Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, December 15, 2017

ပြောင်းပြန် နိုင်ငံတော် သရဝဏ်(ပြည်)



ပြောင်းပြန် နိုင်ငံတော် 
သရဝဏ်(ပြည်)

"NYPD ၊ LAPD စသော နယူးယောက်ရဲအဖွဲ့၊ လော့စ်အိန်ဂျလိစ်ရဲအဖွဲ့မှာ လူသတ်မှုများမဖော်နိုင်ပါက  သတင်းစာများက နှစ်ပြားမတန်အောင်ရေးကြသလို အထက်လူကြီးများကလည်း အရေးယူအပြစ်ပေးကြသည်၊၊ မြန်မာနိုင်ငံတွင် ရန်ကုန်မြို့ စိမ်းလဲ့ကန်သာဧည့်ဂေဟာအနီး အင်းလျားလမ်းပေါ်၌ ငါးလောင်းပြိုင်လူသတ်မှုဖြစ်ပွား သည်၊၊ ထိုလူသတ်မှုသည် ၁၀ ရက်နှင့်လည်းမပေါ်၊ ၁၀ လဖြင့်လည်းမပေါ်၊ နှစ်ပေါက်အောင်ကြာသော်လည်း ထို လူသတ်မှုမပေါ်ပါ၊၊ ထိုအချိန်က မြန်မာနိုင်ငံရဲတပ်ဖွဲ့၏ ရာထူးအမြင့်ဆုံးပုဂ်္ဂိုလ်ကတော့ ရဲချုပ်ရာထူးမှ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန၀န်ကြီးအဖြစ်သို့ ရာထူးတက်သွားလေ၏"

