Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 29, 2018

ယနေ့ နေ့လည်ပိုင်းတွင် မုန်တိုင်းသတိပေးချက် ဒေါက်တာထွန်းလွင်ထပ်မံထုတ်ပြန်


ကျန်းမာတော်မူကြပါစခင်ဗျာ။
၂၉-၅-၂၀၁၈
ည(၈း၅၄)နာရီ
၂၀၁၈ ခုနှစ်၊ မေလ (၃၀) ရက်နေ့ အတွက် မိုးလေ၀သခန့်မှန်းချက်။
ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၂၉-၅-၂၀၁၈)ရက် နံနက် (၀၉း၀၀)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ကပ္ပလီပင်လယ်ပြင် နှ င့် ဘင်္ဂလားပင်လယ်အော် တို့မှာ တိမ်ထူထပ် နေပါတယ်။မြန်မာ တစ်ပြည်လုံးမှာ တိမ်ထူထပ် နေပါတယ်။
ဘင်္ဂလားပင်လယ်အော် မှ မုန်တိုင်းငယ် အခြေအနေ။ (၂၉-၅-၂၀၁၈) ရက်နေ့ နံနက် (၀၉း၁၅) နာရီ အချိန် တိုင်းတာချက်အရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းအတွင်းမှ မုန်တိုင်းငယ် ဟာ (၂၉-၅--၂၀၁၈) ရက်နေ့ ညနေပိုင်းတွင် ရခိုင်ပြည်နယ် အလယ်ပိုင်း ကမ်းခြေကို မာန်ေ အာင်မြို့ နှင့် ကျောက်ဖြူမြို့ကြား မှဖြတ်ကျော်ဝင်ရောက်သွားခဲ့ပြီဖြစ်ပါတယ်။
အနောက်တောင် မုတ်သုံလေ အခြေအနေ။
အနောက်တောင်မုတ်ငုံလေဟာ မြန်မာတနိုင်ငံလုံးအတွင်းသို့ဝင်ရောက်လာနိုင်ပါတယ်။ ကပ္ပလီပင်လယ်ပြင်၊ ဘင်္ဂလားပင်လယ် အော်တောင်ပိုင်း နှင့် အရှေ့အလယ်ပိုင်းတို့တွင် မုတ်သုံလေ အားအသင့်အတင့် မှ အားကောင်းနေပါတယ်
မြန်မာ့ပင်လယ်ပြင်အခြေအနေ။
မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအနည်းငယ် မှ လှိုင်းအသင့် အတင့် ရှိနိုင်ပါတယ်။်မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်း အမြင့် (၂) ပေ ခန့် မှ ( ၄) ပေခန့် ရှိနိုင်ပါတယ်။
နေ့အပူချိန်များအခြေအနေ။
ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊မကွေး တိုင်းဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီး တို့မှာ 30°C မှ 34°C ခန့်၊ ကျန်ဒေသတွေမှာ 23°C မှ 29°C ခန့်အထိရှိနိုင်ပါတယ်။
ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊
တစ်ပြည်လုံး မှာ ခရမ်းလွန်ရောင်ခြည် အညွှန်း ကိန်း အလွန်မြင့်မားအဆင့် တွင် ရှိနိုင်ပါတယ်။
မိုးတိမ်တောင်ဖြစ်ပေါ်နိုင်မှုအလားအလာ။
တပြည်လုံးတွင် မိုးတိမ်တောင်ဖြစ်ပေါ်ဖို့အလားအလာရှိနိုင်ပြီးသေချာမှု ၂၅% မှ ၅၅% ခန့်အထိရှိနိုင်ပါတယ်။
မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။
တနင်္သာရီတိုင်းဒေသကြီး မှာ နေရာကျဲကျဲ နေရာစိပ်စိပ် မှ နေရာအနှံ့အပြား မိုးထစ် ချုန်းရွာပါမယ်။
နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။
အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်း ဒေသများ သို့ ဝင်ရောက်နိုင်ပါတယ်။
ဒေါက်တာထွန်းလွင်

No comments:

Post a Comment