Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Sunday, May 6, 2018

ဂ်ပန္ကိုေက်ာင္းလာတက္မ့ဲလူငယ္ေတြသိသင့္တယ္ထင္လို့ပါ

နာရီႏိုးဆက္ကအသံျပင္းျပင္းထျမည္သည္။အိပ္ခ်င္မူးတူးျဖင့္ေယာင္ယမ္းကာထ,ထိုင္မိသည္။မ်က္စိကမပြင့္။လူကပင္ပန္းေနၿပီ။ကိုယ္လက္ေတြလည္းကိုက္ခဲေနတယ္။ေန႔စဥ္ဆိုေတာ့ခႏၶာကိုယ္ကသိပ္မလိုက္ႏိုင္ေတာ့ဘူး။ေသြးန႔ဲကိုယ္,သားန႔ဲကိုယ္ပဲေလ။နာရီကိုၾကည့္လိုက္ေတာ့နံနက္(၅)နာရီ။ကမန္းကတမ္းထ,ေရပူပူဖြင့္,ေခါင္းကေနေရေလာင္းခိ်ဳးလိုက္မွပဲအေၾကာအခ်ဥ္ေတြကကိုက္တာခဲတာေတြနည္းနည္းသက္သာသြားသလိုပဲ။

တကယ္တမ္းသက္သာသြားတာမဟုတ္ေပမဲ့,ကိုယ့္စိတ္ကသက္သာၿပီလို႔၊အားေလးထည့္လိုက္ေတာ့မွကိုယ့္လႈပ္ရွားမူ႔သြက္လာေတာ့တယ္။ေရခ်ိဳးၿပီးကမန္းကတမ္းအဝတ္ေကာက္လဲ,ၿပီးတာန႔ဲညကဝယ္လာတ့ဲေပါင္မုန္႔န႔ဲေကာ္ဖီပူပူေလးတစ္ခြက္ေၾကာင့္ပိန္ေနတ့ဲဗိုက္ကေလးနည္းနည္းေဖါင္းလာတယ္။အခ်ိန္ေတြကကိုယ္ကသတ္မွတ္တာမဟုတ္ဘူး။အခ်ိန္ကကိုယ့္ကိုသတ္မွတ္ေပးခံရတ့ဲဘဝဆိုေတာ့လႈပ္ရွားမူ႔တိုင္းကသြက္လက္ေနမွ။ေငးေမာခ်ိန္,ေတြးေတာခ်ိန္ဆိုတာဘာလဲလိုု႔ျပန္ေမးရမလိုပဲျဖစ္ေနတယ္။

မေန႔ညကအိပ္ခ်င္မူးတူးန႔ဲလုပ္ထားတ့ဲအိမ္စာစာအုပ္ကိုေက်ာပိုးအိတ္ထဲျပန္ထည့္,ေက်ာပိုးအိပ္ကိုလြယ္,အိမ္မီးေတြပိတ္,တံခါးေတြပိတ္,ေျပးၿပီေဟ့—ဘူတာဆီသို႔—–။ဘူတာေရာက္ေတာ့(၅)နာရီ(၁၀)မိနစ္။ကြက္တိပဲ။ကိုယ္လဲေရာက္,ရထားလဲေရာက္ပဲ။ရထားေပၚမွာနာရီဝက္ေနရတ့ဲခဏေလးမွာ,မ်က္စိေလးမွိတ္လို႔ေမွးခနဲတခ်က္,တစ္ေရးရလိုက္ပါရဲ႕။ကိုယ္ဆင္းမ့ဲဘူတာအေရာက္န႔ဲကိုယ့္မ်က္စိအပြင့္န႔ဲအံကိုက္ပဲ။က်င့္ထားရတာေလ၊အေလ့အက်င့္ကကိုယ့္ရဲ႕ဆရာပဲ။

