Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, January 24, 2018

အာဆီယံအဆင့်လမ်းများ ဖောက်လုပ်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးသစ်ပြော


မြန်မာနိုင်ငံတွင်းရှိ လမ်းတွေကို အာဆီယံအဆင့်လမ်းတွေ ဖြစ်အောင် ဖောက်လုပ်သွားမယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသစ် ဦးဟန်ဇော်က ပြောပါတယ်။

ဇန်န၀ါရီ ၂၄ ရက်က ဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပြည်ထောင်စုလွှတ်တော်အတွင်း ကျမ်းသစ္စာကျိန်ဆိုအပြီး သတင်းထောက်တွေကို ပြောခဲ့တာ ဖြစ်ပါတယ်။

“အရင်ဝန်ကြီး ဦးဝင်းခိုင် ဆောင်ရွက်ခဲ့တဲ့ လုပ်ငန်းတွေရော နောက်ဆောင်ရွက်မယ့် လုပ်ငန်းတွေရော အတတ်နိုင်ဆုံးပေါ့လေ၊ ကိုယ်စွမ်းရှိသရွေ့ ဉာဏ်စွမ်းရှိသရွေ့ ကတိသစ္စာပြုတဲ့ အတိုင်းပေါ့လေ။ ဆောင်ရွက်ပေးမှာ ဖြစ်တဲ့အကြောင်းလောက်ပဲ ပြောလိုပါသေးတယ်။ လောလောဆယ်ကတော့ ဦးစားပေးကတော့ ကျေးလက်လမ်းတွေ ဦးစားပေးလုပ်ဖို့ ရှိတယ်၊ နောက် လမ်းတွေလည်း အာဆီယံအဆင့်ဖြစ်အောင်လုပ်ဖို့ပေါ့။”

ဝန်ကြီးသစ် ဦးဟန်ဇော်ဟာ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းမှာ ဦးဆောင်ညွှန်ကြားရေးမှူး တာဝန်ထမ်းဆောင်ပြီး အငြိမ်းစားယူခဲ့သူ ဖြစ်ပါတယ်။

အန်အယ်လ်ဒီအစိုးရလက်ထက်မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနဟာ ကျေးလက်လမ်းတွေ တိုးချဲ့ဖောက်လုပ်ဖို့ ဦးတည်ကြိုးပမ်း လုပ်ဆောင်ခဲ့ပြီး ခုတခါ နိုင်ငံတွင်းက လမ်းတွေကို အာဆီယံ အဆင့်လမ်းတွေဖြစ်အောင် လုပ်မယ်လို့ ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။

DVB TV News

http://burmese.dvb.no/archives/250018

No comments:

Post a Comment