Latest News

CREDIT

သတင္းစံုေပ်ာ္၀င္အိုးၾကီးတြင္ ေဖာ္ျပထားသည့္ သတင္း၊ဓာတ္ပံုမ်ားသည္ သက္ဆိုင္သူမ်ား၏မူပိုင္သာျဖစ္ေၾကာင္း အသိေပးအပ္ပါသည္။

Thursday, November 9, 2017

FBမွ ပို႔စ္တစ္ခုကို ဖတ္မိၿပီးေနာက္ စိတ္မေကာင္းစရာျဖစ္ရတဲ့ ေက်ာ္သူ


ZawGyiျဖင့္ဖတ္ရန္
ႏုိဝင္ဘာ ၈ ရက္ေန့တြင္ နာမည္ေက်ာ္မင္းသား ေက်ာ္သူက ေမာ္ဒယ္သ႐ုပ္ေဆာင္ ထားထက္ထက္တင္ထားတဲ့ ပို႔စ္တစ္ခုကိုဖတ္မိၿပီးေနာက္ ကိုယ္ခ်င္းစာနာစိတ္ျဖင့္ ေက်ာ္သူပရဟိတ ကြန္ယက္အဖြဲ႕မွ အလႉေငြ (ငါးသိန္းက်ပ္)လႉဒါန္းျဖစ္သြားသည္ဟု သူ၏ FB ေပၚတြင္ တင္ထားပါသည္။

လြန္ခဲ့ေသာ ႏွစ္ရက္ခန္႔က စိတ္မေကာင္းစရာ ပိုစ့္ေလးတခု ဖတ္လိုက္ရပါတယ္။ 😥 မပိုျပည့္သူ တင္ထားတာပါ။ ၁၂ ႏွစ္အရြယ္ အပ်ိဳေတာင္ မျဖစ္ေသးတဲ့ သမီးကို အေဖအရင္းျဖစ္သူက အႀကိမ္ႀကိမ္ အဓမၼျပဳက်င့္ခဲ့ၿပီး ကိုယ္ဝန္ ၅ လေလာက္မွ အေဒၚျဖစ္သူက မသကာၤလို႔ ေဆးစစ္မွ သိရွိခဲ့ရတဲ့ အျဖစ္ပါ။

အေဖလုပ္သူက လက္သမား၊ အေမက ၾကံဳရာက်ပန္း လုပ္ရၿပီး ေမာင္ႏွမ ၄ ေယာက္ ခက္ခက္ခဲခဲ ရပ္တည္ေနရပါတယ္။ ေရွ႕လဆိုရင္ အေဖနဲ႔ ရတဲ့ ကေလးကို ဘာမွ မသိေသးတဲ့ ခုထိ အ႐ုပ္ေလးေတြနဲ႔ ေဆာ့ေနေသးတဲ့ ၁၂ႏွစ္ အရြယ္ ကေလးတေယာက္က ဗိုက္ခဲြ ေမြးရပါေတာ့မယ္။

ထားထက္ စစခ်င္း ဒီသတင္းၾကားရေတာ့ အရမ္း ဝမ္းနည္း တုန္လွဳပ္မိပါတယ္၊ ေနာက္ၿပီး ဘာမွ မသိေသးတဲ့ ကေလးတေယာက္ရဲ႕ ပတ္ဝန္းက်င္ အေပၚ ေၾကာက္ရံြ႕မွဳ၊ တေန႔စာေတာင္ မလံုေလာက္တဲ့ မိသားစု အတြက္ ႀကီးမားလွတဲ့ မီးဖြားကုန္က်စရိတ္၊ ေမြးလာမဲ့ ကေလး အနာဂတ္ စြန္႔ပစ္ခံရမလား၊ စတာေတြ ေတြးၿပီး အရမ္း စိတ္မေကာင္း ျဖစ္ရပါတယ္။

