Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Sunday, October 15, 2017

ပြည်ထောင်စုဝန်ကြီးဟောင်း သား ဖြိုးကိုကိုတင့်ဆန်း ၏ Facebook Account များနှင့် သတင်းများ


ပြည်ထောင်စုဝန်ကြီးဟောင်း သား ဖြိုးကိုကိုတင့်ဆန်း ၏ Facebook Account များနှင့် သတင်းများ . . https://www.facebook.com/phyokoko.tintsan.1

https://www.facebook.com/phyokoko.tintsan.10

https://www.facebook.com/phyokoko.tintsan.7

https://www.facebook.com/phyokoko.tintsan.5

https://www.facebook.com/phyokoko.tintsan.3

https://www.facebook.com/phyokoko.tintsan.35

#ပြည်ထောင်စုဝန်ကြီးဟောင်းရဲ့သားလို့ဆိုကြတာဘဲ . . .

နေပြည်တော်လေဆိပ်တွင် သေနတ် ၂ လက်နှင့် ဆေးပြားများ ဖမ်းဆီးရမိ
********************************************
နေပြည်တော်လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ ၂ ဦးတို့ထံမှ သေနတ် ၂ လက်နှင့် ဆေးပြားလေးပြား ရှာဖွေတွေ့ရှိကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ ဦးဖြိုးကိုကိုတင့်ဆန်းi ဦးရဲမင်းဆွေနှင့် ဦးဇော်ဝင်းထိုက် တို့သည် နေပြည်တော်မှ ရန်ကုန်သို့ ၁၉း၁၅ အချိန် MNA လေကြောင်း UB-142/ATR-72/XYAJZ ဖြင့် လိုက်ပါမည်ဖြစ်ရာ ၎င်းတို့နှင့်ပါရှိသောခရီးဆောင်အိတ်များအား လေယာဉ်ပေါ်တင်ဆောင်ရန် Airline ဝင်/ ထွက်ပေါက်တွင်X-ray စက်တွင်လုံခြုံရေးအဖွဲ့က စစ်ဆေးစဉ်သေနတ်နှင့် ကျည်ဆံများ ပါရှိကြောင်းတွေ့ရှိခဲ့၍ သက်ဆိုင်ရာ တာဝန်ကျ လုံခြုံရေးအကြီးတန်းအရာရှိ စုမှူးထံ အကြောင်းကြားခဲ့သည်။

ထိုသို့ အကြောင်းကြားစဉ်တွင် ယခင် ဦးသိန်းစိန် အစိုးရလက်ထက် ၀န်ကြီးဟောင်း၏ သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းမှ "ခင်ဗျားတို့ ကွိုင်မရှာနဲ့ မီးပွင့်ကုန်မယ်" လို့ အပြင်းထန် သတိပေးခြိမ်းချောက်နေသည်။

ထိုနောက် သက်ဆိုင်ရာ လုံခြုံရေး တပ်စုအဖွဲ့ဝင်များ ထပ်မံ ချက်ခြင်းရောက်၇ှိလာပြီး " ဟုတ်ပါတယ် လူကြီးမင်းက ၀န်ကြီးသားဆိုလဲ တရားဝင် လုံခြုံရေး တာဝန်အရ ကျနော်တို့ စစ်ဆေးရမယ်" လို့ ပြောဆိုပြီး စစ်ဆေးရေးဆိုင်ရာ ရုံးခန်း သီးသန့် ဆောင်သို့ ၄င်းနှင့် အပေါင်းပါ နှစ်ဦးအား ပထမတွင် ရိုးရိုး ခေါ်ဆောင်သွားပြီး အစောင့်ဖြင့် ထိုင်နေခိုင်းခဲ့ပြီး ၄င်းတို့ အရှေ့တွင်ပင် ၄င်းတို့၏ ခရီးသွားဝန်ဆောင် အိတ်အား စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် မူယစ်ဆေးဝါးနှင့် ပတ်သက်သော အဆင့်မြင့် အိုက်စ် ဆေးပြား ကာလ တန်ဘိုး ရှစ်သောင်း ကျပ်ခန့် ရှိမည်ဟု သက်ဆိုင်ရာ စစ်ဆေးရေး အရာရှိမှ ခန့်မှန်းသည်။

