Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Saturday, April 28, 2018

သူတစ္ပါးအေၾကြးကို မဆပ္ရင္ ဘာျဖစ္သလဲ


(အရမ္းေကာင္းလို႔ ျပန္လည္တင္ျပေပးပါသည္။)

အရွင္ဘုရား၊ အခ်ိဳ႕ေသာ လူ႔ေဘာင္မွ လူသားမ်ားမွာ သူတစ္ပါးထံမွ ေခ်းယူထားေသာ ပစၥည္း (အထူးျဖင့္ ေငြေၾကး)ကို ျပန္မေပးဘဲ ေနတတ္ၾကပါသည္။

အဲဒီလို ပုဂၢိဳလ္မ်ိဳး တစ္ေယာက္နဲ႔ ေလာေလာဆယ္ ၾကဳံေနရလို႔ စိတ္မခ်မ္းမသာ ျဖစ္ေနရပါသည္ ဘုရား။
အခ်င္းခ်င္း အေႂကြးယူၿပီး ျပန္မဆပ္ေသာ ပုဂၢိဳလ္မ်ားသည္ ယခုဘဝ ေနာင္ဘဝတြင္ မည္သို႔ေသာ အျပစ္ ျဖစ္နိုင္သည္ကို ေဟာၾကားေပးေတာ္မူပါ ဘုရား။
လဲ့လဲ့ရီ (နယူးေယာက္)
ကတိဟာ လူ႔အရည္အခ်င္း လူ႔တန္ဖိုးရဲ့ ေသာ့ခ်က္ပဲ။
ကတိေၾကာင့္ လူေလးစားခံရသလို ကတိပ်က္ရင္ အရည္အခ်င္း ရွိလ်က္ အသိအမွတ္ မျပဳခံရဘဲ ရွိတတ္တယ္။

အခ်ိန္၊ အေႂကြး၊ အလုပ္ – စသည္နဲ႔ ပတ္သက္ၿပီး ကတိ အေရးႀကီးတယ္ ..
စပ္တူ မလုပ္ဘူး
အရီဇိုးနားကို ေရာက္ခါစမွာ ဗမာတ႐ုတ္ တစ္ေယာက္က သူတြဲေနတဲ့ မိတ္ေဆြရင္းကို ‘ဒီေကာင္နဲ႔ စီးပြားေရး စပ္တူ လုပ္လို႔ မရဘူး’လို႔
အေတာ္ ခပ္ႏွိမ္ႏွိမ္ ေျပာတာနဲ႔ ‘သူ႔ကို မယုံၾကည္ဘဲ ဘာေၾကာင့္ အေပါင္းအသင္း လုပ္တာလဲ’လို႔ ဘုန္းႀကီးကလည္း မေနနိုင္ ဝင္ေမးမိတယ္။
ဒီေတာ့ သူက ‘စီးပြားေရး အတူလုပ္ရင္ ကတိတည္မွ’ တဲ့။

သူ႔အေျပာအရ သူ႔မိတ္ေဆြမွာ ေကာင္းတာ အခ်ိဳ႕ ရွိေပမယ့္ အခ်ိန္ကို မေလးစားဘူး။
တစ္နာရီ ခ်ိန္းရင္ သုံး နာရီမွ ေရာက္လာတာမ်ိဳး အႀကိမ္ႀကိမ္ ၾကဳံရသတဲ့။ ေျပာလည္း မျဖဳံဘူးတဲ့။ လိုရင္းကေတာ့ ကတိမတည္ (သူ႔ရည္းစားနဲ႔သာ အဲဒီလို ျဖစ္ရင္ ျပတ္ၿပီးသား ျဖစ္ေနမွာ)။ မင္းမွာ သစၥာ လူမွာ ကတိဆို မဟုတ္လား။ အထူးသျဖင့္ ဒီဘက္က လူေတြကို အဲဒီလို လုပ္လို႔ မရဘူး။ အဲဒီ မိတ္ေဆြ ဆိုသူဟာ ဒီဘက္မွာ ေနသူ ျဖစ္ရင္ သိသလိုလိုနဲ႔ မသိေသးတဲ့ လူမ်ိဳးပါပဲ။