ပြောင်းပြန်နိုင်ငံ

 ကျွန်တော်တို့နိုင်ငံသည် ပြောင်းပြန်နိုင်ငံဖြစ်သည်။ ရမ်္မာဝတီ ဆရာတော်ဟုဆိုသော ဘုန်းကြီးအစစ် ကို ဘီယာလာဝယ်သော ဘုန်းကြီး အတုဟုထင်ကာ ၀ိုင်းဝန်းထိုးကြိတ် ရိုက်နှက်သူမှာ လက်ပံတန်းမှ ကျောင်းထိုင်ဆရာတော်ဖြစ်နေပြီး ရည်းစားနှင့်ချိန်းတွေ့ရန် လူဝတ်လဲ၍ သောက်စားနေစဉ် ပြစ်မှုကျူးလွန်ခဲ့ ကြောင်းသိရသည်။ တစ်နည်းဆိုရသော် တကယ်သောက်စား မူးယစ်နေသူက ငယ်ဖြူဆရာတော်အစစ်ကို သံဃာတု ဟု စွပ်စွဲခြင်းဖြစ်သည်။ ပြောင်းပြန် ဖြစ်ရပ်တစ်ခုဆိုသော် ရနိုင်ပါ၏။ မြန်မာနိုင်ငံဝယ်ထိုကဲ့သို့သော ပြောင်း ပြန်ကိစ်္စများ မရှားပါ။ မကြာခဏ တွေ့နိုင်လွန်းသဖြင့် ပြောင်းပြန်နိုင်ငံ ဟုပင်ခေါ်တွင်သော် ရနိုင်မည်ဖြစ်ပါ သည်။
 နိုင်ငံတကာတွင် တိုက်ခန်း အားလုံးနီးပါးသည် အောက်ဆုံးထပ်မှ စကာ အပေါ်ထပ်သို့တက်လျှင် တဖြည်းဖြည်း ဈေးမြင့်သွားပါသည်။ မြေညီထပ်က သိန်းငါးရာဆိုလျှင် ပထမထပ်က သိန်းခြောက်ရာဖြစ်သွား ပါသည်။ဒုတိယထပ်က ပို၍ဈေးကြီး သည်။ အပေါ်ဆုံးထပ်က ဈေးအမြင့် ဆုံးဖြစ်သည်။ အပေါ်သို့ရောက်လေ အခန်းဈေးနှုန်းများ မြင့်မားလေဖြစ် သည်။ အပေါ်ထပ်အခန်းများသည် လေကောင်းလေသန့်ရခြင်း၊ ဆူညံမှု နည်းခြင်း၊ ရှုခင်းကောင်းခြင်းတို့ ကြောင့် လူကြိုက်များခြင်းဖြစ်သည်။ မြန်မာနိုင်ငံကတော့ ပြောင်းပြန်ဖြစ် သည်။ အောက်ထပ်မြေညီထပ်အခန်း များသည် ဈေးအကြီးဆုံးဖြစ်သည်။ အောက်ဆုံးခန်းတွင်နေသူသည် ဈေး ဆိုင်ဖွင့်နိုင်သည်။ စီးပွားရေးအရောင်း အ၀ယ်လုပ်နိုင်သည်။ ဘေးပတ်ဝန်း ကျင်မှ မြေပိုများကို ကိုယ့်အိမ်လိုလို အဖီဆွဲ၍ နယ်မြေချဲ့နိုင်သည်။ ကား ရပ်နားရန်နေရာ ပိုင်ပိုင်နိုင်နိုင်ရှိသည်။ လှေကားနှင့်တက်စရာမလို။ စသည့် အချက်များကြောင့် အောက်ထပ်အခန်း များက ဈေးပိုကြီးသည်။ အပေါ်ထပ် သို့ ရောက်သွားလေလေ တိုက်ခန်း၏ဈေးက သက်သာလေလေဖြစ်သည်။ အပေါ်ဆုံးထပ် ရှစ်လွှာ စသည်ဖြင့် နေရသောအခန်းများမှာ ဈေးအသက် သာဆုံးဖြစ်သည်။ မည်သူမျှ အပေါ် ဆုံးထပ်တွင် မနေချင်ကြ။ အထူးသ ဖြင့်ဓာတ်လှေကားမရှိဘဲ လှေကားမှ အပေါ်သို့ ခြေကျင်တက်ရသော ကြောင့်ဖြစ်မည်။ ဤကားမြန်မာနိုင်ငံ ၏ ပြောင်းပြန်ကိစ်္စတစ်ခုဖြစ်သည်။ သူများနိုင်ငံတွင် မီးခလုတ်များကိုဖွင့် လိုလျှင် အပေါ်သို့သာ တင်ကြရစမြဲ ဖြစ်သည်။ မြန်မာနိုင်ငံတွင်မီးခလုတ် များမှာ ဖွင့်လိုလျှင် အောက်သို့နှိပ်ရ သည်။ ပိတ်လိုလျှင် အပေါ်သို့တင်ရ သည်။ သူများနိုင်ငံတွင် ဘယ်နိုင်ငံမှ အိမ်သာထဲတွင်သုံးသော ရေအိမ်သုံး စက်္ကူများကို ပါးစပ်မသုတ်ကြ၊ လက်သုတ်အ၀တ် မလုပ်ကြပေ။ သို့သော်မြန်မာနိုင်ငံမှာတော့ Toilet Paper  များကို လက်ဖက်ရည်ဆိုင် အားလုံးတွင် ပလတ်စတစ်ဘူးထဲမှာ ထည့်၍ ပါးစပ်သုတ်ကြသည်၊ လက် သုတ်ကြသည်။ အိမ်သာထဲမှာကျတော့ စက်္ကူက အမြဲကုန်နေလေ့ရှိသည်။
