Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 18, 2017

ဗိုလ်ချုပ် မသိပါစေနဲ့ …………


'' ဗိုလ်ချုပ် မသိပါစေနဲ့ …………''
------------------------------------

ဗိုလ်ချုပ် ပုံနဲ့ ငွေစက္ကူ ထုတ်မဲ့ အဆိုကို တပ်မတော်သား ကိုယ်စားလှယ် တွေ အားလုံး ကန့်ကွက်ခဲ့တယ်လို့ ကြားရတော့ အတော် စိတ်မကောင်း ဖြစ်မိတယ်။

အဲ့ ဒီသတင်းကို
လွတ်လပ်ရေး အကြောင်းအတွေးလွန်​ရင်းနဲ့
ဖိနိပ်ကို ဘယ် နဲ့ ညာ နဲ့ မှားစီးခဲ့တဲ့ ဗိုလ်ချုပ်
မသိပါစေနဲ့။

တော်လှန်ရေးအကြောင်းစဉ်းစားရင်း
ဆံပင်ညှပ်တာမပြီးသေးခင် ဆိုင်က 'ထ' ပြေးခဲ့တဲ့
အောင်ဆန်း မကြားပါစေနဲ့။

တိုင်းပြည်​​ကျွန်ဘဝ က ရုန်းထွက်ဖို့အတွက်
တပ်မတော်ဖွဲ့ဖို့ မြန်မာပြည်က ထွက်သွားပြီး
အဆက်အသွယ်ပျက်နေတဲ့အချိန် တရုတ်ပြည်မှာ
တစ်လ လောက် ထမင်းငတ်ခဲ့တဲ့ တပ်မတော် ဖခင် ဦးအောင်ဆန်း မသိပါစေနဲ့။

တပ်မတော်ကြီး ပေါ်ပေါက်လာဖို့
ဂျပန် မှာ
ပါးတွေ ဘယ်ပြန်/ညာပြန် လှိမ့်​အရိုက်ခံပြီး
စစ်ပညာ သင်ခဲ့ရတဲ့ ဗိုလ်တေဇ မကြားပါစေနဲ့ဗျာ

ဘန်ကောက်မှာ
လက်မောင်းသွေးဖောက်
သွေးသောက်၍ သစ္စာဆို
မြန်မာပြည်ကို စစ်ကြောင်း ၃ ကြောင်းခွဲပြီး
တော်လှန်ရေး တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်​မကြားပါစေနဲ့လို့ဆုတောင်းမိတယ်ဗျာ။

တကယ်တော့
ယခုလိုယူနီ​ဖာင်း​​တောက်​တာက်
ေ​ပြာင်​​ပြောင်​နဲ့​လွတ်​​တော်​ထဲမှာ​အခန့်သားထိုင်ပြီး
ခင်ဗျားတို့ကန့်ကွက်ခဲ့တဲ့
ဗိုလ်ချုပ် အောင်ဆန်း ဆိုတာ ကိုယ့်တိုင်းပြည်
ကိုယ်ပိုင်​အုပ်​​​​​ချုပ်ခွင့်ရ​အာင်နယ်ချယ့်အင်္ဂလိပ်ကို
ဦး​​ဆောင်​​တော်လှန်​​ပေးခဲ့တဲ့စုတ်ပြတ်သတ်​​နေတဲ့
ယူနီ​​ဖောင်း​ရယ်ငတ်တလှည့်ပြတ်တစ်​ခါ​​​​ဘဝရယ်
ရင်​ဘတ်​ထဲကိုကျည်​ဆံ၁၃​တောင့်​ပစ်​အသွင်းခံရပီး
အသက်​နဲ့​သွေး​တွေ​ပေးဆပ်​ခဲ့ရတာကိုသာ
ရယူသွားတဲ့​​​​​​တပ်မတော် ရဲ့ ဖခင်လွတ်လပ်ရေး
ဗိသုကာကြီးပါဗျာ။

------------
မင်းရသ

No comments:

Post a Comment