Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, February 1, 2018

ပတာလင်​အကျဉ်းသား (၁၃)


တန်းစီးဝင်းမြင့်​ ရဲ့ကြုံးဝါးသံ ​ကျောပြင်​နဲ့လ​ဂေါ်နဲ့ထိခပ်​သံ​က ပါ​ဂျောင်​အကျဉ်း​ထောင်​ကြီးထဲမှာ မိုးကြိုးပစ်​သံအလားပဲ
ရှိ​နေပါတယ်​ သူရိုက်​လာတာကလည်း တဖြည်းဖြည်းနဲ့ကျ​နော့​ဆီကို ချည်းကပ်​လာ​နေပါပြီ ကျ​နော့​ဘေးကို​ရောက်​လာ​တော့
မယ်​ဆိုတာသိရ​လေ ​ကြောက်​စိတ်​ကပိုလာ​လေပါပဲ၊ အဆုံးမှာ
တော့ ကျ​နော့​ဘေးကို​သူ​ရောက်​လာပါပြီး ကျ​နော့်​ဘေးကလူကို
ဖျောင်းကနဲ ​နေ​အောင်​ရိုက်​ထည့်​အပြီး ကျ​နော့​အရှေ့ကိုဝင်ရပ်​လိုက်​တဲ့အချိန်​ နာကျင်​ခံခက်​လို့ အားအားအီးအီးညီးညူ ​နေတဲ့​အသံကို အကာကွယ်​ယူကာ ​လေသံကိုထိမ်းအုပ်​ပြီး တိုးတိုး​လေး နဲ့ ``မင်းကဇီးကုန်းက​လား ငါက မ​​ဒေါင်းလှ က´´လို့ပြော
လိုက်​ပါတယ်​ ဒီအခါမှာသူက``အကိုက မ​ဒေါင်းလှကလား´´ဟု
ဆိုကာ ကျ​နော့​ကျောပြင်​ကို​ဗျောတင်​လိုက်​ပုံက အခြားအကျဉ်း
သား​တွေ​လောက်​​တော့ မပျင်းထန်​​တော့ဘူးလို့ ခံစားရပါတယ်​ ​အော်​....နယ်​​မြေ နယ်​​မြေ အ​တော်​​လေးစကား​ပြောပါလား​နော်​။

တန်းစီး ``မင်းတို့မှတ်​ထားကြ ဒါကပါ​ဂျောင်​​ထောင်​ဖြစ်​တယ်
ပတာလင်​မဟုတ်​ဘူး ဒီ​တော့ဒီကစည်းကမ်းအတိုင်း​နေရမယ်
စည်းကမ်း​ဖောက်​တဲ့အ​ကောင်​ နံပြားတို့ ​ပေါက်​စီတို့ လ​ဂေါ်တို့
ကျွေး​ပေးမယ်​ ​ဟေ့​ကောင်​​တွေကြားကြလား´´

