Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, January 12, 2018

"ဦးဝင်းထိန် နိုင်ငံခြား မှာ ဆေးသွားကုမည်"

NLD ပါတီ ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ ဦးဝင်းထိန် တာဝန်တွေကို ရပ်နားပီး သြစတေးလျ နိုင်ငံ ကို ထွက်ခွာမယ်လို့  နီးစပ်သူတဦးကပြောပါတယ်။ ဇန်န၀ါရီလ ၁၄ ရက်နေ့ မှာ သြစတေးလျ နိုင်ငံကို သွားရောက်မှာဖြစ်ပါတယ်။ သူရဲ့ သား မင်္ဂလာဆောင်အပီး နောက်တနေ့ မှာ ဒေါ်အောင်ဆန်းစုကြည် နဲ့  ၃ နာရီ လောက် တွေ့ ဆုံ ခဲ့ပီး အင်္ဂါနေ့ မှာတော့ သံရုံးမှာ ဗီဇာလျောက်ထားခဲ့တယ်လို့  သတင်းရရှိပါတယ်။ သူ ကို့ သွားရောက်မေးမြန်းဖို့ နေပြည်တော် စည်ပင်ရိပ်သာ က သူ့ အခန်းကို သွားတဲ့အခါ မှာတော့ ရန်ကုန် ကို ထွက်ခွာသွားပီလို့  သူ့  ရဲ့ ဘေးမှာနေထိုင်သူ က ပြောပါတယ်။
ဦးဝင်းထိန် ကို ဖုံးဆက်သွယ်မေးမြန်းတဲ့ အခါမှာတော့ "ဘာမှ မပြောခြင်ဘူးလို့ " ဖြေဆိုပါတယ်။

အသက် ၇၇ နှစ် အရွယ် ဗိုလ်ကြီးဟောင်း ဦးဝင်းထိန် ဟာ ၁၉၈၈ NLD ပါတီ စတင်တည်ထောင်ကတည်းက ပါဝင်ခဲ့သူဖြစ်ပါတယ်။ NLD ပါတီ တာဝန်ထမ်းဆောင်နေတုန်း ထောင် ၂ ကြိမ်ကျခံခဲ့ ရသူပါ။ ၁၉၈၉ ခုနှစ် နေ ၁၉၉၅ ခှုနှစ်မှာ ထောင် တစ်ကြိမ်ကျခဲ့ပါတယ်။ ၊ ၁၉၉၆ မှာ ထပ်မံ ဖမ်းဆီးခံရပီး ၂၀၀၈ ခုနှစ်ပြန်လွတ်လာပေမဲ့ ၂၄ နာရီ မပြည့်ခင်မှာ ထပ်မံ ဖမ်းဆီးခံခဲ့ရပီး ၂၀၁၀ မှာ ပြန်လည်လွတ်မြောက်ခဲ့သူပါ။ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မှာ မိတ္ထီလာမြို့ နယ်က နေ ပြည်သူ့ လွတ်တော်ကိုယ်စားလှယ် အဖြစ် အရွေးခံခဲ့ရပီး ၂၀၁၅ ရွေးကောက်ပွဲမှာတော့ ၀င်ရောက်ယှဉ်ပြိင်တာမရှိတော့ပါဘူး ။ ပါတီ ရဲ့ ထိပ်ပိုင်းတာဝန်တွေ နဲ့ လွတ်တော် ကိုယ်စားလှယ်တွေကို အနီးကပ် ကြီးကြပ်တဲ့ တာဝန်တွေကို ထမ်းဆောင် နေသူဖြစ်ပီး NLD ပါတီ ရဲ့ Godfather လို့ တင်စားခံရသူဖြစ်ပါတယ်။
Source DVB

No comments:

Post a Comment