Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Tuesday, May 29, 2018

လႉျခင္​းအဂၤါအျဖာျဖာ


၁.. သဒါၶယဒါနံ​ေဒတိ
၂.. သကၠစၥံဒါနံ​ေဒတိ
၃.. ကာ​ေလနဒါနံ​ေဒတိ
၄.. အႏုဂၢဟ စိ​ေတၱာဒါနံ​ေဒတိ
၅.. အတၱာနဥၥ ပရဥၥ အႏုပတစၥ ဒါနံ​ေဒတိ ဟူ၍ ငါးမ်ိဳး႐ွိ၏..။

(၁ ) သဒါၶယဒါနံ​ေဒတိ
       ````````````````````````
        သဒၶါယ .. ​ေကာင္​းတာလုပ္​ရင္​ ​ေကာင္​းက်ိဳး ရကို ရမယ္​.. ။  မ​ေကာင္​းတာလုပ္​ရင္​ မ​ေကာင္​းက်ိဳးကို ျဖစ္​​ကို ျဖစ္​မယ္​ ဆိုတဲ့ ..
ကံ.. ကံ၏အက်ိဳးကို ယံုၾကည္​​ေသာ သဒၶါတရားႏွင္​့.. (ဝါ ) ဘုရား တရား သံဃာရတနာ သံုးပါးအ​ေပါင္​းကို ၾကည္​ညိဳ ယံုၾကည္​​ေသာ သဒၶါတရားႏွင္​့..
          ဒါန.. အလႉဒါနကို.
          ​ေဒတိ.. ​ေပးရ၏..။
   ဒါ​ေၾကာင္​့ အက်ိဳး ​ေပးကို ​ေပးရမယ္​ ဆိုတဲ့ ယံုၾကည္​မႈသဒၶါတရားႏွင္​့ ​ေပးလႉရပါတယ္​။

( ၂ )  သကၠစၥံ ဒါနံ ​ေဒတိ
        ```````````````````````````` 
သကၠစၥံ..   ႐ို​ေသစြာ.. ​ေလးျမတ္​စြာ..
ဒါနံ ..        အလႉဒါနကို
​ေဒတိ ..    ေပးရ၏။
                ႐ို႐ို​ေသ​ေသ ​ေပးလႉရပါမယ္​။ ပစ္​ခ်တာ.. ပစ္​ၾကဲတာတို႔ ကုသိုလ္​ရ​ေပမယ္​့ အဂၤါမ​ေျမာက္​ပါဘူး..။

                တစ္​နည္​းအားျဖင္​့ အက်ိဳး​ေပးတယ္​.. အက်ိဳးမမ်ားတဲ့အတြက္​ ျဖစ္​သလို မလုပ္​သင္​့​ေပ။

                လႉမယ္​ဆိုရင္​ ႀကီးႀကီးငယ္​ငယ္​ ရြယ္​ရြယ္​လတ္​လတ္​ ျမတ္​သည္ျဖစ္​​ေစ.. ယုတ္​သည္​ျဖစ္​​ေစ ႐ို႐ို​ေသ​ေသလႉရမည္​..။

( ၃ ) ကာ​ေလနဒါနံ​ေဒတိ..
        ´´´´´´´´´´´´´´
ကာ​ေလန.. အခါအား​ေလ်ာ္​စြာ.
ဒါနံ      ​    .. အလႉဒါနကို
​ေဒတိ       .. ​ေပးလႉ၏။
** ဒီ​ေနရာမွာ ကာလဆိုတာ အခ်ိန္​ကာလ တစ္​ခုထဲကို ဆိုလိုတာ မဟုတ္​ပါဘူး..။
 
    အလႉခံပုဂၢိဳလ္​က လိုအပ္​​ေနတဲ့ ပစၥည္​း ဝတၳဳကို လိုအပ္​သလို အခါအား​ေလ်ာ္​စြာ ​ေပးလႉရပါမယ္​။

      ဥပမာ.. အလႉခံပုဂၢိဳလ္​က အ​ေအးကိုလိုအပ္​တဲ့အခါမွာ အပူကိုလႉ​ေတာ့ ကုသိုလ္​ရ​ေပမယ္​့ အလႉခံပုဂၢိဳလ္ မွာ​ေတာ့ စိတ္​မခ်မ္​းမသာ သံုး​ေဆာင္​လိုက္​ရတဲ့အတြက္​ ဒါကို သိလိုက္​တဲ့ အလႉ႐ွင္​က​ေရာ စိတ္​ခ်မ္​းသာႏိုင္​မွာ မဟုတ္​ပါဘူး..။

    စိတ္​မခ်မ္​းမသာ ျဖစ္​ရတဲ့ အလႉက​ေရာ မြန္​ျမတ္​တဲ့ အလႉ ျဖစ္​ပါ့မလား...။

   ဒိြဟစိတ္​​ေတြ ... သံသယစိတ္​​ေတြ နဲ႔ ပထမအဂၤါ .. တတိယအဂၤါ ခ်ိဳ႕တဲ့တဲ့ အတြက္​ အက်ိဳးမမ်ားႏိုင္​ပါဘူး..။

      အလႉခံပုဂၢိဳလ္​က သကၤန္​း စာအုပ္​လိုတာသိလို႔ သကၤန္​း စာအုပ္​ လႉလိုက္​​ေတာ့ အလႉခံပုဂၢိဳလ္ကလည္​း ဝမ္​း​ေျမာက္​ဝမ္​းသာနဲ႔ သံုး​ေဆာင္​တယ္​..။

     ဒါကိုျမင္​တဲ့ အလႉ႐ွင္​ကလည္​း ၾကည္​ႏူးစြာနဲ႔ အလႉဒါနရဲ႕ စစ္​မွန္​တဲ့ ပီတိကိုရမွာပါ။
ဒါ​ေၾကာင္​့ လိုအပ္​တာကို လိုအပ္​တဲ့အခ်ိန္​မွာ လႉဒါန္​းပါ..။

( ၄ ) အႏုဂၢဟစိ​ေတၱာ ဒါနံ ​ေဒတိ
      ````````````````````````````````````````
အႏုဂၢဟစိ​ေတၱာ..  ကြၽတ္​လြတ္​​ေသာစိတ္​ျဖင္​့
ဒါနံ  ..... အလႉဒါနကို
​ေဒတိ.... ​ေပးလႉရ၏။

    ကြၽတ္​ကြၽတ္​ လြတ္​လြတ္​ လႉပါ.။
    ႀကိဳးတန္​းလန္​းနဲ႔ မလႉပါနဲ႔..။

ဆိုလိုတာက.. ႏိုင္​တဲ့ ဝန္​ ထမ္​းၿပီး ႏိုင္​သ​ေလာက္​ လႉပါ..။
လႉႏိုင္​​ေအာင္​လဲ ႀကိဳးစားပါ။  မႏိုင္​ဝန္​ မထမ္​းပါနဲ႔..။
 
    ကိုယ္​့မွာ႐ွိတာက ​ေထာင္​ဂဏာန္​း.. ​ေသာင္​းဂဏာန္​းပဲ ႐ွိတာ ... သိန္​းဂဏာန္​းလႉတယ္​ဆို​ေတာ့ ​ေႂကြးၿမီတင္​တယ္​..။   အဲ့ဒီ​ေႂကြးၿမီ​ေၾကာင္​့ စိတ္​မခ်မ္​းသာစရာ​ေတြ ရႏိုင္​သလို ​ေနာင္​တလည္​း ရႏိုင္​ပါတယ္​။

    ငါ ဒီ​ေလာက္​​ေလး လႉလိုက္​ရရင္​ အ​ေကာင္​းသားဆိုတာမ်ိဳး..။    ငါ့မွာဘာလုပ္​စရာ ႐ွိ​ေသးတယ္​.. ​ေမ့သြားလို႔ ျပန္​​ေတာင္​းလို႔လဲမရဘူးဆိုတာမ်ိဳး..။