အကျဉ်းသားများ `` ဟုတ်​ကဲ့ကြားပါတယ်​ခင်​မျ´´

တန်းစီး ``မင်းတို့​ဖြေတာရှည်​တယ်​ လိုရင်းတိုရှင်း​.`.ဟုတ်​´...ဒါပဲဖြေပါ ၊အခု​ထောင်​စည်းကမ်း​တွေ ငါ​ပြောပြမယ်​မှတ်​ထားကြ.....
(၁) ​ဘာ​ကြောင့်​​ထောင်​အပြင်​ကို ထွက်​ထွက်​ အပြင်​က​နေပြန်
ထောင်​ထဲပြန်​​ရောက်​တာနဲ့ လက်​ကိုကြိုးချီမယ်​ အဝတ်​ဆနဲ့မျက်
လုံးကိုအုပ်​စီးပြီး ပိတ်​ထားရမယ်​။
(၂) စကာားမ​ပြောရ မလှုပ်​ရ တစ်​ခုခု​ပြောချင်​ရင်​တန်းစီး​တွေကို
ပြော ငါတို့က​ထောင်​မှူးးဆီ ခွင့်​​တောင်း​ပေးမယ်​။
(၃)ညအိပ်​တဲ့အခါ မလှုပ်​နဲ့ညိမ်​ညိမ်​အိပ်​ ​ညောင်းလို့ဟိုဘက်​ဒီ
ဘက်​လှည့်​ချင်​ရင်​ ခွင့်​​တောင်း ခွင့်​မ​တောင်းပဲလှည့်​တာ လှုပ်​တာ​တွေ့လို့က​တော့ ​သေဒဏ်​ပဲ တခါတည်းပစ်​သတ်​လိုက်​မှာ။
(၄)ည​သေး​ပေါက်​ဖ်ို့ ဆလိုင်းပုလင်း နှစ်​ပုလင်း​ပေးမယ်​ နှစ်​ပုလင်းနဲ့​လောက်​​အောင်​​ပေါက်​ မ​လောက်​လို့ပုလင်းထပ်​​တောင်း​ရင်​​ မနံက်​၊လူစစ်​တန်းစီချိန်​ ​ပေါက်​စီနံပြားနဲ့လ​ဂေါ်ပဲ။
(၅)​သေး​ပေါက်​တဲ့အခါ ​သေးကို​ဘေးမထွက်​​စေနဲ့ ပုလင်းထဲကို
အ​သေချာချိန်​​ပေါက်​ထည့်​ ​ဘေးအစက်​ကျလို့က​တော့နာပြီမှတ်
(၆)ညအိပ်​ချိနလူစစ်​ရင်​အစွန်းဆုံးက​ကောင်​ကစပြီး ``တစ်​´´လို့
အော်​မယ်​ သူပြီး​တော့ဒီဘက်​က​ကောင်​က``နှစ်​၊´´ ပြီးဒီဘက်​က``သုံး´´``​လေး´´အစဉ်​လိုက်​​အော်​ရမယ်​ ​နောက်​ဆုံးလူက
နံပါတ်​စဉ်​​အော်​ပြီးတာနဲ့``အားလုံးပြည့်​ ဖင်​လိုးဖင်​ခံမရှိ အားလုံး
ကောင်း´´လို့​အော်​ရမယ်​ မှတ်​မိလား။

အကျဉ်းသားများ ``ဟုတ်​´´

ည​နေ(၃)​လောက်​မှာ ​ထောင်​အပြင်​ထွက်​ပြီး ဟိုတဲ
ဒီတဲ​တွေက ​ခေါ်ခိုင်းလို့ အလုပ်​ကြမ်းထွက်​လုပ်​​နေတဲ့ အကျဉ်း
သား​တွေ​ထောင်​ထဲပြန်​​ရောက်​လာကြပါတယ်​ ကိုယ့်​​နေရာကိုယ်
ဝင်​​နေရာယူပြီး မျက်​စိကိုအဝတ်​ဆပိတ်​ လက်​ကိုကြိုးချီကာ ညိမ်
သက်​စွာထိုင်​​နေကြပါတယ်​ ခဏ​နေ​တော့ စားဖို​ဆောင်​တာဝန်​ယူထားရတဲ့ရဲ​မေ​တွေ မနန်း​အောင်​​ထွေးကြည်​၊မခင်​ချိုဦး၊မနန်း
စော၊မတူးတူး တို့တန်းစီးဖြစ်​ကြတဲ့ ကိုမြင့်​သိန်း၊ကိုစိုး​လေး၊ဝင်း
မြင့်​၊မျိုး​ဇော်​တို့တ​တွေက ထမင်း​ကျွေးဖို့ ပြင်​ကြဆင်​ကြပါတယ်
ထမင်းပုဂံအဖြစ်​ မိုးကာဆကို​လေး​ဒေါင့်​ဖြတ်​ပြီးခင်း​ပေးထားပါ
တယ်​ အဲ့ဒီထဲကိုထမင်းထည့်​​ပေးပါတယ်​`ဟင်း´အဖြစ်​က​တော့
အာလူးသီးပဲဖြစ်​ဖြစ်​ ဟင်းသီးဟင်းရွက်​ပဲဖြစ်​ဖြစ်​ ဘာပဲ ဖြစ်​ ဖြစ်​အရည်​ကျဲချက်​ပြီး ထမင်းပုံ​ပေါ်လောင်းထည့်​​ပေးပါတယ်​မိုးကာ
အဆတစ်​ဆကို လူနှစ်​​ယောက်​ သုံး​ယောက် အကူတူစားကြရပါ
တယ်​ တစ်​​ပေသာသာ မိုးကာအဆ​လေးထဲမှာပဲ သူ့ဘက်​ကိုယ့်​ဘက်​ထမင်း​လေး​တွေစုပုံပြီး စားကြရတာ ဟင်းရည်​​တွေကသူ့ ဘက်​စီးသွားလိုက်​ ကိုယ့်​ဘက်​စီးလာလိုက်​နဲ့ စားကြရတယ်​ သူ့ လက်​ကအညစ်​အ​ကြေး ကိုယ့်​လက်​ကအညစ်​အ​ကြေး မရွံမရှာ
ပဲ ဘဝတူချင်း လက်​ရည်​တပြင်​တည်း နွှဲလိုက်​ကြပါသည်​။