ကေလးမေလးဆို ပတ္ဝန္းက်င္ကို ေၾကာက္ရံြ႕ၿပီး ေက်ာင္းေတာင္ ဆက္မတက္ခ်င္ပဲ အေမနဲ႔အတူ ဘူးခံြ၊ ပုလင္းခံြပဲ လိုက္ေကာက္ေတာ့မယ္ ဆိုတာ ၾကားလိုက္ရခ်ိန္မွာ ပိုစ့္ပိုင္ရွင္အမကို ခ်က္ခ်င္း ဆက္သြယ္ၿပီး သူ႔ဘဝေလး အနာဂတ္ လမ္းမဆံုးေအာင္ တတ္ႏိုင္သမွ် အားေပး ကူညီခ်င္စိတ္နဲ႔ ၁၂ နာရီၾကာ ေမာင္းရမယ့္ ေရႊဘိုခ႐ိုင္ ေရဦးၿမိဳ႕ ခရီးကို ညတြင္းခ်င္း အေဆာတလွ်င္ ထြက္လာခဲ့မိပါတယ္။

သူမဆီ ေရာက္သြားခ်ိန္မွာေတာ့ တိုက္တိုက္ဆိုင္ဆိုင္ ျမန္မာသကၠရာဇ္အရ ေမြးေန႔၊ ေမြးလ၊ ေမြးရက္ ဆံုတဲ့ သူမရဲ႕၁၃ ႏွစ္ျပည့္ ေမြးေန႔ေလး ျဖစ္ေနခဲ့ပါတယ္။ တပါတည္း ယူလာတဲ့ အားျဖည့္ အစားအစာေတြ၊ မုန္႔ေတြဟာ သူမအတြက္ ေမြးေန႔လက္ေဆာင္ေလး ျဖစ္သြားခဲ့ပါတယ္။

လာၾကည့္ၾကတဲ့ ကေလးေတြနဲ႔အတူ ေမြးေန႔ဆုေတာင္း Happy Birthday သီခ်င္းေလး ဝိုင္းဝန္းသီဆို ေပးလိုက္တဲ့အခါ သူမေရာ၊ မိခင္ပါ တခါမွ မၾကံဳဘူးလို႔ ၾကည္ႏူးပီတိ မ်က္ရည္လည္ေနတာေတြ႕ရေတာ့ ထားထက္အတြက္ ဘာနဲ႔မွ မလဲႏိုင္တဲ့ ပီတိတခု ခံစားလိုက္ရပါတယ္။ အရမ္းေပ်ာ္လာတဲ့ သူမကိုၾကည့္ၿပီး ” သမီး ေက်ာင္းဆက္မတက္ပဲ မေနရဘူးေနာ္ အမကို ကတိေပး” ဆိုေတာ့ မတက္ဘူးပဲ ျငင္းေနတဲ့ သူမ ဆက္တက္ပါ့မယ္လို႔ အားလံုးေရွ႕မွာ ျပံဳးၿပီး ကတိေပးခဲ့ပါတယ္။

သူမရဲ႕ အိမ္က်ဥ္းက်ဥ္းေလးမွာ မိသားစု ၅ ေယာက္ ၊အမိုး အကာ မလံု၊ ယိုင္နဲနဲ႔ တဲေလးနဲ႔ ဝင္ေငြမရွိ ေနေနၾကရပါတယ္။ ဖခင္ကလည္း ေထာင္ဒဏ္တသက္တကြ်န္း က်သြားခဲ့ပါတယ္။ အားကိုးရာမရွိ သူတို႔ရဲ႕ လိုအပ္ခ်က္ကိုေမးေတာ့ အမိုးေလးေတာ့ လံုခ်င္မိတယ္ဆိုလို႔ ထားထက္လဲ တတ္ႏိုင္သေလာက္ ေငြက်ပ္ ၂ သိန္း လွဴဒါန္းခဲ့ပါတယ္။ သူ႔ကို ေစာင့္ေရွာက္ေပးေနတဲ့ ပရဟိတအမ ေတြနဲ႔ တိုင္ပင္ၿပီး သူမရဲ႕ အနာဂတ္အတြက္

၁- အတိတ္ဆိုး ရွိေနတဲ့ ရြာေလးကေန ျပင္ဦးလြင္မွာဆယ္တန္း ေအာင္တဲ့ အထိ ေက်ာင္းဆက္တက္ႏိုင္ဖို႔…

၂- ေမြးလာမဲ့ သားေလးကို မစြန္႔ပစ္ပဲ ကေလးျပဳစုေစာင့္ေရွာက္ေရး အဖဲြ႕ထံ အပ္ႏွံေပးၾကဖို႔…

