Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, March 17, 2018

ဝန်ကြီးဌာနတစ်ခုက ကွန်ပြူတာ အလုံး ၂၅၀ ဝယ်ဖို့ တင်ဒါခေါ်တယ်


ဝန်ကြီးဌာနတစ်ခုက ကွန်ပြူတာ အလုံး ၂၅၀ ဝယ်ဖို့ တင်ဒါခေါ်တယ်။

အားလုံးရိုးသားစွာပြိုင်ပေါ့။

နိုင်တဲ့သူ ရောင်းရမယ်ပေါ့။

ရိုးသလိုလိုပဲ

ဝယ်မှာက Core i7 Computer ကို Dell ၂၂ လက်မ မော်နီတာနဲ့ အလုံးရေ ၂၅၀

ဒါပေမယ့် အစီအစဉ်က ဒီလိုတဲ့ -

(21.3.2018) တင်ဒါပိတ်မည့်နေ့
(22.3.2018) တင်ဒါကြေငြာမည့်နေ့
(23.3.2018) ၀န်ကြီးရုံးသို့တင်မည့်နေ့
(26.3.2018) စာချုပ်ချုပ်မည့်နေ့
(28.3.2018) ပစ္စည်းအပ်နှံရမည့်နေ့
(31.3.2018) ပစ္စည်းဖိုးငွေချေမည့်နေ့

ဘာတွေထူးခြားတယ်လို့ ထင်ကြပါသလဲ။

ရုတ်တရက် ကြည့်ရင်တော့ နှစ်ကုန်ခါနီး ဘတ်ဂျက်ကို အမှီသုံးတယ်ပေါ့လေ။

သေချာကြည့်ရင်တော့ စာချုပ်ချုပ်ပြီး ၂ ရက်အတွင်း ကွန်ပြူတာအမြင့် အလုံး ၂၅၀ အပ်ခိုင်းတယ်ဆိုတော့ ပစ္စည်းသာ ကြိုမစုထားရင် ဘယ်လိုမှ မှီနိုင်စရာအကြောင်းမရှိဘူး။

ဘာကြောင့် အရောင်းနှေးတဲ့ကွန်ပြူတာ အလုံး ၂၅၀ (သိန်း၂၅၀၀ ဝန်းကျင်) ကို ကြိုစုထားကြတာလဲ?

တင်ဒါအောင်မယ့်သူကိုတော့ ကြိုပြီး ဂုဏ်ပြုထားပါတယ်။

ဘောင်ထဲဝင်အောင်ရိုက်စားလုပ်နိုင်လို့ပါ။

ဒီအစိုးရတက်မလာခင်က အများကြီးမျှော်လင့်မိတယ်။ အစိုးရနဲ့ပတ်သက်တဲ့အလုပ်တွေကို ဂုဏ်သိက္ခာရှိရှိ သန့်သန့်ရှင်းရှင်းနဲ့ လုပ်နိုင်မယ်လို့။

ဒါပေမယ့် ဝန်ကြီးတွေက အခုအချိန်အထိ အောက်ကလှည့်သမျှ လက်မှတ်ထိုးပေးနေရတဲ့ အနေအထားကတက်မလာသေးတာ တိုင်းပြည်နာပါတယ်။

ကိုယ်တွေလဲ အခုအချိန်အထိ အစိုးရကို ဈေးမရောင်းတတ်သေးပါ

MBA မှာ ethic သင်တုန်းကတော့ မဟုတ်တာကိုအော်ဟစ်သတိပေးမယ့် ငပွကြီး Whistle Blower တွေ လိုတယ်တဲ့။ အမုန်းခံရတာပေါ့နော် 😂

မှတ်ချက်။
အဂတိ လိုက်စားမှုကို တိုင်ချင်ရင် သက်သေခိုင်လုံမှတဲ့။ လာဘ်ထိုးရင်တောင် လက်ခံရေးခိုင်းရမယ်ထင်တယ်။

လစာ၊ ခံစားခွင့်နဲ့ အခြားပေါင်း ရှိသင့်တာထက် မတရားများနေရင် စစ်လိုက်ယုံပဲကို

မူရင်း = Kyaw San Oo





No comments:

Post a Comment