ထမင်းစားအပြီး မျက်​စိပြန်​ပိတ်​ လက်​ကြိုးချီ ညိမ်​ညိမ်
လေး မလှုပ်​မရှက်​ပြန်​ထိုင်​​နေရပါတယ်​၊ အဲ့​နောက်​ ချီးယို​သေး​ပေါက်​ဖို့အပြင်​ထုတ်​ဖို့ ​ထောင်​မှူးးလှမျိုး​နောင်​ကအမိန့်​​ပေး​တော့
တန်းစီးမြင့်​သိန်းက``အားလုံးထ တန်းစီပြီးထွက်​´´​ပေါ့ ကျ ​နော်​တို့လည်း ပါ​ဂျောင်​​ထောင်​ရဲ့အထာကမသိ​သေး​​တော့ ပါ​ဂျောင်​အကျဉ်းသား​တွေရဲ့ လှုပ်​ရှားမှုကိုကြည့်​ပြီး လှုပ်​ရှား​နေရပါတယ်​ တစ်​ချက်​မှားတာနဲ့နာပြီမှတ်​ ​ထောင်​အပြင်​​ရောက်​​တော့ ကွင်​ပြင်​ထဲတန်းစီပြီးရပ်​​နေရပြန်​တယ်​ ​ထောင်​မှူးးတပ်​စိပ်​ကရဲ​ဘော်​​လေး​တွေက ​သေနတ်​ကြီး​တွေနဲ့လုံခြုံ​ရေး ယူထားကြတယ်​ ကျ​နော်​တို့အကျဉ်းသား​တွေက ​ရှေ့​နောက်​တန်းစီပြီးရပ်​​နေရတယ်​ တစ်​တန်းချင်းထွက်​ ချီးယို​သေး​ပေါက်​လုပ်​ရတယ်​ ​သေး​ပေါက်တာ​ကခြံခပ်​မထားဘူး တဖက်​​ချောက်​ထဲ စွန့်​ချရတယ်​ အိမ်​သာက​တော့ကျင်းတူးထားတယ်​ ​လေး​ဒေါင့်​ကျင်းပဲအဲ့ကျင်း​ပေါ်ကို သစ်​လုံး​တွေထိုးတင်​ထားတာ အဲ့ဒီသစ်​လုံး​တွေ​ပေါ်မှာဘယ်ညာခွပြီး
ထိုင်​ရတယ်​ ​ရှေ့​နောက်​သုံးဦး​လေးဦး ​ငုတ်​တုတ်​ထိုင်​ပြီး ပါကြရ
တယ်​ အရှက်​တရားကို​ဘေးထားပြီး ဖင်​လှန်​ထိုင်​ရတာ​ပေါ့ ၊သစ်​လုံး​တန်းကအ​တော်​များ​တော့ တစ်​ကြိမ်​ကို အကျဉ်းသား တစ်​ဆယ့်​ငါး​ယောက်​​လောက်​ ဝင်​ထိုင်​ကြတယ်​ အဲ့ဒီအချိန်​မှာစကား ​ပြောကြတယ်​ အသံ​တော့မထွက်​ရဲဘူး တိုးတိုးပဲ ခိုး​ပြောရတာ​လေ အပြင်​ကအ​စောင့်​က ကြာရင်​လှမ်း​အော်​ဆဲတာခံရ​သေးဗျ။ကျင်​ကြီးကျင်​ငယ်​ကိစ္စပြီး​တော့ ​ညရှူရှူးပန်းချင်​ရင်​ပန်းထည့်​ဖို့တဲ့
ဆလိုင်းပုလင်းနှစ်လုံး​စီယူခွင့်​ပြုတယ်​ ည​ရေးညတာ​ထောင်အပြ​င်​ထွက်​လို့မရဘူး​ပေါ့ ၊အားလုံးပြီး​တော့ ​ထောင်​ထဲပြန်​ဝင်ရ​တယ်​ ​ထောင်​ထဲ​ရောက်​​တော့ ထုံးစံအတိုင်​ပဲ ကိုယ့်​​နေရာကိုယ်​ ကြိုးချီ မျက်​စိပိတ်​ စကားမ​ပြော ညိမ်​ညိမ်​ထိုင်​​ပေါ့ ။

