CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Sunday, October 15, 2017
ရွှေပြည်သာရှိလူမိုက်အားဗဟန်းရှိလူမိုက်အဖွဲ့မှအုပ်စုဖွဲ့လာရောက်သတ်ဖြတ်မှုဖြစ်ပွား
15.10.2017
ရွှေပြည်သာရှိလူမိုက်အားဗဟန်းရှိလူမိုက်အဖွဲ့မှအုပ်စုဖွဲ့လာရောက်သတ်ဖြတ်မှုဖြစ်ပွား
--------------------------
ရွှေပြည်သာလူသတ်မှုဖြစ်စဉ်အမှန်သိချင်သူများအတွက် အောက်တိုဘာ(၁၁)ရက် နံနက်(၃)နာရီခွဲအချိန်ခန့်တွင် ရွှေပြည်သာမြို့နယ် အမှတ်(၆)ရပ်ကွက် တော်ဝင်ပတ်လမ်းသာဓုကန်ဘူတာအနီးရှိ(ကျူး)နေထိုင် သောကိုကျော်နိုင်(ယခင်ကလူသတ်မှုဖြင့်ထောင်ကျဖူးသူ)အားဗဟန်းမြို့နယ်နေထိုင်သူကိုတင်လှနှင့်အဖွဲ့မှအုပ်စု လိုက်လာရောက်သတ်ဖြတ်မှုဖြစ်ပွားခဲ့သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ(၁၀)ရက်နေ့ ည(၁၁)ခွဲအချိန်တွင်ဒေါ်ခင်သီတအေး(၄၃)နှစ်သည် ခင်ပွန်းဖြစ်သူကိုကျော်နိုင်(၅၆)နှစ်သမီးဖြစ်သူမေသုခ (၁)နစ်(၈)လတို့နှင့်အတူ နေအိမ်ဘုရားခန်းရှေ့တွင် အိပ်ယာဝင်အိပ်စက် နေခဲ့သည်။ နံနက်(၃)နာရီခွဲအချိန်ခန့်တွင် နေအိမ် ရှေ့ ရှိ ဂျက်ထိုးထားသောတံခါးသည် ဝုန်းကနဲပွင့်ထွက်ကာကိုတင်လှ(၅၃)နှစ် မြို့ပတ်လမ်း (၃)လွှာ ဂွတ်တစ်လိပ်အရှေ့ ဗဟန်းမြို့နယ်နေထိုင်သူ အပါအဝင် လူတစ်စုမှ ဓါးရှည်များ လှံများ ကိုင်ဆောင်၍ ဝင်ရောက်လာရာ အိပ်ယာတွင် အိပ်နေသော ကိုကျော်နိုင်သည် နေအိမ်နောက်ဖက်ရှိ တံခါးသို့ မီးခိုချောင်အားဖြတ်၍ထွက်ပြေးရာမီးဖိုချောင် အတွင်းပိတ်မိနေစဉ် ကိုတင်လှအပါအဝင် လူတစ်စုမှ လှံဓားရှည်များဖြင့် ထိုးခုတ်ရာ ကိုကျော်နိုင်တွင် ယာလက်ခုံ ပေါက်ပြဲပြတ်ရှဒဏ်ရာ ဝဲတစ်တောင်ပေါက်ပြဲပြတ်ရှဒဏ်ရာ ဝဲလက်ဖျံပြတ်ရှဏ်ရာ ဝဲဒူးခေါင်းပေါက်ပြဲပြတ်ရှဒဏ်ရာ ယာချိုဇောင်းပေါက်ပြဲပြတ်ရှဒဏ်ရာ ယာခြေခုံပြတ်ရှဒဏ်ရာ ယာဒူးပြတ်ရှဒဏ်ရာ ယာနံထိုးသွင်းဒဏ်ရာတို့ရရှိခဲ့သည်။
