မန္တလေးမြို့ အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့်သည် ဓားရှည်များကိုင်ဆောင်ကာ ရမ်းကားနေကြောင်း သတင်းအရ ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းထိန်းသိမ်းရာ ပြန်လည်ခုခံရန်ပြုသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ အဆိုပါရမ်းကားအဖွဲ့မှ တစ်ဦး သေနတ်မှန်သေဆုံးခဲ့ပြီး၊ တစ်ဦး သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်စဉ်မှာ မန္တလေးမြို့ အောင်မြေသာစံမြို့မရဲစခန်း (ပ)၁၉၅/၂၀၁၈၊ ရဇသတ်ကြီးပုဒ်မ ၃၈၆ မှ ၃၉၅/ကျင့်၅၁၂ တရားစွဲတင်ထားသောအမှုမှ တရားခံပြေး ကျော်ကျော်(ခ) မင်းသိန်း (ခ) ကျားပေါက် (ခ) ပေါက်စ နှင့် အောင်ကျော်(ခ) ဂျီဆက်တို့ နှစ်ဦးသည် ၆၆×၆၇လမ်းကြား၊ B လမ်းရှိ ထမင်းဆိုင်တွင် ရောက်ရှိနေကြောင်းသတင်းအရ မေ ၃၁ ရက် ည ၉ နာရီအချိန်က မန္တလေးခရိုင် မှု/နှိမ်မှ ရဲအုပ်အောင်ကိုဝင်း၊ ဒုရဲအုပ်ကျော်ဝင်းမောင်၊ မန္တလေးခရိုင်၊ ဦးစီး(၁)ဌာနမှ ရဲအုပ်ကျော်မျိုးလွင်၊ ရဲအုပ်ဇော်မိုးသန့်၊ ဒုရဲအုပ်ချမ်းမြေ့ဇော်၊ ဒုရဲအုပ် သူရအောင်တို့ ပူးပေါင်းအဖွဲ့မှ သွားရောက်ဖမ်းဆီးခဲ့ပြီး ထိုသို့ဖမ်းဆီးစဉ် ၎င်းတို့အဖွဲ့မှ လူ ၁၀ ဦးခန့်သည် C လမ်းနှင့် ၆၂ လမ်းထောင့်တွင် တွေ့ရှိကြောင်း သတင်းအရ လိုက်လံရှာဖွေရာ မတွေ့ရှိသဖြင့် ခရိုင်(မှုနှိမ်)အဖွဲ့နှင့် နယ်ထိန်းခေါင်းဆောင်အဖွဲ့တို့က ဆက်လက်ရှာဖွေခဲ့ကြသည်။
ထိုသို့ရှာဖွေနေစဉ် အမရပူရမြို့နယ်၊ စွယ်တော်ကားကြီးကွင်းအရှေ့ဘက် ၆၂ လမ်းမကြီးပေါ်တွင် လူငယ် ၂၀ ဦးခန့်သည် ကျော်ကျော်(ခ) မင်းသိန်း(ခ) ကျားပေါက်(ခ)ပေါက်စ နှင့် အောင်ကျော်(ခ) ဂျီဆက်တို့ ၂ ဦးအား ဖမ်းဆီးသည်ကိုမကျေနပ်၍ ဓားရှည်များကိုင်ဆောင်ကာ ရမ်းကားနေကြောင်း သတင်းအရ ည ၁၀:၃၀ နာရီချိန်တွင် မြစ်ငယ်ရဲစခန်းမှ ဒုရဲအုပ် သူရအောင် ဦးစီးသည့် ရဲတပ်ဖွဲ့ဝင် ၈ဦးသည် MA-13 ၃ လက်၊ ၎င်းကျည် ၃၀တောင့်နှင့်အတူ သွားရောက်ရှင်းလင်းရာ အဆိုပါလူငယ်အဖွဲ့မှ ပြန်လည်ခုခံရန်ပြုသဖြင့် ဒုရဲအုပ် သူရအောင်မှ MA-13 ဖြင့် ၁ ချက်၊ ရဲတပ်ကြပ်သက်နိုင်မှ MA-13 ဖြင့် ၃ ချက် ခြောက်လှန့်ပစ်ခတ်ခဲ့ရာ ငဆက်(ခ)ဟိန်းမင်းဆက် (၂၄)နှစ်၊ (၁-၃)ရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်နေသူ၏ လည်ပင်းနှင့် ကျောကုန်းတွင် ပေါက်ထွက်ဒဏ်ရာရရှိကာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ပြီး၊ စိုင်းထူးအောင် ၂၃ နှစ်၊ ၅၈×၅၉ ကြား၊ (၁-၁)ရပ်ကွက်၊ ပံ့သကြီးတံခွန်မြို့နယ်၏ ပါးပေါက်ဒဏ်ရာရရှိခဲ့ရာ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသပေးလျက်ရှိကြောင်း သိရသည်။
The Mandalay News Journal
https://www.facebook.com/TheMandalayNewsJournal/
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Thursday, May 31, 2018
ဓားရှည်များကိုင်ဆောင်ရမ်းကားနေသောအုပ်စုအား ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ တစ်ဦး သေနတ်မှန်သေဆုံး၊ တစ်ဦး သေနတ်ဒဏ်ရာရ
ဓားရှည်များကိုင်ဆောင်ရမ်းကားနေသောအုပ်စုအား ရဲတပ်ဖွဲ့ဝင်များက သွားရောက်ရှင်းလင်းရာ တစ်ဦး သေနတ်မှန်သေဆုံး၊ တစ်ဦး သေနတ်ဒဏ်ရာရ
Reviewed by MP4 YoU
on
May 31, 2018
Rating: 5
Subscribe to:
Post Comments (Atom)
No comments:
Post a Comment