ထောင်​အပြင်​ထုတ်​​တော့မှ ကိုထွန်း​အောင်​​ကျော်​ကို
 အ​သေချာမြင်​​တွေ့ခွင့်​ရတယ်​ ​ပါ​ဂျောင်​အ​ရောက်​​ ထောင်​ထဲဝင်​​တော့ ကိုထွန်း​အောင်​​ကျော်​၊ ကိုချိုကြီး၊ ဆမားညီညီ၊ ကို​အောင်​မင်းတို့ကိုထိပ်​တုံးခတ်​ထားတာကို​တွေ့ရ​ပေ​မဲ့ အကျိုးအ​ကြောင်း
က​တော့ဘာမှမသိရ ​ပြော​ရေးဆိုခွင့်​မှမရှိပဲ အခု​လိုထောင်​အပြင်​ထုတ်​​တော့ မြင်​ရတာ စိတ်​မ​ကောင်းစရာ မမြင်​ရက်​မကြည့်​ရက်
စရာပါ၊ ဒုတ်​​ချောင်း​လေးနဲ့​ထောက်​ပြီး ``​ထော့နိုင်း​ထော့နိုင်း´´နဲ့
သွား​နေရတယ်​၊သူ့ကိုဘယ်​လိုနှိပ်​စက်​ထားလဲမသိပါဘူး ကျ​နော်​က ဗန်း​မော်​ခရိုင်​ ``ပတာလင်​´´စခန်းမှာပါ ဒါ​ပေမဲ့လက်ရှိသူ့ပုံစံ
ကိုကြည့်​ရတာနဲ့သိနိုင်​ပါတယ်​ အရက်​စက်​ဆုံး အပျင်းထန်ဆုံး​ညှင်းပန်​နှိပ်​စက်​ထားမယ်​ဆိုတာသိနိုင်​ပါတယ်​ ပါ​ဂျောင်​မှာလည်း အကျဉ်းသားအချင်းချင်းတီးတိုးစကား​ပြောခွင့်​မ​ပေးသလို ​ပြောခဲ့
ရင်​လည်းသူတို့​တွေ့သွားလို့က​တော့ မ​တွေးဝံ့စရာပါ ဒီ​တော့ အကိုကြီး ဘယ်​လိုနှိပ်​စက်​ခံရတယ်​ဆိုတာ မ​မေးရဲမပြောရဲခဲ့ပါ
ဘူး​ထောင်​​​ဖောက်​​ပြေးလာပြီး အတွင်းပြန်​​ရောက်​မှ ​မေးမြန်းစုံ
စမ်းသိရတာက ​သေရွာပါသည်​အထိကိုထွန်း​အောင်​​ကျော်​ရဲ့ခြေ​ထောက်​ ``ထော့ကျိုး´´ဖြစ်​သွားရတဲ့အ​ကြောင်းရင်းကိုသိရတယ်
အ​ကြောင်းအရင်းက မီးဖိုပြီး``မီး နဲ့ ရှို့ ´´ထားတာတဲ့ဗျာ။