ခပ္သုတ္သုတ္ေလွ်ာက္လိုက္တာ(၁၀)မိနစ္န႔ဲအလုပ္လုပ္တ့ဲကုမၸဏီေရွ႕အေရာက္ပဲ။နံနက္(၅:၅၀)နာရီ။အလုပ္ခ်ိန္ကနံနက္(၆)နာရီမွ(၉)နာရီအထိ။တစ္နာရီကိုယန္း(၁၀၀၀)။(၃)နာရီဆိုေတာ့ယန္း(၃၀၀၀)။OK,တစ္ပါတ္(၅)
ရက္ဆိုေတာ့–တစ္ပါတ္ကိုယန္း(၁၅၀၀၀)။အလုပ္လား?သန္႔ရွင္းေရးအလုပ္သမားပါ။မနက္အခ်ိန္ပိုင္းၿပီးတာန႔ဲအိမ္ျပန္၊အိမ္ေရာက္ေတာ့(၁၀)နာရီ။ထမင္းအိုးတည္ထားတ့ဲအခ်ိန္ေလးမွာပဲေက်ာင္းစာကိုၿပီးေအာင္လုပ္။ကိုယ့္အခန္းေဖၚေတြကလည္းလဲရွိေသးရဲ႕၊တိုးတိုးတိတ္တိတ္လႈပ္ရွားရတယ္ေလ။

ကိုယ့္အခန္းေဖၚေတြကတစ္ခ်ိဳ႕ညဖက္အလုပ္ဆင္းတ့ဲသူေတြဆိုေတာ့၊ေန႔အိပ္ေပါ့။ဂ်ပန္မွာကကိုယ္တစ္ေယာက္တည္းအိမ္ဌားေနဖို႔ကမလြယ္။ရွယ္ကို(၃)ေယာက္ေလာက္ရွယ္မွအိမ္လခတစ္လကိုယန္း(၃၅၀၀၀)ေလာက္ဆိုအသက္ရႈေခ်ာင္တာဗ်။သည္းခံျခင္းတရားလည္းအျပည့္အဝလက္ကိုင္ထားရတယ္။ၾကက္ဥေၾကာ္၊ငါးေျခာက္ေလးန႔ဲဆီဆမ္းၿပီးနယ္စားလိုက္တာဗိုက္ကိုျပည့္ပဲ။

ေက်ာပိုးအိတ္ကိုလြယ္၊ေျပးၿပီဗ်ိဳ႕—-ဘူတာဆီသို႔—-။ေက်ာင္းကေန႔လည္(၁၂:၃၀)မွ(၅:၀၀)ထိ။ဆရာကစာသင္–ကိုယ္ကငိုက္တစ္ခ်က္၊သိတစ္ခ်က္န႔ဲပဲ။ေက်ာင္းကဆင္းေတာ့(၅:၁၅)။ဘူတာေရာက္ေတာ့(၅:၃၀)။ရထားစီးၿပီး၊ညေနပိုင္းအလုပ္ဆီေျပး။နာရီဝက္အခ်ိန္ရေတာ့(၁၀၀)တန္ေကာ္ဖီန႔ဲဆာေနတ့ဲဗိုက္ေလးျဖည့္၊ညေနပိုင္းအလုပ္ကိုအခ်ိန္မီဝင္ႏိုင္မွအဆူအေျပာသက္သာမယ္၊အခ်ိန္ဆိုတ့ဲဆရာႀကီးကေတာ့ခိုင္းသလားမေမးန႔ဲအကုန္ကြက္တိပဲညေနပိုင္းအလုပ္က(၆:၃၀)-(၁၁:၃၀)ထိ။အလုပ္ၿပီးေတာ့မွပဲအိတ္ထဲကiPhone ေလးကိုထုတ္ၿပီးပြတ္လိုက္ေတာ့mailေတြကတပံု။တေနကုန္ဖုန္းမပြတ္ရေသးဘူးေလ။

