Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 15, 2017

ဦးသန်းရွှေခေတ်က ပျော်စရာကောင်းတယ်


ဦးသန်းရွှေခေတ်က ပျော်စရာကောင်းတယ်။

အေးနေဝင်းဆိုတာလဲ ထောင်ထဲမှာ

ဦးခင်ညွန့်ဆိုတာလဲ အချုပ်ထဲမှာ

ဥူးဝီရသူဆိုတာလည်း အဲ့ဒီအချိန်က ကုလားမမုန်းသေးတော့……
ပြုံးပြုံးလေးမို့ ကြည်ညိုဖို့အလွန်ကောင်း

၃ရက်မှာ၁ရက်လောက်ပဲ မီးပေးလည်းပဲ ဘယ်သူမှ အသံမထွက်ရဲဘူး။

ကုန်ဈေးနှုန်းတွေတက်လဲ ကြိတ်ခံကြတာ

လမ်းတွေမကောင်းလဲ ဖြစ်သလိုမောင်းကြတာပဲ

ဖုန်းပြောချင်ရင် pcoလေးတွေဆီပြေး
hello ငါးဆယ် ဟုတ်ကဲ့တစ်ရာ ကြည်နူးစရာပါ

ဘယ်မော်ဒယ်လ် ဘာဆုရလို့ ဘယ်အရာရှိဘယ်လိုလာဒ်စားတယ်ဆိုတာ တော်ရုံလူမသိသလို ဆဲရကောင်းမှန်းလဲ နားမလည်ကြသေးဘူး။

စာလုံးပေါင်းမမှန်ပဲလျှောက်ဆဲနေကြတဲ့ ကြက်ချေးတန်းအောင်တွေဆိုတာကလဲ ခုခေတ်လို facebookပေါ် မရောက်သေးဘူး။

တစ်အိမ်တစ်ယောက် မတက်မနေရတဲ့ ဟောပြောပွဲတွေမှာဝေတဲ့ ကောက်ညှင်းပေါင်းထုပ်ရတဲ့သူဟာ အကောင်ပဲ(ချီး တစ်မယ့်ကောင်)

တစ်အိမ်တစ်ယောက် မလာမနေရလုပ်အားပေးမှာ ပျော်ပျော်ပါးပါး ဟေ့လားဝါးလား
မလာရင်……မိမိတာဝန်သာဖြစ်ကြောင်းဆိုတဲ့ အသံကြီးကကို သာယာကြည်နူးစရာဖြစ်နေတာကိုးးးးးးး

လူကြီးတစ်ယောက်က စင်ပေါ်ကနေဟောပြောရင် ရှေ့ကညာသံပေး လက်ခုပ်တီး တရွှီးရွှီးနဲ့ ရွှီးနေကြတာ ပျော်စရာပါပဲ

လမ်းကြောင်းရှိတိုင်း မြင်သမျှ ထုးံဖြူသုတ် လမ်းဘေးဆိုင်တွေဖျက် တစ်နေ့လုပ်တစ်နေ့စားတွေ အားလပ်ရက်ရတာ လည်းပျော်စရာပါပဲ

ကိုယ့်အိမ်ဧည့်သည်လာရင် ရပ်ကွက်ရုံးမှာ ဧည့်စာရင်းတိုင်
ဘောပင်ကိုင်ပြီးထိုင်နေတဲ့ ၄တန်းအောင်ကို teaဖိုးပေးရတာ ပျော်စရာကောင်းတယ်။

အကျင့်စာရိတ္တကောင်းမွန်ကြောင်း ထောက်ခံစာရဖို့ အကျင့်မကောင်းတဲ့ သူတွေကိုခယကြရသေးတယ်။

စုတ်ပြတ်သတ်ပြီး အချိန်မမှန်တဲ့ မီးရထားတွေ သံလမ်းပေါ်မှာ ယိမ်းထိုးနေတာကြည့်ရတာ ပျော်စရာကောင်းတယ်၊

ထင်သလိုမောင်းတဲ့ driverနှင် ဆိုဆိုဆဲဆဲ စပါယ်ယာတွေလိုက်တဲ့ကား တိုးဝှေ့စီးရတာလည်းပျော်စရာပဲ

တကယ်ပြောတာ...

ဦးသန်းရွှေခေတ်က ပျော်စရာကောင်းတယ်။
ဒါပေမယ့်………
ဒီလိုဘဝမျိုး ပြန်မရလိုကြောင်း ဘုရားရှင်ထံဆုတောင်းမိတာ ကျုပ်မှားလားဗျာ
ကျုပ်က အပျော်မကြိုတ်ဘူးလေ
Kÿäw Śàñ Øô

No comments:

Post a Comment