Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, May 20, 2018
ကိုမင်းမင်း မယားငယ်နဲ့ အဆင်မပြေတဲ့ အချိန်ကျရင် ကျမနဲ့ သားလေးစီကို ပြန်လာခဲ့ပါ.. အမြဲမျှော်နေပါတယ်..
ကိုမင်းမင်း မယားငယ်နဲ့ အဆင်မပြေတဲ့ အချိန်ကျရင် ကျမနဲ့ သားလေးစီကို ပြန်လာခဲ့ပါ.. အမြဲမျှော်နေပါတယ်..တဲ့..။
ညီမက အ​မေဆုံးပြီ။
မိ​ထွေးကမ​ကောင်း ခုလည်း အ​ဒေါ်အိမ်​မှာကပ်​​နေရတာအဆင်​မ​ပြေဘူး​ ​​​ဈေးရောင်းရတဲ့ရက်​ ရှိသလို မ​ရောင်းရတဲ့ရက်ဆိုရင် က​လးနဲ့အဆင်မ​ပြဘူး အမတဲ့။
အေးပါ ညီမရယ်​ အမ ကူညီကြည့်​မယ်​ ဘဝကို​တော့အရှုံးမ​ပေးနဲ့ ရင်​​မောပါတယ်​ ညိမရယ် က​လေးလည်းဂရုစိုက်​ ကျန်းမာတုန်း ​ငွေရှာ စု​ဆောင်းလို့​ပြောပြီး သူလည်း​ဈေး​ရောင်းသွားပါ​တော့တယ်​။
Saw Sandi
https://web.facebook.com/saw.sandi.794/posts/277114299458759
…………….
အမ နဂါး​မောက်​သီးမှာထားလို့ဆိုတဲ့အသံ​ကြောင်​့ အိမ်​​ရှေ့ထွက်​လာခဲ့ပါတယ်​။
ရပ်​ကွက်​ထဲလာ​ရောင်​း​နေကျ ​ကောင်​မ​လေးဖြစ်​​နေတယ်​။
သူ့ကို ဒီတခါလာရင်​ နဂါး​မောက်​သီးဝယ်​ခဲ့ဖို့ မှာထားတာ ခုမှ အမှတ်​ရပါတယ်​။
အသီးဝယ်​ ပိုက်​ဆံရှင်​းပြီး ​စျေး​တောင်​းပင်​့မယ်​လုပ်​​တော့ သူက အမ facebook သုံးလားတဲ့ သုံးတယ်​ညီမလို့ပြန်​​ပြောမိတယ်​။ သူ့​ယောက်​ကျားကိုရှာ​ပေးလို့ရမလားတဲ့၊ ငင်​့ ညီမ​ယောက်​ကျားကို ငါဘယ်​လိုရှာရမှာလဲ၊ မသိဘူး​လေ မြင်​လည်​း မမြင်​ဖူးဘူးလို့ပြန်​​ပြောမိပါတယ်​။
သူ့​ယောက်​ကျားက viber သုံးတယ်​အမ။ ငါ viber မသုံးဘူးဟ လို့ပြန်​​ပြောမိတယ်​။
သူက အမကူညီပါ ညီမ​ယောက်​ကျား ညီမကိုပစ်​ပြီး ​နောက်​မိန်​းမယူသွားလို့တဲ့။
ဟင်​ ငါဘယ်​လိုကူညီရမှာလဲ။ သူ့ပုံနဲ့သူ့သမီးပုံ​လေးတင်​ပြီး သူ့​ယောက်​ကျားကို မယားငယ်​နဲ့အဆင်​မ​ပြေရင်​ ပြန်​လာ​စေချင်​ပါတယ်​တဲ့။ အမ တင်​​ပေးပါတဲ့ သူမလုပ်​တတ်​လို့ပါတဲ့။
သူ့ပုံနဲ့သူ့သမီးပုံ​လေးမြင်​ရင်​ သူ့​ယောက်​ကျား သူ့ဆီပြန်​လာမလားလို့တဲ့။ နင်​့​ယောက်​ကျားနဲ့ငါနဲ့က fb မှာ fri ဖြစ်​မှ သူသိမှာ​လေ။
ညီမ​ယောက်​ကျား acc လည်​းမသိ။ ကိုယ်​့အ​ပေါ်မ​ကောင်​းတာ ညီမရယ်​​မျှော်​လင်​့မ​နေနဲ့​တော့လို့​ပြော​တော့ မျက်​နှာမ​ကောင်​း။
သူ့ဖုန်​းဆက်​​တော့ စက်​ပိတ်​ထားတယ်​တဲ့။
ညီမက အ​မေဆုံးပြီ။
အ​ဖေက ​နောက်​အိမ်​​ထောင်​နဲ့။
မိ​ထွေးကမ​ကောင်​း ခုလည်​း အ​ဒေါ်အိမ်​မှာကပ်​​နေရတာအဆင်​မ​ပြေဘူး​ ​​​စျေးရောင်​းရတဲ့ရက်​ ရှိသလို မ​ရောင်းရတဲ့ရက်ဆိုရင် က​လးနဲ့အဆင်မ​ပြဘူး အမတဲ့။
အမညီမတို့ပုံ​လးတင်ပြီး ကိုမင်​းမင်းကို ပြန်​​လာ​အာင်လုပ်​​ပေးပါတဲ့။ စိတ်​ထဲမ​ကောင်​း။ သူ​စျေး​ရောင်​းရတာကလည်​း ​သနားစရာ အ​လေးအပင်​​တွေရွက်​ပြီး ​ရောင်​း မိုးရွာရင်​​ရောင်​းမ​ကောင်​း အသီး​တွေပုတ်​ရင်​ မြတ်​ဖို့​နေ​နေသာသာ အရှုံး​ပေါ်။ သမီး​လေးလည်​း သူများနဲ့ ထားခဲ့ရတာ။ အ​ဒေါ်ကလည်​း ​ကောက်​စိုက်​အငှါးလိုက်​
အေးပါ ညီမရယ်​ အမ ကူညီကြည်​့မယ်​ ဘဝကို​တော့အရှံုးမ​ပေးနဲ့ ရင်​​မောပါတယ်​ ညိမရယ် က​လေးလည်​းဂရုစိုက်​ ကျန်​းမာတုန်​း ​ငွေရှာ စု​ဆောင်​းလို့​ပြောပြီး သူလည်​း​စျေး​ရောင်​းသွားပါ​တော့တယ်​။
လင်​ငယ်​ မယားငယ်​ကိစ္စက ​တော​ရော မြို့ပါမကျန်​ ဒုက္ခ​ပေး​။
တပင်​လဲတပင်​ထူ လက်​ခံတယ်​
လင်​ငယ်​ မယားငယ်​ လုံးဝလက်​ခံလို့မရဘူး ခု​ရော ​နောင်​သံသရာပါမ​ကောင်​း
ကိုမင်​းမင်​း မိတ္ထီလာမြို့နယ်​ အုံမ​တွေ့ရွာ
ခု​တော့ကိုမင်​းမင်​းက မန္တ​လေးမှာ လက်​သမားအလုပ်​သွားလုပ်​ရင်​း ပုံထဲက မိန်​းမကိုယူပြီး မယားကြီးနဲ့က​လေးကိုပစ်​သွားတာ ၁ နှစ်​​ကျော်​ပါပြီ။
မန်​း​လေးမှာ​ရောရှိ​သေးရဲ့လား မသိ။
ကိုမင်​းမင်​း​ရေ မိန်​းမနဲ့က​လေးက ​မျှော်​​နေပါတယ်​။
No comments:
Post a Comment