Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 21, 2018

"်​အရှင်​သုမန ​ရေးသည့်​ မန်းလေးသံဃာ ၂၀၀၀၀ ဆွမ်းလောင်းပွဲကြီး"

 ရန်ကုန်လောက် ဖောင်းထု မထုတော့ မသိ အရာအားလုံး နီးပါး အဆင်ပြေကြပါတယ် ။ ဒီလောက် သံဃာထုကြီးကို ဆွမ်းကြီးလောင်းလှူကြရတာ ဘယ်လောက်ခက်ခဲပြီး ကယိကထများတယ်ဆိုတာ စဉ်းစားတတ်သူတိုင်းသိနိုင်ပါတယ် ။ သံဃာ အတန်းကလည်း A အတန်းမှစပြီး တတန်းလျှင် အပါး ၈၀၀ နှုန်းနဲ့ ၂၅ တန်း ။ လောင်းလှူကြမည့် စေတနာရှင် အလှူ့ ရှင်များကလည်း ပျားပန်းခတ်မျှ ။ တာဝန်ရှိသူအားလုံး ကူညီကြသူအားလုံး အကောင်းဆုံးကြိုးစားပြီး ကုသိုလ်ယူနေကြတာ ယုံမှားစရာနဲနဲမှမရှိ ။
ဒါကို တိုက်ထဲက တပါးက ခုံတွေမှာ နံပါတ်တွေမရေးလို့ ဘာညာနဲ့ရစ်နေလို့ စိတ်တိုမိသေးတယ် ။ တာဝန်ကျကူညီတဲ့ တကာများကလည်း တတ်နိုင်သမျှ ရှင်းပြပြီး သည်းခံရှာကြပါတယ် ။ နောက်ဆုံး ပိုက်ဆံလေး တသောင်း နှစ်သောင်း နဲ့ များ ဘာ ညာ နဲ့ ပြောနေလို့ ကိုယ်နဲ့လည်း မလှမ်းမကမ်းမှာဆိုတော့ ကိုယ်လည်း လှမ်းဆဲတာဘဲ မနေနိုင်တော့ဘူး အလကား နွားတွေ အပြစ်မရှိအပြစ်ရှာဖို့ဘဲတတ်တယ် ။ လူတွေမှာ ပိုက်ဆံတထောင်ရဖို့တောင် မနည်းကြိုးစားရှာနေကြရတာ သူက တသောင်း နှစ်သောင်း ကို အထင်သေးကဲ့ရဲ့နေတယ် ။
မနက်က ကွင်းထဲ ရောက်ရောက်ချင်း ထိုင်ရမည့် ခုံတွေမှာ အာရုံဆွမ်းအဖြစ် ရေသန့်တဘူး ပဲနို့ဘူးကြီးတဘူး cream roll ပေါင်မုန့်တခု ရွှေကျီးနာနတ်လမုန့်တခု မြင့်မြင့်ခင် ဘီစကစ်အသေးတထုပ် အပါးစေ့ ကပ်လှူထားတယ် ။ ပဲနို့ဘူး တဘူး ကို ၄၀၀ နဲ့ တွက်ကြည့်တယ် ကျန်တာ မပါဘဲ ပဲနို့ဖိုးတင် သံဃာ ၂၀၀၀၀ အတွက် သိန်း ၈၀ ကျနေပြီ ကဲ ဘယ်လောက် တန်ဖိုးကြီးလဲ ဒါတောင်ကျန်တာမပါသေးဘူး ။ သံဃာ တပါး နဝကမ္မ ၃၀၀၀၀ိ ကျပ် နဲ့ အပါး ၂၀၀၀၀ စာ တွက်ကြည့်ကြပေါ့ ။ ဒါတောင် လှူကြတာ အနဲအများမတူတဲ့နေရာလေးတွေကြောင့် တချို့ဆို ၆၀၀၀၀ကျော် တချို့ ၅၀၀၀၀ မောင်သု ဆို ၄၅၀၀၀ ကျော်ကျော်လေး ဘဲ ရတယ် ။ ငွေ နဲ့ အလှူရံ အနဲအများထက် ဒီအလှူကို ပါဝင်အားဖြည့်ပေးတယ် လို့ဘဲ ခံယူတယ် တပြားမှမရလည်း သွားမှာပါဘဲ ။ မနက် ၄နာရီထ ပြင်ဆင် ၅နာရီသွား ၆နာရီ ရောက် အခမ်းအနား ၈ နာရီ ကျော်မှာ ဆွမ်းစလောင်း ၁၀ နာရီခွဲ ကျောင်း ပြန်ရောက် ။ ဒီအတွင်းမှာ အရာအားလုံး အတွက် ကုသိုလ်စိတ် အကောင်းမြင်စိတ်နဲ့ သည်းခံခဲ့တယ် ။ သံဃာ အများစု လည်း အေးချမ်းစွာပါဘဲ ။
နေ့ဆွမ်း အတွက် တပါးစာ ဆွမ်းတဘူး ဝက်သားဟင်းလေးတခွက် ငရုပ်သီးကြော် တထုပ် လမုန့်တခု ရေသန်တဘူး ပါ အပြီးအစီး ပြင်ဆင်ကြိုးစားကပ်လှူကြပါတယ် ။ ဒါလောက်ကြိုးစားလုပ်ဆောင် တာတောင် ကျေးဇူးမတင်ချင်နေကြပါ အပြစ်မရှိအပြစ်ရှာချင်နေကြရင်တော့ ဝတ်ထားတဲ့သင်္ကန်း နဲ့ စားထားတဲ့ ဆွမ်းကို အားနာသင့်လှပါကြောင်း ။ (သံဃာ ၂၀၀၀၀ တည်းဟူသော ဆွမ်းဆန်ထဲမှာ ရောပြွမ်းပါလာသော မနက်က မြင်မိသောရဟန်း ကြွက်ချေး လို ပုဂ္ဂိုလ် များ နှင့် လက်ရှိအစိုးရဘာလုပ်လုပ် အပြစ်မြင်တတ်သူများတွက်သာ ရည်ရွယ်သည်)

ဤဆွမ်းလောင်းပွဲနှင့်စပ်သမျှ အေးချမ်းသာယာကြပါစေ..




No comments:

Post a Comment