CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, January 24, 2018
ဖွားဖွားရဲ့  မြေးအချစ်
(၁) ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချူ ပ်ကာလ ပထမဆုံးအကြိမ်တွင် ဖြစ်ပါသည်။ ထိုကာလက သားငယ်ဖြစ်သူ မောင်ထိန်လင်း (Kim) သည် သူ့ သားဖြစ်သူ ဂျင်မီကို ခေါ်လာပြီး အလည်တစ်ခါ လာခဲ့ပါသေးသည်။ ကင်မ်၏ သားဖြစ်သူ ဂျင်မီသည် ထိုစဉ်က တစ်နှစ်ခွဲအရွယ် ဖြစ်သည်။
တစ်နှစ်ခွဲအရွယ်နှင့် သူ့ ထိုင်ခုံမှာသူ တည်တည်ငြိမ်ငြိမ်ပင် ထိုင်ပြီး မဖိတ်မစင်စေအောင် စားတတ်နေပါပြီ။ မောင်ထိန်လင်းသည် ဖခင်ကောင်းတစ်ယောက်ဖြစ်ပြီး ဆုံးမသွန်သွင်မှုကောင်းများနှင့် ကလေးကို ထိန်းသိမ်းစောင့်ရှောက်သူလည်း ဖြစ်ပေသည်။
ခြံထဲရှိ အိမ်အကူမိန်းခလေးများကို ဂျင်မီလေးက တစ်ခုခုနာကျင်စေရန် လုပ်ခဲ့လျှင် ကင်မ်က ဂျင်နီလေး၏ လက်ကို ခပ်ဆဆ ပြန်ရိုက်ပါတယ်။ ထိုအခါတွင် ဖွားဖွားဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်က မလုပ်ရန် တားမြစ်သည့်အခါတွင် `မဟုတ်ဘူး မေမေ - သူ ကိုယ်ချင်းစာတတ်အောင်လို့ ပါ´ ဟု ပြောဆိုရှင်းပြသဖြင့် ဖွားဖွားခမျာ မြေးလေးကို အသနားပိုသော်လည်း သားဖြစ်သူ၏ စည်းကမ်းကို မဖောက်ဖျက်ချင်သဖြင့် မျက်စိမျက်နှာမကောင်းပဲ ငေးကြည့်နေခဲ့ရပါတယ်။
ကစားစရာ အရုပ်များကို ချိုးဖဲ့ပစ်လိုက်လျှင်လည်း ထိုနည်းလည်းကောင်းပင် ဖြစ်သည်။ ဖွားဖွားက မနေနိုင်၍ `မေမေ ပြန်ဝယ်ပေးပါ့မယ် - ကလေးကို မရိုက်ပါနဲ့ ´ ဟုဆိုလျှင် မောင်ထိန်လင်းက `မဟုတ်ဘူး မေမေ - ပစ္စည်းတန်ဖိုးအရ ကျတော်လည်း ပြန်ဝယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ဒီလိုဖျက်ဆီးတတ်တဲ့စိတ်မျိုး မဖြစ်စေချင်လို့ ပါဟု ပြန်လည်ရှင်းပြ ပြောဆိုပါတယ်။
ဖွားဖွားရဲ့  အလွမ်းပြေရာ
---------------------------------
(၂) မောင်ထိန်လင်းတို့  သားအဖ ပြန်သွားသောအခါတွင် ဖွားဖွား ဒေါ်အောင်ဆန်းစုကြည် လွမ်းခဲ့ရလို့  အလွမ်းဖြေခဲ့ရတာက -