အိမ္ကMail ေတြပါ။အစဥ္ေျပလား?ေနေကာင္းလား?လခထုတ္ရင္ေငြဘယ္ေလာက္ပို႔ပါ။တခ်ိဳ႕အေႂကြးေတြကအတိုးေပးေနရတယ္။စားဖို႔လည္းပို႔ေပးအံုး။ဘာညာဘာညာေတြေပါ့ဗ်ာ။အိမ္ေရာက္ေတာ့ညသန္ေကာင္ေက်ာ္ၿပီ။ထမင္းအိုးေလးတည္,ၾကက္ဥေလးေက်ာ္,င႐ုတ္သီးစားေထာင္းေလးန႔ဲပိန္ေနတ့ဲဗိုက္ကေလးျဖည့္,ၿပီးေတာ့မွခဏေလးနားရင္းန႔ဲဖုန္းေလးပြတ္ရေတာ့တယ္။ခဏပါပဲ။အိမ္စာေတြလုပ္ၿပီး,နာရီကိုၾကည့္လိုက္ေတာ့,နံနက္(၂)နာရီ။ဟူး—-အိပ္ေတာ့မယ္ကြာ။

ဂ်ပန္စာသင္ေက်ာင္းလာတက္တ့ဲသူတစ္ေယာက္ရဲ႕တစ္ေန႔တာလႈပ္ရွားမူ႔ကိုေျပာျပတာပါ။တနဂၤေႏြတစ္ရက္နားတယ္၊က်န္(၆)ရက္ကပံုမွန္ပဲ။တစ္လဝင္ေငြ၊မနက္ပိုင္းကယန္း(၇၀၀၀၀)နီးပါး။ညေနပိုင္းက၊ယန္း(၁၄၀,၀၀၀)နီးပါး။စုစုေပါင္း(၂၁၀,၀၀၀)ဝန္းက်င္ေပါ့။

အသံုးစရိတ္(ေခြ်တာသံုး)

အိမ္လခ———-(၃၅၀၀၀)ယန္း

တယ္လီဖုန္းဖိုး—-(၁၃၀၀၀)ယန္း

စားစရိတ္———-(၃၀၀၀၀)ယန္း

လမ္းစရိတ္,တိုလီ
မိုလီအသံုးစရိတ္–(၁၂၀၀၀)ယန္း

စုစုေပါင္း—လစဥ္ပံုမွန္ကုန္ေငြ–(၉၀၀၀၀)

(အဝတ္အစား၊အသံုးအေဆာင္၊ဟိုသြားဒီသြား၊အပိုသံုးတာေတြလံုးဝမပါ။)

မွတ္ခ်က္။ ။အခုေဖၚျပတ့ဲအလုပ္ခ်ိန္က၊ေက်ာင္းသားတစ္ေယာက္အတြက္ခြင့္ျပဳထားတ့ဲအလုပ္ခ်ိန္ထက္ေက်ာ္လြန္ေနပါတယ္။(ကိုယ္ကအခ်ိန္ပိုခိုးလုပ္ရတ့ဲသေဘာပါ။)ဒါေၾကာင့္အလုပ္ကိုတစ္ေနရာထဲအခ်ိန္ျပည့္မလုပ္ပဲခြဲလုပ္ရတာပါ။ဒိထက္ပိုလုပ္ဖို႔ေတာ့မစဥ္းစားပါန႔ဲ။စာတတ္ေအာင္လဲလုပ္ရအံုးမွာပါ။တႏွစ္ခြဲေက်ာင္းန႔ဲလာတ့ဲသူကတစ္ႏွစ္စာ
ေက်ာင္းလခေပးသြင္းၿပီးျဖစ္သည္။ေနာက္ႏွစ္ဝက္အတြက္ေက်ာင္းလခေပးသြင္းရန္ယန္း(၃၅၀,၀၀၀)အနည္းဆံုးလိုအပ္ပါမယ္။ဒီေတာ့တစ္လကိုအနည္းဆံုး(၄၀၀၀၀)ေလာက္စုထားရပါမယ္။(အလုပ္ကလဲၿမဲေနအံုးမွ)။ထားေတာ့၊တစ္ခ်ိဳ႕မိဘကိုျပန္ေထာက္ရတ့ဲသူေတြရွိတယ္။တစ္လျမန္မာေငြ(၃၀၀,၀၀၀)က်ပ္ေလာက္ေတာ့ျပန္ပို႔ႏိုင္ပါတယ္(ကိုယ္ကအေခြ်တာဆံုးေနေပါ့)။

