Latest News

Tuesday, May 29, 2018

စြန္႕ျခင္းၾကီး ငါးပါး


ဘုရားအေလာင္းေတာ္သည္ ဒါနစေသာ ပါရမီတရားမ်ားကို ေလးအသေခၤ်ႏွင့္ ကမၻာတစ္သိန္းပတ္လံုး ဘ၀ ဆက္တုိင္း ျဖည့္က်င့္ေတာ္မူရာ၌ အျခားတပါးသူတို႔ ၾကံေတြးရုံမွ် ၾကက္သီးထေလာက္ေအာင္ လြန္စြာ ခက္ ခဲေသာ စြန္႕လႊတ္မူ အနစ္နာခံမူတို႔ကို ျပဳလုပ္ခဲ့ရသည္။ ထုိသို႔ စြန္႕လႊတ္မူ အနစ္နာခံမူမ်ား ကို ျမင့္ျမတ္
ေသာ စိတ္ထားျဖင့္ စြန္႕လႊတ္ ျဖည့္က်င့္ခဲ့သျဖင့္ ပဥၥမဟာပရိစၥာဂ = စြန္႕ျခင္းၾကီး (၅)ပါး ဟူ၍ ဂုဏ္ျပဳ ေခၚ
ေ၀ၚခဲ့ၾကသည္။ စြန္႕ျခင္းၾကီးငါးပါးကို စြန္႕လႊတ္ကာ သူမတူေအာင္ ျဖည့္က်င့္ၾကိဳးပမ္းခဲ့သည္မွာ သဗၺညဳတ ဉာဏ္ေတာ္ျမတ္ကို ရရွိေရးအတြက္သာ ျဖစ္သည္။ ထုိဉာဏ္ေတာ္ျမတ္ကို ရယူလုိသည့္ ရည္ရြယ္ခ်က္မွာ လည္း သတၱ၀ါအမ်ားကို သံသရာ၀ဋ္ဆင္းရဲအေပါင္းမွ ကယ္တင္ေတာ္မူလုိေသာ အာသီသဆႏၵေၾကာင့္သာ
 ျဖစ္ေပ သည္။ ထို႔ေၾကာင့္ ဤစြန္႕လႊတ္ အနစ္နာခံမူမ်ာကို မဟာပရိစၥာဂ ျမင့္ျမတ္ေသာ ရည္ရြယ္ခ်က္ျဖင့္
 ျမင့္ျမတ္ေသာသူတို႔သာ ျပဳလုပ္ႏုိင္စြမ္းေသာ ျမင့္မားခက္ခဲ့သည့္ စြန္႕လႊတ္ျခင္းၾကီးမ်ားဟု အမည္သမုတ္ခဲ့ၾကေပသည္။

ထုိစြန္႕ျခင္းၾကီး ငါးပါးတုိ႔မွာ -

(၁) ဓနပရိစၥာဂ - ေရႊ ေငြ ဘ႑ာ ရတနာပစၥည္းမ်ားႏွင့္ တုိင္းျပည္ ႏုိင္ငံ ထီးနန္း စည္းစိမ္ကို စြန္႕လွဴ၍ ပါရမီျဖည့္ျခင္း။

(၂) ပုတၱပရိစၥာဂ - သားသမီး ရတနာမ်ားကို စြန္႕လွဴ၍ ပါရမီျဖည့္ျခင္း။

(၃) ဘရိယပရိစၥာဂ - ဇနီးမယားကို စြန္႕လွဴ၍ ပါရမီျဖည့္ျခင္း။

(၄) အဂၤပရိစၥာဂ - မ်က္စိ၊ နား၊ ႏွာ၊ ကိုယ္အဂၤါ အစိတ္အပိုင္းတို႔ကို စြန္႕လွဴ၍ ပါရမီျဖည့္ျခင္း။

(၅) ဇီ၀ိတပရိစၥာဂ - မိမိအသက္ကိုပင္ ႏွေျမာတြန္႕တုိမူ မရွိဘဲ စြန္႕လႊတ္ စြန္႕လွဴ အနစ္နာခံကာ ပါရမီျဖည့္က်င့္ျခင္း - တုိ႔ျဖစ္သည္။