၃- သူမ လတ္တေလာ လိုအပ္မဲ့ မီးဖြား စရိတ္၊ ၿပိဳလဲေတာ့မယ့္ အိမ္ ျပင္ဖို႔စရိတ္ ေထာက္ပံ့ေပးႏိုင္ဖို႔…

၄- အနာဂတ္ ေရရွည္ ပညာသင္စရိတ္ ပေဒသာပင္ စိုက္ထူေပးႏိုင္ဖို႔ လိုအပ္ေနပါတယ္။

ထို႔အတြက္ ထားထက္ အေနျဖင့္ အားလံုးကို တတ္ႏိုင္သမွ် ပါဝင္ ကူညီ ေစလိုပါတယ္ရွင့္။ ပါဝင္ ကူညီ လႉဒါန္းလိုပါက ထားထက္ထက္ရဲ႕ Messenger မွတဆင့္ ၊ ဒါမွမဟုတ္ ဖုန္းနံပါတ္ 09262178317 ကို ဆက္သြယ္ ႏိုင္ပါတယ္။

လက္ခံ ရရွိေသာ အလႉရွင္ႏွင့္ အလႉေငြ မ်ားအား ဤပိုစ့္ေအာက္တြင္ အခ်ိန္ႏွင့္ တေျပးညီ comments မ်ားအေနျဖင့္ ေဖာ္ျပေပးၿပီး ၊ အလွဳေငြ လဲႊေျပာင္းေပးေသာအခါတြင္လည္း စာရင္းဇယားအားထပ္မံ ေဖာ္ျပေပးပါမည္။ လႉဒါန္းလိုသူမ်ား DAW HTAR HTET HTET / 027-301-02701213001 KBZ Bank Saving acc ကို လႊဲလို႔ ရပါတယ္ရွင့္။

ေငြလႊဲၿပီးရင္ လဲႊၿပီးေၾကာင္း ေျပစာေလးကိုေတာ့ အလႉရွင္စာရင္းျပဳလုပ္ဖို႔အတြက္ ဓာတ္ပံုေလး႐ိုက္ၿပီး ျပန္ပို႔ေပးၾကပါရွင့္။ ထားထက္ မိတ္ေဆြေတြ အေနျဖင့္

• တတ္ႏိုင္သမွ် ဝိုင္းဝန္း ကူညီေပးၾကဖို႔၊

• ပရဟိတ အဖဲြ႕အစည္း၊ ေဖာင္ေဒးရွင္းမ်ားကို အသိေပး ဖိတ္ေခၚေပးၾကဖို႔၊

* နီးစပ္ရာ အလွဳရွင္မ်ားကို mention ေခၚျခင္းျဖင့္ေသာ္ လည္းေကာင္း၊ Share ေပးျခင္းျဖင့္ေသာ္ လည္းေကာင္း ကူညီေပးျကဖို႔ ေမတၱာရပ္ခံ အပ္ပါတယ္။

ထားထက္ထက္

Unicodeဖြင့်ဖတ်ရန်

FBမှ ပို့စ်တစ်ခုကို ဖတ်မိပြီးနောက် စိတ်မကောင်းစရာဖြစ်ရတဲ့ ကျော်သူ

နိုဝင်ဘာ ၈ ရက်နေ့တွင် နာမည်ကျော်မင်းသား ကျော်သူက မော်ဒယ်သရုပ်ဆောင် ထားထက်ထက်တင်ထားတဲ့ ပို့စ်တစ်ခုကိုဖတ်မိပြီးနောက် ကိုယ်ချင်းစာနာစိတ်ဖြင့် ကျော်သူပရဟိတ ကွန်ယက်အဖွဲ့မှ အလှူငွေ (ငါးသိန်းကျပ်)လှူဒါန်းဖြစ်သွားသည်ဟု သူ၏ FB ပေါ်တွင် တင်ထားပါသည်။

လွန်ခဲ့သော နှစ်ရက်ခန့်က စိတ်မကောင်းစရာ ပိုစ့်လေးတခု ဖတ်လိုက်ရပါတယ်။ 😥 မပိုပြည့်သူ တင်ထားတာပါ။ ၁၂ နှစ်အရွယ် အပျိုတောင် မဖြစ်သေးတဲ့ သမီးကို အဖေအရင်းဖြစ်သူက အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး ကိုယ်ဝန် ၅ လလောက်မှ အဒေါ်ဖြစ်သူက မသကာၤလို့ ဆေးစစ်မှ သိရှိခဲ့ရတဲ့ အဖြစ်ပါ။

