Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Wednesday, May 16, 2018

အေလာင္းေတာ္ကႆ ပ သမိုင္းအက်ဥ္းခ်ဳပ္

ပိပၸလိလုလင္ပ်ဳိ အသက္ႏွစ္ဆယ္ျပည့္အရြယ္တြင္ မယ္ဘဒၵါရဲ႕မိဘမ်ားႏွင့္ ႏွစ္ဘက္မိဘတုိင္ပင္၍ ထိမ္းျမား ေပးရန္ စီစဥ္သည္။ ပိပၸလိသည္ မယ္ဘဒၵါအား ‘မိဘမ်ားကြယ္လြန္သြားလွ်င္ လူ႕ေဘာင္ကုိ စြန္႕၍ သကၤန္းစီးၿပီးေတာထြက္မည္ဟု စိတ္ပုိင္းျဖတ္ထားပါသည္။

ဤဘ၀တြင္ အရွည္မေနရ၍ သင္ခ်စ္ႏွမမွာ လင္ပစ္မေလး ျဖစ္မည့္အေရးကို ေတြးသနားၿပီး တျခား သူႏွင့္ အရြယ္တူ စိတ္တူ ၾကံစည္ပါေလာ့’ဟု ေခ်ာ့၍ လႊတ္လုိက္ရသည္။ မယ္ဘဒၵါလည္း အိမ္သူရွင္မ မျဖစ္ရေအာင္ ခယ ေတာင္းပန္အေၾကာင္းျပန္စာ ေပးပုိ႕ပါလည္း ေရစက္ပါ၍ မျပတ္ႏုိင္ဘဲ မဂၤလာပဲြျဖစ္ေျမာက္ခဲ့သည္။

တဏွာကာမလြန္စြာ စက္ဆုပ္ ညီွနံပုတ္ဟု အဟုတ္ရြံရွာမုန္းတာေၾကာင့္ ႏွစ္ေယာက္အတူ အိပ္စက္ေသာအခါ ပန္းကံုး ျခား၍ ေသြဖီတစ္မ်ဳိး စိတ္ေဖာက္ျပားပါက ပန္းကံုးညွိဳးပါေစဟု ဒိဌာန္ျပဳၿပီး ေနခဲ့ၾကသည္။

ႏွစ္ဘက္မိဘမ်ား ကြယ္လြန္သြား ေသာအခါ သံေ၀ဂပုိရၿပီး ေရွ႕တုိးေနာက္ဆုတ္မျပဳလုပ္ဘဲ အရာရာစြန္႕၍ ေျခဦးတည့္ရာသြားေတာ့မည္။ စိတ္ေအးခ်မ္းသာ ေနရစ္ ပါေတာ့ဟု မယ္ဘဒၵါအား ေျပာၾကားသည္။

မယ္ဘဒၵါလည္း ‘ေမာင့္ႏွမလည္း အရွင့္နည္းတူ သံေ၀ဂရၿပီး ေမာင္ေတာ္ထြက္သြား ရာကို ႏွမေတာ္မယ္ဘဒၵါလည္း ေနာက္ကမကြာ လုိက္ခဲ့ပါမည္’ဟု ေျပာၾကားသည္။

ေက်းကၽြန္မ်ားကလည္း အားထားရာ ကင္းမဲ့ပါၿပီ ဆုိကာ မသြားဖုိ႕ရန္ ငုိေကၽြးေတာင္းပန္ၾကသည္။

ပိပၸလိသည္ ‘အသင္တုိ႕ ငါတုိ႕ထံတြင္ ဆပ္ရန္ အေကၽြး အေသးအဖဲြ တပဲတေရြးမွ် ျပန္မေပးနဲ႕ေတာ့၊ ကၽြန္ဘ၀မွ အကုန္လြတ္ၾကေတာ့’ဟု တရားသေဘာ အနည္းငယ္ေဟာၾကားခဲ့သည္။

သင္ႏွမ မယ္ဘဒၵါ သင္သည္ ဇမၺဴတခြင္၀ယ္ လူတြင္မက နတ္တမွ် လွပေန၍ လူအမ်ားအျမင္၀ယ္ မသင့္ေတာ္၊ ရဟန္း ဘ၀ေရာက္တာေတာင္ မခဲြခ်င္ဘူးဟု ေျပာၾကလိမ့္မည္။ ငါ၏ေနာက္က ေကာက္ေကာက္မကြာ မလုိက္ပါနဲ႕ ႀကိဳက္ရာလမ္း ျမန္းပါ ေတာ့ဟု ေျပာေလသည္။
မယ္ဘဒၵါကလည္း ေယာက္်ားလက္်ာ မိန္းမမွာလွ်င္ သြားလက္၀ဲ ျပဳစၿမဲမုိ႕ အရွင္သာလွ်င္ လက္်ာလမ္းမွ ၾကြျမန္းပါေတာ့ ႏွမေတာ္လည္း လက္၀ဲလမ္းမွ သြားပါေတာ့မည္ဟု ေလွ်ာက္ထားေလသည္။ ခဲြခြာရေတာ့မွာမုိ႕ လက္်ာရစ္ သံုးႀကိမ္ ပတ္ခါ ေနာက္ဆံုးကန္ေတာ့ေလသည္။

ပိပၸလိလုလင္ႏွင့္ မယ္ဘဒၵါတုိ႕ လမ္းခဲြၿပီး မဟာပထဝီေျမႀကီး အုိးထိန္းစက္ကဲ့သုိ႕ သြက္သြက္ခါမွ် တုန္လွဳပ္သြားေလ သည္။

သံုးလူထြဋ္ထား ျမတ္ဘုရားသည္ ေဝဠဳဝန္ေက်ာင္းေတာ္မွ ဒိဗၺစကၡဳ ေရႊဥာဏ္ေတာ္ျဖင့္ ရွဳၾကည့္ရာ ပိပၸလိလုလင္သည္ ငါထံ ရည္မွန္းလာေၾကာင္းသိ၍