မျက်​မြင်​သက်​​သေနဲ့တစ်​ခုရှိ​သေးတယ်​ အဲ့ဒါကစစ်​​ကြော​ရေးမှာ ကားစင်​တင်​​တုန်းက ကိုထွန်း​အောင်​​ကျော်​ရဲ့လက်ဖဝါး
ကို သံနဲ့ရိုက်​ပြီး ကားစင်​တင်​ထားတဲ့အ​ကြောင်း အဲ့ဒီလိုလက်​ဖဝါးသံရိုက်​ပြီး​တိုင်​မှာကပ်​ထားချိန်​မှာခြေ​ထောက်​က​မြေကြီးနဲ့ ​ခြောက်​လက်​မခန့်​ ​လွတ်​​နေတဲ့အ​ကြောင်း အဲ့ဒီအ​ကြောင်းကို​မျက်​မျင်​သက်​​သေဖြစ်​တဲ့ကိုညီညီ​ကျော်​ကဝမ်းနည်းစွာနဲ့အခုလို​ပြောပြပါတယ်​``ငါရယ်​ ကိုချိုကြီးရယ်​ ကိုကြီး(ကိုထွန်း​အောင်​​ကျော်​)ရယ်​ကို စစ်​​ကြော​ရေးလုပ်​တယ်​အဲ့ဒီမှာကားစင်​တင်​​တော့ ငါကညာဘက်​အစွန်​ဆုံး၊ကိုချိုကြီးကအလယ်​က၊ကိုကြီးကဘယ်​အစွန်​ဆုံးမှာ ငါနဲ့ကိုချိုကြီ့းကို ကြိုးးနဲ့ချီပြီးပြီ အဲ့ဒီမှာမျိုးဝင်းက ``ရှုပ်​တယ်​ကွာ ကြိုး​တွေဘာ​တွေလုပ်​မ​နေနဲ့ သံနဲ့သာရိုက်​လိုက်​ကွာ´´လို့အမိန့်​​ပေးခိုင်းတယ်​ ခိုင်း​တော့လုပ်​တဲ့သူကလည်းလုပ်
တာ​ပေါ့ ၊ ကိုချိုကြီးကြ​တော့ မီးနဲ့ရှိုတာကွ၊ ဒီလိုပါကိုချိုကြီးနဲ့တစ်​​ပေအကွာလောက်​မှာ ဝါး​တွေပုံပြီးမီးရှို့တာ မီးဖိုကမီး​တောက်​က ကြီးကြီးလာပြီး လူကိုမီးညွန့်​ကလာဟပ်​ပါ​ရောလား အဲ့ဒီမှာမီး​တောက်​ကို ​ရှောင်​ရင်းပဲ ခန္ဓာကိုယ်​​အောက်​ပိုင်းက တိုင်​ရဲ့တစ်​ဖက်​ကို​ရောက်​သွားပြီးအ​ပေါ်ပိုင်းက ​ရွှေ့မရ​တော့ဒီအတိုင်းပဲ​ မြင်​ကြည့်​​ပေါ့ ကွာ တိုင်​ကိုလူကရစ်​ပတ်​ထားသလိုမျိုး´´တဲ့။အဲ့ဒီအ
ချိန်​မှာ မျိုးဝင်းတို့ သံ​ချောင်းတို့ မန်းသားကြီးကိုထွန်း​အောင်​​ကျော်
ရဲ့ လုပ်​​ဖော်​ကိုဘက်​​ဒေါ်နယ်​​အောင်​နိုင်​တို့အောင်​ပွဲခံအရက်​ဝိုင်း
မှာ စမြုပ်​ပြန်​အရသာယူ​နေကြမဲ့အဖြစ်​ အင်းအဲ့ဒါကို​ပြောတာ​ပေါ့​လူကိုခွေးကသတ်လိုက်​တယ်​ဆိုတာ​လေ အဲ့ဒါမျိုးပ ။