အဖေလုပ်သူက လက်သမား၊ အမေက ကြုံရာကျပန်း လုပ်ရပြီး မောင်နှမ ၄ ယောက် ခက်ခက်ခဲခဲ ရပ်တည်နေရပါတယ်။ ရှေ့လဆိုရင် အဖေနဲ့ ရတဲ့ ကလေးကို ဘာမှ မသိသေးတဲ့ ခုထိ အရုပ်လေးတွေနဲ့ ဆော့နေသေးတဲ့ ၁၂နှစ် အရွယ် ကလေးတယောက်က ဗိုက်ခွဲ မွေးရပါတော့မယ်။

ထားထက် စစချင်း ဒီသတင်းကြားရတော့ အရမ်း ဝမ်းနည်း တုန်လှုပ်မိပါတယ်၊ နောက်ပြီး ဘာမှ မသိသေးတဲ့ ကလေးတယောက်ရဲ့ ပတ်ဝန်းကျင် အပေါ် ကြောက်ရွံ့မှု၊ တနေ့စာတောင် မလုံလောက်တဲ့ မိသားစု အတွက် ကြီးမားလှတဲ့ မီးဖွားကုန်ကျစရိတ်၊ မွေးလာမဲ့ ကလေး အနာဂတ် စွန့်ပစ်ခံရမလား၊ စတာတွေ တွေးပြီး အရမ်း စိတ်မကောင်း ဖြစ်ရပါတယ်။

ကလေးမလေးဆို ပတ်ဝန်းကျင်ကို ကြောက်ရွံ့ပြီး ကျောင်းတောင် ဆက်မတက်ချင်ပဲ အမေနဲ့အတူ ဘူးခွံ၊ ပုလင်းခွံပဲ လိုက်ကောက်တော့မယ် ဆိုတာ ကြားလိုက်ရချိန်မှာ ပိုစ့်ပိုင်ရှင်အမကို ချက်ချင်း ဆက်သွယ်ပြီး သူ့ဘဝလေး အနာဂတ် လမ်းမဆုံးအောင် တတ်နိုင်သမျှ အားပေး ကူညီချင်စိတ်နဲ့ ၁၂ နာရီကြာ မောင်းရမယ့် ရွှေဘိုခရိုင် ရေဦးမြို့ ခရီးကို ညတွင်းချင်း အဆောတလျှင် ထွက်လာခဲ့မိပါတယ်။

သူမဆီ ရောက်သွားချိန်မှာတော့ တိုက်တိုက်ဆိုင်ဆိုင် မြန်မာသက္ကရာဇ်အရ မွေးနေ့၊ မွေးလ၊ မွေးရက် ဆုံတဲ့ သူမရဲ့၁၃ နှစ်ပြည့် မွေးနေ့လေး ဖြစ်နေခဲ့ပါတယ်။ တပါတည်း ယူလာတဲ့ အားဖြည့် အစားအစာတွေ၊ မုန့်တွေဟာ သူမအတွက် မွေးနေ့လက်ဆောင်လေး ဖြစ်သွားခဲ့ပါတယ်။

လာကြည့်ကြတဲ့ ကလေးတွေနဲ့အတူ မွေးနေ့ဆုတောင်း Happy Birthday သီချင်းလေး ဝိုင်းဝန်းသီဆို ပေးလိုက်တဲ့အခါ သူမရော၊ မိခင်ပါ တခါမှ မကြုံဘူးလို့ ကြည်နူးပီတိ မျက်ရည်လည်နေတာတွေ့ရတော့ ထားထက်အတွက် ဘာနဲ့မှ မလဲနိုင်တဲ့ ပီတိတခု ခံစားလိုက်ရပါတယ်။ အရမ်းပျော်လာတဲ့ သူမကိုကြည့်ပြီး ” သမီး ကျောင်းဆက်မတက်ပဲ မနေရဘူးနော် အမကို ကတိပေး” ဆိုတော့ မတက်ဘူးပဲ ငြင်းနေတဲ့ သူမ ဆက်တက်ပါ့မယ်လို့ အားလုံးရှေ့မှာ ပြုံးပြီး ကတိပေးခဲ့ပါတယ်။