ကိုယ္ခ်င္းစာ
ရင္းႏွီးလို႔ ဆိုၿပီး ဘာစာရြက္ စာတမ္းမၽွ မရွိဘဲ ေခ်းယူသြားသူ အမ်ားစုဟာ ေခ်းလို႔ ရၿပီးတာနဲ႔ ေမ့ေမ့ ေပ်ာက္ေပ်ာက္ ေနသြားေလ့ရွိတာကို ေတြ႕ရတယ္။
(ဒီလိုမဟုတ္တဲ့ လူအနည္းစုလည္း ရွိနိုင္ပါတယ္)။

ေျပာတုန္းက ႏွစ္လအတြင္း။ ကူညီလိုစိတ္နဲ႔ ေခ်းေပးလိုက္သူကေတာ့ ယူသြားသူ ေျပာတဲ့ ႏွစ္လကို သတိတရနဲ႔ ေမၽွာ္ေနတာပဲ။
ကိုယ့္ပစၥည္းပဲေလ။ လူတိုင္း ဒီလိုပဲေနမွာ။ ဒါေပမယ့္ တစ္ခ်ိဳ႕ ႏွစ္ႏွစ္မကလည္း ျဖစ္သြားနိုင္ၿပီး အခ်ိဳ႕ဆို ရာသက္ပန္ မေပၚ လာ ျဖစ္သြားတတ္တယ္။
သူတို႔ အနည္းငယ္ အဆင္ေျပသြားတဲ့ အခ်ိန္ ‘အဆင္ မေျပတုန္းက ငါတို႔ကို ဘယ္သူမွ အေရးမလုပ္ဘူး’ ဆိုတာမ်ိဳးေတာင္ ေျပာတတ္ေသးတယ္။
ဒါေၾကာင့္ ပိုက္ဆံ ေခ်းေပးမယ္ႀကံရင္ လူအခ်ိဳ႕ဟာ အသြင္သဏၭာန္ သားနားတိုင္း အတြင္းစိတ္ မသားနားဘူး ဆိုတာကို

အခုရ ရွိတဲ့ အေတြ႕အၾကဳံနဲ႔ ဘဝတစ္ေလၽွာက္ ကိုယ့္ကိုယ္ကို သခၤန္းစာယူေပါ့။ အဲဒါ ကိုယ့္အတြက္ အျမတ္လို႔ပဲ ႏွလုံးသြင္းလိုက္ပါ။
သနားတတ္တာ၊ အားနာတာ၊ ယုံလြယ္တာ အရင္းခံနဲ႔ ဘုန္းႀကီးေတာင္ အေမရိကကို ေရာက္ၿပီးမွ
ဇာတ္တူသား စားမိလို႔ ‘နိဗၺာနႆ ပစၥေယာ ေဟာတု’ လုပ္ လိုက္ရတာ ေလးႀကိမ္ ၾကဳံဖူးတယ္။ ဘုန္းႀကီးသာ မကပါဘူး။
ဘုန္းႀကီး အေတာ္မ်ားမ်ား ဟို .. ဗမာျပည္မွာ မုဒိမ္းက်င့္ခံရတဲ့ မိန္းကေလး အခ်ိဳ႕ ရွက္လို႔ မိဘေဆြမ်ိဳးေတြကို ဖြင့္မေျပာရဲသလို
က်ိတ္ခံေနလိုက္ရတဲ့ ျဖစ္ရပ္ေတြ ၾကားဖူးပါတယ္။ အဲဒီ အေတြ႕အၾကဳံနဲ႔ ေႂကြးျပန္မရသူေတြကို ကိုယ္ခ်င္း စာပါတယ္။
ဘုရားေဟာ
ဣဏသုတ္ (အံ ၂၊ ၃ဝ၉)မွာ ေႂကြးယူရသူရဲ့ ဆင္းရဲ ၆-မ်ိဳး ေဟာၾကားပါတယ္။

ဆင္းရဲတာ၊ ဆင္းရဲလို႔ အေႂကြးယူရတာ၊ အရင္းကို မေပးနိုင္ေသးလၽွင္ အတိုးေပးပါမယ္လို႔ ကတိေပးထားရတာ၊