ညပိုင်း​ရောက်​​တော့ ကင်းသမားတို့​ထောင်​မှူးးတို့က သီချင်း
ဆိုခိုင်းတယ်​ Artist ထိန်​လင်း​ပြောတဲ့လူကက်​ဆက်​​ပေါ့ ဗျာ
အကိုကြီး(ကိုထွန်း​အောင်​​ကျော်​)က``ယုဇနပင်​နဲ့ဖဲကြိုးဝါ´´ ၊ ဦး​သောင်းမြင့်​က``ကြိုးမဲ့​လေတံခွန်´´၊ဘိုဘိုက``အ​မေ့အိမ်​´´နဲ့
ကံမြင့်​ဦးက``အလွမ်း​တွေကိုစမ်​​ရေထဲမှာ​မျောလိုက်​ချင်​´´ကိုခင်
မောင်​ကြည်​က``မိဝိုင်းစိန်​´´ကျ​နော်​က​တော့ကိုတိုးရဲ့``​စောင့်​လို့
တော့​နေရစ်​ဦး´´သီချင်းကိုပဲမကြာခဏဆိုဖြစ်​တယ်​ ဒီမှာထူးထူး
ခြားခြားဖြစ်​စဉ်​​လေး​တွေရှိပါတယ်​ ပိပိနဲ့​ကျော်​စွာဝင်း​မောင်​တို့နှစ်
ယောက်​က သီချင်းတစ်​ပုဒ်​ကို နှစ်​​ယောက်​ခွဲပြီး သီဆို​လေ့ရှိတာ
ပါ၊သူတို့နှစ်​​ယောက်​က``နတ်​ရှင်​​နောင်​´´သီချင်းသီဆို​လေ့ရှိပြီး
ကျော်​စွာဝင်း​မောင်​က``ရတုအပိုဒ်​´´ကိုသီဆို​ပါတယ်​ ကိုပိပိက
တော့ အခြားသီချင်းအပိုဒ်​​တွေကိုသီဆိုပါတယ်​၊​နောက်​တစ်​ခုက
သီချင်းမဆိုတတ်​သူနှစ်​​ယောက်​ကို​တွေ့ခွင့်​ရလိုက်​တာပါ ​သူတို့
ကကို​ကျော်​နိုင်​ဦးနဲ့ မြင့်​​ဇော်​ဝင်းတို့ပါပဲ ​ထောင်​မှူးးကအတင်းအ​ကြပ်​ဆိုခိုင်း​တော့မြင့်​​ဇော်​ဝင်းက``​ကျောင်းသားသမဂ္ဂ´´သီချင်း
သီဆိုချလိုက်​ပါတယ်​ဒီအခါမှာ စစ်​​ထောက်​လှမ်း​ရေးကကျောင်း​သားသမဂ္ဂသီချင်းကိုဆိုရပါ့ မလားဆိုပြီး လ​ဂေါ်နဲ့ဗျင်းခံလိုက်​ရ
တယ်​၊​ကို​ကြောင်​(ခ)​ကျော်​နိုင်​ဦးကလည်း``သီချင်းမဆိုတတ်​ရင်
ဆိုတတ်​တာဆိုပြဆိုလို့ သူငယ်​တန်းကဗျာတစ်​ပုဒ်​ကိုဆိုပြတယ်
သူဆိုပြတဲ့ကဗျာက``​ရောင်​စုံ​ဘော့လုံး၊ရောင်​စုံ​ဘော့လုံး၊တစ်​လုံး
ငါးပြား´´တဲ့ ကျ​နော်​တို့အဖြစ်​က​နေ့ခင်းဆို``​ကျေးကျွန်​´´ညချမ်း
ဆို ​ပျော်​​တော်​ဆက်´´ဘဝကို​ရောက်​သွား​လေရဲ့။ထောင်​မှူးးကြီး
နား​သောတအားရချိန်​က ကျ​နော်​တို့အိပ်​ချိန်​​ပေါ့ ။အဲ့ဒီလိုအိပ်​ယာ​ဝင်​တော့မယ်​ဆို လူစစ်​ပါတယ်​``တစ်​´´``နှစ်​´´``သုံး´´ ``....´´
နောက်​ဆုံးလူကနံပါတ်​စဉ်​​အော်​အပြီး``အားလုံးအပြည့်​ ဖင်​လိုး
ဖင်​ခံမရှိ အားလုံး​ကောင်း´´လို့ဆက်​​အော်​ပြီးစတင်​အိပ်​စက်​ကြ
ပါ​တော့သည်​၊(​ထောင်​ထဲကအတိုင်း​သိ​စေလို၍ ဖော်​ပြခြင်းသာ
ရိုင်းစိုင်းသွားပါ၍နားလည်​​ပေးကြပါရန်​ ​မေတ္တာရပ်​ပါသည်​)။ထောင်​ထဲမှာမိန်းက​လေး​တွေရှိ​နေပါတယ်​ဒါ​တောင်​အဲ့ဒီလိုရိုင်း
ဆိုင်းစွာ​အော်​ဆိုခိုင်းသည်​ကိုကြည့်​ခြင်းဖြင့်​ မှန်းဆသာကြည့်​ပါ​လေကုန်​။

