Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Tuesday, May 29, 2018

ကလေးတွင် နေကြာခြွေ လုပ်သားတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံး


ကလေး - မေ - ၂၈

ကလေးမြို့နယ် ဖောင်းကူးကျေးရွာအနီးတွင် မေလ ၂၇ ရက်နေ့ ညနေပိုင်းက နေကြာခြွေပြီးအပြန် မိုးရွာ၍ လူမနေသေးသော အိမ်အောက်တွင် နားခိုနေသူတစ်ဦး မိုးကြိုးပစ်ခံရ၍ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ဖြစ်စဉ်မှာ နေကြာခြွေလုပ်ငန်းထဲကအပြန် မိုးရွာ၍ လူ၅ ဦးမှာလူမနေသောအိမ်အောက်၌ ခေတ္တနားနေစဉ် အိမ်မကြီးအရှေ့ခေါင်းရင်းတိုင်ကို မိုးကြိုးပစ်ရာ ထိမှန်၍ သေဆုံးခြင်းဖြစ်ပြီး ကျန် တစ်ဦးမှာ နားအူဝေဒနာ ခံစားရကာ ကျန် ၃ ဦးမှာ ဘာမျှမဖြစ်ခဲ့ကြောင်း သိရသည်။

"တာဝါတိုင် တည်ဆောက်မှုအတွက် ဟင်္သာတကနေ ကလေးမြို့ကို ရောက်နေတာပါ။လုပ်ငန်းစတင်ဖို့ ခွင့်ပြုမိန့်မရသေးတဲ့အတွက် စောင့်ဆိုင်းနေပြီး ဒီကြားထဲအားလပ်နေတာကြောင့် အနီးအနားမှာရှိတဲ့ နေကြာကွင်းမှာ နေကြာခြွေအလုပ်လုပ်နေကြတာပါ။"ဟု ဒေသခံ ကိုဖိုးခိုင်က ပြောသည်။

မိုးကြိုးပစ်၍ သေဆုံးသွားသူသည် အသက် ၅၀ ကျော်ရှိပြီး သေဆုံးသူအလောင်းကို ကလေးမြို့ ကာယကံမေတ္တာ လူမှုကူညီရေးအသင်းမှ ပြည်သူ့ဆေးရုံကြီးသို့ ကားဖြင့် ပိုဆောင်ပေးခဲ့သည်။

သူရိယထက်
Monywa Gazette
https://www.facebook.com/monywagazette

No comments:

Post a Comment