ေႂကြးရွင္က အတိုးကို ေတာင္းတာ၊ ျပန္မေပးနိုင္လို႔ သူ႔ေနာက္ကို ေႂကြးရွင္ လိုက္ခံရတာ၊ ဖမ္းခံရတာ။
ဒါေတြက အေႂကြးယူသူတို႔ရဲ့ ပစၥဳပၸန္မွာ ၾကဳံရမယ့္ ဆင္းရဲ ဒုကၡအေၾကာင္း အႁမြက္မၽွေပါ့။ တမလြန္မွာလည္း ..
ေသာ ပါပကေမၼာ ဒုေမၼေဓာ၊ ဇာနံ ဒုကၠဋ မတၱေနာ။
ေယာနိ မညတရံ ဂႏၲြာ၊ နိရေယ ဝါပိ ဗဇၩတိ။
မေကာင္းသျဖင့္ ျပဳထားသည့္ မိမိ၏ အကုသိုလ္ကို တေရးေရး ေတြး၍ သိေနေသာ သဒၶါ ဓနစသည္ မဲ့မြဲ
ထိုလူဆင္းရဲသည္ တိရစၧာန္ဘဝသို႔ ေရာက္၍ ျဖစ္ေစ ငရဲဘဝ၌ ျဖစ္ေစ ခ်ဳပ္ေႏွာင္ခံရ၏။

ၾကဳံဖူးမွ သိ
ခပ္ငယ္ငယ္က ပါရာဇိကဏ္ ပါဠိေတာ္မွာ ရဟန္းတစ္ပါးဟာ ေယာက်္ား ဘဝကေန
မိန္းမဘဝ ေျပာင္းသြားလို႔ ဘိကၡဳနီ (ရဟန္းအမ်ိဳးသမီး) ေက်ာင္းကို ပို႔ရတယ္ဆိုတဲ့ ေဖာ္ျပခ်က္ကို ေတြ႕ရေတာ့
ဒီပုဂၢိဳလ္ဟာ ရဟန္း အမ်ိဳးသမီးေတြထဲမွာ ဟန္က်ပါ့မလားလို႔ ေတြးခဲ့ဖူးတယ္။
အခုေတာ့ ကမၻာ့သတင္း မီဒီယာေတြမွာ ေဆးပညာနဲ႔ အသိအမွတ္ ျပဳနိုင္တဲ့ အလားတူ ျဖစ္ရပ္မ်ိဳးေတြကို ျမင္ေတြ႕ရတဲ့အခါ
ကိုယ့္ကိုယ္ကို အေတာ္ ေၾကာင္ခဲ့တာပဲ ဆိုၿပီး ျပဳံးမိတယ္။

ေႂကြးယူသူနဲ႔ ပတ္သက္တဲ့ မဟာစည္ ဆရာေတာ္ ဘုရားႀကီး ကိုယ္ေတြ႕ အဲဒီလို ထူးဆန္းျဖစ္ရပ္ တစ္ခုကို မၽွေဝလိုက္ပါတယ္ ..
ငညိဳ႕အေႂကြး

ျမန္မာႏွစ္ ၁၂၇၀-၁၂၈၀ ကာလအတြင္းက ေတာင္တြင္းႀကီး အေနာက္ေျမာက္ ၁၀-မိုင္ေလာက္ အေဝးမွာ ရွိတဲ့ ေခ်ာင္းရိုး ရြာမွာ ကြမ္းထမ္းၿပီး