ဂ်ပန္စကားေက်ာင္းကိုတစ္ႏွစ္ခြဲတက္ၿပီးရင္၊(ဆန္းမြန္း)အသက္ေမြးဝမ္းေက်ာင္းတစ္ေက်ာင္းကိုဆက္ၿပီးတက္မယ္။(ဒါမွမဟုတ္၊တစ္ခ်ိဳ႕မိဘအစဥ္ေျပတ့ဲသူ၊ငယ္တ့ဲသူ၊စာေတာ္တ့ဲသူေတြကေတာ့၊တကၠသိုလ္ေက်ာင္းေလွ်ာက္ၾကတယ္။တကၠသိုလ္က(၄)ႏွစ္တက္ရတယ္။)အသက္ေမြးဝမ္းေက်ာင္းတက္ရင္၊ပထမတစ္ႏွစ္အတြက္ေက်ာင္းလခက၊အမ်ိဳးမ်ိဳးရွိမယ္။အနိမ့္ဆံုး(၈၀၀,၀၀၀)ကေနၿပီး၊(၁,၂၀၀,၀၀၀)အထိရွိတ့ဲေက်ာင္းမ်ိဳးမ်ိဳးရွိမယ္။(၂)ႏွစ္တက္ရမယ္။ပထမတစ္ႏွစ္အတြက္ေက်ာင္းလခကိုႀကိဳရွာထားရမယ္။

(၂)ႏွစ္တက္ၿပီးအလုပ္ရွာမယ္။ဂ်ပန္ကုမၸဏီေတြေခၚရင္ေတာ့အနည္းဆံုးတစ္လကိုယန္း(၁၈၀,၀၀၀)ကစၿပီးရၾကပါတယ္။ကဲ—(၃)ႏွစ္ခြဲႀကိဳးစားပမ္းစားလုပ္ၿပီးရင္ေတာ့ေနာက္ပိုင္းအလုပ္ဝင္တ့ဲအခ်ိန္က်ရင္ေတာ့၊လစာက(ျမန္မာျပည္ထက္စာရင္)အမ်ားႀကီးကြာသြားမွာပါ။ယန္း(၉၀၀၀)=(၁၀၀,၀၀၀)

က်ပ္ႏႈန္းပဲအေျခခံထားတြက္ေပါ့။ေျပာခ်င္တာကေတာ့၊လူငယ္ေတြဂ်ပန္ကိုလာၾကရင္၊ပင္ပန္းတ့ဲဒါဏ္ကိုခံႏိုင္ေအာင္ႀကိဳးစားပါ။(၃)ႏွစ္ခြဲႀကိဳးစားပန္းစားလုပ္ၿပီးရင္ေတာ့၊အေျခအေနေကာင္းတစ္ခုေတာ့ပိုင္ဆိုင္ႏိုင္ပါတယ္။အလုပ္လည္းလုပ္ရမယ္၊စာလဲႀကိဳးစားပန္းစားက်က္မွလူရာဝင္မွာပါ။ငယ္တ့ဲသူေတြကိုအားေပးပါတယ္။စိတ္ဓါတ္မခိုင္ရင္
ေတာ့မလာပါန႔ဲ။ေငြကုန္၊အခ်ိန္ကုန္။အက်ိဳးမရွိပါ။ႀကိဳးစားမယ္ဆိုရင္ေတာ့လာၾကပါ။

မွတ္ခ်က္။ ။ေငြတိုးန႔ဲေခ်းၿပီးေတာ့မလုပ္ၾကပါန႔ဲလို႔ေျပာပါရေစ။အတိုးေပးေနရတာန႔ဲတင္ဒုကၡေရာက္ႏိုင္တယ္။ဝင္ေငြ။ထြက္ေငြေတြကိုတြက္ျပထားတာကစဥ္းစားႏိုင္ေအာင္လို႔ပါ။ေခၽြတာရမယ္။က်န္းမာေရးေကာင္းရမယ္။စာဖတ္ရမယ္။ေက်ာင္းတက္ရမယ္။ေက်ာင္းမတက္ခ်င္ရင္ေတာ့လံုးဝမလာပါန႔ဲ။ႀကိဳးစားမယ္ေဟ့ဆိုတ့ဲစိတ္ရွိရင္ေတာ့၊မေၾကာက္ပါန႔ဲလာခဲ့ပါ။တကၠသိုလ္ဆက္ၿပီးတက္ရင္လည္းအခြင့္အေရးရွိပါတယ္။အသက္(၂၀)ဝန္းက်င္ဆိုရင္ေတာ့၊တကၠသိုလ္အတြက္အေကာင္းဆံုးအခြင့္အေရးပါပဲ။သိခ်င္ေနေသာလူငယ္မ်ားအတြက္ဒီPostကိုေရးေပးတာပါ။ကိုယ္ကိုယ္တိုင္ဆံုးျဖတ္ေပါ့။