ဓနပရိစၥာဂ

ထုိစြန္႕ျခင္းၾကီးငါးပါးတုိ႔သည္ တစ္မ်ိဳးထက္တစ္မ်ိဳးက ပို၍ ခက္ခဲသည္။ မိမိကိုယ္တုိင္ အပတ္တကုတ္ ေနပူ မိုးရြာမေရွာင္ ေန႕ညမဟူ ခ်မ္းသာ ဆင္းရဲမ်ိဳးစံု ဆင္ႏႊဲကာ ရွာေဖြထားေသာ ပစၥည္းဥစၥာ ရတနာတုိ႔ကို ပက တိ ျဖဴစင္ ၾကည္လင္ေသာ စိတ္ထားျဖင့္ စြန္႕လွဴမူသည္ လူတုိင္းျပဳလုပ္ႏုိင္ေသာ အမူကိစၥ မဟုတ္ေပ။ မိမိ လက္၀ယ္ေရာက္ရွိပိုင္ဆုိင္လာေသာ တုိင္းျပည္ နုိင္ငံ ထီးနန္း စည္းစိမ္တုိ႔ကို စြန္႕လႊတ္လွဴဒါန္းႏုိင္ မူသည္ လည္း လြန္စြာခက္ခဲေသာ ကိစၥမ်ိဳးပင္ ျဖစ္ေပသည္။ သို႔ေသာ္ ဘုရားအေလာငး္ေတာ္တို႕မွာမူ မိမိပုိင္ဆုိင္
ေသာ ထီးနန္းစည္းစိမ္ကိုပင္ လုိခ်င္သူ ေပၚေပါက္လာပါက စိတ္ရင္းျဖဴစင္စြာ ေပးလွဴခဲ့ၾကသည္မွာ ဘ၀မ်ားစြာ အၾကိမ္မ်ားစြာပင္ ျဖစ္ေလသည္။ မဟာသီလ၀ဘုရင္ မင္းၾကီးဘ၀တြင္ မိမိႏုိင္ငံကို လုိခ်င္ေသာ ေကာသလမင္းၾကီးအား အသာတၾကည္ပင္ ေပးလွဴ၍ ပါရမီျဖည့္ခဲ့ေလသည္။


ပုတၱပရိစၥာဂ
ဥစၥာပစၥည္း စြန္႕လွဴမူ၊ တုိင္းျပည္ႏုိင္ငံ စြန္႕လွဴမူမ်ိဳးထက္ သားသမီးမ်ားကို လွဴဒါန္းႏုိင္မူမွာ ပို၍ ခက္ခဲေပ သည္။ အေရထူလြန္ေျမာက္ အေရပါးေဖာက္၍ ရုိးတြင္းခ်ဥ္ဆီေရာက္ေအာင္ အသည္းခိုက္မွ် ခ်စ္ခင္ ယုယၾကင္နာခဲ့ရသည့္ မိမိရင္ႏွစ္သည္းခ်ား သားသမီးရတနာတုိ႔ကို လူတုိင္း ခ်စ္ျမတ္ႏုိးၾကေပသည္။
ဘုရားအေလာင္းေတာ္တို႔လည္း လူသားသဘာ၀ ခ်စ္ျမတ္ႏုိးၾကသည္ပင္။ သုိ႔ေသာ္လည္း သဗၺညဳတ ဉာဏ္ေတာ္ျမတ္ကို ရယူလိုမူက ပိုမုိျပင္းထန္လွသျဖင့္ ပါရမီျဖည့္ဘက္ သားသမီးတို႔ကို လုိလားသူ အလွဴခံ ေပၚေပါက္ပါက လွဴဒါန္းခဲ့ာကသည္မွာ ဘ၀မ်ားစြာ ရွိခဲ့သည္။ ေ၀ႆႏၱရာမင္းၾကီးဘ၀တြင္ အလွဴခံလာသူ ဇူဇကာပုဏၰားအား သားေတာ္သမီေတာ္မ်ားျဖစ္ၾကေသာ ဇာလီႏွင့္ ကဏွာဇိန္တို႔ကို ေပးလွဴခဲ့သည္။ ဇူဇကာပုဏၰားက မိမိရင္ေသြးတို႔ကို မိမိမ်က္ေမွာက္မွာပင္ ၾကိဳးႏွင့္တုပ္ တုတ္ႏွင့္ ရုိက္ ၾကိမ္းေမာင္းဆဲဆိုျပီး လုိရာသို႔ ေခၚေဆာင္သြားပံုကို ျမင္ရေသာ အေလာင္းေတာ္ ေ၀ႆႏၱရာမင္းအဖို႔ စိတ္မသက္သာ ပင္ပန္းနာက်င္ခဲ့ရသည္။ သို႔ေသာ္လည္း သဗၺညဳတ ဉာဏ္ေတာ္ကို လုိလားမူက ျပင္းျပလွသျဖင့္ သားသမီးတို႔ကို စြန္႕လွဴကာ ပါရမီျဖည့္ခဲ့ရ ပါသည္။