ဆက်လက် ရှာဖွေ အသေးစိတ် စစ်ဆေးခဲ့ရာတွင် အသံတိတ် ပြောင်းတိုဖြင့် ထည့်သွင်းပစ်ခတ်သော လက်နက်ငယ် ပစ္စတို နှစ်လက် အပြင် ကျဉ်ဆံအပြည့် ကျဉ်အိမ်တွင် ထည့်ထားကြောင်း သိရပြီး ကျဉ်ဆံအရေတွက်ကို ဖေါ်ပြထားခြင်း မရှိပါ။

အခြား တိုက်ခိုက်ရေးသုံး ယူနီဖေါင်းများအပြင် ၄င်း တာဝန် ထမ်းဆောင်ခြင်း မရှိသော ပြည်ထဲရေးမှ အရာရှိ အသွင် ဖမ်းယူ ဆောင်ရွက်နိုင်သော အရာများနှင့် နိုင်ငံကူးလက်မှတ် နှင့် ညကြည့် မုန်ပြောင်းအပါဝင် စူရှ လက်နှိပ်ဓါတ်မီး နှင့် ဇစ်ပို မီးခြစ် တစ်လုံးတို့အား တွေ့ရှိရသည်။

အစိုးရနှင့် ပတ်သက်သော နိုင်ငံတော် အမှတ်တံဆိပ် ခြောက်ခု နှင့် ၄င်းအား ပြည်ထဲရေးမှ တာဝန်ပေးထားသည့် အသွင်မျိုးဖြင့် အထူး စုံစမ်းရေးဆိုင်ရာ ဆောင်ရွက်နိုင်ခွင့် ရှိသော ညွန်ကြားစာ အတု တစ်စောင်အားလည်း ဖမ်းဆီး ရမိသည်။

လက်ရှိတွင် ၎င်းတို့သုံးဦးအား လက်နက်ဥပဒေ ပုဒ်မဖြင့် အရေးယူထာပြီး သက်ဆိုင်ရာမှ စစ်ဆေးလျက် ရှိကြောင်းနှင့် တစုံတရာ ရန်ပြုရန် ဖေါက်ခွဲရန် အစီစဉ် မရှိကြောင်း စစ်ဆေး တွေ့ရှိရသည်ဟု သက်ဆိုင်ရာမှ ပြောကြားချက်များ ထွက်ပေါ်နေလေသည်။

တရားခံမှာ ယခင်ဦးသိန်းစိန် လက်ထက် 2010 - 2015
အားကစား ဝန်ကြီးဟောင်း ACE အကြီးစားခရိုနီ နေပြည်တော် ကလပ် ပိုင်ရှင် ဦးတင်ဆန်းရဲ့သား ... ဦးဖြိုးကိုကိုတင်ဆန်း ကနေ ဖမ်းမိတာဖြစ်တယ်။ စုစုပေါင်း သုံးယောက်ဖြစ်ပြီး တပ်မတော် အတွက် ၀ါဒဖြန့်ချီရေး လုပ်ဆောင်ပေးနေသော အဆဲဆို ကြမ်းတမ်း လှသည့် မိုက်ကယ် သားစစ်တို့နဲ့ တဖွဲ့တည်း ဖြစ်ကြောင်း သိရသည်။

