Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Saturday, December 2, 2017
Zawgyi ဖြင့်ဖတ်ရန်
ဘုန်းကြီးပြောပါရစေ
………………………………………………………………………………
photo credit>>> #UThuWanNa
Unicodeဖြင့်ဖတ်ရန်
အရိုက်ခံရသော ဆရာ​တော်​ဦးဣန္ဒက ကိုယ်​တိုင်​ ​ရေးသားထားတဲ့စာပါ
ဘုန်းကြီးပြောပါရစေ
ဒီလိုပါ နတ်တော်လဆန်း(၉)ရက်နေ့ ရွှေတိဂုံသို့ ကြွခဲ့၏။ အပြန်မှာ တာမွေဆရာတော်ကြီးကျောင်း၌ ညအိပ်ခဲ့ပြီး ၁၀ရက်နေ့၌ အာရုဏ်ဆွမ်းသုံးပြီး မိမိကျောင်းသို့ ပြန်ခဲ့၏။ ထောက်ကြန့် နွယ်ခွေစံသမာဓိကျောင်း၌ နေ့ဆွမ်းသုံးခဲ့၏။
၄င်းနောက် ၁၂နာရီ ၃၀မှာ ကမေ႓ာဇဘဏ်သို့ ရောက်ခဲ့။ ကမေ႓ာဇဘဏ်မှ ထွက်လာခဲ့ရာ အနီးရှိ ဆိုင်တဆိုင်သို့ဝင်၍ ရေနွေးတစ်ခွက် ဆေးသောက်ရန် တောင်းခဲ့။ အရက်ဆိုင်ဟု၄င်း လမင်းသာဟု၄င်း မသိခဲ့ပါ။ ပြဿနာဖြစ်မှသာ အရက်ဆိုင်ဟု သိရပါသည်။
ရေနွေးတောင်းရာမှ ဆိုင်ပိုင်ရှင်သည်အပေါင်းအပါတို့နှင့်အတူ အရက်သောက်တဲ့ ဘုန်းကြီးဟုဆိုကာ ခဏတဖြုတ်အတွင်း လက်သီးနှင့်ဝိုင်းအုံ ရိုက်နှက်ထိုးကြိတ်ကြလေ၏။ အားကိုးမဲ့နေခဲ့သော ဘုန်းကြီးသည် မိနစ်အတွင်း အရက်သမားဘုန်းကြီးဆိုးသို့ သက်ရောက်ခဲ့ရ၏။
တိုင်းသံဃနာယက အတွင်းရေမှူးဟု အနီးနားကတဦးပြော၍ သိရသော အတ္တအရှင် ဦးဇင်း ဦးစန္ဒောဘာသ- ဗောဓိပင်ကျောင်းဆိုပါ မသိက- သူ့ကျောင်းမှာပင် နောင်အခါ အရက်မသောက်တော့ပါဟု ကတိခံဝန်ချက် လက်မှတ်ထိုး၍ ထိုးပေးခဲ့၏။ (မထိုးလျှင်……………) ပြီးတော့ပြန်ခွင့်ရခဲ့၏။ ည(၇)နာရီမှာ မိမိကျောင်းသို့ ရောက်ခဲ့၏။ လက်ဆွဲအိတ်တွင် ငွေကျပ်-၇သိန်းကျော် မတွေ့တဲ့အခါ ဒ့ါကြောင့်လားဟု——။
ဖြစ်​စဉ်​ကို ​ရေးထားတာပါ ။
အရိုက်​ခံထားရ​တော့ ဆွမ်​းမစားနိုင်​ စကားမပြောနိုင်​လို့
သူ့ဒကာ သမ္မတ သန်​းနိုင်​ကို ​ရေး​ပေးထားခဲ့တာတဲ့။
ဦးသန်​းနိုင်​ အိမ်​က ရခဲ့တာပါ။
No comments:
Post a Comment