Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Saturday, November 18, 2017

ဘာကြောင့် စစ်သားကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးကြတာလဲ(သူ့အတွေးသူ့အမြင်)


ငွေစက္ကူတွေကို ဝါဇီစက်ရုံကပဲ ရိုက်နှိပ်ကြရတယ်။

အဲ့ဒီဝါဇီစက်ရုံဆိုတာကလည်း လုံခြုံရေးအကြောင်းပြုလို့ စစ်တပ်ကချုပ်ကိုင်ထားတာ ဒီနေ့အထိပဲ။

လက်ရှိငွေစက္ကူတွေဆိုတာကလည်း တိုင်းပြည်ထဲမှာ ဘယ်လောက်ရိုက်ထုတ်ပြီး ဘယ်လောက်လည်ပတ်နေမှန်းဆိုတာ တော်တော်မှန်းဆရ ခက်ခဲတယ်။

ဒါပေမယ့် တင်ဒါကိစ္စတခုခုနဲ့နေပြည်တော်က စစ်တပ်ပိုင်မြဝတီဘဏ်မှာ ပိုက်ဆံသွားထုတ်ရင်တော့ ငါးထောင်တန်ခေတ်တုန်းက ငါးထောင်တန်အသစ်စက်စက်ကလေးတွေပဲ။အခုတသောင်းတန်ခေတ်ရောက်တော့လည်း ပိုက်ဆံထုတ်ရင်တသောင်းတန်အသစ်စက်စက်ကလေးတွေပဲ ရတတ်တယ်။ဘာထုတ်ထုတ် ပိုက်ဆံအသစ်ကျပ်ချွတ်ကလေးတွေ အထုပ်လိုက်ရရလာတတ်တာတွေ့ရတယ်ဆိုတာ အဲ့ဒီမှာငွေထုတ်ဖူးတဲ့သူတွေ ကောင်းကောင်းသိတယ်။

အခုလွှတ်တော်ထဲမှာ နောက်နောင်အလျှဉ်းသင့်လို့အသစ်ထုတ်ဝေမယ့် ငွေစက္ကူတွေမှာ လုံခြုံရေးစနစ်တွေပိုအဆင့်မြင့်မယ့်အပြင် လက်ရှိတိရိစ္ဆာန်ပုံတွေအစား လွတ်လပ်ရေးဗိသုကာ တပ်မတော်ရဲ့ဖခင်ကြီး အမျိုးသားခေါင်းဆောင်ဗိုလ်ချုပ်အောင်ဆန်းရဲ့ပုံတွေ ထည့်သွင်းအသုံးပြုမယ်ဆိုတဲ့အဆိုကို ဆွေးနွေးကြတော့ စစ်သားကိုယ်စားလှယ်တွေအကုန်နဲ့ကြံ့ဖွတ်လို့ယူဆရတဲ့အမတ်တယောက်က ကန့်ကွက်တယ်။

ဒီတော့ကာ ဝါဇီကို ဗိုလ်ချုပ်အကြောင်းပြုပြီး လွှမ်းမိုးလာမှာကို စိုးရိမ်တာလားဆိုတာက တကြောင်း ...

လက်ရှိအသုံးပြုနေတဲ့ ငွေစက္ကူတွေဟာ ဗဟိုဘဏ်ကခွင့်ပြုထားတဲ့ပမာဏထက်သာ များပြားထုတ်ဝေထားမယ်ဆိုရင် ငွေစက္ကူအသစ်တွေနဲ့လဲလှယ်တဲ့အချိန်ရောက်ရင် ကမောက်ကမတွေဖြစ်မှာများ စိုးရိမ်နေတာလားဆိုတာက တကြောင်း ....