Credit to ေနဝင္း(ေခတၱ၊ဂ်ပန္)
Go To Source
————



နာရီနိုးဆက်ကအသံပြင်းပြင်းထမြည်သည်။အိပ်ချင်မူးတူးဖြင့်ယောင်ယမ်းကာထ,ထိုင်မိသည်။မျက်စိကမပွင့်။လူကပင်ပန်းနေပြီ။ကိုယ်လက်တွေလည်းကိုက်ခဲနေတယ်။နေ့စဉ်ဆိုတော့ခန္ဓာကိုယ်ကသိပ်မလိုက်နိုင်တော့ဘူး။သွေးနဲ့ကိုယ်,သားနဲ့ကိုယ်ပဲလေ။နာရီကိုကြည့်လိုက်တော့နံနက်(၅)နာရီ။ကမန်းကတမ်းထ,ရေပူပူဖွင့်,ခေါင်းကနေရေလောင်းချိုးလိုက်မှပဲအကြောအချဉ်တွေကကိုက်တာခဲတာတွေနည်းနည်းသက်သာသွားသလိုပဲ။

တကယ်တမ်းသက်သာသွားတာမဟုတ်ပေမဲ့,ကိုယ့်စိတ်ကသက်သာပြီလို့၊အားလေးထည့်လိုက်တော့မှကိုယ့်လှုပ်ရှားမူ့သွက်လာတော့တယ်။ရေချိုးပြီးကမန်းကတမ်းအဝတ်ကောက်လဲ,ပြီးတာနဲ့ညကဝယ်လာတဲ့ပေါင်မုန့်နဲ့ကော်ဖီပူပူလေးတစ်ခွက်ကြောင့်ပိန်နေတဲ့ဗိုက်ကလေးနည်းနည်းဖေါင်းလာတယ်။အချိန်တွေကကိုယ်ကသတ်မှတ်တာမဟုတ်ဘူး။အချိန်ကကိုယ့်ကိုသတ်မှတ်ပေးခံရတဲ့ဘဝဆိုတော့လှုပ်ရှားမူ့တိုင်းကသွက်လက်နေမှ။ငေးမောချိန်,တွေးတောချိန်ဆိုတာဘာလဲလိုု့ပြန်မေးရမလိုပဲဖြစ်နေတယ်။

မနေ့ညကအိပ်ချင်မူးတူးနဲ့လုပ်ထားတဲ့အိမ်စာစာအုပ်ကိုကျောပိုးအိတ်ထဲပြန်ထည့်,ကျောပိုးအိပ်ကိုလွယ်,အိမ်မီးတွေပိတ်,တံခါးတွေပိတ်,ပြေးပြီဟေ့—ဘူတာဆီသို့—–။ဘူတာရောက်တော့(၅)နာရီ(၁၀)မိနစ်။ကွက်တိပဲ။ကိုယ်လဲရောက်,ရထားလဲရောက်ပဲ။ရထားပေါ်မှာနာရီဝက်နေရတဲ့ခဏလေးမှာ,မျက်စိလေးမှိတ်လို့မှေးခနဲတချက်,တစ်ရေးရလိုက်ပါရဲ့။ကိုယ်ဆင်းမဲ့ဘူတာအရောက်နဲ့ကိုယ့်မျက်စိအပွင့်နဲ့အံကိုက်ပဲ။ကျင့်ထားရတာလေ၊အလေ့အကျင့်ကကိုယ့်ရဲ့ဆရာပဲ။