ဒေါ်ခင်ခင်ဝင်းက ထိုစဉ်အချိန်မှာ မနက်သွား ညပြန်ဖြစ်ပြီး မနက်ပိုင်း ခြံထဲရောက်လျှင် မေးတာက `ဒီနေ့  ဦးအောင်မြတ်ကျော် ဘာတွေ အထူးအဆန်း ပြောသေးလဲ´ ဟု အပြုံးနဲ့  မေးတတ်သည်။ ဒေါ်ခင်ခင်ဝင်း၏ မြေးဦးနာမည်သည် လူကြီးနာမည်လေးဆိုပြီး ဒေါ်စုက နာမည်ရှေ့ မှာ ဦးတပ်ကာ ခေါ်လေ့ မေးလေ့ ရှိသည်။
အဲဒီအခါမှာ အောင်မြတ်ကျော်တို့ တူဝရီးနှစ်ဦး၏ စာသင်ကြားမှု နှင့် ရန်ပွဲများအကြောင်းကို ပြောပြလျှင် ဒေါ်စု သေချာနားထောင်ပြီး ပြုံးနေတတ်ပါတယ်။ စိတ်ထဲမှာ သေချာသိနေတာက ဒေါ်စုသည် သူ့ မြေးလေးကို လွမ်းဆွတ်နေပြီး ပြေလျော့ရန် သူ့ မြေးနှင့်ရွယ်တူ ဒေါ်ခင်ခင်ဝင်း မြေးလေးအကြောင်းကို ကြားသိချင်နေတာဖြစ်ပြီး ကိုယ်ချင်းစာကာ အသနားပိုမိပါတယ်။
တစ်ခါကတော့ ဘာစကားအဆန်းတွေ ပြောသေးလဲဆိုပြီး မေးရာ ဒေါ်ခင်ခင်ဝင်းက သူအိမ်ပြန်ချိန် သမီးအလတ်က သူ့ တူလေးကို အင်္ဂလိပ်စာလုံးတွေ သင်ပေး ကဗျာတွေရွတ်ပြ ပုံပြင်တွေပြောပြီး လုံးထွေးရယ်မောနေကြချိန်လည်း ဖြစ်သည်။ ပြီးနောက် အောင်မြတ်ကျော်က သူ့ အဒေါ်ကို နောက်စေ့နားလေး လက်နှင့်ထောက်ပြပြီး မေးသောအခါ ရုတ်တရက် မဖြေတတ်သဖြင့် `နေဦး ဒစ်ရှင်နရီ ကြည့်ဦးမယ်´ ဟု ပြန်ဖြေချိန်မှာ ကလေးက အဒေါ်ကို `ညိုညိုကလည်း ဒါလေးတောင် မသိဘူးလား´ ဆိုပြီး ပြန်ပြောပါသတဲ့။
ဒါကို ကြားသိရတော့ ဒေါ်အောင်ဆန်းစုကြည်ခမျာ ဟက်ဟက်ပက်ပက်ရယ်လိုက်သည်မှာ မျက်ရည်ပင် စို့ လာသည်အထိ ဖြစ်ပါတယ်။ နောက်တော့ ညနေကျရင် ပြန်အဖြေပေးလိုက်ဆိုပြီး စာရွက်အပိုင်းလေးတွင် နောက်စေ့ကို ဘယ်လိုခေါ်သလဲ ဆိုတာကို ဂရုတစိုက် ရေးပေးခဲ့ပါသည်။
ဖွားဖွားတစ်ဦးရဲ့  မြေးကလေးကို လွမ်းဆွတ်နေခဲ့ရသော်လည်း သူမချစ်သော မြန်မာနိုင်ငံသူ နိုင်ငံသားများအတွက် `တာဝန်´ ဆိုတဲ့ အသိစိတ်ဖြင့် … … …
ကိုးကား - ဒေါ်ခင်ခင်ဝင်း ရေး - ရေဆန်လမ်းမှ အိမ်အပြန်.
.
Credit.... Aung KyawMoe
ဖွားဖွားရဲ့  မြေးအချစ်
Reviewed by MP4 YoU
on
January 24, 2018
Rating: 5
Reviewed by MP4 YoU
on
January 24, 2018
Rating: 5
Subscribe to:
Post Comments (Atom)

No comments:
Post a Comment