သို့သော် မည်သို့ အရေးယူ ဆောင်ရွက် ပြုလုပ်မည်ကို မသိရသေးပဲ ယခု ဖမ်းဆီးထားသူ အထက်ဖေါ်ပြပါ သုံးဦးသည် တရားဝင် လက်နက် ခဲယမ်းများကို ကိုင်ဆောင်ရန် သယ်ဆောင်ရန် သိမ်းဆည်းရန် ဥပဒေအရ တရားဝင် ခွင့်ပြုပေးထားခြင်း ခံရသူမဟုတ်ကြောင်းနှင့် သက်ဆိုင်ရာ အစိုးရ၏ တပ်ဖွဲ့ တခုခုတွင် တရားဝင် တာဝန်ထမ်းဆောင် နေကြသူများ မဟုတ်ကြောင်း သိရသည်။

ဂိုလ်ရှယ်လေး

ပုံများကို အစဉ်လိုက် တင်ပြပေးထားပါသည်။

တရားဥဒေအရ ဆောင်ရွက် အပြစ်ပေးနိုင်ရန် ကွန်မန့်ကောင်းများ ရေးပေးခဲ့ပါဗျ

မူရင်း - Credit
(16-10-2017)

နေပြည်တော် လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ နှစ်ဦးထံမှ သေနတ် ၂ လက်နှင့် ဆေးပြားများ ဖမ်းဆီးရမိ
—�—� —�—� —�—� —�—
နေပြည်တော်လေဆိပ်တွင် ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ ၂ ဦးတို့ထံမှ သေနတ် ၂ လက်နှင့် ဆေးပြားလေးပြား ရှာဖွေတွေ့ရှိကြောင်း သတင်းရသည်။

ဖြစ်စဉ်မှာ ဦးဖြိုးကိုကိုတင့်ဆန်းi ဦးရဲမင်းဆွေနှင့် ဦးဇော်ဝင်းထိုက် တို့သည် နေပြည်တော်မှ ရန်ကုန်သို့ ၁၉း၁၅ အချိန် MNA လေကြောင်း UB-142/ATR-72/XYAJZ ဖြင့် လိုက်ပါမည်ဖြစ်ရာ ၎င်းတို့နှင့် ပါရှိသော ခရီးဆောင် အိတ်များအား လေယာဉ်ပေါ် တင်ဆောင်ရန် Airline ဝင်/ ထွက်ပေါက်တွင် X-ray စက်တွင် လုံခြုံရေးအဖွဲ့က စစ်ဆေးစဉ် သေနတ်နှင့် ကျည်ဆံများ ပါရှိကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့သုံးဦးအား လက်​နက်​ ဥပ​ဒေပုဒ်​မဖြင့်​ အရေးယူထာပြီး သက်​ဆိုင်​ရာမှ စစ်​​ဆေး​လျက်ရှိကြောင်း ကနဦး သိရသည်။

သတင်း - Nwes Watch
ထွန်း (နေပြည်တော်)
(15-10-2017)
# # # # # # #

နေပြည်​​တော်​​လေဆိပ်​မှာ တရားမဝင်​လက်​နက်​သယ်​​ဆောင်​လာသူကို ဖမ်းဆီးထားတယ်​လို့ ​နေပြည်​​တော်ရဲတပ်​ဖွဲ့မှူးရဲမှူးကြီး​ဇော်​ခင်​​အောင်​က ​ပြောပါတယ်​။

``ဖမ်းမိတာ​တော့ဟုတ်​ပါတယ်​။ အကြမ်းဖက်​အဖွဲ့အစည်းနဲ့​တော့ မပတ်​သက်​ပါဘူး။ ဒီလူကိုကျွန်​​တော်​တို့လည်းသိပါတယ်​။ တရားမဝင်​လက်​နှက်​သယ်​​ဆောင်​လာလို့ ဖမ်းဆီးစစ်​​ဆေးထားတာပါ။ အ​ရေအတွက်​အတိအကျ​တော့ စစ်​​ဆေးတုန်းမို့ မ​ပြောနိုင်​​သေးပါဘူး။ အားလုံးပြီးရင်​​တော့ ထုတ်​ပြန်​သွားပါမယ်​´´