ဘရိယပရိစၥာဂ
ဘရိယပရိစၥာဂမွာ ဇနီးမယားကို စြန္႕လႊတ္လွဴဒါန္းမူျဖစ္သည္။ ဘ၀ၾကင္ေဖာ္အျဖစ္ လက္တြဲ၍ ခ်မး္သာဆင္းရဲ မခြဲအတူ ၾကည္ျဖဴ ျမတ္ႏုိးလွေသာ မိမိ၏ ဇနီးကို စြန္႕လႊတ္ျခင္းသည္ကား ၾကီးမားလြန္းလွေသာ စြန္႕လႊတ္မူမ်ိဳးျဖစ္သည္။ လူတို႔သဘာ၀အရ မိမိ၏ အိမ္သူသက္ထားကို သူတပါး ေစ့ေစ့ၾကည့္ေတာင္ ခံလုိေသာစိတ္မရွိ။ ဘုရားအေလာင္းေတာ္လည္း လူထဲက လူတစ္ဦးသာ ျဖစ္သျဖင့္ မိမိဇနီးကို ခ်စ္ခင္လွသည္။ သို႔ေသာ္လည္း ပါရမီမ်ိဳးေစ့ဟူသမွ် အနည္းငယ္မွ် မက်န္ရေအာင္ ျဖည့္က်င့္ေနေသာ ဘုရားအေလာင္းေတာ္အဖို႔ သဗၺညဳတဉာဏ္ေတာ္ျမတ္ကို ရရွိေရးသည္သာ ပဓာနျဖစ္သျဖင့္ ခ်စ္လွစြာေသာ ဇနီးမယားတို႔ကို စြန္႕လႊတ္ လွဴဒါန္းခဲ့သည့္ အၾကိမ္ေပါင္းမွာ မ်ားလွေခ်ျပီ။ ေ၀ႆႏၱရာမင္းျမတ္သည္ မဒၵီမိဖုရားကို ပုဏၰားအိုေယာင္ေဆာင္လာသူ သိၾကားမင္းအား တြန္႕တုိ ဆုတ္နစ္မူမရွိ လွဴဒါန္းခဲ့သည္။


အဂၤပရိစၥာဂ
အထက္ပါ စြန္႕ျခင္းၾကီးသံုးမ်ိဳးမွာ ျပဳလုပ္ရန္ လြန္စြာခဲယဥ္းလွပါသည္။ သို႔ေသာ္လည္း မိမိကိုယ္ခႏၶာႏွင့္ မစပ္ေသာ ျပင္ပအရာမ်ားသာျဖစ္၍ လွဴနုိင္ေကာင္း လွဴႏုိင္ဦးမည္။ မိမိကုိယ္ခႏၶာ အစိတ္အပိုင္းတို႔ကို တစ္ ပိုင္းစီ ျဖဳတ္ျဖတ္၍ စြန္႕လႊတ္လွဴဒါန္းမူမွာ ပို၍ ခက္ခဲလွပါသည္။ လူတုိင္း လူတုိင္းပင္ မိမိကိုယ္ခႏၶာ အားအင္
ျပည့္၀ လွပေစရန္ စီမံအားထုတ္ျမဲပင္ ျဖစ္သည္။ လူတုိင္းပင္ မိမိတုိ႔ ကိုယ္ခႏၶာကို တြယ္တာ ျမတ္ႏိုးၾက
ၿမဲ ျဖစ္သည္။ ဘ၀ တစ္သက္တာတြင္ အတြယ္တာဆံုး အျမတ္ႏုိးဆံုးအရာသည္ မိမိတို႔ ကိုယ္ခႏၶာပင္ျဖစ္ သည္။

