Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Thursday, November 9, 2017

ယောက်​ဖချင်းစကားများရာမှ တူမီးသေနတ်ဖြင့်​ ပစ်ခတ်မှု ဖြစ်​ပြီး တစ်​ဦးသေဆုံး


ရှမ်းပြည်နယ် ​အောင်​ပန်းမြို့နယ်​ ငုတ်​​ကျေးရွာအုပ်​စု ​တောင်​ပို့လ​ကျေးရွာ၌ ညီမယောက်ျားနှင့် စကားများပြီး တူမီးသေနတ်နှင့်ပစ်ခတ်မှုဖြစ်​ပွားပြီး လူတစ်​ဦး​သေဆုံးသွား​ကြောင်း နိုဝင်ဘာ ၉ ရက်​​နေ့တွင်​​ သိရသည်​။

ဖြစ်စဉ်သည် နိုဝင်​ဘာ၆ ရက်​​နေ့တွင် ဦးချော ဆိုသူက ၄င်း၏ ညီမယောက်ျားကျော်ငြိမ်းတို့ အချင်းချင်းစကားများရာမှ ကျော်ငြိမ်းက တူမီးသေနတ်နှင့်ပစ်လိုက်သည့်အတွက် ဦးချောသေဆုံးသွား​ကြောင်း သိရသည်​။


"အိမ်တွင်းရေးကိစ္စပေါ့ကွယ် ဦး​ချောညီမကိုယူထားတာ ယောက်ဖချင်းပေါ့၊ ဦး​ချောက သူ့ညီမကိုယူပြီး လုပ်မကျွေးဘူး ဆိုပြီးပြောရာကနေစကားများကြတာ၊ သေဆုံးသူဦး​ချောက နွားစာ လာယူတဲ့အချိန်မှာ တရားခံကရှမ်းတူမီးသေနတ်နဲ့ပစ်လိုက်လို့ ဦး​ချောက ​သေသွားတယ်''ဟုအောင်ပန်းမြို့နယ် ရဲစခန်း စခန်းမှူး ဦးကျော်ရင်ကပြောသည်။

"တကယ်ဆိုရင်ဒီလောက်ထိလုပ်ရမဲ့အနေအထားတော့မဟုက်ပေမဲ့စာမတတ်​တာပညာမတတ်တာကြောင့်လည်းပါတာပေါ့ကွယ် ပညာရေးနိမ့်ပါးတော့အတွေးအခေါ်နိမ်ပါးတဲ့တွက်ဖြစ်ရတာပေါ့''၄င်းမှဆက်ပြောသည်။

တရားခံကျော်ငြိမ်းအား(ပ)၁၂၇/၂၀၁၇ရာဇသတ်ကြီးပုဒ်မ ၃၀၂ လူသတ်​မှုဖြင့်​ အမူကြီး အမှတ်စဉ် ၅/၂၀၁၇ အရ​ အောင်ပန်းရဲစခန်း တွင် အရေးယူလျက်ရှိကြောင်း သိရသည်။

နန်းခမ်းဟေမာန်
The People's Voice - ခမ်းသားငေါဝ်း
https://www.facebook.com/KhamSarNgor

No comments:

Post a Comment