ခပ်သုတ်သုတ်လျှောက်လိုက်တာ(၁၀)မိနစ်နဲ့အလုပ်လုပ်တဲ့ကုမ္ပဏီရှေ့အရောက်ပဲ။နံနက်(၅:၅၀)နာရီ။အလုပ်ချိန်ကနံနက်(၆)နာရီမှ(၉)နာရီအထိ။တစ်နာရီကိုယန်း(၁၀၀၀)။(၃)နာရီဆိုတော့ယန်း(၃၀၀၀)။OK,တစ်ပါတ်(၅)
ရက်ဆိုတော့–တစ်ပါတ်ကိုယန်း(၁၅၀၀၀)။အလုပ်လား?သန့်ရှင်းရေးအလုပ်သမားပါ။မနက်အချိန်ပိုင်းပြီးတာနဲ့အိမ်ပြန်၊အိမ်ရောက်တော့(၁၀)နာရီ။ထမင်းအိုးတည်ထားတဲ့အချိန်လေးမှာပဲကျောင်းစာကိုပြီးအောင်လုပ်။ကိုယ့်အခန်းဖေါ်တွေကလည်းလဲရှိသေးရဲ့၊တိုးတိုးတိတ်တိတ်လှုပ်ရှားရတယ်လေ။

ကိုယ့်အခန်းဖေါ်တွေကတစ်ချို့ညဖက်အလုပ်ဆင်းတဲ့သူတွေဆိုတော့၊နေ့အိပ်ပေါ့။ဂျပန်မှာကကိုယ်တစ်ယောက်တည်းအိမ်ဌားနေဖို့ကမလွယ်။ရှယ်ကို(၃)ယောက်လောက်ရှယ်မှအိမ်လခတစ်လကိုယန်း(၃၅၀၀၀)လောက်ဆိုအသက်ရှုချောင်တာဗျ။သည်းခံခြင်းတရားလည်းအပြည့်အဝလက်ကိုင်ထားရတယ်။ကြက်ဥကြော်၊ငါးခြောက်လေးနဲ့ဆီဆမ်းပြီးနယ်စားလိုက်တာဗိုက်ကိုပြည့်ပဲ။

ကျောပိုးအိတ်ကိုလွယ်၊ပြေးပြီဗျို့—-ဘူတာဆီသို့—-။ကျောင်းကနေ့လည်(၁၂:၃၀)မှ(၅:၀၀)ထိ။ဆရာကစာသင်–ကိုယ်ကငိုက်တစ်ချက်၊သိတစ်ချက်နဲ့ပဲ။ကျောင်းကဆင်းတော့(၅:၁၅)။ဘူတာရောက်တော့(၅:၃၀)။ရထားစီးပြီး၊ညနေပိုင်းအလုပ်ဆီပြေး။နာရီဝက်အချိန်ရတော့(၁၀၀)တန်ကော်ဖီနဲ့ဆာနေတဲ့ဗိုက်လေးဖြည့်၊ညနေပိုင်းအလုပ်ကိုအချိန်မီဝင်နိုင်မှအဆူအပြောသက်သာမယ်၊အချိန်ဆိုတဲ့ဆရာကြီးကတော့ခိုင်းသလားမမေးနဲ့အကုန်ကွက်တိပဲညနေပိုင်းအလုပ်က(၆:၃၀)-(၁၁:၃၀)ထိ။အလုပ်ပြီးတော့မှပဲအိတ်ထဲကiPhone လေးကိုထုတ်ပြီးပွတ်လိုက်တော့mailတွေကတပုံ။တနေကုန်ဖုန်းမပွတ်ရသေးဘူးလေ။

