၂၀၁၈ ခုနှစ် မတ်လ ၁၃၊ ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း နှစ်(၃၀)ပြည့်နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်၏ သ၀ဏ်လွှာ အချိန်မီမရောက်လာ
သဖြင့် မနှစ်တုန်းက သ၀ဏ်လွှာကို ပြန်ဖတ်ကြားခဲ့ရ
ပါတယ်လို့ ကြားသိရပါတယ်။
စိတ်မကောင်းဖြစ်ရပါတယ်။
ဒီမိုကရေစီအရေးတော်ပုံအတွက် ပေးဆပ်ခဲ့သူများ၊
ပေးဆပ်နေဆဲပုဂ္ဂိုလ်ရဲဘော်များအား အလေးပြုလျက်
Yan Myo Thein
..........
ကျနော်တို့သက်လုံကောင်းကြရမည်
၂၀၁၈ ခုနှစ် မတ်လ(၁၃)ရက် နံနက်ခင်း နေပူတောက်တောက်
ရန်ကုန်နည်းပညာတက္ကသိုလ်(ယခင်-ရန်ကုန်စက်မှုတက္ကသိုလ်)
ကျောင်းဝင်းအတွင်း ရန်ကုန်နည်းပညာတက္ကသိုလ်ကျောင်းသား
သမဂ္ဂက ပထမဆုံးအကြိမ်ဦးဆောင်ကျင်းပခဲ့သည့်
ကိုဖုန်းမော်၊ ကိုစိုးနိုင်ကျဆုံးခြင်း နှစ်(၃၀)ပြည့်နှစ်ပတ်လည်
အခမ်းအနားတွင် မိတ်ဆွေ၊ ရဲဘော်၊ သူငယ်ချင်းများစွာနှင့်
ပြန်လည်ဆုံတွေ့ရသည်မှာ ၀မ်းမြောက်ဖွယ်ရာပင်ဖြစ်သည်။
လိုအပ်ချက်၊ အားနည်းချက်အချို့ရှိကောင်းရှိမည်ဖြစ်သော်
လည်း ကျောင်းသားသမဂ္ဂကို လက်ဆင့်ကမ်းဦးဆောင်စေ
ခဲ့သည့် အလေ့အထကို အထူးအားပေး၊ ထောက်ခံမိပါသည်။
မျိုးဆက်အလိုက် လက်ချင်းချိတ်ကြရမည်။ ယုံကြည်မှုနှင့်နား
လည်းမှုတည်ဆောက်ကြရမည်။ ဟန်ချက်ညီညီပူးပေါင်းဆောင်
ရွက်နိုင်ကြရမည်ဖြစ်သည်။
ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့၏ အသက်စွန့်လွှတ်ခဲ့မှုကိုအကြောင်း
ပြုလျက် ရှစ်လေးလုံးဒီမိုကရေစီအရေးတော်ပုံကြီးမှသည်
တစ်ပါတီအာဏာရှင်အစိုးရပြုတ်ကျခဲ့သည်အထိ ခရီးပေါက်
ခဲ့ရသည်မှာ ဖုံးကွယ်မရသောသမိုင်းအမှန်တရားပင်ဖြစ်သည်။
ဤခရီးနီးသလား၊ မီးရထားမလာသေး ဆိုသည့်သူငယ်တန်း
ဖတ်စာကို အမှတ်ရမိသည်။ ဤခရီးနီးမနီးအတပ်ပြောဖို့ခက်
သော်လည်း၊ ခရီးရှည်ဦးမည်မှာ ငြင်းမရနိုင်ချေ။ ကျနော်တို့
သက်လုံကောင်းကြရမည်။ ကျနော်တို့မျိုးဆက်များ သက်လုံ
ကောင်းကြရမည်။
မောင်ရစ်(မိုးမခ)၊ ဗသက်အောင် နှင့် ကျနော်တို့ အမှတ်တမဲ့
မှ အမှတ်တရဖြစ်ခဲ့သည်။ ကျနော်တို့ လက်ချင်းချိတ်ထားကြရ
မည်။ ကျနော်တို့သက်လုံကောင်းကြရမည်။
ဖိုတိုခရက်ဒစ် - ဗသက်အောင်
လေးစားလျက်-
ဒေါက်တာရန်မျိုးသိမ်း
ရန်ကုန်၊ မြန်မာ။

No comments:
Post a Comment