     ငါအကုန္​လႉလိုက္​​ေတာ့ ​ေ႐ွ႕​ေလ်ာက္​ အဆင္​​ေျပပါ့မလား ဆိုတာမ်ိဳး.. ကိုယ္​လႉတဲ့ ဝတၳဳပစၥည္​း အ​ေပၚမွာ သံ​ေယာဇဥ္​ တြယ္​​ေနရင္​ လႉရက်ိဳးမနပ္​ႏိုင္​​ေတာ့ပါဘူး..။

     ဒါ​ေၾကာင္​့ ကိုယ္​ႏိုင္​သ​ေလာက္​ စိတ္​သန္​႔သန္​႔နဲ႔ လြတ္​လြတ္​ကြၽတ္​ကြၽတ္​ လႉရမယ္​လို႔ ျမတ္​​ဗုဒၶက မိန္​႔ထားခဲ့ပါတယ္​..။

( ၅ ) အတၱာနဥၥ ပရဥၥ အႏုပတစၥ ဒါနံ ​ေဒတိ
        ````````````````````````````````````````````````````
ဘိကၡ​ေဝ.. ရဟန္​း​ေတာ္​မ်ား  ၊ အိုခ်စ္​သားတို႔
အတၱာနဥၥ..   မိမိကိုယ္​ကိုယ္​ ခ်ီး​ေျမႇာက္​ ပလႊားျခင္​းသည္​ ၄င္​း..
ပရဥၥ.       ..    သူတစ္​ပါးကို ကဲ့ရဲ႕႐ႈ့တ္​ခ်ျခင္​းသည္​ ၄င္​း..
အႏုပတစၥ..     ခ်ီး​ေျမႇာက္​ ႐ႈတ္​ခ် တစ္​ခုမွ မျပဳမူ၍
ဒါနံ..                အလႉဒါနကို
​ေဒတိ      ..       ​ေပးလႉရ၏..။
ဥပမာဆိုရ​ေသာ္​...

      " ငါက​ေတာ့ သူလိုမျဖစ္​​ေအာင္​ အ​ေကာင္​းဆံုး လႉတာ.. """ လို႔ ဂုဏ္​ၿပိဳင္​ ပကာသနၿပိဳင္​.. အလွၿပိဳင္​.. ​ေက်ာင္​းၿပိဳင္​   ဆရာ​ေကာင္​းၿပိဳင္​..
ထိုသို႔ၿပိဳင္​ျခင္းေတြမလုပ္​ပဲ
#နည္​းမ်ားမဟူ ​ေပးလႉစြန္​႔ခ် ဒါနမည္​သည္​ကား #ျမတ္​​ေသာပါရမီ အလုပ္​တစ္​ခုပင္​ ျဖစ္​သည္​ဟူ​ေသာ စိတ္​ထားျဖင္​့ လႉ​ေသာ ဒါနမ်ိဳးကို ဆိုလိုပါသည္​..။

★ ★ျမတ္​​ေသာပါရမီ ဒါနမ်ားျဖင္​့ လႉဒါန္​းသူမ်ားျဖစ္​ၾကပါ​ေစ​ေသာ္​..။
dhammasarpay

#Unicode Version#
၁.. သဒါ္ဓယဒါနံဒေတိ
၂.. သက္ကစ္စံဒါနံဒေတိ
၃.. ကာလေနဒါနံဒေတိ
၄.. အနုဂ္ဂဟ စိတ္တောဒါနံဒေတိ
၅.. အတ္တာနဉ္စ ပရဉ္စ အနုပတစ္စ ဒါနံဒေတိ ဟူ၍ ငါးမျိုးရှိ၏..။