၎င်းနောက်ကိုတင်လှနှင့် အဖွဲ့မှထွက်ခွာသွားပြီးနောက် ဇနီးဖြစ်သူဒေါ်ခင်သီတာအေးမှ ကိုကျော်နိုင်အား အင်းစိန် ဆေးရုံသို့ ပို့ဆောင်စဉ်လမ်းခရီး၌သေဆုံးသွားခဲ့သည်။
အခင်းဖြစ်အချိန်၌ နေအိမ်ရှေ့ဘုရားခန်းတွင် ဒေါ်ခင်သီတာအေးအား အသံမထွက်စေရန် လူတစ်ဦးမှဓားနှင့်မိုးထားကာ ကျန်လူများမှ ကုန်းသီးလေးခွများဖြင့် မျက် နှာကိုဝိုင်းချိန်ထားပြီး ကိုတင်လှ နှင့်ယခင်ကတည်းကသိကျွမ်းခဲ့ကြကာ ခင်ပွန်းဖြစ်သူနှင့် အလုပ်အတူလုပ်ကိုင်ခဲ့ကြဖူးသော သူငယ်ချင်းများဖြစ်ကြောင်း ယခုကိစ္စမှာသူဌေးတစ်ဦးမှ ယခင်တောင်ဒဂုံ ၁၇ရပ်ကွက်ရှိ ၎င်းပိုင် မြေကွက်ပေါ်ရှိ ကျူးတဲများအားရှင်းလင်းစေခိုင်းခြင်း အပေါ် ငွေပေး ငွေယူကိစ္စအား အထင်အမြင်လွဲမှား၍ အညှိုးဖွဲ့ကာ လာရောက်သတ်ဖြတ်ခြင်းဖြစ်နိုင်ပြီး နေအိမ်ပေါ်သို့လာရောက်သတ်ဖြတ်သူများမှာ(၁၀)ဦးခန့် ဖြစ်ကြောင်း ယခင်က တောင်ဒဂုံတွင်နေထိုင်ခဲ့ပြီးရွှေပြည်သာသို့လာရောက်နေထိုင်သည်မှာ(၁)နှစ်ဝန်းကျင် ခန့် သာရှိသေးကာ လက်ရှိတွင်အိမ်ခြံမြေ ပွဲစားအလုပ်ကို လုပ်ကိုင်နေပြီး ခင်ပွန်းဖြစ်သူအား တရားဥပဒေမဲ့အုပ်စုဖွဲ့လာရောက်သတ်ဖြတ်ခြင်းအပေါ် တရားဥပဒေနှင့်အညီ ထိရောက်စွာအရေးယူပေးစေလိုကြောင်း မိမိတို့ သားအမိ နှစ်ဦးလုံခြုံရေးအတွက်ရဲတပ်ဖွဲ့မှလည်းပူးပေါင်းကူညီပေးကြောင်း ဒေါ်ခင်သီတာအေးမှ ပြောကြားသည်။
အမှုနှင့်ပတ်သတ်၍ ကိုတင်လှ အပါအဝင်(၅)ဦးအား လက်ရှိတွင် ဖမ်းဆီးရမိထားကာ ရွှေပြည်သာမြို့မရဲစခန်းမှ (ပ)၂၀၃၁/၂၀၁၇ရာဇသတ် ကြီးပုဒ်မ ၃၀၂/၁၁၄ တို့ဖြင့် အမှုဖွင့်လှစ်ထားပြီးအမှုစစ်အဖြစ် စခန်းမှူးဒုရဲမှူးခင်ဇော်မှ ဆက်လက်စစ်ဆေးဆောင်ရွက် လျှက်ရှိကြောင်းသိရသည်။
KKK- (ကလောင် နေထက်ပိုင်)
ရဲကျော်စွာထက်
ရွှေပြည်သာရှိလူမိုက်အားဗဟန်းရှိလူမိုက်အဖွဲ့မှအုပ်စုဖွဲ့လာရောက်သတ်ဖြတ်မှုဖြစ်ပွား
Reviewed by MP4 YoU
on
October 15, 2017
Rating: 5
Reviewed by MP4 YoU
on
October 15, 2017
Rating: 5
Subscribe to:
Post Comments (Atom)





No comments:
Post a Comment