ထုိမွ် ခ်စ္ခင္ျမတ္ႏိုးလွပါေသာ ခႏၶာကိုယ္ၾကီးမွ မ်က္စိကို ထုတ္၍ လွဴျခင္း၊ နားကိုျဖတ္၍ လွဴျခင္း၊ ေျခလက္ အဂၤါျဖတ္၍ လွဴျခင္းမ်ိဳးကာ လြန္စြာျပဳႏုိင္ခဲေသာ စြန္႕လွဴျခင္းျဖစ္သည္။ ဘုရားအေလာင္းေတာ္တို႔ကား မိမိ စြန္႕လႊတ္မူေၾကာင့္ တစ္ဖက္သား အက်ိဳးရွိမည္ဆုိလွ်င္ ျဖစ္ေစ၊ အျခားသူတစ္ဦးဦးက မိမိခႏၶာကိုယ္ အစိတ္ အပိုင္းတစ္ခုခုကို လုိခ်င္ပါသည္ု အလွဴခံလာလွ်င္ျဖစ္ေစ ႏွေျမာတြန္႕တိုျခင္းမရွိ၊ ေၾကာက္စိတ္မ၀င္၊ ရႊင္ ၾကည္၀မ္းေျမာက္စြာ လွဴဒါန္းခဲ့သည္မွာာ ဘ၀မ်ားစြာပင္ ရွိခဲ့ျပီ သဗၺညဳတဉာဏ္ေတာ္ကိုသာ ရမည္ဆုိပါက စြန္႕လႊတ္မည္သာျဖစ္သည္။ အေလာင္းေတာ္ သိ၀ိမင္းဘ၀တြင္ မိမိခါးတြင္ ႏြယ္ၾကိဳးခ်ည္၍ ေမ်ာက္အေပါင္း ကို ခႏၶာကိုယ္ေပၚမွ ျဖတ္ေလွ်ာက္ေစကာ ကိုယ္ခႏၶာကို စြန္႕လႊတ္၍ ပါရမီျဖည့္ခဲ့သည္။


ဇိ၀ိတပရိစၥာဂဝဘဝ
စြန္႕ျခင္းၾကီးငါးပါးတြင္ အခက္ခဲဆံုးကား အသက္ကို စြန္႕လႊတ္၍ ပါရမီျဖည့္မူ ဇီ၀ိတပရိစၥာဂပင္ ျဖစ္သည္ ။ ျပင္ပဥစၥာ သားသမီး ဇနီးမယားတုိ႔ကို စြန္႕လႊတ္စဥ္ အခါတုန္းက “မိမိကုိယ္တုိင္ မဟုတ္၍ စြန္႕လွဴနုိင္ ျဖစ္သည္။ ဘုရားအေလာင္းေတာ္တုိ႔သည္ မိမိ သဗၺညဳတဉာဏ္ ရရွိေရးအတြက္ မိမိကို မွီခို အားထား
 ေနၾကသည့္ သားသမီး ဇနီးမယားတို႔ကို ရက္ရက္ေရာေရာ စြန္႕လွဴခဲ့ၾကသည္။ ထိုသို႔ စြန္႕လႊတ္မူကို မိမိ ကိုယ္က်ိဳးအတြက္ ျပဳလုပ္သည္” ဟု ထင္ျမင္ေကာင္း ထင္ျမင္စရာရွိေသာ္လည္း မိမိ၏ ကိုယ္ခႏၶာအသက္ ကိုပင္ ျမက္တစ္ပင္မွ် ပမာမထား စြန္႕လႊတ္စြန္႕စားသည္ကို ၾကည့္လွ်င္ ထုိထင္ျမင္မူမ်ား ယုတၱိမရွိေၾကာင္း သိသာလွ၏။ အေလာင္းေတာ္ျမတ္တုိ႔၏ စိတ္အစဥ္၀ယ္ တြယ္ကပ္ စြဲလမ္းေနသည့္အရာမွာ ဘုရားျဖစ္ေရး ပင္ ျဖစ္သည္။ သဗၺညဳတ ဉာဏ္ေတာ္ကို ရရွိရန္သာ ျဖစ္သည္။

သသပ႑ိတ ယုန္ပညာရွိ၀တြင္ မိမိအသားကို အလွဴခံလာေသာ ပုဏၰားအုိ (သိၾကားမင္း) အတြက္ မီးပံုၾကီး ထဲ ခုန္ဆငး္ကာ အသက္စြန္႕ လွဴဒါန္းခဲ့သည္ နိေရာဓသမငဘ္၀တြင္ သားသည္အေမ သမင္မတစ္ေကာင္ အတြက္ မိမိအသက္ကို စြန္႕၍ လွဴဒါန္းခဲ့သည္။ အသက္ႏွင့္ ခႏၶာကိုယ္ အစိတ္အပုိင္းတုိ႔ကို စြန္႕လႊတ္၍ ပါရမီျဖည့္ပံုကို ဆုိရလွ်င္ ေကာင္းကင္ျပာရွိ ၾကယ္အေရအတြက္မွ်မက မ်က္စိမ်ားကို လွဴဒါန္းခဲ့သည္။ မဟာ သမုဒၵရာ ေရျပင္မက အေသြးမ်ားကို လွဴဒါန္းခဲ့သည္။ မဟာ ပထ၀ီ ေျမျပင္မက အသားခႏၶာတို႔ကို လွဴဒါန္းခဲ့ သည္။ ထုိမွ် ၾကီးက်ယ္မ်ားျပားစြာ စြန္႕လႊတ္ အနစ္နာခံမူမ်ားမွာ သဗၺညဳတၪာဏ္ေတာ္အတြက္ သာ ျဖစ္ >ေခ်သည္။
သဗၺညဳတဉာဏ္ကိုသာ ရရွိမည္ဆုိလွ်င္ မည္သည့္အရာကို စြန္႕ရစြန္႕ရ၊ စြန္႕လႊတ္မည္သာ ျဖစ္ေပသည္။ သဗၺညဳတဉာဏ္ရမွသာ မိမိကယ္မလုိေသာ သတၱ၀ါတုိ႔ကို အထြတ္အထိပ္ ကယ္မႏုိင္မည္ မဟုတ္ပါလား။