 ကျွန်တော်တို့နိုင်ငံက ပြောင်း ပြန်ဖြစ်သည်။ သူများနိုင်ငံများတွင် နိုင်ငံကျော်လူသတ်မှု စသော ပြစ်မှု ကြီးများကို မဖော်ထုတ်နိုင်လျှင် ရဲတပ်ဖွဲ့၏ အကြီးအကဲမှာ မျက်နှာ ကောင်းမရပေ။ ထိုအပြင် ရာထူးမှ ချခံရခြင်း၊ ထုချေလွှာတောင်းခံရ ခြင်း၊ ရာထူးတိုးဆိုင်းငံ့ခံရခြင်း စသည့် အပြစ်ပေးအရေးယူမှုများကို ခံကြရသည်။ NYPD၊ LAPD စသော နယူးယောက်ရဲအဖွဲ့၊ လော့စ်အိန် ဂျလိစ်ရဲအဖွဲ့မှာ လူသတ်မှုများမဖော် နိုင်ပါက သတင်းစာများက နှစ်ပြား မတန်အောင်ရေးကြသလို အထက်လူ ကြီးများကလည်း အရေးယူအပြစ်ပေး ကြသည်။ မြန်မာနိုင်ငံတွင် ရန်ကုန် မြို့ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာအနီး အင်းလျားလမ်းပေါ်၌ ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပွားသည်။ ထိုလူသတ်မှု သည် ၁၀ ရက်နှင့်လည်းမပေါ်၊ ၁၀ လဖြင့်လည်းမပေါ်၊ နှစ်ပေါက် အောင်ကြာသော်လည်း ထိုလူသတ်မှု မပေါ်ပါ။ ထိုအချိန်က မြန်မာနိုင်ငံရဲ တပ်ဖွဲ့၏ ရာထူးအမြင့်ဆုံး ပုဂ်္ဂိုလ်က တော့ ရဲချုပ်ရာထူးမှ လူဝင်မှုကြီး ကြပ်ရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ်သို့ ရာထူးတက်သွားလေ၏။ ပြောင်းပြန် နိုင်ငံတော်ပင် ဖြစ်လေသည်။ 
 သူများနိုင်ငံတွင် နိုင်ငံခြား ရေးဝန်ကြီးဌာနမှ သံတမန်ဝန်ထမ်း များ၊ သံအရာရှိများသည် နိုင်ငံရေး သိပ်္ပံ(PS)၊ နိုင်ငံတကာဆက်ဆံရေး (IR)စသည့်ဘွဲ့ရများကို ရွေးချယ်ခန့် ထားလေ့ရှိ၏။ ကျွန်တော်တို့ နိုင်ငံ တွင် သံတမန်ဖြစ်သူမှာ ရူပဗေဒ လည်းပါ၏၊ သတ်္တဗေဒလည်းပါ၏၊ ဓာတုဗေဒလည်းပါသည်၊ သင်္ချာ သမားလည်းပါ၏၊ ပထ၀ီ၊ မြန်မာစာ များလည်းပါ၏။ သံအမတ်အများစု မှာလည်း တပ်က အငြိမ်းစားပေးခံ ရသော စစ်ဘက်အရာရှိများသာ ဖြစ်နေလေ့ရှိ၏။ ယခုထက်တိုင် မပြောင်းလဲသေးသော ပြောင်းပြန် ကိစ်္စများဖြစ်ပါ၏။ သူများနိုင်ငံတွင် ဂီတသမားအများစုမှာ ဂီတသင်တန်း ဆင်းများ၊ ဂီတဖြင့်ဘွဲ့ရခဲ့သူများ၊ ယဉ်ကျေးမှုတက်္ကသိုလ်ဆင်းများသာ ဖြစ်လေ့ရှိသည်။ ကျွန်တော်တို့နိုင်ငံ တွင် အဆိုတော်အများစုမှာ ဆရာဝန် များ ဖြစ်နေတတ်သည်။ ဂီတသမား အများစုသည် ဂီတနှင့်မပတ်သက် သော ဘွဲ့များရထားကြ၏။ ဘဏ်ဝန် ထမ်းတော်တော်များများသည် သူတို့ ဆီတွင် ဘဏ်လုပ်ငန်းနှင့် ဆက်စပ် သော ဘွဲ့ဒီဂရီရသူများဖြစ်သော်လည်း ကျွန်တော်တို့ဆီတွင် အင်္ဂလိပ်စာ အဓိကဖြင့်ဘွဲ့ရလျှင် ဘဏ်တွင်အလုပ် ခန့်လေ့ရှိသည်။ သူများနိုင်ငံတွင် ဖြတ်ထိုးဉဏ်ကောင်းသူ၊ အိုင်ကျူ မြင့်သူ၊ စဉ်းစားဆင်ခြင်ဉဏ်ကြီးသူ ကို လူတော်ဟုသတ်မှတ်လေ့ရှိပြီး မြန်မာနိုင်ငံတွင် စဉ်းစားဉဏ်ထက်  