ယ​နေ့ည ဆယ်​နာရီဝန်းကျင်​​လောက်​က ဖမ်းဆီးမိတာဖြစ်​ပြီး လက်​ရှိအချိန်​မှာ​တော့ ရဲတပ်​ဖွဲ့ကတာဝန်​ရှိသူ​တွေကိုယ်​တိုင်​ စစ်​​ဆေးမှု​တွေပြုလုပ်​​နေပြီဖြစ်​တယ်​လို့လည်း ရဲမှူးကြီး​ဇော်​ခင်​​အောင်​က ​ပြောပါတယ်​။

သတင်း - ​အောင်​ဆန်းဦး (DVB)
(15-10-2017)
# # # # # # #

#နေပြည်တော်လေဆိပ်တွင်သေနတ်များဖမ်းမိ
= = = = = = = = = = = = = = = = = =
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် သေနတ်များ တွေ့ရှိခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့မှုး ရဲမှူးကြီး ဇော်ခင်အောင်က Frontier ကို ယနေ့ ညပိုင်းတွင် အတည်ပြုပြောကြားသည်။

သေနတ်အလက်ရေ၊ တွေ့ရှိချိန်နှင့် အသေးစိတ် အခြေအနေများကို မေးမြန်းရာတွင်မူ "စိစစ်တုန်းပဲ ရှိပါသေးတယ်၊ လတ်တလော အခုထက် ပိုပြောလို့ မရသေးပါဘူး"ဟု ရဲမှူးကြီးက ပြောသည်။

အတည်မပြုနိုင်သေးသော သတင်းအရ သေနတ် ၅ လက်ထက် မနည်းတွေ့ရှိသည်ဟု ဆိုသည်။

အဆိုပါသတင်းအရ ညဦးပိုင်းတွင် ဖြစ်ပွားခြင်းဟုဆိုပြီး ယင်းသတင်း မှန်ကန်သည်ဆိုပါက နေပြည်တော်ရှိ အပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်းစင်တာ ၁ ၌ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တိုင်းရင်းသား ခေါင်းဆောင်အချို့ တက်ရောက်နေကြသည့် အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနား ညစာစားပွဲ ကျင်းပချိန်နှင့် တိုက်ဆိုင်နေသည်။

သတင်း- ဉာဏ်လှိုင်လင်း
နေပြည်တော်၊ အောက်တိုဘာ ၁၅

အားကစားဝန်ကြီးေ​ဟာင်း၏သား ​ဦးဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါနှစ်ဦး တရားမဝင်​ သေနတ် ၂ လက်၊ ဆေးပြားများနှင့်​ ​နေပြည်​​တော်​​လေဆိပ် အ​ဖမ်းခံရ
............................................................

အားကစား ဝန်​ကြီး​ဟောင်း ဦးတင့်​ဆန်း၏သား ဦးဖြိုးကိုကိုတင့်ဆန်း၊ ဦးရဲမင်းဆွေနှင့်ဦးဇော်ဝင်းထိုက်တို့သည် နေပြည်တော်မှ ရန်ကုန်သို့ ၁၉း၁၅ အချိန် MNA လေကြောင်း UB-142/ATR-72/XYAJZ ဖြင့် လိုက်ပါမည်ဖြစ်ရာ ​နေပြည်​​တော်​ ​လေဆိပ်​တွင်​ ၎င်းတို့၏ ခရီး​ဆောင်​အိပ်​များကို X-ray စက်တွင် လုံခြုံရေးအဖွဲ့က စစ်ဆေးစဉ် သေနတ်နှင့်ကျည်ဆံများပါရှိကြောင်းတွေ့ရှိခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် ၎င်းတို့သုံးဦးအား ရဲတပ်​ဖွဲ့က ဖမ်းဆီးထားပြီ ဖြစ်​​သော်​လည်း အ​သေးစိပ်​ သတင်းအချက်​အလက်​များကို ထုတ်​ပြန်​ခြင်းမရှိ​သေး​ပေ။

