Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 13, 2017

ကျောက်​ကပ်​ပျက်​စီးရင်​..အလွန်​ကုသရခက်​ခဲ


ဘုရားဘုရားဘုရား..©​ပြောင်းပြန်​အယူအဆကြီးပါလား..
©​သေရွာအမြန်​​ရောက်​မယ့်​အယူမှားကြီးပါလား
*******-**********************
သွေးကျ​ဆေး​တွေ..
သွေးချို ဆီးချို​ဆေး​တွေ..မှန်​မှန်​​သောက်​ရင်​..​ကျောက်​ကပ်​ပျက်​သွားမယ်ဆိုလို့..
ဆေးမှန်​မှန်​​သောက်​တာရပ်​လိုက်​မိပါသတဲ့..
အခု​တော့..​ပြောင်းပြန်​အယူအဆမှားကြီး​ကြောင့်​..
ကျောက်​ကပ်​ပျက်​စီးသွားပါပြီ..
*****************************
အမှန်​တရားက..​သွေးကျ​ဆေး​တွေ..​သွေးချို ဆီးချို ထိမ်း​ဆေး​တွေ..
မှန်​မှန်​​သောက်​တယ်​ဆိုတာ..​ကျောက်​ကပ်​မပျက်​စီး​အောင်​..
အဓိကရည်​ရွယ်​ပါတယ်​..
ကျောက်​ကပ်​ပျက်​စီးရင်​..အလွန်​ကုသရခက်​ခဲပြီး..
ခန္ဓာကိုယ်တကိုယ်လုံး..​​​နောက်​ဆက်​တွဲဆိုးကျိုး​တွေခံစားရပြီး..
အသက်​​သေဆုံးရတတ်​ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆေးခန်း​ရှေ့..​ခွေးဘီလူးကား​လေးတစီး..လူတ​ယောက်​က​ဖေးမထားရတဲ့..
လူနာတ​ယောက်​ကိုတင်​ပြီး​ရောက်​လာပါတယ်
လူနာကလမ်းမ​လျှောက်​နိုင်​​တော့ပါဘူး..
ဆေးခန်းထဲက..Wheel chair..အကူအညီနဲ့..စမ်းသပ်​ခန်း​ရောက်​​အောင်​ပို့ရပါတယ်​..
စမ်းသပ်​ကုတင်​​ပေါ်​ရောက်​​အောင်​​ပွေ့တင်​ရပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လူနာအမည်​..​ဒေါ်ငြိမ်းအိ..
အသက်​...၆၂နှစ်​..
နောက်​ခံ​ရောဂါများ..
၁..​သွေးတိုး​ရောဂါ..
၂..​သွေးချို ဆီးချို ​ရောဂါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လူနာနဲ့အတူပါလာတဲ့​..​ဆေးရုံကြီးကမှတ်​တမ်း​တွေအရ​ရော..
ဆီး..ဝမ်း..​သွေး..စစ်​မှတ်​တမ်း​တွေအရ..အခြား​သောစစ်​​ဆေးမှုမှတ်​တမ်းများအရ..
End Stage Renal Failure လို့​ခေါ်တဲ့..​နောက်​ဆုံးအဆင့်​​ကျောက်​ကပ်​ပျက်​စီးခြင်း..
အဆင့်​​ရောက်​​နေပါပြီ..
ဆေးရုံလည်းခဏခဏတက်​..​ကျောက်​ကပ်​​ဆေးစက်​နဲ့လည်း..
ကျောက်​ကပ်​ခဏခဏ​ဆေး​နေရပါပြီ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆေးမှတ်​တမ်းများအရ..၃နှစ်​​လောက်​..
©သမား​တော်​ကြီးနဲ့ပြသထားပြီး..©စံနစ်​တကျကုသထားတာ..
©​ပေးတဲ့​ဆေး​တွေကိုလည်းမှန်​မှန်​​သောက်​ထားတဲ့အ​ထောက်​အထား​တွေကို..
သိလိုက်​ရတယ်​..
ဒါ​ပေမယ့်​..
၆လ​ကျော်​​ကျော်​​လောက်​..ဆရာဝန်​သမား​တော်​ကြီးနဲ့ပြသကုသမှု..
မရှိ​တော့တာကိုရုတ်​တရက်​​တွေ့လိုက်​တယ်​..
အခုလိုအ​ခြေအ​နေ​ရောက်​မှ..ဆရာဝန်​သမား​တော်​ကြီးနဲ့ပြန်​ပြတာ..
၁လ​ကျော်​​ကျော်​​လောက်​ပဲရှိ​သေးတာပါ..
