Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, April 15, 2018

အရွယ်ဆယ်ပါးနေဝင်တော့မည်…



20တစ်ဝိုက် အပျော်ကြိုက်
မိတ်လိုက်ရင်းနဲ့ အချိန်ကုန်…

အလှပဆုံး 30 နှုန်း
လူလုံးပြလျှက် အချိန်ကုန်…

40တစ်လွှား ဓနအား
ကြွားလုံးထုတ်လျက် အချိန်ကုန်…

50တစ်ကွက် ဥာဏ်ထက်မြတ်
ဥာဏ်နက်ထုတ်ရင်း အချိန်ကုန်…

60တစ်လွှား အားဆုတ်သွား
ကြုံးဝါးရင်းနဲ့ အချိန်ကုန်…

70တွင်း ခါးမတင်း
ဟင်းချရင်းနဲ့ အချိန်ကုန်…

80မှာတော့ ခါးပင်ကော့
မော့မော့ကြီးနဲ့ အချိန်ကုန်…

90တစ်ကွေ့ သတိဝေ့
မေ့မေ့ကြီးနဲ့ အချိန်ကုန်…

ထိုင်၍မကောင်း100ညောင်း
လဲလျောင်းရင်းနဲ့ အချိန်ကုန်…

မဟာဗောဓိမြိုင်ဆရာတော်ကြီး၏
သတိပေးဆုံးမစာ…

No comments:

Post a Comment