ဓာတ်​ပုံ - Phyo Ko(FB)
သတင်း - အကုန်သိ A Kon The
# # # # # # # # # #

“နေပြည်တော်လေဆိပ်မှာ ရန်ကုန်သွားမယ့်ခရီးသည်ဆီက လက်နက်ဖမ်းမိ”

နေပြည်တော်လေဆိပ်မှာ ရန်ကုန်သွားမယ့်ခရီးသည်ဆီကနေ လက်နက်တွေဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ရဲမှူးကြီးဇော်ခင်အောင်ကပြောပါတယ်။

လက်နက်ဖမ်းဆီးရမိတာ သာမန်ပြည်သူတစ်ဦးဆီက တရားမ၀င်လက်နက်ကိုင်ဆောင် ခြင်းသာဖြစ်ပြီး အဖွဲ့အစည်းများနှင့်သက်ဆိုင်ခြင်းမရှိကြောင်း ရဲမှူးကြီးဇော်ခင်အောင်ကဆိုပါတယ်။

ရဲမှူးကြီးဇော်ခင်အောင်က“လက်နက်က(သေနတ်)အတိုပါ များများစားစားမဟုတ်ပါဘူး။ဘာမှစိုးရိမ်စရာမရှိပါဘူး။အရေအတွက်ကတရားမ၀င်ကိုင်ဆောင်တာပါ ။များများစားစားမဟုတ်ပါဘူး။အရေအတွက်ကိုစစ်ဆေးပြီးဆက်လက်ရှာဖွေနေပါတယ်။”လို့ပြောပါတယ်။

သည်ကနေ့ညပိုင်းမှာ နေပြည်တော်လေဆိပ်မှာဖမ်းမိခဲ့တာဖြစ်ပါတယ်။

Author - ချိုဇင်မာဝင့်
သတင်းး - ကုမုဒြာ
# # # # # # #

နေပြည်တော် လေဆိပ်တွင် သေနတ်များ ဖမ်းဆီးရမိ
= = = = = = = = = = = = = = = = = =
နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် အောက်တိုဘာလ ၁၅ ရက် ညပိုင်းက လေယာဉ်စီး ခရီးသည်ထံမှ သေနတ်များ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ရှိဖမ်းဆီးရမိသည့် ဖြစ်စဉ်မှာ မှန်ကန်သော်လည်း အသေးစိတ်မှာ စစ်ဆေးနေဆဲဖြစ်၍ သတင်းထုတ်ပြန်နိုင်ခြင်း မရှိသေးကြောင်း နေပြည်တော် တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး ဇော်ခင်အောင်က ပြောသည်။

“အဲဒါက ပြောလို့မရသေးဘူး။ လောလောဆယ် စိစစ်နေတုန်းပဲ” ဟု ရဲမှူးကြီးက ပြောကြားသည်။

ဖမ်းဆီးရမိသည်မှာ ပမာဏ အများအပြား မဟုတ်ပဲ အနည်းငယ်သာ ဖြစ်ကြောင်း ၄င်းက ပြောကြားခဲ့သည်။

“အများကြီးမဟုတ်ဘူး။ ကာကွယ်ဖို့အတွက် ဆောင်ထားတဲ့ သေနတ်တွေပါ။ ကိုယ်ပိုင်ကာကွယ်နိုင်ဖို့အတွက် ဆောင်ထားတဲ့ သေနတ်တွေပါ။ စိစစ်တုန်းပဲ ရှိသေးတယ်။ သေချာမှပြောပါမယ်” ဟု ရဲမှူးကြီးက ဆက်လက် ပြောကြားသည်။

သတင်း - Eleven MediaGroup

Photo Credit
(15-10-2017)















No comments:

Post a Comment