ဤသို႔လွ်င္ သဗၺညဳတဉာဏ္ေတာ္ကို ရရွိေရးအတြက္ ဘုရားအေလာင္းေတာ္သည္ စြန္႕ျခင္းၾကီးငါးပါး ကိုလည္း စြန္႕လွဴခဲ့ရေလသည္။

Labour Hittai

#Unicode Version#
ဘုရားအလောင်းတော်သည် ဒါနစသော ပါရမီတရားများကို လေးအသင်္ချေနှင့် ကမ္ဘာတစ်သိန်းပတ်လုံး ဘ၀ ဆက်တိုင်း ဖြည့်ကျင့်တော်မူရာ၌ အခြားတပါးသူတို့ ကြံတွေးရုံမျှ ကြက်သီးထလောက်အောင် လွန်စွာ ခက် ခဲသော စွန့်လွှတ်မူ အနစ်နာခံမူတို့ကို ပြုလုပ်ခဲ့ရသည်။ ထိုသို့ စွန့်လွှတ်မူ အနစ်နာခံမူများ ကို မြင့်မြတ်
သော စိတ်ထားဖြင့် စွန့်လွှတ် ဖြည့်ကျင့်ခဲ့သဖြင့် ပဉ္စမဟာပရိစ္စာဂ = စွန့်ခြင်းကြီး (၅)ပါး ဟူ၍ ဂုဏ်ပြု ခေါ်
ဝေါ်ခဲ့ကြသည်။ စွန့်ခြင်းကြီးငါးပါးကို စွန့်လွှတ်ကာ သူမတူအောင် ဖြည့်ကျင့်ကြိုးပမ်းခဲ့သည်မှာ သဗ္ဗညုတ ဉာဏ်တော်မြတ်ကို ရရှိရေးအတွက်သာ ဖြစ်သည်။ ထိုဉာဏ်တော်မြတ်ကို ရယူလိုသည့် ရည်ရွယ်ချက်မှာ လည်း သတ္တဝါအများကို သံသရာဝဋ်ဆင်းရဲအပေါင်းမှ ကယ်တင်တော်မူလိုသော အာသီသဆန္ဒကြောင့်သာ
 ဖြစ်ပေ သည်။ ထို့ကြောင့် ဤစွန့်လွှတ် အနစ်နာခံမူမျာကို မဟာပရိစ္စာဂ မြင့်မြတ်သော ရည်ရွယ်ချက်ဖြင့်
 မြင့်မြတ်သောသူတို့သာ ပြုလုပ်နိုင်စွမ်းသော မြင့်မားခက်ခဲ့သည့် စွန့်လွှတ်ခြင်းကြီးများဟု အမည်သမုတ်ခဲ့ကြပေသည်။

ထိုစွန့်ခြင်းကြီး ငါးပါးတို့မှာ -

(၁) ဓနပရိစ္စာဂ - ရွှေ ငွေ ဘဏ္ဍာ ရတနာပစ္စည်းများနှင့် တိုင်းပြည် နိုင်ငံ ထီးနန်း စည်းစိမ်ကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၂) ပုတ္တပရိစ္စာဂ - သားသမီး ရတနာများကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၃) ဘရိယပရိစ္စာဂ - ဇနီးမယားကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၄) အင်္ဂပရိစ္စာဂ - မျက်စိ၊ နား၊ နှာ၊ ကိုယ်အင်္ဂါ အစိတ်အပိုင်းတို့ကို စွန့်လှူ၍ ပါရမီဖြည့်ခြင်း။

(၅) ဇီဝိတပရိစ္စာဂ - မိမိအသက်ကိုပင် နှမြောတွန့်တိုမူ မရှိဘဲ စွန့်လွှတ် စွန့်လှူ အနစ်နာခံကာ ပါရမီဖြည့်ကျင့်ခြင်း - တို့ဖြစ်သည်။