အလွတ်ကျက်နိုင်စွမ်းသာလွန်သူကို လူတော်ဟုသတ်မှတ်ကြသည်။ သူများ နိုင်ငံတွင် အသက် ၆၀ ကျော်လျှင် မိမိဝါသနာပါရာကို အေးအေးလူလူ လုပ်ကိုင်နိုင်သောအရွယ်ဟု သတ် မှတ်ကာဝါသနာပါရာကို လွတ်လွတ် လပ်လပ် လုပ်ကိုင်ကြသော်လည်း မြန်မာနိုင်ငံတွင် အသက်ခြောက်ဆယ် ကျော်လျှင်ဘယ်နေရာမှ သုံးမရသော လူများအဖြစ် သတ်မှတ်လေ့ရှိကြသည်။ မြန်မာနိုင်ငံ၏ ပြောင်းပြန်ကိစ်္စများ ကား အတော်များပေသည်။ နိုင်ငံ တော်တော်များများတွင် မြစ်ကမ်းနား၊ ရေကန်စသည့် မြင်ကွင်းကောင်းသည့် ဘက်ကို မျက်နှာစာပြု၍ (မြစ်ဘက် ချောင်းဘက်ကိုလှည့်၍) အိမ်ဆောက် ကြ၏။ဟိုတယ်ဆောက်ကြ၏။ မြစ် ရှုခင်း(River View)၊ ကန်ရှုခင်း (Lake  View) စသော ဟိုတယ်အခန်း များ၊ အိမ်များသည် ဈေးပိုကြီး၏။ မြန်မာနိုင်ငံရှိမြို့၊ ရွာအတော်များများ တွင် ကမ်းနားဘက်ကိုကျောပေးကာ အိမ်များကိုဆောက်ကြ၏။ မြစ်များ၊ ချောင်းများကိုမေးတင်ကာ အိမ်သာ ဆောက်ကြ၏။ 
 ခြေထောက်ကိုနိမ့်ကျသည်၊ ဦးခေါင်းကိုမြင့်မြတ်သည်ဟု ယူဆ ထားကြသော မြန်မာနိုင်ငံတွင် ခြေ ထောက်ကို အကာအကွယ်အဖြစ် ဖိနပ်စီးကြသော်လည်း ဆိုင်ကယ်စီး ရာတွင် ဦးခေါင်း၏ အကာအကွယ် (ဆိုင်ကယ်ဦးထုပ်) မဆောင်းကြတာ လည်း ပြောင်းပြန်နိုင်ငံဖြစ်သည်။ သူခိုးက လူရာဝင်ကာ လူရိုးလူဖြောင့် များ ကျဆုံးနေသော နိုင်ငံဖြစ်သည်။ ကမ်္ဘာပေါ်တွင် တစ်ယောက်ကိုတစ် ယောက် မေတ်္တာတွေ အမြဲပို့သကြ သော်လည်း တစ်ယောက်ကြီးပွားတိုး တက်လျှင် ကျန်သည့်တစ်ယောက်က မနာလို မရှုစိမ့်တာလည်း မြန်မာပင် ဖြစ်သည်။ ကမ်္ဘာပေါ်ရှိနိုင်ငံအသီးသီး တွင် အုပ်ချုပ်ရေးကို အစိုးရကဆောင် ရွက်ပြီး ဥပဒေပြုရေးကို လွှတ်တော် က ဆောင်ရွက်၏။ နိုင်ငံတော် ကာ ကွယ်ရေးကိုမူ တပ်မတော်ကလုပ်ဆောင် ကြစမြဲဖြစ်၏။ မည်သည့်နိုင်ငံကမှ ဥပဒေပြုရေးတွင် တပ်မတော်ပါဝင် လေ့မရှိ(အင်ဒိုနီးရှားတွင် ပါဖူးသော် လည်း ယခုအခါ ထိုစနစ်မကျင့်သုံး တော့ပေ)၊ အုပ်ချုပ်ရေးတွင်လည်း အာဏာသိမ်း အစိုးရများမှတစ်ပါး ဒီမိုကရေစီစနစ်တွင် စစ်တပ်က ၀င်ပါလေ့မရှိပေ။ မြန်မာနိုင်ငံသည် ကား တမူထူးခြား၏။ လွှတ်တော်ထဲ တွင် ၂၀၀၈အခြေခံဥပဒေအရ တပ် မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင် နှုန်းဝင်ပါနေပေ၏။ အုပ်ချုပ်ရေးတွင် လည်း ၀န်ကြီးဌာနသုံးခု တပ်မတော် မှ ၀င်ပါနေပေသည်။ မည်သို့ပင်ရှိစေ မြန်မာနိုင်ငံသည် အခြားနိုင်ငံများနှင့် ယှဉ်ကြည့်လျှင် အကြောင်းအရာ တော်တော်များတွင် ပြောင်းပြန်ဖြစ်နေ သည်ကတော့ အမှန်ဖြစ်ပေသတည်း။ ထို့ကြောင့် ပြည်ထောင်စုသမ်္မတ ပြောင်းပြန်နိုင်ငံကြီးဟုသာ ခေါ် လိုက်ချင်ပေသည်တမုံ့။

သရ၀ဏ်(ပြည်)

No comments:

Post a Comment