ဘုရားရွင္ ကို္ယ္ေတာ္တုိင္ ၾကြ၍ အဖူးေမွ်ာ္ကန္ေတာ့ခံၿပီး ဘုရားရွင္၏ ဒုကုဋသကၤန္းကုိ ေပးသနားၿပီး ေက်ာင္းေတာ္သုိ႕ ေရာက္လတ္ေသာ္ ဘုရားရွင္ ဧဟိဘိကၡဴေခၚေတာ္မူ၍ ရဟႏၱာအျဖစ္ကို

(၇)ရက္ေျမာက္ ေသာေန႕၌ရ၍ ဓူတင္ ေထရ္ကုိ ေဆာင္ေတာ္မူေလသည္။

ဘဝတစ္ခုအခါက ပဒုမုတၱရဘုရားသခင္၏ နိယတ ဗ်ာဒိတ္ေတာ္ကုိ ရၿပီးခဲ့သည့္ေနာက္ တဖန္ ဘုရားသာသနာအကုန္တြင္ ဗာရာဏသီျပည္မွာ မင္းညီ သံုးပါးျဖစ္၍ လူတုိ႕ေဘာင္တြင္ မေပ်ာ္ေမြ႕ဘဲ ရေသ့ျပဳခါ စ်ာန္တရားကုိ ဟိမဝႏၱာေတာ၌ ေဒသစာရီလွည့္လည္က်င့္ေတာ္မူခဲ့သည္။

ေဂါတမအေလာင္း ၊ အရိေမတၱယ်အေလာင္း ေနာင္ေတာ္ႏွစ္ပါးႏွင့္ သလႅာဝတီ ခ်င္းတြင္းျမစ္အေနာက္ဘက္ ေဝဘူလ၊ ေဝဘာရဝ သုနႏၵရ ေတာင္သံုးလံုး၌ သစၥာအဓိဌာန္ထားခဲ့သည္။

ေနာင္ေတာ္ႀကီးဘုရားျဖစ္၍ အကြ်ႏု္ပ္ကလညး္ ရဟႏၱာအျဖစ္ကုိ ရၿပီးလွ်င္ ေနာင္ေတာ္ႀကီး ပရိနိဗၺာန္စံေသာအခါ ကြ်ႏု္ပ္ကသၿဂိဳဟ္မွသာလွ်င္ ေတေဇာဓာတ္ေလာင္ကြ်မ္းပါေစ။

အကြ်ႏ္ုပ္ ပရိနိဗၺာန္ျပဳခဲ့ေသာ္ ေနာင္ေတာ္ငယ္ သၿဂိဳဟ္မွသာလွ်င္ ေတေဇာဓာတ္ေလာင္ကြ်မ္းပါေစ

ဟု အဓိဌာန္ထားခဲ့ၾကသည္။

ေနာင္ေတာ္ႀကီးေဂါတမႏွင့္ ထားခဲ့ေသာ ကတိျပည့္စံုၿပီ။ ေနာင္ေတာ္ငယ္ ေမတၱယ်ႏွင့္ထားခဲ့ေသာ ကတိသည္ မျပည့္စံုေသးေပ။

ဤကဲ့သုိ႕ သစၥာအဓိဌာန္ ျပဳေတာ္မူခဲ့ဖူးေသာေၾကာင့္ ငါ၏ခႏၶာကုိယ္သည္ ယခုလက္ငင္း ေတေဇာဓာတ္ မေလာင္ကြ်မ္းႏုိင္ေသး ေမတၱယ်ဘုရား ေရႊလက္ဝါး ေတာ္၌ တင္မွသာလွ်င္ တန္ခုိးေတာ္ေၾကာင့္ ေတေဇာဓာတ္ေလာင္ကြ်မ္းလိမ့္မည္။

ငါ၏အေလာင္းကုိ ရွိခုိးပူေဇာ္ လွဴဒါန္းရန္လာၾကေသာ လူနတ္ျဗဟၼာအေပါင္းတုိ႕ နိဗၺာန္မဂ္ဖုိလ္ ရေစျခင္းအက်ိဳးငွာ ဇမၺဴဒီပ တမၼဒီပတုိင္း ျမန္မာျပည္အလယ္ပိုင္း သလႅာဝတီ ခ်င္းတြင္းျမစ္အေနာက္ဘက္ ေဝဘူလ၊ ေဝဘာရ၊ သုနႏၵရ ေတာင္သံုးလံုး ေအာက္တြင္ ပရိနိဗၺာန္စံယူမွသာလွ်င္ ေနာင္ေတာ္ငယ္ႏွင့္ ထားခဲ့ေသာ ကတိသစၥာညီေတာ့မည္ဟု ဝစီဝါစာ သစၥာအဓိဌာန္ ျပဳေတာ္မူ၏။

အရွင္မဟာကႆပ မေထရ္ႀကီး၏ သစၥာအဓိဌာန္ျပဳေတာ္မူသည္ကို သိၾကားမင္းသိေတာ္မူ၍ လူ႕ျပည္သုိ႕ ကုိယ္တုိင္ ဆင္းေတာ္မူခဲ့ၿပီးမွ

ေဝဘူလ၊ ေဝဘာရ၊ သုနႏၵရ ေတာင္သံုးလုံးကုိညႊတ္၍ ေက်ာက္လွဳိဏ္ဂူကုိ ဖန္ဆင္း၏။

ေတာင္သံုးလံုးအတြင္း၌ ပတၱျမားလွဳိဏ္ဂူသည္ အလ်ားအေတာင္(၅၀) အနံအေတာင္(၅၀)စတုရန္း ညီမွ်စြာ ရွိ၏။