ရောဂါအ​ခြေအ​နေက​တော်​​တော်​ဆိုးရွား​နေပြီမို့..​ဆေးရုံတင်​ကုသရတဲ့အဆင့်​​ရောက်​သွားရတာပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆေးမှတ်​တမ်းများအရ..လွန်​ခဲ့တဲ့..၃နှစ်​ခွဲ​ကျော်​ကာလတုန်းက..
©​သွေး​ပေါင်​ချိန်​​ရော..©​သွေးချိုဆီးချို အ​ခြေအ​နေ​ရော..
သတ်မှတ်ထားတဲ့..ပုံမှန်​ပမာဏမှာ..​တော်​​တော်​ထိန်းထားနိုင်​တာကို..
တွေ့​နေရတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဘာ​ကြောင့်​​ဆေးရပ်​လိုက်​သလဲ?????လူနာရဲ့အမျိုးသားက..
လူနာနဲ့အလွန်​ခင်​မင်​တဲ့..​ဈေးထဲကကုန်​စုံဆိုင်​အမျိုးသမီးက..
လူနာကိုယုံကြည်​​လောက်​​အောင်​ဆွယ်​ပါသတဲ့..
©ဆရာဝန်​​ပေးတဲ့..​သွေးကျ​ဆေး​တွေ..
သွေးချိုဆီးချို​ဆေး​တွေ..မှန်​မှန်​​သောက်​ရင်​..
ကျောက်​ကပ်​ပျက်​သွားမယ်​တဲ့..©သူအဖွဲ့ဝင်​ထားတဲ့..
သဘာဝဖြည့်​စွက်​စာအတွဲ​တွေကို..မှန်​မှန်​​သောက်​တဲ့..
ရှားပါးတဲ့..သဘာဝသစ်​ဥသစ်​မြစ်​​တွေကို..အဆင့်​မြင့်​နည်းပညာနဲ့ထုတ်​လုပ်​ထားတဲ့..
အတွက်​ယုံယုံကြည်​ကြည်​နဲ့​သောက်​ပါတဲ့..
ဆေးကအဆင့်​မြင့်​​တော့..​ဈေး​တော့ကြီးမယ်​တဲ့..
ဒါ​ပေမယ့်​..
သူ့လို..အဖွဲ့ဝင်​​ကြေး​ပေးပြီးအဖွဲ့ဝင်​လိုက်​..
ပြီး​တော့..ကိုယ့်​လို​ရောဂါဖြစ်​​နေသူ​တွေကိုရှာပြီး..
ဆေးထပ်​ဖြန့်​ရင်​..​ကိုယ်​​သောက်​ရမယ့်​​ဆေးဖိုး​တောင်​​..
ကျေတဲ့အပြင်​ပုံမှန်​ဝင်​​ငွေအများကြီးရအုံးမှာတဲ့..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
လူနာရဲ့အမျိုးသားက..အတန်​အတန်​တားပါလျက်​..အဖွဲ့ဝင်​​ကြေးသုံး​သောင်းထည့်​..
သူ​သောက်​ရမယ့်​​ဆေးဗူးအတွဲ​တွေကို..မတန်​တဆ​ဈေး​ပေးပြီးဝယ်​​သောက်​..
သူ့လို​ရောဂါဖြစ်​​နေသူ​တွေကို..သူ့လို​ဆေး​သောက်​ဖို့ဆွယ်​​ပေမယ့်​..
ဘယ်​သူမှသူ့​နောက်​မပါ..တတ်​ကျွမ်းနားလည်​တဲ့..
ဆရာဝန်​​ပေးတဲ့​ဆေး​ပဲ​သောက်​မယ်​တဲ့..
ဒီ​တော့..Member မရ​တော့..​ကော်​မရှင်​မရ..​ကော်​မရှင်​မရ​တော့..
ကိုယ့်​​ဆေးကိုယ့်​ဟာကိုယ်​ဝယ်​​သောက်​..တလတလ​ဆေးဖိုး၂သိန်း​ကျော်​..
အစပိုင်း​တော့ဟုတ်​သလိုလို..(မှန်​ကန်​တဲ့​ဆေး​သောက်​ခဲ့တဲ့အရှိန်​​ကြောင့်​)
နောက်​​တော့တဖြည်းဖြည်းဆိုးလာ..
(​ရောဂါအတွက်​သင့်​​တော်​မှန်​ကန်​တဲ့​ဆေးများမှ..ကင်းကွာသွားလို့)
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောက်​ကပ်​ရဲ့အဓိကလုပ်​ငန်းဟာ..®​သွေးတွင်းအညစ်​အ​ကြေးများနဲ့..