အဲ့ဒီလိုအကြောင်းလေးတွေများ ရှိနေမလားလို့တွေးမိပါလေရဲ့။

တဖက်ကပြန်စဉ်းစားရင်တော့ နိုင်ငံတကာမှာက ငွေကြေး Cash အစား Electronic စနစ်နဲ့ကတ်တွေကိုပဲ အသုံးများလာကြတယ်။ဒါပေမယ့်လည်း ကမ္ဘာမှာလွှမ်းမိုးထားတဲ့ ဒေါ်လာ၊စတာလင်ပေါင်နဲ့ယူရိုငွေကြေးတွေဟာ လက်ရှိအထိတောင်မှ ငွေစက္ကူအနေနဲ့ပဲ ရှိနေကြတုန်းပဲဖြစ်တယ်။ကမ္ဘာတဝှမ်းလူသုံးများတဲ့ အမေရိကန်ဒေါ်လာ၁၀၀တန်တွေတောင်မှ ၂၀၁၀ခုနှစ် ဧပြီ၂၁ရက်နေ့မှာ ဒီဇိုင်းအသစ်ကိုထုတ်ပြန်ကြေငြာခဲ့ပြီး ၂၀၁၃ခုနှစ် အောက်တိုဘာလ၈ရက်မှာကမ္ဘာ့ငွေကြေးစီးဆင်းလည်ပတ်မှုထဲကို ဝင်ရောက်ခဲ့တယ်ဆိုတာကိုတွေ့ရတယ်။အဲ့ဒီတော့ ကတ်စနစ်နဲ့အသုံးများလာမှာမို့လို့ cashစနစ်ကငွေစက္ကူတွေကို အသုံးနည်းလာလိမ့်မယ်လို့လဲ ဆိုလို့မရပြန်ပါဘူး။သူ့ဟာနဲ့သူတော့ ရှိနေဦးမှာပါပဲ။

တခါထပ်ပြီးစဉ်းစားရရင် လက်ရှိနိုင်ငံစီးပွားရေးကျဆင်းနေတဲ့အချိန်မှာ ဒီလိုမျိုးဒီဇိုင်းအသစ်တွေမပြောင်းသင့်ပါဘူးဆိုတာကလည်း ရှိသေးတယ်လေ။ဒါပေမယ့် ပြန်တွေးကြည့်လိုက်ရင် ဘဏ်တခုကနေထုတ်လာတဲ့ ဘဏ်ထုတ်ကို အခြားဘဏ်တခုကနေ ငွေလွှဲဖို့စစ်တဲ့အခါမှာ ငွေစက္ကူအတုတွေပါလာတာမျိုး ကြုံကြဖူးမှာပါ။အွန်လိုင်းမှာလည်း တင်ထားကြတာ တွေ့နေရတာပဲလေ။ဒီလိုမျိုး လုံခြုံရေးစနစ်အားနည်းတဲ့ငွေစက္ကူတွေဟာ သေချာပေါက်ကို လုံခြုံရေးစနစ်တိုးမြှင့်ကြရမှာပါ။အဲ့ဒီတော့ အဲ့ဒီလိုအချိန်မျိုးမှ ဗိုလ်ချုပ်ပုံနဲ့ဒီဇိုင်းပြောင်းထုတ်ဝေမယ်ဆိုရင် ငွေတုအန္တရာယ်ကနေ ခေတ္တခဏကင်းဝေးနိုင်သေးတာကိုလည်း အမြတ်အနေနဲ့ထည့်တွက်နိုင်ပါသေးတယ်။

အခုလက်ရှိဗဟိုဘဏ်ဒုတိယဥက္ကဌဟာ ငွေကြေးဆိုင်ရာပညာရှင်တယောက်ပါ။သူကိုယ်တိုင်ထောက်ခံဆွေးနွေးသွားတဲ့ကိစ္စရပ်တခုကို ငွေကြေးဘဏ္ဍာရေးကိစ္စရပ်တွေနဲ့ဘာမှသက်ဆိုင်ခြင်းမရှိတဲ့ သေနတ်ကိုင်ပြီး အမိန့်နာခံရတဲ့ ဘာပညာရှင်မှမဟုတ်တဲ့ စစ်သားကိုယ်စားလှယ်တွေက ကန့်ကွက်ဆွေးနွေးကြတယ်။ပြည်သူတရပ်လုံးရဲ့ဆန္ဒနဲ့ဆန့်ကျင်ပြီး မတ်တပ်ရပ်ကန့်ကွက်တယ်ဆိုတော့ အထက်မှာဆိုခဲ့တဲ့ အကြောင်းကြောင်းတွေကြောင့်များလားလို့ စဉ်းစားမိတော့တာပါပဲ။

မြင့် သိန်း လွင်
(၁၇-၁၁-၂၀၁၇)

No comments:

Post a Comment