CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Monday, March 5, 2018
လူကြီး နှစ်မျိုးနှစ်စား ရှိတယ်။
လူကြီး နှစ်မျိုးနှစ်စား ရှိတယ်။
တစ်မျိုးက အသက်ကြီးလာတာနဲ့အမျှ တနေ့
တခြား ပိုပိုကြီး ယဉ်ကျေးလိမ္မာလာတဲ့ လူကြီး၊
နောက်တမျိုးကတော့ အသက်ကြီးလေ တနေ့
တခြား ပိုပိုပြီးမိုက်လာတဲ့ ကြီးမိုက်လူကြီးပေါ့။
ပထမ အမျိုးအစားလူကြီးက အတွေ့အကြုံတွေ
ထဲက သင်ခန်းစာထုတ်ယူတတ်တဲ့အတွက်
အမြင်မတော်တိုင်း ဝင်မပြောတော့ဘူး။သဘော
မကျတိုင်း ဝင်မပါတော့ဘူး။"သတ္တဝါတစ်ခု ကံတစ်ခု"လို့ သဘောထားပြီး ဥပေက္ခာတရား
လက်ကိုင်ထားတတ်တယ်။ရေငုံနူတ်ပိတ် ခပ်မ
ဆိတ်နေတတ်တယ်။စိတ်ထဲမှာ ယားကျိယားကျိ
ဖြစ်လာရင်တောင် ဝင်ပြီးမပြောမိ မပါမိအောင်
ပုတီးစိတ် တရားသဘော ဆင်ခြင်နှလုံးသွင်းလို့
ဖြစ်စေ ကံသုံးပါး ချွန်းအုပ်ပြီး ထိန်းချုပ်ထား
တတ်တယ်။
ဒုတိယအမျိုးအစားကတော့ လောကဓံအထုအ
ထောင်း အရိုက်အပုတ်တွေ ဘယ်လောက်ပဲခံရ
ခံရ သင်ခန်းစာ ထုတ်မယူတတ်ဘူး။နောင်တ
လည်း မရဘူး။အမြင်မတော်တာတွေ့ရင် ဝင်
ပြောလိုက်တယ်။မသင့်တော်ဘူးဆိုရင် ဝင်စွက်
လိုက်တယ်။မတရားဘူးဆိုရင် ဝင်တားလိုက်
တယ်။လူတကာရဲ့အပူကို ကိုယ့်အပူလုပ်ပြီး
ကိုယ့်ကိုယ်ကို လောင်မြိုက်စေတယ်။ကိုယ်၏
ချမ်းသာခြင်း စိတ်၏ချမ်းသာခြင်းနဲ့ ဘဝရဲ့ငြိမ်း
ချမ်းခြင်းဆိုတာကို ဘယ်တော့မှ မခံစားရပါဘူး။
ဒီလိုလူမျိုးကိုမှ လူမိုက်မခေါ်ရင် ဘယ်သူ့ကို
လူမိုက်ခေါ်ရတော့မှာလဲ။
လူ့လောကကြီးတခုလုံးမှာ လူလိမ္မာတွေ၊
ဥပေက္ခာတရားလက်ကိုင်ထားသူတွေ ပိုများနေ
ကြတယ်။ကိုယ့်မထိသရွှေ့ ဘာဖြစ်လို့ ကြားက
နေ အမုန်းခံရမှာလဲဆိုပြီး ခပ်ကင်းကင်းနေလိုက်
တယ်။ကိုယ့်ကို လက်တွေ့ထိလာတော့မှ နာရ
ကောင်းမှန်းသိပြီး အော်ကြဟစ်ကြ လေတော့
တယ်။
မဆိုင်ရင် ဝင်မပြောဘူး၊ဝင်မစွက်ဘူး၊ဝင်မပါဘူး
လို့နေရင်းနဲ့ ကိုယ့်နဲ့တိုက်ရိုက်ဆိုင်လာတဲ့အခါ
ကျတော့ အများကြီးနောက်ကျသွားလို့ နောင်တ
ရခဲ့ရင်လည်း ဘာမှမတတ်နိုင်တော့ဘူး။အဲဒါ
ကြောင့် လောကကြီးမှာ လူလိမ္မာတွေ သိပ်များ
လွန်းနေလည်း မကောင်းပါဘူး။မသူတော်တွေ
ကြီးစိုးနိုင်ပါတယ်။မကောင်းတာ မမှန်တာ မတရားတာတွေကိုတွေ့ရင် အမုန်းခံပြီးပြောဖို့ လိုပါတယ်။လောကကြီးလှပစေချင်သူ မှန်သမျှ
ပြောကိုပြောရပါ့မယ်။
စာနယ်ဇင်းသမားဆိုတာ မှန်တာပြောရရင် မိုက်
လို့လုပ်နေကြသူများပါတယ်။ချမ်းသာတဲ့ သတင်းသမား ဘယ်ခေါတ်ကမှမရှိပါဘူး။
ရရစားစားတွေ များပါတယ်။အင်္ဂလိပ်ခေါတ်
လူမိုက်ဌားပြီး ဓားထိုးခံရလို့ သေခဲ့ရတဲ့ ဆရာသင်လို အယ်ဒီတာမျိုးရှိသလို၊လွတ်လပ်
ပြီးနောက်ပိုင်းခေါတ်တွေမှာလည်း ထောင်ကျ
ကျွန်းကျ နရသိမ်စံတွေ မနည်းလှပါဘူး။အသာ
စံဖို့အကြောင်း လုံးလုံးမရှိဘဲ အနာခံဖို့ချည်း နေ
ရမှာကို သိသိကြီးနဲ့ လုပ်နေကြသူတွေဖြစ်လို့
လူမိုက်တွေလို့ ပြောတာပါ။
ဒီလိုလူမိုက်တွေဟာ လူမိုက်ပေမယ့် ကျက်သရေရှိတဲ့ လူမိုက်တွေဖြစ်တယ်။ နိုင်ငံကိုကျက်သရေရှိအောင် အနာခံ အမုန်းခံပြီး လုပ်နေကြသူတွေဖြစ်တယ်။အမြင်မတော်တာ
အကြားမတော်တာ မှန်သမျှကို သတိတရားရပြီး
ပြုပြင်နိုင်ကြအောင် ထောက်ပြနေကြတာ ဖြစ်
တယ်။ရှေးအခါကဆိုရင် ရှင်ဘုရင်များဟာ
တိုင်းပြည်ရဲ့ အခြေအနေမှန်၊ နိုင်ငံသူ/သားတွေ
ရဲ့ ဘဝအမှန် သိရဖို့အတွက် စွန့်စွန့်စားစား ရုပ်
ဖျက်ပြီး စနည်းနာထွက်ကြရတယ်။ခုခေါတ်
တော့ သတင်းမီဒီယာကျေးဇူးကြောင့် တိုင်းပြည်
တဝှမ်း အခြေအနေမှန်တွေကို ထိုင်ရာမထ သိ
နိုင်ကြတဲ့အတွက်လုပ်သင့်လုပ်ထိုက်တာကို
ချက်ချင်းလက်ငင်း လုပ်နိုင်လာခဲ့တယ်။
ဒါကြောင့် သတင်းမီဒီယာဆိုတာ တိုင်းပြည်ရဲ့
လက်ရုံးဖြစ်တယ်။အင်မတန် အားကိုးရတယ်။
လူထုစိန်ဝင်း
လူကြီး နှစ်မျိုးနှစ်စား ရှိတယ်။
Reviewed by MP4 YoU
on
March 05, 2018
Rating: 5
Reviewed by MP4 YoU
on
March 05, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment