Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, January 13, 2018

တရုတ်ရိုးရာငါးဖမ်းနည်းနဲ့ ပြည်ထောင်စုလွှတ်တော် ။။


အချိန်တန် ငါးသေးသေး ၂ကောင်လောက်စားပြီး ကျေနပ်နေကြရတဲ့  ငှက်ကြီးဝံဘိုတွေလိုပါပဲ။

တရုတ်နိုင်ငံ တောင်တန်းတွေ ထူထပ်လှတဲ့ မြို့ တော်ပီကင်နဲ့ လဲ အတော်ဝေးလှတယ်။ ဒါပေမဲ့ အဲ့ဒီဒေသလေးဟာ ရိုးရာငါးဖမ်းနည်းကြောင့်ပဲ ကမာကျော်ဒေသကလေးတခုဖြစ်လာခဲ့တော့တယ်။ အဲ့ဒီဒေသလေးကို ကမာလှည့်ခရီးသည်တွေက တကူးတကာကို သွားရောက်လှည်ပတ်ခဲ့ကြပြီး ထူးဆန်းတဲ့ တရုတ်ရိုးရာငါးဖမ်းနည်းကို သွားကြည့်လေ့လာပြီး အဲ့ဒီတောင်တန်းတွေကြားက စီဆင်းနေတဲ့ မြစ်ငါးအကင်ကို မြိတ်ရည်ယှတ်ရည်စားသောက်ကြတယ်ပေါ့။ တချို့ ခရီးသည်တွေဆိုရင် ဒေသခံ တံငါသည်တွေနဲ့ လိုက်ပြီး မြစ်ထဲမှာ လှေစီးငါးဖမ်းလုပ်ကြပါတယ်။ အဲ့ဒီဒေသက တံငါသည်တွေဟာ ငါးဖမ်းတဲ့အခါမှာ ငါးမျှားတံ၊ ပိုက်ကွန် ၊ ငါးအုပ်ဆောင်းတွေကို အသုံးပြုကြတာမဟုတ်ကြပဲ အဲ့ဒီဒေသ တောတောင်တွေ ထဲမှာရှိတဲ့ စာလုတ်ကြီးကြီး ခြေတံတိုးတိုး ဘဲလို ရေကူး၊ ရေငုပ် ကျွမ်းကျင် ရေထဲငုပ်ငါးဖမ်းတက်တဲ့  ငှက်ကြီးဝန်ဘိုလို ငှက်တွေကို ငါးဖမ်းလှေပေါ်မှာ လည်ပင်စာလုတ်ရဲ့ အောက်မှာ ကြိုးချီခေါ်ဆောင်ပြီး သူတိုနဲ့ အတူ မြစ်ထဲကို ငါးဖမ်းဖို့ ခေါ်ဆောင်လာလဲကြတယ်ပေါ့။ မြစ်လယ် ငါးပေါများတဲ့အရပ်ရောက်ပြီးဆိုရင် အဲ့ဒီငှက်ကြီးတွေဟာ လည်ပင်းကြိုးတန်းလန်းတွေနဲ့  ရေငုပ်ငါးဖမ်းကြပါလေရော။

ငါးမိလို့ မြိုချမယ်ဆိုရင် စာလုတ်အောက်က လည်ပင်းကြိုးကွင်းမှာ တစ်ပြီး ဆက်မြိုချလို့ မရတော့ရင် ဖမ်းမိတဲ့ငါးကို လည်ပင်းစာလုတ်ထံ ငုံထားပြီးရေပေါ်က တံငါလှေပေါ် ပြန်တက်လာကြတယ်။ အဲ့လိုပြန်တက်လာရင် တံငါသည် ငှက်ပိုင်ရှင်က အဲ့ဒီငှက်ရဲ့ လည်ပင်းစာလုတ်ထဲက ငါးကို ငှက်ကြီးရဲ့ လည်ပင်းကို ကိုင်ညှစ်ပြီး အံချခိုင်းပြီးငါးကို ထုတ်ယူလိုက်ပါရော။ ငှက်ကလဲ လည်ပင်းထဲက ငါးမရှိတော့ဘူဆိုရင် နောက်ခေါက်ရေထဲဆင်ပြိး ငါးထပ်ဖမ်း မြိုချလို့ မရရင်ပြန်တက်လာပြီး တံငါသည်က လည်ပင်းညှစ်ထုတ်။ အဲ့လိုငါးဖမ်းတာ ငှက်တကောင်းကို တနေ့  ငါးပိသာာ ၄ပိသာာ ၅ပိသာာလောက်ကို ဖမ်းပေးနိုင်ကြတယ်။ နောက်ဆုံး တံငါသည်က ငါးတွေရလို့ အိမ်ပြန်တော့မယ်ဆိုတော့မှ ငှက်တကောင်ကို သူတို့ ဖမ်းပေးထားတဲ့ ငါးတွေထဲက အကောင်သေးသေး ၂ ကောင်ဆီလောက်ကို ကျွေးပြီး ရွာပြန်လာကြတယ်။ ငှက်တွေကလဲ ငါး၂ကောင်စားဖို့ အရေး တနေ့ လုံးကို တံငါသည်ကို ငါးတွေဖမ်းပေးကြရတယ်။ ငါးဖမ်းမထွက်ခင်မှာ အဲုဒီငှက်တွေကို ဘာမှ မကျွေးပဲ ထားရတယ် ငှက်တွေဟာ အရမ်းဆာလောက်ပြီးမှာ မြစ်ထဲရောက်တာနဲ့  ငါးတွေကို ရေငုပ်ပြီးအတင်းကို လိုက်ဖမ်းတော့တာပါပဲ။

ဆာလောင်လို့ မြိုချမယ် လုပ်တိုင်း လည်ပင်းစာလုတ်အောက်က ကြိုးကွင်းက မြိုချမရအောင်ကို ချည်ထားခံရတယ်။ ငါးသေးသေးမွှားမျွှားဆို အဲ့ဒီကြိုးကွင်းကို ရှောင်နိုင်ပေမဲ့ ငါးကြီးရင်တော့ တံငါသည်ကို လှေပေါ်တက် အံထုတ်ပေးရပါတယ်။ အဲ့ဒီငှက်တွေကို ဒေသ တောတွင်းမုဆိုးတွေဆီကနေ တကောင်းကို ဒေါ်လာ ၃၀ ၊ ၄၀ လောက်ပေးပြီး တံငါသည်တွေက၀ယ်ယူပြီး ငါးဖမ်းလေ့ကျင့်ပေပြီးခါမှ သူတို့ ရဲ့တံငါလုပ်ငန်းမှာ သုံးကြတာဖြစ်ပါတယ်။ အဲ့ဒီတရုတ်ရိုးရာ ငါးဖမ်းနည်းကြောင့်ပဲ အဲ့ဒီဒေသဟာ ကမာကျော်ခဲ့ရပါတယ်။ အခုလဲ ကျုပ်တို့ ရဲ့ မြန်မာလွတ်တော်ကြီးဟာ တရုတ်ရိုးရာ ငါးဖမ်းနည်းအတိုင်းပဲ နှာစေ၊ ချောင်းဆိုး ဥပဒေအသေးလေးတွေကို ဥပဒေပြု တင်သွင်း ပြဌာန်ခွင့်ရှိနေသောလည်း ၂၀၀၈ အခြေခံဥပဒေပါ အရေကြီး ပြင်ဆင်ပြဌာန်ရတော့မယ်ဆိုရင် ငှက်လည်ချောင်းထဲက ငါးလိုပဲ လည်ပင်းက ၂၀၀၈ ခြေဥကြိုးကွင်းကြီးက တားထားတဲ့အတွက်ကြောင့် ဘယ်ဥပတွေကိုမှ ပြင်ဆင်ခွင့်မရကြသေးပါဘူး။

အချိန်တန် ငါးသေးသေး ၂ကောင်လောက်စားပြီး ကျေနပ်နေကြရတဲ့  ငှက်ကြီးဝံဘိုတွေလိုပါပဲ။

ထွန်းထွန်း(အရေးတော်ပုံတပ်သား)
၁၂-၀၁-၁၈

No comments:

Post a Comment