ပိုလျှံ​နေတဲ့အရည်​​တွေကို..ဆီးအ​နေနဲ့စွန့်​ထုတ်​​ပေးရတာပါ..
ကျောက်​ကပ်​မ​ကောင်း​တော့ဘူးဆိုရင်​..®​သွေးတွင်းအညစ်​အ​ကြေး​တွေ..
ဓာတ်​ဆား..Electrolytes ​တွေ..​သွေးတွင်းအရည်​ထုထည်​​တွေ..
လွန်​ကဲများပြားလာပြီး..ကိုယ်​တွင်းအင်္ဂါများကိုပျက်​စီး​စေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောက်​ကပ်​ဟာ..အင်​မတန်​ဒဏ်​ခံနိုင်​တဲ့ကိုယ်​တွင်းအင်္ဂါဖြစ်​တယ်​..
တတ်​နိုင်​သမျှ..သူ့လုပ်​ငန်းကို..ကြံ့ကြံ့ခံပြီး..ပျက်​စီး​နေတဲ့ကြားက..
ပုံမှန်​ဖြစ်​​အောင်​​ဆောင်​ရွက်​​ပေးနိုင်​စွမ်းတယ်​..
အဲဒါ​ကြောင့်​..
လူနာ​တော်​​တော်​များများဟာ..​ကျောက်​ကပ်​ပျက်​စီးလို့ပျက်​စီးမှန်း..
ကာလတာရှည်​မသိလိုက်​ပဲ..​ကျောက်​ကပ်​က..
ဘယ်​လိုမှ​တောင့်​မခံနိုင်​​တော့လို့..​တော်​​တော်​ကြီးပျက်​စီး​တော့မှ..
ခံရခက်​တဲ့​ရောဂါ​ဝေဒနာ​တွေ​ပေါ်လာ​တော့မှ..ဆရာဝန်​ဆီပြ..
လိုအပ်​တဲ့စစ်​​ဆေးစမ်းသပ်​မှု​တွေလုပ်​​တော့မှ..​ကျောက်​ကပ်​ပျက်​​စီး​နေ​ကြောင်း..
သိရ​ပါ​တော့တယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ကျောက်​ကပ်​ပျက်​စီး​နေ​ကြောင်း..သိသာထင်​ရှားတဲ့​ရောဂါလက္ခဏာ​တွေက​တော့..
®တကိုယ်​လုံး​ဖော​ရောင်​လာမယ်​..မနက်​​စော​စောအိပ်​ယာထစမှာ..
မျက်​ခွံ​တွေ​ဖောင်းအိ​နေမယ်​..​နေ့လည်​ည​နေ​ရောက်​ရင်​..
ခြေ​ထောက်​​တွေ..​ခြေဖမိုး​တွေ..​ခြေ​ကောက်​ဝတ်​​တွေ​​ဖောရောင်​​နေမယ်​..
အိပ်​​နေတာ..လှဲ​နေတာများရင်​..လက်​​မောင်း​တွေ​ဖော​ရောင်​​နေပါမယ်​..
®အဆုပ်​နဲ့အဆုပ်​အ​မြှေးပါး​တွေထဲ..​ရေ​တွေစု​ဆောင်း​နေတတ်​လို့..
အသက်​ရှူ မဝ..ပက်​လက်​အိပ်​လို့မရ..
®ပိုတက်​စီယမ်​ဓာတ်​ဆား..မြင့်​တက်​​နေမှုHyperkalaemia ..​ကြောင့်​..
အသက်​အန္တရာယ်​စိုးရိမ်​ရ​လောက်​​အောင်​..
နှလုံးရဲ့လုပ်​ငန်း​ဆောင်​တာများ..က​မောက်​ကမဖြစ်​တတ်​တယ်​..
®​ကျောက်​ကပ်​ဟာ..
သွေးနီဥထုတ်​လုပ်​မှုကိုလှုံ့​ဆော်​​ပေးတဲ့..
Haemopoietin hormone ကိုအဓိကထုတ်​လုပ်​​ပေးတယ်​..
ဒါ​ကြောင့်​..​ကျောက်​ကပ်​ပျက်​စီးရင်​..​သွေးနီဥ​လျော့နည်းသွားတဲ့အတွက်​..
လူနာဟာဖြူ ဖတ်​ဖြူ ​ရော်​..ဖြစ်​သွားရ​လောက်​​အောင်​..
သွေးအားနည်းသွားပါမယ်​..
®​သွေးတွင်းအညစ်​အ​ကြေး​တွေကို..စွန့်​ထုတ်​နိုင်​စွမ်းမရှိ​တော့တဲ့အတွက်​..