ေရာင္းတဲ့ အသက္ ၂၀ အရြယ္ ငညိဳနဲ႔ ဘဆိုင္လို႔ သူငယ္ခ်င္း ႏွစ္ေယာက္ ရွိတယ္။
တစ္ေန႔ ဘဆိုင္ဟာ ဆန္ကုန္ေနလို႔ ငညိဳ႕ဆီက ဆန္တစ္စလယ္ ေခ်းၿပီး ခ်က္ စားရတယ္။
အဲဒီေနာက္ အေႂကြး ျပန္မဆပ္ရေသးခင္ ဘဆိုင္ ပိုးထိ (ေႁမြကိုက္ခံရ)လို႔ ေသဆုံးတယ္။
ဘဆိုင္ဟာ ငညိဳ႕အိမ္မွာ တိုက္ၾကက္ လာျဖစ္ၿပီး ငညိဳ႕ကို သုံးႀကိမ္ထိ နိုင္ေအာင္ လုပ္ေပးနိုင္ေပမယ့္ ၄-ႀကိမ္ေျမာက္မွာ မနိုင္တဲ့အခါ
ငညိဳ သတ္စားတာကို ခံရတယ္။ အဲဒီ အခ်ိန္မွာ ငညိဳရဲ့ ႏြားမႀကီးက ၾကက္ကေလးကို လာနမ္းသြားသတဲ့။
ၾကက္ကေလး ေသေတာ့ အဲဒီ ႏြားမႀကီးဆီမွာ သေႏၶေနၿပီး ႏြားမေလးအျဖစ္ လာေမြးတယ္။
အဲဒီ ႏြားမေလး အတန္ငယ္ ႀကီးတဲ့အခါ ငညိဳနဲ႔ မိတ္ ေဆြေတြ အဲဒီ ႏြားမေလးကို သတ္စားၾကတယ္။
အမဲကို လွီးဖ်က္ေနတုန္း ေတာင္တြင္းႀကီးၿမိဳ႕က စာေရးႀကီးနဲ႔ စာေရးကေတာ္ ေရာက္လာၿပီး စာေရး ကေတာ္က
အလြန္ သနားက႐ုဏာ ျဖစ္သြားၿပီး “ငါ့ႏြားသာဆို သတ္မစားရက္ပါဘူး၊ ေသရင္ေတာင္ ေျမျမႇုပ္ၿပီး သၿဂႋဳဟ္မွာ”လို႔ ေျပာသတဲ့။
ေနာက္ေတာ့ စာေရးကေတာ္မွာ သားေလး တစ္ေယာက္ ေမြးတယ္။ ၇-ႏွစ္ေလာက္ထိ စကား မေျပာဘူး။
စကားေျပာေတာ့ “ငညိဳ ဆန္တစ္စလယ္”လို႔ စေျပာသတဲ့။ ေနာက္ ဖခင္က အေႂကြးကို ဆပ္ေပးပါ့မယ္ဆိုေတာ့မွ
သားျဖစ္သူက ေခ်ာင္းရိုးရြာ ငညိဳ႕ဆီ အေရာက္ ေခၚသြားၿပီး အားလုံးကို ေျပာျပသတဲ့။

ငညိဳ (ထိုအခ်ိန္ ဦးညိဳ)လည္း သူ႔လုပ္ရပ္ေတြ အတြက္ အလြန္ ေနာင္တ ရသြားသတဲ့။ (ဓမၼစၾကာ တရားေတာ္ႀကီး၊ စာ-၃၀၉ မွာ အေသးစိတ္ ရွုပါ)။

အရွင္ေကလာသ
Credit: ေမတၱာျဖင့္ ဓမၼစကူးလ္ဆုံရာ
# Unicode Version ျဖင့္ ဖတ္ပါ #
(အရမ်းကောင်းလို့ ပြန်လည်တင်ပြပေးပါသည်။)

အရှင်ဘုရား၊ အချို့သော လူ့ဘောင်မှ လူသားများမှာ သူတစ်ပါးထံမှ ချေးယူထားသော ပစ္စည်း (အထူးဖြင့် ငွေကြေး)ကို ပြန်မပေးဘဲ နေတတ်ကြပါသည်။

အဲဒီလို ပုဂ္ဂိုလ်မျိုး တစ်ယောက်နဲ့ လောလောဆယ် ကြုံနေရလို့ စိတ်မချမ်းမသာ ဖြစ်နေရပါသည် ဘုရား။

အချင်းချင်း အကြွေးယူပြီး ပြန်မဆပ်သော ပုဂ္ဂိုလ်များသည် ယခုဘဝ နောင်ဘဝတွင် မည်သို့သော အပြစ် ဖြစ်နိုင်သည်ကို ဟောကြားပေးတော်မူပါ ဘုရား။

လဲ့လဲ့ရီ (နယူးယောက်)

ကတိဟာ လူ့အရည်အချင်း လူ့တန်ဖိုးရဲ့ သော့ချက်ပဲ။

ကတိကြောင့် လူလေးစားခံရသလို ကတိပျက်ရင် အရည်အချင်း ရှိလျက် အသိအမှတ် မပြုခံရဘဲ ရှိတတ်တယ်။

အချိန်၊ အကြွေး၊ အလုပ် – စသည်နဲ့ ပတ်သက်ပြီး ကတိ အရေးကြီးတယ် ..