အိမ်ကMail တွေပါ။အစဉ်ပြေလား?နေကောင်းလား?လခထုတ်ရင်ငွေဘယ်လောက်ပို့ပါ။တချို့အကြွေးတွေကအတိုးပေးနေရတယ်။စားဖို့လည်းပို့ပေးအုံး။ဘာညာဘာညာတွေပေါ့ဗျာ။အိမ်ရောက်တော့ညသန်ကောင်ကျော်ပြီ။ထမင်းအိုးလေးတည်,ကြက်ဥလေးကျော်,ငရုတ်သီးစားထောင်းလေးနဲ့ပိန်နေတဲ့ဗိုက်ကလေးဖြည့်,ပြီးတော့မှခဏလေးနားရင်းနဲ့ဖုန်းလေးပွတ်ရတော့တယ်။ခဏပါပဲ။အိမ်စာတွေလုပ်ပြီး,နာရီကိုကြည့်လိုက်တော့,နံနက်(၂)နာရီ။ဟူး—-အိပ်တော့မယ်ကွာ။

ဂျပန်စာသင်ကျောင်းလာတက်တဲ့သူတစ်ယောက်ရဲ့တစ်နေ့တာလှုပ်ရှားမူ့ကိုပြောပြတာပါ။တနင်္ဂနွေတစ်ရက်နားတယ်၊ကျန်(၆)ရက်ကပုံမှန်ပဲ။တစ်လဝင်ငွေ၊မနက်ပိုင်းကယန်း(၇၀၀၀၀)နီးပါး။ညနေပိုင်းက၊ယန်း(၁၄၀,၀၀၀)နီးပါး။စုစုပေါင်း(၂၁၀,၀၀၀)ဝန်းကျင်ပေါ့။

အသုံးစရိတ်(ချွေတာသုံး)

အိမ်လခ———-(၃၅၀၀၀)ယန်း

တယ်လီဖုန်းဖိုး—-(၁၃၀၀၀)ယန်း

စားစရိတ်———-(၃၀၀၀၀)ယန်း

လမ်းစရိတ်,တိုလီ
မိုလီအသုံးစရိတ်–(၁၂၀၀၀)ယန်း

စုစုပေါင်း—လစဉ်ပုံမှန်ကုန်ငွေ–(၉၀၀၀၀)

(အဝတ်အစား၊အသုံးအဆောင်၊ဟိုသွားဒီသွား၊အပိုသုံးတာတွေလုံးဝမပါ။)

မှတ်ချက်။ ။အခုဖေါ်ပြတဲ့အလုပ်ချိန်က၊ကျောင်းသားတစ်ယောက်အတွက်ခွင့်ပြုထားတဲ့အလုပ်ချိန်ထက်ကျော်လွန်နေပါတယ်။(ကိုယ်ကအချိန်ပိုခိုးလုပ်ရတဲ့သဘောပါ။)ဒါကြောင့်အလုပ်ကိုတစ်နေရာထဲအချိန်ပြည့်မလုပ်ပဲခွဲလုပ်ရတာပါ။ဒိထက်ပိုလုပ်ဖို့တော့မစဉ်းစားပါနဲ့။စာတတ်အောင်လဲလုပ်ရအုံးမှာပါ။တနှစ်ခွဲကျောင်းနဲ့လာတဲ့သူကတစ်နှစ်စာ
ကျောင်းလခပေးသွင်းပြီးဖြစ်သည်။နောက်နှစ်ဝက်အတွက်ကျောင်းလခပေးသွင်းရန်ယန်း(၃၅၀,၀၀၀)အနည်းဆုံးလိုအပ်ပါမယ်။ဒီတော့တစ်လကိုအနည်းဆုံး(၄၀၀၀၀)လောက်စုထားရပါမယ်။(အလုပ်ကလဲမြဲနေအုံးမှ)။ထားတော့၊တစ်ချို့မိဘကိုပြန်ထောက်ရတဲ့သူတွေရှိတယ်။တစ်လမြန်မာငွေ(၃၀၀,၀၀၀)ကျပ်လောက်တော့ပြန်ပို့နိုင်ပါတယ်(ကိုယ်ကအချွေတာဆုံးနေပေါ့)။