တံခါး(၄)တန္ကုိလည္း တံခါးတစ္ခုႏွင့္ တစ္ခုကို အေတာင္(၅၀)စီကြာျခား၏။ ၎လွဳိဏ္ဂူအတြင္း၌ ျမ၊ ဖလ္၊ ေရႊ၊ ေငြစသည္တုိ႕ျဖင့္ မြမ္းမံျခယ္လယ္အပ္ေသာ မဟာဂႏၶ ကုဋိတုိက္ေတာ္ကုိလည္း ဖန္ဆင္းထား၏။

၎တုိက္၏ အလယ္၌ အလ်ား(၁၆)ေတာင္၊ အနံ(၈)ေတာင္၊ အေစာက္(၄)ေတာင္ ရွိ ေသာ ျမသလြန္ေတာ္ကုိ ဖန္ဆင္းထားေတာ္မူ၏။

မဟာဂႏၶကုဋိတုိက္ ေလးမ်က္ႏွာ၌ တစ္ဖက္ကုိ ေက်ာက္တံခါး ေငြတံခါး ေရႊတံခါး (၃)တန္စီထား ရွိ၏။

တံခါးေပါက္ အျမင့္မွာ (၁၆)ေတာင္၊ အနံ(၈)ေတာင္စီရွိ၏။

အေရွ႕တံခါး(၃)တန္မွာ ဂႏၶဗၺနတ္မင္း သံုးေထာင္ ေစာင့္၏။

ေတာင္တံခါး(၃)တန္မွာဂုမၻာန္နတ္မင္းသံုးေထာင္ေစာင့္၏။

အေနာက္တံခါး (၃)တန္မွာ ဂဠဳန္မင္း သံုးေထာင္ေစာင့္၏။

ေျမာက္တံခါး(၃)တန္မွာ ရကၡဘီလူးမင္းသံုးေထာင္ေစာင့္၏။
ေအာက္မ်က္ႏွာ၌ ဘုမၼစုိးနတ္မင္း၊ မဟာပိႏၷဲအသူရာနတ္မင္း သံုးေထာင္ေစာင့္၏။

မဟာဂႏၶ ကုဋိတုိက္ အတြင္း၌ သမာေဒဝ နတ္မင္း ေလးေထာင္ေစာင့္၏။

အရွင္မဟာကႆ ပမေထရ္သည္ မလႅာမင္းတုိ႕၏ အင္ၾကင္းပန္းဥယ်ာဥ္၌ ျမတ္စြာဘုရားပရိနိဗၺာန္ စံယူၿပီးေနာက္ သဂၤါယနာတင္၍

ဓာတ္ေတာ္မ်ားကုိ ရွစ္ျပည္ေထာင္ေသာ မင္းမ်ား၏ ဌာပနာေစတီေတာ္၌ ပင့္ေဆာင္ယူ၍ စုရံုးၿပီး အဇာတသတ္မင္းလက္သုိ႕အပ္၍

ဓာတ္ေတာ္မ်ား ဌာပနာျပဳၿပီးေသာ သတၱဝါလူအမ်ားတုိ႕အား တရားေရေအး အၿမိဳက္ေဆး ကုိ တုိက္ေကၽြးေတာ္မူသည္။

အရွင္မဟာ ကႆ ပမေထရ္ႀကီးသည္ သက္ေတာ္(၁၂၀)၊ ဝါေတာ္သိကၡာ(၅၀)ျပည့္ေတာ္မူေသာေန႕၌ ပရိနိဗၺာန္ျပဳအံ့ေသာေနရာ

ျမန္မာျပည္အလယ္ပုိင္း ခ်င္းတြင္းျမစ္အေနာက္ ေဝဘူလ၊ ေဝဘာရ၊ သုနႏၵရ ေတာင္သံုးလံုး ရွိရာသုိ႕ ရာဇၿဂိဳဟ္ျပည္မွ ထြက္လာခဲ့ရာ ကသဲျပည္ကုိ ေက်ာ္ျဖတ္ၿပီး အထက္ ခ်င္းတြင္းျမစ္ကို ေရာက္ရွိသည္။

အရွင္မဟာကႆပ မေထရ္ႀကီး ၾကြလာသည္ကုိ ယာထြန္ေနေသာ ေတာင္သူႀကီးဦးေကာင္းစင္ျမင္ေတြ႕ၿပီး ပင့္၍ ဆြမ္းကပ္လွဴခဲ့ပါသည္။

ဤနယ္ေျမ တစ္ေလွ်ာက္တြင္ ေတာင္သူႀကီးဦးေကာင္းစင္နတ္ရုပ္ကုိ ကုိးကြယ္ၾကပါသည္။
ပထုိးလံုးေခ်ာင္းတြင္ ေခတၱနားၿပီး ေရခ်ဳိး၍ သကၤန္း မ်ားကုိ ေလွ်ာ္လွန္းေသာေနရာတြင္ သကၤန္းခ်ဳပ္ရုိးရာ အနားပါတ္ေနရာ အစံုအလင္ထင္ရွားစြာပင္ အေၾကာင္းထင္လွ်က္ရွိပါသည္။

ေခ်ာင္းအတုိင္း ဆန္တက္ၿပီး ေဝဘူလ၊ ေဝဘာရေတာင္သုိ႕ ေရာက္ၿပီးလွ်င္ ေတာင္ေပၚသုိ႕တက္၍ မတ္တပ္ရပ္ေတာ္မူၿပီးလွ်င္ လူနတ္အေပါင္းတုိ႕၏အက်ိဳးငွာ အဓိဌာန္ျပဳေတာ္မူသည္မွာ

