Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, January 8, 2018

ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်ဦးဖြိုးမင်းသိန်း သို့ ကျောင်းဆရာတစ်ဦး၏ပေးစာ

သို့
ဦးဖြိုးမင်းသိန်း
ရန်​ကုန်​တိုင်းဝန်​ကြီးချုပ်
ဦးဖြိုးမင်းသိန်း​ရေ ဆရာ/ဆရာမ ဆိုတာ ပညာ​ရေး​လောကထဲ မဝင်​ခင်​ထဲက
မချမ်းသာဘူးဆိုတာသိပါတယ်​။
ပညာ​ရေးဝန်​ထမ်းဘဝနဲ့ ချမ်းသာ
ရမယ်ဆိုပြီး ဘယ်ဆရာ/ဆရာမမှ
ရည်​ရွယ်​ချက်​ရှိရှိ ပညာ​ရေး​လောကထဲ
ဝင်​​ရောက်​လာခဲ့ကြတာမဟုတ်​ပါဘူး။
ဝါသနာအရ(သို့)အ​ကြောင်းအမျိုးမျိုး
ကြောင့်​ ​ရောက်​လာခဲ့ရင်​​တောင်​ အချိန်
ကြာလာ​တော့ ကိုယ်​အလုပ်​ကို ဝန်းထမ်း
၉၀ရာနှုန်း​လောက်​ဟာ ချစ်​မြတ်နိုး
လာတတ်​ကြတယ်​။
မချမ်းသာမှန်းသိ​ပေမဲ့ မွန်​မြတ်​တဲ့
ကိုယ့်​အလုပ်​ကို ဖက်​တွယ်​လာကြတယ်​။
ဟန်​​ဆောင်​မှု​တွေများတဲ့ ​လောကကြီးမှာ
ဖြူ စင်​ရိုးသားတဲ့ ​က​လေး​တွေအ​ပေါ်
သံ​ယောဇဉ်​​တွေ တွယ်​လာကြပါတယ်​။
စမ်းတ၀ါးဝါးနဲ့ ​လောကထဲကို​ရောက်​လာတဲ့ က​လေး​တွေ လမ်းမှန်​​ရောက်​ဖို့
ကျောခင်း​ပေးဖို့ သူတို့​တွေရဲ့ဘဝကို စ​တေဖို့အတွက်​ ပညာ​ရေး​လောကထဲမှာ
မြုပ်​နှံခဲ့ကြတယ်​။
ဒါ​ပေမဲ့ ဦးဖြိုးမင်းသိန်းရယ်​ ဆရာ/ဆရာမ​တွေကို ​မျှော်​လင့်​ချက်​များစွာနဲ့
မွေးဖွား​ပေးခဲ့ကြတဲ့ သူတို့ရဲ့ အ​ဖေ၊အ​မေ​တွေ၊ အားကိုတကြီး လက်​တွဲခဲ့ကြတဲ့ ဇနီး
မယား​တွေ၊လူသားအရင်းအမြစ်​ဖြစ်​တဲ့
သူတို့ရဲ့လူငယ်​မျိုးဆက်​​တွေ ဒါ​တွေဟာ
စက်​ရုပ်​​တွေမှ မဟုတ်​တာဗျာ။ သူတို့​တွေရဲ့ မိသားစုဝင်​​တွေဟာ ခင်​များတို့ မိသားစု​တွေလိုပဲ စားတတ်​တယ်​၊ဝတ်​တတ်​တယ်​၊​နေဖို့ထိုင်​ဖို့၊ကျန်းမာ​ရေ၊လူမှု​ရေး စသည့်​ အလုပ်​တာဝန်​​တွေရှိကြတယ်
လေ။ကိုယ့်​အလုပ်​ကို ဘယ်​​လောက်​ချစ်​ပါ
တယ်​​ပြော​နေ​ပေမဲ့ သူ့တို့​တွေကို အားကိုတကြီး ​မျှော်​လင့်​ချက်​ကြီးကြီးနဲ့ ဖက်​တွယ်​​နေတဲ့ မိသားစုရဲ့ အခက်​အခဲ​တွေကို
ဘယ်​လိုများ လစ်​လျူ ရှုပြီး​နေရမှာလဲ
ဦးဖြိုးမင်းသိန်း​ရေ။
မချမ်းသာချင်​ကြပါဘူး နိုင်​ငံ​တော်​က
ပေးတဲ့လစာနဲ့ ​နောက်​​ကြောင်းက မိသားစု
တွေအတွက်​ စိတ်​​အေးရမယ်​ဆိုရင်
ဘယ်​သူကမှ ​ပြော​နေကြမှာမဟုတ်​ဘူးဗျ။
အခု​တော့ ​ပေးထားတဲ့ လစာနဲ့ ခိုင်း​နေတဲ့
အလုပ်​​တွေ လုပ်​​နေရတာနဲ့တင်​ ကိုယ့်​လစာ ကိုယ်​တောင်​မစားရဘူးဖြစ်​​နေတယ်
လေဗျာ။ ​နောက်​ကမိသားစု​တွေဆိုရင်
တော့ စဉ်းစားကြည့်​​ပေါ့ဗျာ။ဆရာ/ဆရာမ
ဂုဏ်​ပုဒ်​​ကြောင့်​သာ ဘာမှမ​ပြောပဲ
နားလည်​​ပေး​နေကြတာပါ။
ဦးဖြိုးမင်းသိန်း​ရေ. ကျွန်​​တော်​တို့ ပညာ​ရေးအလုပ်​က ဘယ်​​လောက်
အ​ရေးကြီးလည်းဆိုတာ ထမင်းစားတဲ့
လူတိုင်း နားလည်​ကြပါတယ်​ဗျာ။
ဒီ​လောက်​အ​ရေးကြီးတဲ့ အလုပ်​ကို လုပ်​​နေ
ကြတဲ့ ဆရာ/ဆရာမ​တွေဆိုတာ တစ်
ကောင်​ကြွက်​​တွေ မဟုတ်​ကြပါဘူး။မိသားစု​တွေရှိကြပါတယ်​။ ကိုယ့်​ရဲ့​နောက်
ကြောင်းစိတ်​​အေးရမှ ကိုယ့်​ရဲ့အလုပ်​​ပေါ်မှာ အာရုံစိုက်​ပြီး အလုပ်​လုပ်​ကြရမှာပါ။
ပညာ​ရေးကို တစိုက်​မတ်​မတ်​ အာရုံစိုက်​ချင်​လို့ ​နောက်​ကမိသားစုတွက်​စိတ်​​အေး
ကြချင်​တာပါ။ဘယ်​သူကမှ ချမ်းသာချင်​တယ်​လို့ ​ပြော​နေကြတာမဟုတ်​ပါဘူး။
ဒေါ်​အောင်​ဆန်းစုကြည်​ ​ပြောခဲ့သလို​ပေါ့
ဆရာ/ဆရာမဆိုတာ ပီတိကို စား​နေလို့
မရပါဘူး​လေဗျာ။
ဒါ​ကြောင့်​ ကျွန်​​တော်​အပါအဝင်
ဆရာ/ဆရာမ​တွေဟာ ချမ်းသာဖို့ ဘယ်​သူမှ မ​တောင်းဆိုပါဘူး မိသားစုရဲ့​နောင်​​ရေး
ကို ​ဖြေရှင်းနိုင်​ဖို့ပဲ ​တောင်းဆိုချင်​ကြတာပါ။
လေးစားစွာဖြင့်
U Zin Ko Ko Htet

No comments:

Post a Comment