ဓနပရိစ္စာဂ

ထိုစွန့်ခြင်းကြီးငါးပါးတို့သည် တစ်မျိုးထက်တစ်မျိုးက ပို၍ ခက်ခဲသည်။ မိမိကိုယ်တိုင် အပတ်တကုတ် နေပူ မိုးရွာမရှောင် နေ့ညမဟူ ချမ်းသာ ဆင်းရဲမျိုးစုံ ဆင်နွှဲကာ ရှာဖွေထားသော ပစ္စည်းဥစ္စာ ရတနာတို့ကို ပက တိ ဖြူစင် ကြည်လင်သော စိတ်ထားဖြင့် စွန့်လှူမူသည် လူတိုင်းပြုလုပ်နိုင်သော အမူကိစ္စ မဟုတ်ပေ။ မိမိ လက်ဝယ်ရောက်ရှိပိုင်ဆိုင်လာသော တိုင်းပြည် နိုင်ငံ ထီးနန်း စည်းစိမ်တို့ကို စွန့်လွှတ်လှူဒါန်းနိုင် မူသည် လည်း လွန်စွာခက်ခဲသော ကိစ္စမျိုးပင် ဖြစ်ပေသည်။ သို့သော် ဘုရားအလောင်းတော်တို့မှာမူ မိမိပိုင်ဆိုင်
သော ထီးနန်းစည်းစိမ်ကိုပင် လိုချင်သူ ပေါ်ပေါက်လာပါက စိတ်ရင်းဖြူစင်စွာ ပေးလှူခဲ့ကြသည်မှာ ဘဝများစွာ အကြိမ်များစွာပင် ဖြစ်လေသည်။ မဟာသီလဝဘုရင် မင်းကြီးဘဝတွင် မိမိနိုင်ငံကို လိုချင်သော ကောသလမင်းကြီးအား အသာတကြည်ပင် ပေးလှူ၍ ပါရမီဖြည့်ခဲ့လေသည်။


ပုတ္တပရိစ္စာဂ
ဥစ္စာပစ္စည်း စွန့်လှူမူ၊ တိုင်းပြည်နိုင်ငံ စွန့်လှူမူမျိုးထက် သားသမီးများကို လှူဒါန်းနိုင်မူမှာ ပို၍ ခက်ခဲပေ သည်။ အရေထူလွန်မြောက် အရေပါးဖောက်၍ ရိုးတွင်းချဉ်ဆီရောက်အောင် အသည်းခိုက်မျှ ချစ်ခင် ယုယကြင်နာခဲ့ရသည့် မိမိရင်နှစ်သည်းချား သားသမီးရတနာတို့ကို လူတိုင်း ချစ်မြတ်နိုးကြပေသည်။
ဘုရားအလောင်းတော်တို့လည်း လူသားသဘာ၀ ချစ်မြတ်နိုးကြသည်ပင်။ သို့သော်လည်း သဗ္ဗညုတ ဉာဏ်တော်မြတ်ကို ရယူလိုမူက ပိုမိုပြင်းထန်လှသဖြင့် ပါရမီဖြည့်ဘက် သားသမီးတို့ကို လိုလားသူ အလှူခံ ပေါ်ပေါက်ပါက လှူဒါန်းခဲ့ာကသည်မှာ ဘဝများစွာ ရှိခဲ့သည်။ ဝေဿန္တရာမင်းကြီးဘဝတွင် အလှူခံလာသူ ဇူဇကာပုဏ္ဏားအား သားတော်သမီတော်များဖြစ်ကြသော ဇာလီနှင့် ကဏှာဇိန်တို့ကို ပေးလှူခဲ့သည်။ ဇူဇကာပုဏ္ဏားက မိမိရင်သွေးတို့ကို မိမိမျက်မှောက်မှာပင် ကြိုးနှင့်တုပ် တုတ်နှင့် ရိုက် ကြိမ်းမောင်းဆဲဆိုပြီး လိုရာသို့ ခေါ်ဆောင်သွားပုံကို မြင်ရသော အလောင်းတော် ဝေဿန္တရာမင်းအဖို့ စိတ်မသက်သာ ပင်ပန်းနာကျင်ခဲ့ရသည်။ သို့သော်လည်း သဗ္ဗညုတ ဉာဏ်တော်ကို လိုလားမူက ပြင်းပြလှသဖြင့် သားသမီးတို့ကို စွန့်လှူကာ ပါရမီဖြည့်ခဲ့ရ ပါသည်။