သာသနာေတာ္၌ သက္ဝင္ယံုၾကည္ေသာ အမ်ဳိးေကာင္းသားသည္ ငါးပါးသီလကုိ ေစာင့္ထိန္းျခင္း၊ မိဘဆရာသမားတုိ႕အား ရွိခုိးပူေဇာ္ျခင္း၊ ရတနာသံုးပါး သာသနာေတာ္ေစာင့္နတ္တုိ႕ကုိ ပူေဇာ္ပသ ျခင္းျပဳကာ ယံုၾကည္စြာ သံုးစဲြပါက (၉၆)ပါးေသာေရာဂါတုိ႕ ေပ်ာက္ပါေစသတည္း။

ဤကဲ့သုိ႕ သတၱဝါအေပါင္းတုိ႕အား သနားေတာ္ မူေသာေၾကာင့္ ေမတၱာေတာ္ေရတြင္းကုိလည္း အဓိဌာန္ျပဳ၍ ထားေတာ္မူခဲ့ေလ၏။

ထုိေရတြင္းမွတဖန္ ေတာင္ဘက္သုိ႕ ေလွ်ာက္သြားၿပီးလွ်င္ ဣစၦာသယေတာင္ေျခရင္း၌ ဆြမ္းဘုန္းေပးၿပီး သပိတ္မ်ားကုိ ေဆးေၾကာေသာေခ်ာင္းကုိ သပိတ္ေဆးေခ်ာင္း ဟုေခၚသည္။

အရွင္မဟာကႆ ပမေထရ္ႀကီးသည္
နတ္မင္းအေပါင္းတုိ႕ ဖန္ဆင္းထားေတာ္မူေသာ
ျမသလြန္ေညာင္ေစာင္းထက္တြင္
မဟာေဗာဓိပင္ႏွင့္ ရတနာခုႏွစ္ပါး ေရႊပလႅင္ျမတ္၌ ဘုရားဓာတ္ေတာ္ျမတ္ကုိ ရွိခုိးပူေဇာ္ၿပီးမွ သစၥာအဓိဌာန္ျပဳေတာ္မူေလသည္။

ဝစီဝါစာ သစၥာအဓိဌာန္မ်ား ျပဳေတာ္မူၿပီးလွ်င္ မဟာေဗာဓိပင္ႏွင့္ ရတနာ(၇)ပါးျဖင့္ၿပီးေသာ ေရႊပလႅင္ကုိ ဦးေခါင္း ျပဳေတာ္မူၿပီး စ်ာန္ဝင္စားေတာ္မူၿပီးလွ်င္ သိၾကားနတ္မင္းတုိ႕ ဖန္ဆင္းထားအပ္ေသာ ျမသလြန္ေရႊေညာင္ေစာင္းေပၚ၌ ပရိနိဗၺာန္ စံယူေတာ္မူေလသည္။

အံ့ၾသဖြယ္အခ်က္မ်ား

၁။ အရွင္မဟာကႆ ပ ပရိနိဗၺာန္စံျမန္းေသာ လႈိဏ္ဂူႀကီးသည္ ေဝဘူလ၊ ေဝဘာရ၊ သုနႏၵရေတာင္သံုးလံုးကုိ ညႊတ္ေပါင္းကူးၿပီး ဆက္သြယ္၍ေနျခင္း။

၂။ ၎လႈိဏ္ဂူတြင္ ေက်ာက္ခက္ ေက်ာက္ပန္းတုိ႕သည္ ပန္းခ်ီ၊ ပန္းပုဆရာတုိ႕ ေရးထု၍ ဆဲြထားဘိသကဲ့သုိ႕ သဘာဝအတုိင္း ျဖစ္ေပၚ၍ေနျခင္း။

၃။ ေဝဘူလေတာင္ထိပ္တြင္ လူနတ္ျဗဟၼာသတၱဝါအေပါင္းကို (၉၆)ပါးေသာ ေဝဒနာမ်ား ေပ်ာက္ကင္းေစရန္ ေမတၱာေတာ္ျဖင့္ ေသာက္ခ်ဳိး၍ မကုန္ႏုိင္ အၿမဲတေစထြက္၍ေနေသာ ေရတြင္း၊ ၎ေရတြင္းကို မိန္းမမ်ားေရခ်ဳိးခဲ့လွ်င္ မ်က္ျမင္ဒိဌ ေရခန္း၍သြားျခင္း။

၄။ အရွင္မဟာကႆ ပစံျမန္းေတာ္္မူေသာ လႈိဏ္ဂူေတာ္အတြင္း လူမဝင္ႏုိင္ေသာ္လည္း အရွင္မဟာကႆ ပကုိ ရည္စူး၍ အထက္ဥမင္မွ ေရႊစစ္၊ ေငြစစ္တုိ႕ကုိ အဓိဌာန္ျပဳ၍ ခြက္ႏွင့္ထည့္ၿပီး လွဴဒါန္းေမွ်ာလုိက္ေသာ္ ေအာက္ဥမင္ဝကို ေရာက္လွ်င္ ေရႊ၊ ေငြမ်ား မပါေသာ ခြက္သာလွ်င္ေမ်ာလာျခင္း။

၅။ အရွင္မဟာကႆ ပစံျမန္းေတာ္မူေသာ လႈိဏ္ဂူေနရာတည့္တည့္သုိ႕ ေတာရုိင္းသတၱဝါမ်ား ေက်ာ္ျဖတ္၍ မသြားျခင္း။

၆။ အရွင္မဟာကႆ ပ ကုိ စိတ္ကရည္စူး၍ ဘုရားဖူးသြားလာေသာ နတ္လူအေပါင္းတုိ႕သည္ ေတာေတာင္ျမိဳင္ ေခ်ာက္တုိ႕ကုိ အတန္တန္ေက်ာ္ျဖတ္၍ သြားေသာ္ျငားလည္း ေတာသား၊ ရန္သူ၊ ဓါးျပ၊ ခုိးသားဟူေသာ ေဘးအႏၱရာယ္မ်ဳိး ႏွင့္ မေတြ႕ရျခင္း။