အဲဒီအညစ်​အ​ကြေး​တွေက..ဦး​နှောက်​နဲ့အာရုံ​ကြော​တွေကို..
ထိခိုက်​ပျက်​စီး​စေပါတယ်​..
မှတ်​ဥာဏ်​များချွတ်​ယွင်းပြီး..ထုံထိုင်းထိုင်းဖြစ်​သွားတယ်​..
အာရုံစူးစိုက်​မှု​လျော့ကျသွားတယ်​..
ကိုယ်​ရည်​ကိုယ်​​သွေးနိမ့်​ကျသွားတယ်​..®ကိုယ်​တွင်းသဘာဝခုခံအားနိမ့်​ကျသွားလို့..
အဖျားအနာ​ချောင်းဆိုးနှာ​စေးအ​အေးမိစတဲ့..
ရောဂါပိုး​ကြောင့်​ဖြစ်​တဲ့​ရောဂါများ..Infection..ဖြစ်​လွယ်​မယ်​..
®အရိုးတည်​​ဆောက်​မှုဇီဝကမ္မဖြစ်​စဉ်​..Bone Metabolism..က​မောက်​ကမဖြစ်​လို့..
အရိုးကျိုးလွယ်​မယ်​..အရိုး​ပျော့မယ်​..
အရိုး​ပျော့သွားတဲ့အတွက်​..လှုပ်​ရှားသွားလာရာမှာ..​ပျော့တီး​ပျော့ဖတ်​ဖြစ်​မယ်​..
®မကြာခဏကြွက်​တက်​တတ်​တယ်​..
®​သွေး​ပေါင်​ချိန်​အတက်​အကျအလွန်​​ပြောင်းလဲတတ်​လို့..ထိန်းညှိဖို့အလွန်​ခက်​တယ်​..
®​အ​ရေပြားယားယံ​နေတတ်​ပါတယ်​..®မစားချင်​မ​သောက်​ချင်​..
ပျို့ချင်​အန်​ချင်​​နေတတ်​တယ်​..
®ပင်​ပန်းနွမ်းနယ်​ပြီး..ကိုယ်​လက်​မသယ်​နိုင်​​လောက်​​အောင်​ချိနဲ့သွားမယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒေါ်ငြိမ်းအိမှာ..အခု​ပြောပြခဲ့တဲ့​ရောဂါလက္ခဏာ​..တော်​​တော်​များများပြည့်​စုံ​နေပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
End Stage Renal Failure.. လို့​ခေါ်တဲ့..​နောက်​ဆုံးအဆင့်​​ကျောက်​ကပ်​ပျက်​စီးခြင်း..
အဆင့်​​ရောက်​​နေပြီဖြစ်​တဲ့..​ဒေါ်ငြိမ်းအိအတွက်​..
®အချိန်​မှန်​မှန်​​ကျောက်​ကပ်​​ဆေးစက်​နဲ့..​ကျောက်​ကပ်​​ဆေး​ကြောခြင်း..
Dialysisသို့်​မဟုတ်​..
®​ကျောက်​ကပ်​အသစ်​နဲ့..အစားထိုးလှဲလှယ်​ခြင်း..Renal/ Kidney transplant..
လုပ်​ရုံကလွဲလို့အခြားကုသစရာမရှိ​တော့ပါ..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဒါ့​ကြောင့်​..ကိုယ့်​မှာ..©​သွေး​ပေါင်​​သွေးဖိအားတက်​​..
သွေးတိုး​ရောဂါရှိ​နေရင်​..စံနစ်​တကျကုသပြီး..​ဆေးမှန်​မှန်​​သောက်​ပါ..
©​သွေးချိုဆီးချို​ရောဂါကို..သတ်​မှတ်​ထားတဲ့​သွေးအချိုဓာတ်​ထက်​..
များမသွား​အောင်​..စံနစ်​တကျကုသပါ..​သွေးချိုဆီးချို ​ရောဂါလူနာများအ​နေနဲ့..
သွေး​ပေါင်​ချိန်​..၁၃၀/၈၀ ထက်​မများသင့်​ပါ..
©​သွေးတိုး​ရောဂါ​ရော..​သွေးချိုဆီးချို ​ရောဂါ..၂မျိုးလုံး..
ဆေးမှန်​မှန်​မ​သောက်​ရင်​..စံနစ်​တကျကုသမှုမပြုဘူးဆိုရင်​..
ကျောက်​ကပ်​ပျက်​စီးတတ်​ပါတယ်​..