ဂျပန်စကားကျောင်းကိုတစ်နှစ်ခွဲတက်ပြီးရင်၊(ဆန်းမွန်း)အသက်မွေးဝမ်းကျောင်းတစ်ကျောင်းကိုဆက်ပြီးတက်မယ်။(ဒါမှမဟုတ်၊တစ်ချို့မိဘအစဉ်ပြေတဲ့သူ၊ငယ်တဲ့သူ၊စာတော်တဲ့သူတွေကတော့၊တက္ကသိုလ်ကျောင်းလျှောက်ကြတယ်။တက္ကသိုလ်က(၄)နှစ်တက်ရတယ်။)အသက်မွေးဝမ်းကျောင်းတက်ရင်၊ပထမတစ်နှစ်အတွက်ကျောင်းလခက၊အမျိုးမျိုးရှိမယ်။အနိမ့်ဆုံး(၈၀၀,၀၀၀)ကနေပြီး၊(၁,၂၀၀,၀၀၀)အထိရှိတဲ့ကျောင်းမျိုးမျိုးရှိမယ်။(၂)နှစ်တက်ရမယ်။ပထမတစ်နှစ်အတွက်ကျောင်းလခကိုကြိုရှာထားရမယ်။

(၂)နှစ်တက်ပြီးအလုပ်ရှာမယ်။ဂျပန်ကုမ္ပဏီတွေခေါ်ရင်တော့အနည်းဆုံးတစ်လကိုယန်း(၁၈၀,၀၀၀)ကစပြီးရကြပါတယ်။ကဲ—(၃)နှစ်ခွဲကြိုးစားပမ်းစားလုပ်ပြီးရင်တော့နောက်ပိုင်းအလုပ်ဝင်တဲ့အချိန်ကျရင်တော့၊လစာက(မြန်မာပြည်ထက်စာရင်)အများကြီးကွာသွားမှာပါ။ယန်း(၉၀၀၀)=(၁၀၀,၀၀၀)

ကျပ်နှုန်းပဲအခြေခံထားတွက်ပေါ့။ပြောချင်တာကတော့၊လူငယ်တွေဂျပန်ကိုလာကြရင်၊ပင်ပန်းတဲ့ဒါဏ်ကိုခံနိုင်အောင်ကြိုးစားပါ။(၃)နှစ်ခွဲကြိုးစားပန်းစားလုပ်ပြီးရင်တော့၊အခြေအနေကောင်းတစ်ခုတော့ပိုင်ဆိုင်နိုင်ပါတယ်။အလုပ်လည်းလုပ်ရမယ်၊စာလဲကြိုးစားပန်းစားကျက်မှလူရာဝင်မှာပါ။ငယ်တဲ့သူတွေကိုအားပေးပါတယ်။စိတ်ဓါတ်မခိုင်ရင်
တော့မလာပါနဲ့။ငွေကုန်၊အချိန်ကုန်။အကျိုးမရှိပါ။ကြိုးစားမယ်ဆိုရင်တော့လာကြပါ။

မှတ်ချက်။ ။ငွေတိုးနဲ့ချေးပြီးတော့မလုပ်ကြပါနဲ့လို့ပြောပါရစေ။အတိုးပေးနေရတာနဲ့တင်ဒုက္ခရောက်နိုင်တယ်။ဝင်ငွေ။ထွက်ငွေတွေကိုတွက်ပြထားတာကစဉ်းစားနိုင်အောင်လို့ပါ။ချွေတာရမယ်။ကျန်းမာရေးကောင်းရမယ်။စာဖတ်ရမယ်။ကျောင်းတက်ရမယ်။ကျောင်းမတက်ချင်ရင်တော့လုံးဝမလာပါနဲ့။ကြိုးစားမယ်ဟေ့ဆိုတဲ့စိတ်ရှိရင်တော့၊မကြောက်ပါနဲ့လာခဲ့ပါ။တက္ကသိုလ်ဆက်ပြီးတက်ရင်လည်းအခွင့်အရေးရှိပါတယ်။အသက်(၂၀)ဝန်းကျင်ဆိုရင်တော့၊တက္ကသိုလ်အတွက်အကောင်းဆုံးအခွင့်အရေးပါပဲ။သိချင်နေသောလူငယ်များအတွက်ဒီPostကိုရေးပေးတာပါ။ကိုယ်ကိုယ်တိုင်ဆုံးဖြတ်ပေါ့။

Credit to နေဝင်း(ခေတ္တ၊ဂျပန်)

No comments:

Post a Comment