၇။ အရွင္မဟာကႆ ပကုိ ဖူးေတြ႕ရန္ သြားေသာအခါ မေကာင္းေသာ အက်င့္အႀကံရွိေသာသူမ်ားကုိ နတ္မ်ားက ထင္ရွားစြာ ျပသျခင္း။

၈။အရွင္မဟာကႆ ပႀကီး၏ သကၤန္းလွန္းေသာေနရာ၌ ယခုတုိင္ သကၤန္းခ်ဳပ္ရုိး အနားပါတ္မက်န္ ေကာင္းမြန္စြာ ထင္လ်က္ရွိျခင္း။

၉။အရွင္မဟာကႆ ပမေထရ္ စံျမန္းေတာ္မူေသာ ေဝဘူလ၊ ေဝဘာရ၊ သုနႏၵရ ေတာင္တို႕၌ သူေတာ္ေကာင္းတို႕ လာ၍ တရားကုိအားထုတ္ခဲ့ပါလွ်င္ နတ္မ်ားက သီလ၊ သမာဓိကုိ စမ္းၿပီးလွ်င္ အက်င့္သိကၡာႏွင့္ ျပည့္စံုလွ်င္ အေလာင္းေတာ္စစ္ကုိ ဝင္၍ ဖူးႏုိင္္ရန္ ကူညီေစာင့္ေရွာက္ ျခင္း ။
Credit: original uploader

#Unicode  Version#

ပိပ္ပလိလုလင်ပျို အသက်နှစ်ဆယ်ပြည့်အရွယ်တွင် မယ်ဘဒ္ဒါရဲ့မိဘများနှင့် နှစ်ဘက်မိဘတိုင်ပင်၍ ထိမ်းမြား ပေးရန် စီစဉ်သည်။ ပိပ္ပလိသည် မယ်ဘဒ္ဒါအား ‘မိဘများကွယ်လွန်သွားလျှင် လူ့ဘောင်ကို စွန့်၍ သင်္ကန်းစီးပြီးတောထွက်မည်ဟု စိတ်ပိုင်းဖြတ်ထားပါသည်။

ဤဘဝတွင် အရှည်မနေရ၍ သင်ချစ်နှမမှာ လင်ပစ်မလေး ဖြစ်မည့်အရေးကို တွေးသနားပြီး တခြား သူနှင့် အရွယ်တူ စိတ်တူ ကြံစည်ပါလော့’ဟု ချော့၍ လွှတ်လိုက်ရသည်။ မယ်ဘဒ္ဒါလည်း အိမ်သူရှင်မ မဖြစ်ရအောင် ခယ တောင်းပန်အကြောင်းပြန်စာ ပေးပို့ပါလည်း ရေစက်ပါ၍ မပြတ်နိုင်ဘဲ မင်္ဂလာပွဲဖြစ်မြောက်ခဲ့သည်။

တဏှာကာမလွန်စွာ စက်ဆုပ် ညှီနံပုတ်ဟု အဟုတ်ရွံရှာမုန်းတာကြောင့် နှစ်ယောက်အတူ အိပ်စက်သောအခါ ပန်းကုံး ခြား၍ သွေဖီတစ်မျိုး စိတ်ဖောက်ပြားပါက ပန်းကုံးညှိုးပါစေဟု ဒိဌာန်ပြုပြီး နေခဲ့ကြသည်။

နှစ်ဘက်မိဘများ ကွယ်လွန်သွား သောအခါ သံဝေဂပိုရပြီး ရှေ့တိုးနောက်ဆုတ်မပြုလုပ်ဘဲ အရာရာစွန့်၍ ခြေဦးတည့်ရာသွားတော့မည်။ စိတ်အေးချမ်းသာ နေရစ် ပါတော့ဟု မယ်ဘဒ္ဒါအား ပြောကြားသည်။

မယ်ဘဒ္ဒါလည်း ‘မောင့်နှမလည်း အရှင့်နည်းတူ သံဝေဂရပြီး မောင်တော်ထွက်သွား ရာကို နှမတော်မယ်ဘဒ္ဒါလည်း နောက်ကမကွာ လိုက်ခဲ့ပါမည်’ဟု ပြောကြားသည်။

ကျေးကျွန်များကလည်း အားထားရာ ကင်းမဲ့ပါပြီ ဆိုကာ မသွားဖို့ရန် ငိုကျွေးတောင်းပန်ကြသည်။

ပိပ္ပလိသည် ‘အသင်တို့ ငါတို့ထံတွင် ဆပ်ရန် အကျွေး အသေးအဖွဲ တပဲတရွေးမျှ ပြန်မပေးနဲ့တော့၊ ကျွန်ဘဝမှ အကုန်လွတ်ကြတော့’ဟု တရားသဘော အနည်းငယ်ဟောကြားခဲ့သည်။

သင်နှမ မယ်ဘဒ္ဒါ သင်သည် ဇမ္ဗူတခွင်ဝယ် လူတွင်မက နတ်တမျှ လှပနေ၍ လူအများအမြင်ဝယ် မသင့်တော်၊ ရဟန်း ဘဝရောက်တာတောင် မခွဲချင်ဘူးဟု ပြောကြလိမ့်မည်။ ငါ၏နောက်က ကောက်ကောက်မကွာ မလိုက်ပါနဲ့ ကြိုက်ရာလမ်း မြန်းပါ တော့ဟု ပြောလေသည်။
မယ်ဘဒ္ဒါကလည်း ယောက်ျားလက်ျာ မိန်းမမှာလျှင် သွားလက်ဝဲ ပြုစမြဲမို့ အရှင်သာလျှင် လက်ျာလမ်းမှ ကြွမြန်းပါတော့ နှမတော်လည်း လက်ဝဲလမ်းမှ သွားပါတော့မည်ဟု လျှောက်ထားလေသည်။ ခွဲခွာရတော့မှာမို့ လက်ျာရစ် သုံးကြိမ် ပတ်ခါ နောက်ဆုံးကန်တော့လေသည်။

