့သည် ။

By – စိတြရံသီ

အညွှန်း- ရဟန်းမစားသော ဆွမ်းတနပ်

တစ်စီးရှင် သီဟသူ။။။။။။

ဦးဇင်းကို ရဟန်းတွေ အတွက်လည်း ရေးပါအုံးလို့ ပြောပါတယ်။ ရဟန်းဘက်ကတော့ သူကံတရား သူစီရင်ပါလိမ့်မယ်။ မိမိဒကာ၊ ဒကာမတွေ ကိုယ့်ဘက်စိတ်ထားတတ်အောင် တင်ပြရခြင်းပါ။ လိုက်နာခြင်း၊ မလိုက်နာခြင်းကတော့ အခြားသူရဲ့ ကဏ္ဍပဲလို့ မှတ်ပါတယ်။

အားလုံး ကိုယ်၊ စိတ်၊ နှလုံးရွှင်လန်းချမ်းမြေ့ကြပါစေ။

“ဌေး”သာမဏေကျော်ဆရာတော်
Credit: ဓမ္မရတနာ

No comments:

Post a Comment