စပ်တူ မလုပ်ဘူး

အရီဇိုးနားကို ရောက်ခါစမှာ ဗမာတရုတ် တစ်ယောက်က သူတွဲနေတဲ့ မိတ်ဆွေရင်းကို ‘ဒီကောင်နဲ့ စီးပွားရေး စပ်တူ လုပ်လို့ မရဘူး’လို့

အတော် ခပ်နှိမ်နှိမ် ပြောတာနဲ့ ‘သူ့ကို မယုံကြည်ဘဲ ဘာကြောင့် အပေါင်းအသင်း လုပ်တာလဲ’လို့ ဘုန်းကြီးကလည်း မနေနိုင် ဝင်မေးမိတယ်။

ဒီတော့ သူက ‘စီးပွားရေး အတူလုပ်ရင် ကတိတည်မှ’ တဲ့။

သူ့အပြောအရ သူ့မိတ်ဆွေမှာ ကောင်းတာ အချို့ ရှိပေမယ့် အချိန်ကို မလေးစားဘူး။

တစ်နာရီ ချိန်းရင် သုံး နာရီမှ ရောက်လာတာမျိုး အကြိမ်ကြိမ် ကြုံရသတဲ့။ ပြောလည်း မဖြုံဘူးတဲ့။ လိုရင်းကတော့ ကတိမတည် (သူ့ရည်းစားနဲ့သာ အဲဒီလို ဖြစ်ရင် ပြတ်ပြီးသား ဖြစ်နေမှာ)။ မင်းမှာ သစ္စာ လူမှာ ကတိဆို မဟုတ်လား။ အထူးသဖြင့် ဒီဘက်က လူတွေကို အဲဒီလို လုပ်လို့ မရဘူး။ အဲဒီ မိတ်ဆွေ ဆိုသူဟာ ဒီဘက်မှာ နေသူ ဖြစ်ရင် သိသလိုလိုနဲ့ မသိသေးတဲ့ လူမျိုးပါပဲ။

ကိုယ်ချင်းစာ
ရင်းနှီးလို့ ဆိုပြီး ဘာစာရွက် စာတမ်းမျှ မရှိဘဲ ချေးယူသွားသူ အများစုဟာ ချေးလို့ ရပြီးတာနဲ့ မေ့မေ့ ပျောက်ပျောက် နေသွားလေ့ရှိတာကို တွေ့ရတယ်။

(ဒီလိုမဟုတ်တဲ့ လူအနည်းစုလည်း ရှိနိုင်ပါတယ်)။

ပြောတုန်းက နှစ်လအတွင်း။ ကူညီလိုစိတ်နဲ့ ချေးပေးလိုက်သူကတော့ ယူသွားသူ ပြောတဲ့ နှစ်လကို သတိတရနဲ့ မျှော်နေတာပဲ။

ကိုယ့်ပစ္စည်းပဲလေ။ လူတိုင်း ဒီလိုပဲနေမှာ။ ဒါပေမယ့် တစ်ချို့ နှစ်နှစ်မကလည်း ဖြစ်သွားနိုင်ပြီး အချို့ဆို ရာသက်ပန် မပေါ် လာ ဖြစ်သွားတတ်တယ်။

သူတို့ အနည်းငယ် အဆင်ပြေသွားတဲ့ အချိန် ‘အဆင် မပြေတုန်းက ငါတို့ကို ဘယ်သူမှ အရေးမလုပ်ဘူး’ ဆိုတာမျိုးတောင် ပြောတတ်သေးတယ်။

ဒါကြောင့် ပိုက်ဆံ ချေးပေးမယ်ကြံရင် လူအချို့ဟာ အသွင်သဏ္ဌာန် သားနားတိုင်း အတွင်းစိတ် မသားနားဘူး ဆိုတာကို