ဘရိယပရိစ္စာဂ
ဘရိယပရိစ္စာဂမှာ ဇနီးမယားကို စွန့်လွှတ်လှူဒါန်းမူဖြစ်သည်။ ဘဝကြင်ဖော်အဖြစ် လက်တွဲ၍ ချမ်းသာဆင်းရဲ မခွဲအတူ ကြည်ဖြူ မြတ်နိုးလှသော မိမိ၏ ဇနီးကို စွန့်လွှတ်ခြင်းသည်ကား ကြီးမားလွန်းလှသော စွန့်လွှတ်မူမျိုးဖြစ်သည်။ လူတို့သဘာဝအရ မိမိ၏ အိမ်သူသက်ထားကို သူတပါး စေ့စေ့ကြည့်တောင် ခံလိုသောစိတ်မရှိ။ ဘုရားအလောင်းတော်လည်း လူထဲက လူတစ်ဦးသာ ဖြစ်သဖြင့် မိမိဇနီးကို ချစ်ခင်လှသည်။ သို့သော်လည်း ပါရမီမျိုးစေ့ဟူသမျှ အနည်းငယ်မျှ မကျန်ရအောင် ဖြည့်ကျင့်နေသော ဘုရားအလောင်းတော်အဖို့ သဗ္ဗညုတဉာဏ်တော်မြတ်ကို ရရှိရေးသည်သာ ပဓာနဖြစ်သဖြင့် ချစ်လှစွာသော ဇနီးမယားတို့ကို စွန့်လွှတ် လှူဒါန်းခဲ့သည့် အကြိမ်ပေါင်းမှာ များလှချေပြီ။ ဝေဿန္တရာမင်းမြတ်သည် မဒ္ဒီမိဖုရားကို ပုဏ္ဏားအိုယောင်ဆောင်လာသူ သိကြားမင်းအား တွန့်တို ဆုတ်နစ်မူမရှိ လှူဒါန်းခဲ့သည်။


အင်္ဂပရိစ္စာဂ
အထက်ပါ စွန့်ခြင်းကြီးသုံးမျိုးမှာ ပြုလုပ်ရန် လွန်စွာခဲယဉ်းလှပါသည်။ သို့သော်လည်း မိမိကိုယ်ခန္ဓာနှင့် မစပ်သော ပြင်ပအရာများသာဖြစ်၍ လှူနိုင်ကောင်း လှူနိုင်ဦးမည်။ မိမိကိုယ်ခန္ဓာ အစိတ်အပိုင်းတို့ကို တစ် ပိုင်းစီ ဖြုတ်ဖြတ်၍ စွန့်လွှတ်လှူဒါန်းမူမှာ ပို၍ ခက်ခဲလှပါသည်။ လူတိုင်း လူတိုင်းပင် မိမိကိုယ်ခန္ဓာ အားအင်
ပြည့်၀ လှပစေရန် စီမံအားထုတ်မြဲပင် ဖြစ်သည်။ လူတိုင်းပင် မိမိတို့ ကိုယ်ခန္ဓာကို တွယ်တာ မြတ်နိုးကြ
မြဲ ဖြစ်သည်။ ဘ၀ တစ်သက်တာတွင် အတွယ်တာဆုံး အမြတ်နိုးဆုံးအရာသည် မိမိတို့ ကိုယ်ခန္ဓာပင်ဖြစ် သည်။

ထိုမျှ ချစ်ခင်မြတ်နိုးလှပါသော ခန္ဓာကိုယ်ကြီးမှ မျက်စိကို ထုတ်၍ လှူခြင်း၊ နားကိုဖြတ်၍ လှူခြင်း၊ ခြေလက် အင်္ဂါဖြတ်၍ လှူခြင်းမျိုးကာ လွန်စွာပြုနိုင်ခဲသော စွန့်လှူခြင်းဖြစ်သည်။ ဘုရားအလောင်းတော်တို့ကား မိမိ စွန့်လွှတ်မူကြောင့် တစ်ဖက်သား အကျိုးရှိမည်ဆိုလျှင် ဖြစ်စေ၊ အခြားသူတစ်ဦးဦးက မိမိခန္ဓာကိုယ် အစိတ် အပိုင်းတစ်ခုခုကို လိုချင်ပါသည်ု အလှူခံလာလျှင်ဖြစ်စေ နှမြောတွန့်တိုခြင်းမရှိ၊ ကြောက်စိတ်မဝင်၊ ရွှင် ကြည်ဝမ်းမြောက်စွာ လှူဒါန်းခဲ့သည်မှာာ ဘဝများစွာပင် ရှိခဲ့ပြီ သဗ္ဗညုတဉာဏ်တော်ကိုသာ ရမည်ဆိုပါက စွန့်လွှတ်မည်သာဖြစ်သည်။ အလောင်းတော် သိဝိမင်းဘဝတွင် မိမိခါးတွင် နွယ်ကြိုးချည်၍ မျောက်အပေါင်း ကို ခန္ဓာကိုယ်ပေါ်မှ ဖြတ်လျှောက်စေကာ ကိုယ်ခန္ဓာကို စွန့်လွှတ်၍ ပါရမီဖြည့်ခဲ့သည်။