(၁ ) သဒါ္ဓယဒါနံဒေတိ
       ````````````````````````
        သဒ္ဓါယ .. ကောင်းတာလုပ်ရင် ကောင်းကျိုး ရကို ရမယ်.. ။  မကောင်းတာလုပ်ရင် မကောင်းကျိုးကို ဖြစ်ကို ဖြစ်မယ် ဆိုတဲ့ ..
ကံ.. ကံ၏အကျိုးကို ယုံကြည်သော သဒ္ဓါတရားနှင့်.. (ဝါ ) ဘုရား တရား သံဃာရတနာ သုံးပါးအပေါင်းကို ကြည်ညို ယုံကြည်သော သဒ္ဓါတရားနှင့်..
          ဒါန.. အလှူဒါနကို.
          ဒေတိ.. ပေးရ၏..။
   ဒါကြောင့် အကျိုး ပေးကို ပေးရမယ် ဆိုတဲ့ ယုံကြည်မှုသဒ္ဓါတရားနှင့် ပေးလှူရပါတယ်။

( ၂ )  သက္ကစ္စံ ဒါနံ ဒေတိ
        ````````````````````````````
သက္ကစ္စံ..   ရိုသေစွာ.. လေးမြတ်စွာ..
ဒါနံ ..        အလှူဒါနကို
ဒေတိ ..    ပေးရ၏။
                ရိုရိုသေသေ ပေးလှူရပါမယ်။ ပစ်ချတာ.. ပစ်ကြဲတာတို့ ကုသိုလ်ရပေမယ့် အင်္ဂါမမြောက်ပါဘူး..။

                တစ်နည်းအားဖြင့် အကျိုးပေးတယ်.. အကျိုးမများတဲ့အတွက် ဖြစ်သလို မလုပ်သင့်ပေ။

                လှူမယ်ဆိုရင် ကြီးကြီးငယ်ငယ် ရွယ်ရွယ်လတ်လတ် မြတ်သည်ဖြစ်စေ.. ယုတ်သည်ဖြစ်စေ ရိုရိုသေသေလှူရမည်..။

( ၃ ) ကာလေနဒါနံဒေတိ..
        ´´´´´´´´´´´´´´
ကာလေန.. အခါအားလျော်စွာ.
ဒါနံ          .. အလှူဒါနကို
ဒေတိ       .. ပေးလှူ၏။
** ဒီနေရာမှာ ကာလဆိုတာ အချိန်ကာလ တစ်ခုထဲကို ဆိုလိုတာ မဟုတ်ပါဘူး..။

    အလှူခံပုဂ္ဂိုလ်က လိုအပ်နေတဲ့ ပစ္စည်း ဝတ္ထုကို လိုအပ်သလို အခါအားလျော်စွာ ပေးလှူရပါမယ်။

      ဥပမာ.. အလှူခံပုဂ္ဂိုလ်က အအေးကိုလိုအပ်တဲ့အခါမှာ အပူကိုလှူတော့ ကုသိုလ်ရပေမယ့် အလှူခံပုဂ္ဂိုလ် မှာတော့ စိတ်မချမ်းမသာ သုံးဆောင်လိုက်ရတဲ့အတွက် ဒါကို သိလိုက်တဲ့ အလှူရှင်ကရော စိတ်ချမ်းသာနိုင်မှာ မဟုတ်ပါဘူး..။

    စိတ်မချမ်းမသာ ဖြစ်ရတဲ့ အလှူကရော မွန်မြတ်တဲ့ အလှူ ဖြစ်ပါ့မလား...။

   ဒွိဟစိတ်တွေ ... သံသယစိတ်တွေ နဲ့ ပထမအင်္ဂါ .. တတိယအင်္ဂါ ချို့တဲ့တဲ့ အတွက် အကျိုးမများနိုင်ပါဘူး..။

      အလှူခံပုဂ္ဂိုလ်က သင်္ကန်း စာအုပ်လိုတာသိလို့ သင်္ကန်း စာအုပ် လှူလိုက်တော့ အလှူခံပုဂ္ဂိုလ်ကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သုံးဆောင်တယ်..။

     ဒါကိုမြင်တဲ့ အလှူရှင်ကလည်း ကြည်နူးစွာနဲ့ အလှူဒါနရဲ့ စစ်မှန်တဲ့ ပီတိကိုရမှာပါ။
ဒါကြောင့် လိုအပ်တာကို လိုအပ်တဲ့အချိန်မှာ လှူဒါန်းပါ..။