အဲ့ဒီ​နေ့ ကျ​နော်​တို့``ပတာလင်​´´အကျဉ်းသား​တွေ
``ပါ​ဂျောင်​အကျဉ်​​ထောင်​´´​ရောက်​တဲ့​နေ့မှာ အရာရှိ၊ အရာခံ ၊အ
ကြပ်​၊ တပ်​သား ရဲ​ဘော်​ရဲ​မေ အချိ့အနည်းစုက အမဲရိုး​ကို ငတ်​ပြတ်​​နေတဲ့ခွေး​တွေ​ တွေ့သလိုပါပဲ မညှာမတာ ``စစ်​​ထောက်​လှမ်း​ရေး​ကောင်​​တွေ´´ ဆိုပြီး ဒုတ်​နဲ့ရိုက်​သူကရိုက်​ ၊ခြေနဲ့ကန်​သူကကန်​၊ လက်​သီးနဲ့ထိုးသူကထိုးနဲ့ ကျ​နော်​တို့ အကျဉ်းသား​တွေမှာ အရှင်​လတ်​လတ်​ငရဲပြည်​​ရောက်​သွားသလိုပါပဲ ။ သူတို့​တွေက ကျ​နော်​တို့တ​တွေကို တကယ့်​``စစ်​သူလျှို´​´တွေလို့ထင်​မှတ်​လို့​လေလား ဒါမှမဟုတ်​ သူတို့သခင် အလိုကျ ကပြ​နေကြ
တာလား မသိနိုင်​​ပေမဲ့ ကျ​နော်​တို့မှာကခန္ဓာကိုယ်​နာကျင်​ရတာ
ထက်​ စိတ်​မှာရတဲ့ နာကျင်​မှုကပိုဆိုးရပါတယ် တိုင်းရင်းသားညီ
အကို​တွေနဲ့ ဥမကွဲအသိုက်​မပျက်​​​ နေထိုင်​နိုင်​ဖို့ တန်းတူညီမျှ မှု
ကို ကိုယ်​စားပြု မဲ့ လူကိုလူလိုမြင်​တဲ့ `` ဖက်​ဒရယ်​ ဒီမိုက​ရေစီ​နိုင်​ငံ​တော်​ကြီး´တည်​​ဆောက်ဖို့ စစ်​အာဏာရှင်​​စနစ်​ဆိုးကိုတွန်း
လှန်​ပစ်​ဖို့ အရာရာစွန့်​ လွှတ်​ပြီး ​ရောက်​လာကြတဲ့ ရဲ​ဘော်​အချင်း​ချင်း လုပ်​ရက်​​လေချင်းဆိုတဲ့ စိတ်​ ပြီး​တော့ ငါတို့​ကျောင်းသားသ
မိုင်း ဖျက်​စီးခံလိုက်​ရ​လေပြီဆိုတဲ့အသိက ပိုပြီး နာကျင်​အခံခက်​ ဖြစ်​ရပါသည်​။

ဆက်​ရန်
Ok AB(28/1/2018)

No comments:

Post a Comment