ဇိဝိတပရိစ္စာဂဝဘဝ
စွန့်ခြင်းကြီးငါးပါးတွင် အခက်ခဲဆုံးကား အသက်ကို စွန့်လွှတ်၍ ပါရမီဖြည့်မူ ဇီဝိတပရိစ္စာဂပင် ဖြစ်သည် ။ ပြင်ပဥစ္စာ သားသမီး ဇနီးမယားတို့ကို စွန့်လွှတ်စဉ် အခါတုန်းက “မိမိကိုယ်တိုင် မဟုတ်၍ စွန့်လှူနိုင် ဖြစ်သည်။ ဘုရားအလောင်းတော်တို့သည် မိမိ သဗ္ဗညုတဉာဏ် ရရှိရေးအတွက် မိမိကို မှီခို အားထား
 နေကြသည့် သားသမီး ဇနီးမယားတို့ကို ရက်ရက်ရောရော စွန့်လှူခဲ့ကြသည်။ ထိုသို့ စွန့်လွှတ်မူကို မိမိ ကိုယ်ကျိုးအတွက် ပြုလုပ်သည်” ဟု ထင်မြင်ကောင်း ထင်မြင်စရာရှိသော်လည်း မိမိ၏ ကိုယ်ခန္ဓာအသက် ကိုပင် မြက်တစ်ပင်မျှ ပမာမထား စွန့်လွှတ်စွန့်စားသည်ကို ကြည့်လျှင် ထိုထင်မြင်မူများ ယုတ္တိမရှိကြောင်း သိသာလှ၏။ အလောင်းတော်မြတ်တို့၏ စိတ်အစဉ်ဝယ် တွယ်ကပ် စွဲလမ်းနေသည့်အရာမှာ ဘုရားဖြစ်ရေး ပင် ဖြစ်သည်။ သဗ္ဗညုတ ဉာဏ်တော်ကို ရရှိရန်သာ ဖြစ်သည်။

သသပဏ္ဍိတ ယုန်ပညာရှိဝတွင် မိမိအသားကို အလှူခံလာသော ပုဏ္ဏားအို (သိကြားမင်း) အတွက် မီးပုံကြီး ထဲ ခုန်ဆင်းကာ အသက်စွန့် လှူဒါန်းခဲ့သည် နိရောဓသမငဘ်ဝတွင် သားသည်အမေ သမင်မတစ်ကောင် အတွက် မိမိအသက်ကို စွန့်၍ လှူဒါန်းခဲ့သည်။ အသက်နှင့် ခန္ဓာကိုယ် အစိတ်အပိုင်းတို့ကို စွန့်လွှတ်၍ ပါရမီဖြည့်ပုံကို ဆိုရလျှင် ကောင်းကင်ပြာရှိ ကြယ်အရေအတွက်မျှမက မျက်စိများကို လှူဒါန်းခဲ့သည်။ မဟာ သမုဒ္ဒရာ ရေပြင်မက အသွေးများကို လှူဒါန်းခဲ့သည်။ မဟာ ပထဝီ မြေပြင်မက အသားခန္ဓာတို့ကို လှူဒါန်းခဲ့ သည်။ ထိုမျှ ကြီးကျယ်များပြားစွာ စွန့်လွှတ် အနစ်နာခံမူများမှာ သဗ္ဗညုတဉာဏ်တော်အတွက် သာ ဖြစ် >ချေသည်။
သဗ္ဗညုတဉာဏ်ကိုသာ ရရှိမည်ဆိုလျှင် မည်သည့်အရာကို စွန့်ရစွန့်ရ၊ စွန့်လွှတ်မည်သာ ဖြစ်ပေသည်။ သဗ္ဗညုတဉာဏ်ရမှသာ မိမိကယ်မလိုသော သတ္တဝါတို့ကို အထွတ်အထိပ် ကယ်မနိုင်မည် မဟုတ်ပါလား။

ဤသို့လျှင် သဗ္ဗညုတဉာဏ်တော်ကို ရရှိရေးအတွက် ဘုရားအလောင်းတော်သည် စွန့်ခြင်းကြီးငါးပါး ကိုလည်း စွန့်လှူခဲ့ရလေသည်။

Labour Hittai