Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, January 21, 2018

နိုင်ငံရေး အကျဉ်သားဟောင်း ဦးဇော်မင်း (ခ) ဦးဘောင်းဘောင်း အသည်းကင်ဆာဖြင့်ကွယ်လွန်


နိုင်ငံရေး အကျဉ်သားဟောင်း ဦးဇော်မင်း (ခ) ဦးဘောင်းဘောင်း အသက် (၅၀) နှစ်သည် ယနေ့ (၂၁-၁-၂၀၁၈) ရက်နေ့ ညနေ (၆:၀၇) အချိန်တွင် Sakura ဆေးရုံ၌ ကွယ်လွန်သွားပါသဖြင့် ကျန်ရစ်သော ရုပ်ကလပ်ကို (၂၃-၁-၂၀၁၈) ရက်နေ့ အင်္ဂါနေ့ ညနေ (၄:၀၀) အချိန်တွင် ရေးဝေးသု ဿာန်တွင် မီးသင်္ဂြီုမည် ဖြစ်ပါကြောင်း အသိပေး ဖိတ်ကြား အပ်ပါသည်။ ၈၈ မျိုးဆက် (ငြိမ်း / ပွင့်) ရုံးမှ ကားများ နေ့လည် (၂:၀၀) နာရီအချိန်တွင် ထွက်ခွာပါမည်။

ဦးဘောင်းဘောင်း ၏ နာရေး​ အစီအစဉ်ကို ``၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲအစည်း)´´ ရန်ကုန် ရုံးတွင် ပြုလုပ်ပါမည်။

#၈၈ မျိုးဆက် (ငြိမ်း / ပွင့်) ရုံး လိပ်စာ - အမှတ် (၀၀၅ - A) ဇာလီတောင်အိမ်ရာ သုမင်္ဂလာလမ်း သင်္ဃန်းကျွန်းမြို့နယ် ရန်ကုန်မြို့။ (၁၄/၁၅ လမ်းဆုံ မီးပွိုင့်အနီး)





ဒီနေ့ညနေ ဖုန်းတစ်ကောလ်ဝင်လာခဲ့တယ်
တိုက်ဆိုင်ချင်လွန်းတော့ သူနောက်ဆုံးနေခဲ့တဲ့ ပဲခူးအဝင်နားမှာ . . .စိတ်ကိုမနည်းထိန်းချုပ်ပြီးကားကိုအဆင်ပြေအောင်မောင်းခဲ့ရတယ်. . .သူနောက်ဆုံးနေခဲ့တဲ့မြို့လေးနားဖြတ်သန်းနေချိန်
၅နှစ်နီးပါး သူနဲ့အတူ နေ့တိုင်း၂၄ နာရီကို တစ်စက္ကန့်မှ မခွါ (ခွါချင်လို့လဲမဖြစ်နိုင်ခဲ့)
အတူနေခဲ့ကြဘူးတဲ့ ပုံရိပ်တွေပါ တရိပ်ရိပ်ပြန်မြင်နေချိန်
သူနောက်ဆုံး နေခဲ့တဲ့ ပဲခူးမြို့မှာ နောက်ဆုံး လက်ကျန်အချိန်လေးကို တန်ဖိုးရှိစွာ ပေးဆပ်ခဲ့တဲ့ပုံရိပ်လေးတွေ စကားသံတွေကို အလိုလိုသတိရမိနေချိန်နဲ့တိုက်ဆိုင်လွန်းနေခဲ့တယ်
မျှော်လင့်ထားပြီးသားပေမယ့် တစ်ကယ်သိရတော့. . .
(ပထမဓါတ်ပုံကိုသူမသိအောင် ခိုးရိုက်ခဲ့တာပါ သိရင်အသေချာကန့်ကွက်မှာသိနေလို့ပါ)

နောက်ဆုံးအချိန်နီးကပ်နေတဲ့အထိ လူမသိသူမသိ အနစ်နာခံခဲ့သူ. . .ဝေဒနာကြားက
အံကိုကြိတ်လို့ ရရှိထားတဲ့ ခပ်နွမ်းနွမ်းအသွေးသား လက်ကျန်လေးကို တန်ဖိုးရှိရှိ အသုံးချခဲ့သူ. . ."ငါ့ကိုA4 ၁၀ရွက်လောက်ဝယ်ပေးစမ်းပါကွာ ဘောလ်ပင်မလိုဘူး ငါ့မှာဘောလ်ပင်ရှိတယ် လမ်းထိပ်ကဆိုင်မှာရတယ်. . .
ဖြစ်ပါ့မလား မလိုဘူးထင်တယ်ဆိုတော့ လုပ်မှာသာလုပ်စမ်းပါကွာ စာရေးတာမသေလောက်ပါဘူးကွ"လို့ အားအင်ချိနဲ့နေတဲ့ကြားက ခပ်မာမာပြောလိုက်သံတွေ အပြင်ထွက်ဝယ်ပြီးပေးလိုက်တာနဲ့ နေ့ခင်းကြောင်တောင်ကြီးကို Emergency Lightကိုထမင်းစားစားပွဲပေါ်တင်ထွန်း ဘာမပြောညာမပြောထိုင်ရေးနေတော့တာပဲ
ရေးပြီးပါးစပ်ကလဲတတွတ်တွတ်မှာရှာတယ် သူပြောသလိုသာလုပ်ဖို့ကို. . .
နောက်ဆုံးသူလုပ်ခဲ့တဲ့ ဒီလုပ်ရပ်က(ပထမဓါတ်ပုံ) သူ့ရဲ့ ဘဝဖြတ်သန်းမှုမှာ ထမင်းရည်သောက်ခဲ့တဲ့ကောင်ပါကွာလို့ သက်သေခံခဲ့သူ. . .
ထိုက်တန်အောင်ဖော်ပြဖို့ စကားလုံးရှာမရဘူးကွာ. . .
-အဲဒီနေ့က ဇန်နဝါရီလ (၃)ရက် ၂၀၁၈။ ။
ဒါနဲ့နေစမ်းပါဦး. . .
"ဟေ့လူ. . . ကျုပ်ဒီစာကိုရေးနေတာ ည ၁:၀၀ တိတိ ခင်ဗျားက ညနေလောက်ကသေတာဆိုတော့ ပူပူနွေးနွေး ခင်ဗျားခန္ဓာကိုယ်က ရေခဲတိုက်ထဲ ချမ်းနေမလား။ ခင်ဗျားကလာဘ်မထိုးတတ်တဲ့ကောင်ဆိုတော့ ရေခဲတိုက်ဝန်ထမ်းတွေဆီက. . . စောင်ဘာညာမလဲရမှာမဟုတ်ဘူး
ဒါမှမဟုတ် . . .တစ်ခြားအလောင်းကောင်တွေနဲ့ စကားတွေဖောင်ဖွဲ့ပြီး သူတို့အခက်ခဲတွေနားထောင် ဖြေရှင်းပေးနေမလား။ ခင်ဗျားသမီးလေး လဝန်းမဆီ သွားဖို့များစိတ်ရောက်နေမလား။ ခင်ဗျားကငြိမ်ငြိမ်မနေမဲ့သူဆိုတာတော့သေချာတယ် ဗိုက်တွေများဆာနေခဲ့ရင် ခင်ဗျားကြိုက်တဲ့ ထမင်းရည် ရေခဲတိုက်ထဲမရဘူးဗျ အူဟောင်းလောင်းသာ ပေခံစမ်းဗျာ. . . ခံလက်စနဲ့"
Thein Myint 



No comments:

Post a Comment