ပိပ္ပလိလုလင်နှင့် မယ်ဘဒ္ဒါတို့ လမ်းခွဲပြီး မဟာပထဝီမြေကြီး အိုးထိန်းစက်ကဲ့သို့ သွက်သွက်ခါမျှ တုန်လှုပ်သွားလေ သည်။

သုံးလူထွဋ်ထား မြတ်ဘုရားသည် ဝေဠုဝန်ကျောင်းတော်မှ ဒိဗ္ဗစက္ခု ရွှေဉာဏ်တော်ဖြင့် ရှုကြည့်ရာ ပိပ္ပလိလုလင်သည် ငါထံ ရည်မှန်းလာကြောင်းသိ၍

ဘုရားရှင် ကိုယ်တော်တိုင် ကြွ၍ အဖူးမျှော်ကန်တော့ခံပြီး ဘုရားရှင်၏ ဒုကုဋသင်္ကန်းကို ပေးသနားပြီး ကျောင်းတော်သို့ ရောက်လတ်သော် ဘုရားရှင် ဧဟိဘိက္ခူခေါ်တော်မူ၍ ရဟန္တာအဖြစ်ကို

(၇)ရက်မြောက် သောနေ့၌ရ၍ ဓူတင် ထေရ်ကို ဆောင်တော်မူလေသည်။

ဘဝတစ်ခုအခါက ပဒုမုတ္တရဘုရားသခင်၏ နိယတ ဗျာဒိတ်တော်ကို ရပြီးခဲ့သည့်နောက် တဖန် ဘုရားသာသနာအကုန်တွင် ဗာရာဏသီပြည်မှာ မင်းညီ သုံးပါးဖြစ်၍ လူတို့ဘောင်တွင် မပျော်မွေ့ဘဲ ရသေ့ပြုခါ ဈာန်တရားကို ဟိမဝန္တာတော၌ ဒေသစာရီလှည့်လည်ကျင့်တော်မူခဲ့သည်။

ဂေါတမအလောင်း ၊ အရိမေတ္တယျအလောင်း နောင်တော်နှစ်ပါးနှင့် သလ္လာဝတီ ချင်းတွင်းမြစ်အနောက်ဘက် ဝေဘူလ၊ ဝေဘာရဝ သုနန္ဒရ တောင်သုံးလုံး၌ သစ္စာအဓိဌာန်ထားခဲ့သည်။

နောင်တော်ကြီးဘုရားဖြစ်၍ အကျွနု်ပ်ကလည်း ရဟန္တာအဖြစ်ကို ရပြီးလျှင် နောင်တော်ကြီး ပရိနိဗ္ဗာန်စံသောအခါ ကျွနု်ပ်ကသဂြိုဟ်မှသာလျှင် တေဇောဓာတ်လောင်ကျွမ်းပါစေ။

အကျွန်ုပ် ပရိနိဗ္ဗာန်ပြုခဲ့သော် နောင်တော်ငယ် သဂြိုဟ်မှသာလျှင် တေဇောဓာတ်လောင်ကျွမ်းပါစေ

ဟု အဓိဌာန်ထားခဲ့ကြသည်။

နောင်တော်ကြီးဂေါတမနှင့် ထားခဲ့သော ကတိပြည့်စုံပြီ။ နောင်တော်ငယ် မေတ္တယျနှင့်ထားခဲ့သော ကတိသည် မပြည့်စုံသေးပေ။

ဤကဲ့သို့ သစ္စာအဓိဌာန် ပြုတော်မူခဲ့ဖူးသောကြောင့် ငါ၏ခန္ဓာကိုယ်သည် ယခုလက်ငင်း တေဇောဓာတ် မလောင်ကျွမ်းနိုင်သေး မေတ္တယျဘုရား ရွှေလက်ဝါး တော်၌ တင်မှသာလျှင် တန်ခိုးတော်ကြောင့် တေဇောဓာတ်လောင်ကျွမ်းလိမ့်မည်။

ငါ၏အလောင်းကို ရှိခိုးပူဇော် လှူဒါန်းရန်လာကြသော လူနတ်ဗြဟ္မာအပေါင်းတို့ နိဗ္ဗာန်မဂ်ဖိုလ် ရစေခြင်းအကျိုးငှာ ဇမ္ဗူဒီပ တမ္မဒီပတိုင်း မြန်မာပြည်အလယ်ပိုင်း သလ္လာဝတီ ချင်းတွင်းမြစ်အနောက်ဘက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး အောက်တွင် ပရိနိဗ္ဗာန်စံယူမှသာလျှင် နောင်တော်ငယ်နှင့် ထားခဲ့သော ကတိသစ္စာညီတော့မည်ဟု ဝစီဝါစာ သစ္စာအဓိဌာန် ပြုတော်မူ၏။

အရှင်မဟာကဿပ မထေရ်ကြီး၏ သစ္စာအဓိဌာန်ပြုတော်မူသည်ကို သိကြားမင်းသိတော်မူ၍ လူ့ပြည်သို့ ကိုယ်တိုင် ဆင်းတော်မူခဲ့ပြီးမှ

ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံးကိုညွှတ်၍ ကျောက်လှိုဏ်ဂူကို ဖန်ဆင်း၏။