( ၄ ) အနုဂ္ဂဟစိတ္တော ဒါနံ ဒေတိ
      ````````````````````````````````````````
အနုဂ္ဂဟစိတ္တော..  ကျွတ်လွတ်သောစိတ်ဖြင့်
ဒါနံ  ..... အလှူဒါနကို
ဒေတိ.... ပေးလှူရ၏။

    ကျွတ်ကျွတ် လွတ်လွတ် လှူပါ.။
    ကြိုးတန်းလန်းနဲ့ မလှူပါနဲ့..။

ဆိုလိုတာက.. နိုင်တဲ့ ဝန် ထမ်းပြီး နိုင်သလောက် လှူပါ..။
လှူနိုင်အောင်လဲ ကြိုးစားပါ။  မနိုင်ဝန် မထမ်းပါနဲ့..။

    ကိုယ့်မှာရှိတာက ထောင်ဂဏာန်း.. သောင်းဂဏာန်းပဲ ရှိတာ ... သိန်းဂဏာန်းလှူတယ်ဆိုတော့ ကြွေးမြီတင်တယ်..။   အဲ့ဒီကြွေးမြီကြောင့် စိတ်မချမ်းသာစရာတွေ ရနိုင်သလို နောင်တလည်း ရနိုင်ပါတယ်။

    ငါ ဒီလောက်လေး လှူလိုက်ရရင် အကောင်းသားဆိုတာမျိုး..။    ငါ့မှာဘာလုပ်စရာ ရှိသေးတယ်.. မေ့သွားလို့ ပြန်တောင်းလို့လဲမရဘူးဆိုတာမျိုး..။

     ငါအကုန်လှူလိုက်တော့ ရှေ့လျောက် အဆင်ပြေပါ့မလား ဆိုတာမျိုး.. ကိုယ်လှူတဲ့ ဝတ္ထုပစ္စည်း အပေါ်မှာ သံယောဇဉ် တွယ်နေရင် လှူရကျိုးမနပ်နိုင်တော့ပါဘူး..။

     ဒါကြောင့် ကိုယ်နိုင်သလောက် စိတ်သန့်သန့်နဲ့ လွတ်လွတ်ကျွတ်ကျွတ် လှူရမယ်လို့ မြတ်ဗုဒ္ဓက မိန့်ထားခဲ့ပါတယ်..။

( ၅ ) အတ္တာနဉ္စ ပရဉ္စ အနုပတစ္စ ဒါနံ ဒေတိ
        ````````````````````````````````````````````````````
ဘိက္ခဝေ.. ရဟန်းတော်များ  ၊ အိုချစ်သားတို့
အတ္တာနဉ္စ..   မိမိကိုယ်ကိုယ် ချီးမြှောက် ပလွှားခြင်းသည် ၎င်း..
ပရဉ္စ.       ..    သူတစ်ပါးကို ကဲ့ရဲ့ရှု့တ်ချခြင်းသည် ၎င်း..
အနုပတစ္စ..     ချီးမြှောက် ရှုတ်ချ တစ်ခုမှ မပြုမူ၍
ဒါနံ..                အလှူဒါနကို
ဒေတိ      ..       ပေးလှူရ၏..။
ဥပမာဆိုရသော်...

      " ငါကတော့ သူလိုမဖြစ်အောင် အကောင်းဆုံး လှူတာ.. """ လို့ ဂုဏ်ပြိုင် ပကာသနပြိုင်.. အလှပြိုင်.. ကျောင်းပြိုင်   ဆရာကောင်းပြိုင်..
ထိုသို့ပြိုင်ခြင်းတွေမလုပ်ပဲ
#နည်းများမဟူ ပေးလှူစွန့်ချ ဒါနမည်သည်ကား #မြတ်သောပါရမီ အလုပ်တစ်ခုပင် ဖြစ်သည်ဟူသော စိတ်ထားဖြင့် လှူသော ဒါနမျိုးကို ဆိုလိုပါသည်..။

★ ★မြတ်သောပါရမီ ဒါနများဖြင့် လှူဒါန်းသူများဖြစ်ကြပါစေသော်..။
dhammasarpay

No comments:

Post a Comment