သူမရဲ့ အိမ်ကျဉ်းကျဉ်းလေးမှာ မိသားစု ၅ ယောက် ၊အမိုး အကာ မလုံ၊ ယိုင်နဲနဲ့ တဲလေးနဲ့ ဝင်ငွေမရှိ နေနေကြရပါတယ်။ ဖခင်ကလည်း ထောင်ဒဏ်တသက်တကျွန်း ကျသွားခဲ့ပါတယ်။ အားကိုးရာမရှိ သူတို့ရဲ့ လိုအပ်ချက်ကိုမေးတော့ အမိုးလေးတော့ လုံချင်မိတယ်ဆိုလို့ ထားထက်လဲ တတ်နိုင်သလောက် ငွေကျပ် ၂ သိန်း လှူဒါန်းခဲ့ပါတယ်။ သူ့ကို စောင့်ရှောက်ပေးနေတဲ့ ပရဟိတအမ တွေနဲ့ တိုင်ပင်ပြီး သူမရဲ့ အနာဂတ်အတွက်

၁- အတိတ်ဆိုး ရှိနေတဲ့ ရွာလေးကနေ ပြင်ဦးလွင်မှာဆယ်တန်း အောင်တဲ့ အထိ ကျောင်းဆက်တက်နိုင်ဖို့…

၂- မွေးလာမဲ့ သားလေးကို မစွန့်ပစ်ပဲ ကလေးပြုစုစောင့်ရှောက်ရေး အဖွဲ့ထံ အပ်နှံပေးကြဖို့…

၃- သူမ လတ်တလော လိုအပ်မဲ့ မီးဖွား စရိတ်၊ ပြိုလဲတော့မယ့် အိမ် ပြင်ဖို့စရိတ် ထောက်ပံ့ပေးနိုင်ဖို့…

၄- အနာဂတ် ရေရှည် ပညာသင်စရိတ် ပဒေသာပင် စိုက်ထူပေးနိုင်ဖို့ လိုအပ်နေပါတယ်။

ထို့အတွက် ထားထက် အနေဖြင့် အားလုံးကို တတ်နိုင်သမျှ ပါဝင် ကူညီ စေလိုပါတယ်ရှင့်။ ပါဝင် ကူညီ လှူဒါန်းလိုပါက ထားထက်ထက်ရဲ့ Messenger မှတဆင့် ၊ ဒါမှမဟုတ် ဖုန်းနံပါတ် 09262178317 ကို ဆက်သွယ် နိုင်ပါတယ်။

လက်ခံ ရရှိသော အလှူရှင်နှင့် အလှူငွေ များအား ဤပိုစ့်အောက်တွင် အချိန်နှင့် တပြေးညီ comments များအနေဖြင့် ဖော်ပြပေးပြီး ၊ အလှုငွေ လွဲှပြောင်းပေးသောအခါတွင်လည်း စာရင်းဇယားအားထပ်မံ ဖော်ပြပေးပါမည်။ လှူဒါန်းလိုသူများ DAW HTAR HTET HTET / 027-301-02701213001 KBZ Bank Saving acc ကို လွှဲလို့ ရပါတယ်ရှင့်။

ငွေလွှဲပြီးရင် လွဲှပြီးကြောင်း ပြေစာလေးကိုတော့ အလှူရှင်စာရင်းပြုလုပ်ဖို့အတွက် ဓာတ်ပုံလေးရိုက်ပြီး ပြန်ပို့ပေးကြပါရှင့်။ ထားထက် မိတ်ဆွေတွေ အနေဖြင့်

• တတ်နိုင်သမျှ ဝိုင်းဝန်း ကူညီပေးကြဖို့၊

• ပရဟိတ အဖွဲ့အစည်း၊ ဖောင်ဒေးရှင်းများကို အသိပေး ဖိတ်ခေါ်ပေးကြဖို့၊

* နီးစပ်ရာ အလှုရှင်များကို mention ခေါ်ခြင်းဖြင့်သော် လည်းကောင်း၊ Share ပေးခြင်းဖြင့်သော် လည်းကောင်း ကူညီပေးကြဖို့ မေတ္တာရပ်ခံ အပ်ပါတယ်။

ထားထက်ထက်

No comments:

Post a Comment