အခုရ ရှိတဲ့ အတွေ့အကြုံနဲ့ ဘဝတစ်လျှောက် ကိုယ့်ကိုယ်ကို သင်္ခန်းစာယူပေါ့။ အဲဒါ ကိုယ့်အတွက် အမြတ်လို့ပဲ နှလုံးသွင်းလိုက်ပါ။

သနားတတ်တာ၊ အားနာတာ၊ ယုံလွယ်တာ အရင်းခံနဲ့ ဘုန်းကြီးတောင် အမေရိကကို ရောက်ပြီးမှ

ဇာတ်တူသား စားမိလို့ ‘နိဗ္ဗာနဿ ပစ္စယော ဟောတု’ လုပ် လိုက်ရတာ လေးကြိမ် ကြုံဖူးတယ်။ ဘုန်းကြီးသာ မကပါဘူး။

ဘုန်းကြီး အတော်များများ ဟို .. ဗမာပြည်မှာ မုဒိမ်းကျင့်ခံရတဲ့ မိန်းကလေး အချို့ ရှက်လို့ မိဘဆွေမျိုးတွေကို ဖွင့်မပြောရဲသလို

ကျိတ်ခံနေလိုက်ရတဲ့ ဖြစ်ရပ်တွေ ကြားဖူးပါတယ်။ အဲဒီ အတွေ့အကြုံနဲ့ ကြွေးပြန်မရသူတွေကို ကိုယ်ချင်း စာပါတယ်။

ဘုရားဟော
ဣဏသုတ် (အံ ၂၊ ၃ဝ၉)မှာ ကြွေးယူရသူရဲ့ ဆင်းရဲ ၆-မျိုး ဟောကြားပါတယ်။

ဆင်းရဲတာ၊ ဆင်းရဲလို့ အကြွေးယူရတာ၊ အရင်းကို မပေးနိုင်သေးလျှင် အတိုးပေးပါမယ်လို့ ကတိပေးထားရတာ၊

ကြွေးရှင်က အတိုးကို တောင်းတာ၊ ပြန်မပေးနိုင်လို့ သူ့နောက်ကို ကြွေးရှင် လိုက်ခံရတာ၊ ဖမ်းခံရတာ။

ဒါတွေက အကြွေးယူသူတို့ရဲ့ ပစ္စုပ္ပန်မှာ ကြုံရမယ့် ဆင်းရဲ ဒုက္ခအကြောင်း အမြွက်မျှပေါ့။ တမလွန်မှာလည်း ..

သော ပါပကမ္မော ဒုမ္မေဓော၊ ဇာနံ ဒုက္ကဋ မတ္တနော။

ယောနိ မညတရံ ဂန္တွာ၊ နိရယေ ဝါပိ ဗဇ္ဈတိ။

မကောင်းသဖြင့် ပြုထားသည့် မိမိ၏ အကုသိုလ်ကို တရေးရေး တွေး၍ သိနေသော သဒ္ဓါ ဓနစသည် မဲ့မွဲ

ထိုလူဆင်းရဲသည် တိရစ္ဆာန်ဘဝသို့ ရောက်၍ ဖြစ်စေ ငရဲဘဝ၌ ဖြစ်စေ ချုပ်နှောင်ခံရ၏။

ကြုံဖူးမှ သိ

ခပ်ငယ်ငယ်က ပါရာဇိကဏ် ပါဠိတော်မှာ ရဟန်းတစ်ပါးဟာ ယောကျ်ား ဘဝကနေ

မိန်းမဘဝ ပြောင်းသွားလို့ ဘိက္ခုနီ (ရဟန်းအမျိုးသမီး) ကျောင်းကို ပို့ရတယ်ဆိုတဲ့ ဖော်ပြချက်ကို တွေ့ရတော့

ဒီပုဂ္ဂိုလ်ဟာ ရဟန်း အမျိုးသမီးတွေထဲမှာ ဟန်ကျပါ့မလားလို့ တွေးခဲ့ဖူးတယ်။

အခုတော့ ကမ္ဘာ့သတင်း မီဒီယာတွေမှာ ဆေးပညာနဲ့ အသိအမှတ် ပြုနိုင်တဲ့ အလားတူ ဖြစ်ရပ်မျိုးတွေကို မြင်တွေ့ရတဲ့အခါ

ကိုယ့်ကိုယ်ကို အတော် ကြောင်ခဲ့တာပဲ ဆိုပြီး ပြုံးမိတယ်။

ကြွေးယူသူနဲ့ ပတ်သက်တဲ့ မဟာစည် ဆရာတော် ဘုရားကြီး ကိုယ်တွေ့ အဲဒီလို ထူးဆန်းဖြစ်ရပ် တစ်ခုကို မျှဝေလိုက်ပါတယ် ..

