Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Monday, November 6, 2017

မင်္ဂလာဆောင်မဲ့နေ့က အသုဘနေ့ဖြစ်ပွား ရခြင်းဖြစ်ရပ်မှန်ဇာတ်လမ်း



မင်္ဂလာဆောင်မဲ့နေ့က အသုဘနေ့ဖြစ်ပွား
ရခြင်းဖြစ်ရပ်မှန်ဇာတ်လမ်း

မနက်ြဖန်(၅.၁၁.၁၇)နေ့မှာရပ်ကွက်(၄)အရုဏ်ဦးခန်းမမှာမင်္ဂလာပွဲကျင်းပဖို့ဖိတ်စာတွေဝေစီစဉ်ပြီးကာမှ၃.၁၁.၁၇နေ့တန်ဆောင်မုန်းလပြည့်နေ့ညမှာလားရှိုးမြို့မီးပုံးပြန်ပွဲမှအပြန်ယာဉ်မတော်တဆ(လားရှိုးမြို့ရှောင်လမ်းမှာ)မှုဖြစ်ပွားခဲ့ပြီးဆေးရုံရောက်ပြီးမကြာခင်အချိန်မှာပဲဆုံးပါးသွားတယ်လို့သိရှိရပါတယ်။
သတို့သားလောင်းညီလေးကရှေ့မှဆိုင်ကယ်မောင်းပြီးသတို့သမီးလောင်းကနောက်ကနေစီးနှင်းလိုက်ပါလာတယ်လို့သိရပါတယ်။
သတို့သမီးလောင်းကတော့ဒဏ်ရာအနည်းငယ်ရရှိခဲ့ပြီးသတို့သားလောင်းကတော့ဆုံးပါးသွားခဲ့ပါတယ်။
ညီလေးညီမလေးတွေ၊တူလေးတူမလေးတွေဆိုင်ကယ်စီးရင်ဖြေးဖြေးစီးပါ၊ဦးထုပ်ဆောင်းပြီးမေးသိုင်းကြိုးတပ်ပါ၊မလောပါနဲ့၊အချိန်ထက်အသက်ကပိုအရေးကြီးပါတယ်။
ကွယ်လွန်သွားရှာပြီဖြစ်သောမောင်ကျော်နိုင်ထွန်း(အသက်၂၀နှစ်)ဖြစ်လေရာဘဝရောက်လေရာအရပ်မှာအခုလိုအဖြစ်ဆိုးမျိုးနဲ့ဘယ်သောအခါမှမကြုံတွေ့ပါစေနဲ့လို့ဆုတောင်းဆန္ဒပြု ရင်း

#APW

Aung Phyo Wai

No comments:

Post a Comment