တောင်သုံးလုံးအတွင်း၌ ပတ္တမြားလှိုဏ်ဂူသည် အလျားအတောင်(၅၀) အနံအတောင်(၅၀)စတုရန်း ညီမျှစွာ ရှိ၏။

တံခါး(၄)တန်ကိုလည်း တံခါးတစ်ခုနှင့် တစ်ခုကို အတောင်(၅၀)စီကွာခြား၏။ ၎င်းလှိုဏ်ဂူအတွင်း၌ မြ၊ ဖလ်၊ ရွှေ၊ ငွေစသည်တို့ဖြင့် မွမ်းမံခြယ်လယ်အပ်သော မဟာဂန္ဓ ကုဋိတိုက်တော်ကိုလည်း ဖန်ဆင်းထား၏။

၎င်းတိုက်၏ အလယ်၌ အလျား(၁၆)တောင်၊ အနံ(၈)တောင်၊ အစောက်(၄)တောင် ရှိ သော မြသလွန်တော်ကို ဖန်ဆင်းထားတော်မူ၏။

မဟာဂန္ဓကုဋိတိုက် လေးမျက်နှာ၌ တစ်ဖက်ကို ကျောက်တံခါး ငွေတံခါး ရွှေတံခါး (၃)တန်စီထား ရှိ၏။

တံခါးပေါက် အမြင့်မှာ (၁၆)တောင်၊ အနံ(၈)တောင်စီရှိ၏။

အရှေ့တံခါး(၃)တန်မှာ ဂန္ဓဗ္ဗနတ်မင်း သုံးထောင် စောင့်၏။

တောင်တံခါး(၃)တန်မှာဂုမ္ဘာန်နတ်မင်းသုံးထောင်စောင့်၏။

အနောက်တံခါး (၃)တန်မှာ ဂဠုန်မင်း သုံးထောင်စောင့်၏။

မြောက်တံခါး(၃)တန်မှာ ရက္ခဘီလူးမင်းသုံးထောင်စောင့်၏။
အောက်မျက်နှာ၌ ဘုမ္မစိုးနတ်မင်း၊ မဟာပိန္နဲအသူရာနတ်မင်း သုံးထောင်စောင့်၏။

မဟာဂန္ဓ ကုဋိတိုက် အတွင်း၌ သမာဒေဝ နတ်မင်း လေးထောင်စောင့်၏။

အရှင်မဟာကဿ ပမထေရ်သည် မလ္လာမင်းတို့၏ အင်ကြင်းပန်းဥယျာဉ်၌ မြတ်စွာဘုရားပရိနိဗ္ဗာန် စံယူပြီးနောက် သင်္ဂါယနာတင်၍

ဓာတ်တော်များကို ရှစ်ပြည်ထောင်သော မင်းများ၏ ဌာပနာစေတီတော်၌ ပင့်ဆောင်ယူ၍ စုရုံးပြီး အဇာတသတ်မင်းလက်သို့အပ်၍

ဓာတ်တော်များ ဌာပနာပြုပြီးသော သတ္တဝါလူအများတို့အား တရားရေအေး အမြိုက်ဆေး ကို တိုက်ကျွေးတော်မူသည်။

အရှင်မဟာ ကဿ ပမထေရ်ကြီးသည် သက်တော်(၁၂၀)၊ ဝါတော်သိက္ခာ(၅၀)ပြည့်တော်မူသောနေ့၌ ပရိနိဗ္ဗာန်ပြုအံ့သောနေရာ

မြန်မာပြည်အလယ်ပိုင်း ချင်းတွင်းမြစ်အနောက် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်သုံးလုံး ရှိရာသို့ ရာဇဂြိုဟ်ပြည်မှ ထွက်လာခဲ့ရာ ကသဲပြည်ကို ကျော်ဖြတ်ပြီး အထက် ချင်းတွင်းမြစ်ကို ရောက်ရှိသည်။

အရှင်မဟာကဿပ မထေရ်ကြီး ကြွလာသည်ကို ယာထွန်နေသော တောင်သူကြီးဦးကောင်းစင်မြင်တွေ့ပြီး ပင့်၍ ဆွမ်းကပ်လှူခဲ့ပါသည်။

ဤနယ်မြေ တစ်လျှောက်တွင် တောင်သူကြီးဦးကောင်းစင်နတ်ရုပ်ကို ကိုးကွယ်ကြပါသည်။
ပထိုးလုံးချောင်းတွင် ခေတ္တနားပြီး ရေချိုး၍ သင်္ကန်း များကို လျှော်လှန်းသောနေရာတွင် သင်္ကန်းချုပ်ရိုးရာ အနားပါတ်နေရာ အစုံအလင်ထင်ရှားစွာပင် အကြောင်းထင်လျှက်ရှိပါသည်။

ချောင်းအတိုင်း ဆန်တက်ပြီး ဝေဘူလ၊ ဝေဘာရတောင်သို့ ရောက်ပြီးလျှင် တောင်ပေါ်သို့တက်၍ မတ်တပ်ရပ်တော်မူပြီးလျှင် လူနတ်အပေါင်းတို့၏အကျိုးငှာ အဓိဌာန်ပြုတော်မူသည်မှာ

သာသနာတော်၌ သက်ဝင်ယုံကြည်သော အမျိုးကောင်းသားသည် ငါးပါးသီလကို စောင့်ထိန်းခြင်း၊ မိဘဆရာသမားတို့အား ရှိခိုးပူဇော်ခြင်း၊ ရတနာသုံးပါး သာသနာတော်စောင့်နတ်တို့ကို ပူဇော်ပသ ခြင်းပြုကာ ယုံကြည်စွာ သုံးစွဲပါက (၉၆)ပါးသောရောဂါတို့ ပျောက်ပါစေသတည်း။