ငညို့အကြွေး

မြန်မာနှစ် ၁၂၇၀-၁၂၈၀ ကာလအတွင်းက တောင်တွင်းကြီး အနောက်မြောက် ၁၀-မိုင်လောက် အဝေးမှာ ရှိတဲ့ ချောင်းရိုး ရွာမှာ ကွမ်းထမ်းပြီး

ရောင်းတဲ့ အသက် ၂၀ အရွယ် ငညိုနဲ့ ဘဆိုင်လို့ သူငယ်ချင်း နှစ်ယောက် ရှိတယ်။

တစ်နေ့ ဘဆိုင်ဟာ ဆန်ကုန်နေလို့ ငညို့ဆီက ဆန်တစ်စလယ် ချေးပြီး ချက် စားရတယ်။

အဲဒီနောက် အကြွေး ပြန်မဆပ်ရသေးခင် ဘဆိုင် ပိုးထိ (မြွေကိုက်ခံရ)လို့ သေဆုံးတယ်။

ဘဆိုင်ဟာ ငညို့အိမ်မှာ တိုက်ကြက် လာဖြစ်ပြီး ငညို့ကို သုံးကြိမ်ထိ နိုင်အောင် လုပ်ပေးနိုင်ပေမယ့် ၄-ကြိမ်မြောက်မှာ မနိုင်တဲ့အခါ

ငညို သတ်စားတာကို ခံရတယ်။ အဲဒီ အချိန်မှာ ငညိုရဲ့ နွားမကြီးက ကြက်ကလေးကို လာနမ်းသွားသတဲ့။

ကြက်ကလေး သေတော့ အဲဒီ နွားမကြီးဆီမှာ သန္ဓေနေပြီး နွားမလေးအဖြစ် လာမွေးတယ်။

အဲဒီ နွားမလေး အတန်ငယ် ကြီးတဲ့အခါ ငညိုနဲ့ မိတ် ဆွေတွေ အဲဒီ နွားမလေးကို သတ်စားကြတယ်။

အမဲကို လှီးဖျက်နေတုန်း တောင်တွင်းကြီးမြို့က စာရေးကြီးနဲ့ စာရေးကတော် ရောက်လာပြီး စာရေး ကတော်က

အလွန် သနားကရုဏာ ဖြစ်သွားပြီး “ငါ့နွားသာဆို သတ်မစားရက်ပါဘူး၊ သေရင်တောင် မြေမြှုပ်ပြီး သင်္ဂြိုဟ်မှာ”လို့ ပြောသတဲ့။

နောက်တော့ စာရေးကတော်မှာ သားလေး တစ်ယောက် မွေးတယ်။ ၇-နှစ်လောက်ထိ စကား မပြောဘူး။

စကားပြောတော့ “ငညို ဆန်တစ်စလယ်”လို့ စပြောသတဲ့။ နောက် ဖခင်က အကြွေးကို ဆပ်ပေးပါ့မယ်ဆိုတော့မှ

သားဖြစ်သူက ချောင်းရိုးရွာ ငညို့ဆီ အရောက် ခေါ်သွားပြီး အားလုံးကို ပြောပြသတဲ့။

ငညို (ထိုအချိန် ဦးညို)လည်း သူ့လုပ်ရပ်တွေ အတွက် အလွန် နောင်တ ရသွားသတဲ့။ (ဓမ္မစကြာ တရားတော်ကြီး၊ စာ-၃၀၉ မှာ အသေးစိတ် ရှုပါ)။

အရှင်ကေလာသ
Credit: မေတ္တာဖြင့် ဓမ္မစကူးလ်ဆုံရာ