ဤကဲ့သို့ သတ္တဝါအပေါင်းတို့အား သနားတော် မူသောကြောင့် မေတ္တာတော်ရေတွင်းကိုလည်း အဓိဌာန်ပြု၍ ထားတော်မူခဲ့လေ၏။

ထိုရေတွင်းမှတဖန် တောင်ဘက်သို့ လျှောက်သွားပြီးလျှင် ဣစ္ဆာသယတောင်ခြေရင်း၌ ဆွမ်းဘုန်းပေးပြီး သပိတ်များကို ဆေးကြောသောချောင်းကို သပိတ်ဆေးချောင်း ဟုခေါ်သည်။

အရှင်မဟာကဿ ပမထေရ်ကြီးသည်
နတ်မင်းအပေါင်းတို့ ဖန်ဆင်းထားတော်မူသော
မြသလွန်ညောင်စောင်းထက်တွင်
မဟာဗောဓိပင်နှင့် ရတနာခုနှစ်ပါး ရွှေပလ္လင်မြတ်၌ ဘုရားဓာတ်တော်မြတ်ကို ရှိခိုးပူဇော်ပြီးမှ သစ္စာအဓိဌာန်ပြုတော်မူလေသည်။

ဝစီဝါစာ သစ္စာအဓိဌာန်များ ပြုတော်မူပြီးလျှင် မဟာဗောဓိပင်နှင့် ရတနာ(၇)ပါးဖြင့်ပြီးသော ရွှေပလ္လင်ကို ဦးခေါင်း ပြုတော်မူပြီး ဈာန်ဝင်စားတော်မူပြီးလျှင် သိကြားနတ်မင်းတို့ ဖန်ဆင်းထားအပ်သော မြသလွန်ရွှေညောင်စောင်းပေါ်၌ ပရိနိဗ္ဗာန် စံယူတော်မူလေသည်။

အံ့သြဖွယ်အချက်များ

၁။ အရှင်မဟာကဿ ပ ပရိနိဗ္ဗာန်စံမြန်းသော လှိုဏ်ဂူကြီးသည် ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရတောင်သုံးလုံးကို ညွှတ်ပေါင်းကူးပြီး ဆက်သွယ်၍နေခြင်း။

၂။ ၎င်းလှိုဏ်ဂူတွင် ကျောက်ခက် ကျောက်ပန်းတို့သည် ပန်းချီ၊ ပန်းပုဆရာတို့ ရေးထု၍ ဆွဲထားဘိသကဲ့သို့ သဘာဝအတိုင်း ဖြစ်ပေါ်၍နေခြင်း။

၃။ ဝေဘူလတောင်ထိပ်တွင် လူနတ်ဗြဟ္မာသတ္တဝါအပေါင်းကို (၉၆)ပါးသော ဝေဒနာများ ပျောက်ကင်းစေရန် မေတ္တာတော်ဖြင့် သောက်ချိုး၍ မကုန်နိုင် အမြဲတစေထွက်၍နေသော ရေတွင်း၊ ၎င်းရေတွင်းကို မိန်းမများရေချိုးခဲ့လျှင် မျက်မြင်ဒိဌ ရေခန်း၍သွားခြင်း။

၄။ အရှင်မဟာကဿ ပစံမြန်းတော်မူသော လှိုဏ်ဂူတော်အတွင်း လူမဝင်နိုင်သော်လည်း အရှင်မဟာကဿ ပကို ရည်စူး၍ အထက်ဥမင်မှ ရွှေစစ်၊ ငွေစစ်တို့ကို အဓိဌာန်ပြု၍ ခွက်နှင့်ထည့်ပြီး လှူဒါန်းမျှောလိုက်သော် အောက်ဥမင်ဝကို ရောက်လျှင် ရွှေ၊ ငွေများ မပါသော ခွက်သာလျှင်မျောလာခြင်း။

၅။ အရှင်မဟာကဿ ပစံမြန်းတော်မူသော လှိုဏ်ဂူနေရာတည့်တည့်သို့ တောရိုင်းသတ္တဝါများ ကျော်ဖြတ်၍ မသွားခြင်း။

၆။ အရှင်မဟာကဿ ပ ကို စိတ်ကရည်စူး၍ ဘုရားဖူးသွားလာသော နတ်လူအပေါင်းတို့သည် တောတောင်မြိုင် ချောက်တို့ကို အတန်တန်ကျော်ဖြတ်၍ သွားသော်ငြားလည်း တောသား၊ ရန်သူ၊ ဓါးပြ၊ ခိုးသားဟူသော ဘေးအန္တရာယ်မျိုး နှင့် မတွေ့ရခြင်း။

၇။ အရှင်မဟာကဿ ပကို ဖူးတွေ့ရန် သွားသောအခါ မကောင်းသော အကျင့်အကြံရှိသောသူများကို နတ်များက ထင်ရှားစွာ ပြသခြင်း။

၈။အရှင်မဟာကဿ ပကြီး၏ သင်္ကန်းလှန်းသောနေရာ၌ ယခုတိုင် သင်္ကန်းချုပ်ရိုး အနားပါတ်မကျန် ကောင်းမွန်စွာ ထင်လျက်ရှိခြင်း။

၉။အရှင်မဟာကဿ ပမထေရ် စံမြန်းတော်မူသော ဝေဘူလ၊ ဝေဘာရ၊ သုနန္ဒရ တောင်တို့၌ သူတော်ကောင်းတို့ လာ၍ တရားကိုအားထုတ်ခဲ့ပါလျှင် နတ်များက သီလ၊ သမာဓိကို စမ်းပြီးလျှင် အကျင့်သိက္ခာနှင့် ပြည့်စုံလျှင် အလောင်းတော်စစ်ကို ဝင်၍ ဖူးနိုင်ရန် ကူညီစောင့်ရှောက် ခြင်း ။
Credit: original uploader

No comments:

Post a Comment