©​သွေးတိုး​ရော​ဂါ​ရော..​သွေးချိုဆီးချို ​ရောဂါ ၂မျိုးလုံး​ပေါင်းဖြစ်​​နေတဲ့..
ဒေါငြိမ်းအိလိုလူနာမျိုးဆိုရင်​..စံနစ်​တကျမကုသရင်​..
သူ့လို​ကျောက်​ကပ်​အမြန်​ပျက်​စီးတတ်​ပါတယ်​.
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဗဟုသုတအ​နေနဲ့​..ကျောက်​ကပ်​ပျက်​စီးတတ်​တဲ့..
ရောဂါ​တွေကို​ပြောပြပါအုံးမယ်​..
©Glomeruli လို့​ခေါ်တဲ့​..ကျောက်​ကပ်​အတွင်းက..
သွေးတွင်းအညစ်​အ​ကြေးအပါအဝင်​..
ရေဓာတ်​..သတ္ထုဓာတ်​..ဓာတ်​ဆား..အချိုဓာတ်​စတာ​တွေကို..သင့်​​တော်​သလို..
ဇကာသ​ဘောမျိုးစစ်​ထုတ်​​ပေး​နေတဲ့..အစိပ်​အပိုင်းများ..​ရောဂါပိုးဝင်​ပြီး..
ရောင်​ရမ်း​နေမှု..ဆိုးရွားသွားရင်​လည်း..​ကျောက်​ကပ်​ပျက်​စီးတတ်​ပါတယ်​..
Glomerulonephritis လို့​ခေါ်တယ်​..
®​ကျောက်​ကပ်​အတွင်းက..
ပြွန်​ငယ်​​လေးများနဲ့..ပတ်​ဝန်းကျင်​..အစိတ်​အပိုင်းများ..​ရောဂါပိုးဝင်​ပြီး..
ရောင်​ရမ်း​နေတာကြာသွားရင်​လည်း..​ကျောက်​ကပ်​ပျက်​စီးတတ်​ပါတယ်​..
Interstitial Nephritis လို့​ခေါ်ပါတယ်​..
®ဆီးအကျိတ်​ကြီး​နေတာ..​ကျောက်​ကပ်​အတွင်း​ကျောက်​တည်​​နေတာ..
ကင်​ဆာအဖုအကြိတ်​ဖြစ်​​နေတာ..​ကြောင့်​..နှစ်​လတာရှည်​..
ကျောက်​ကပ်​ကထွက်​တဲ့ဆီးပြွန်​..ပိတ်​ဆို့ခံရမှု​ကြောင့်​လည်း..
ကျောက်​ကပ်​ပျက်​စီးတတ်​​သေးတယ်​..
Prolonged obstruction of urinary tract.®Pyelonephritis လို့​ခေါ်တဲ့..
ကျောက်​ကပ်​​ရောင်​ရမ်းခြင်းမကြာခဏဖြစ်​ရင်​လည်း..
ကျောက်​ကပ်​ပျက်​တတ်​တယ်​..
®Vesicoureteral reflux လို့​ခေါ်တဲ့..ဆီးလမ်း​ကြောင်းက​နေခန္ဓာကိုယ်​ပြင်​ပကို..
စွန့်​ထုတ်​ရမည့်​ဆီးက..​နောက်​ပြန်​လှန်​ပြီး..
ကျောက်​ကပ်​ထဲပြန်​ဝင်​သွားတတ်​တဲ့..​ရောဂါမျိုးလည်း..
ကျောက်​ကပ်​ပျက်​တတ်​တာပဲ..
®Polycystic Kidney Disease လို့​ခေါ်တဲ့..​အရည်​အိတ်​အများကြီး..
စပျစ်​သီးအခိုင်​လိုဖွဲ့စည်း​နေတဲ့..​မွေးရာပါ​ရောဂါမျိုးလည်း..
ကျောက်​ကပ်​ပျက်​သွားတတ်​ပါတယ်​..
°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°°
ဆရာဝန်​က..
စံနစ်​တကျ..စမ်းသပ်​ပြီးမှ..​ပေးတဲ့..©​သွေးကျ​ဆေး©​သွေးအချိုဓာတ်​ထိန်း​ဆေး..များကို..
ကျောက်​ကပ်​မပျက်​စီး​အောင်​..မပျက်​မကွက်​ယုံယုံကြည်​ကြည်​​..
နေ့စဉ်​မှန်​မှန်​သောက်​ကြပါလို့​..​စေတနာ​ရှေ့ထားတိုက်​တွန်းပါတယ်​..
မ​သောက်​ရင်​..​ကျောက်​ကပ်​ပျက်​သွားပါလိမ့်​မယ်​လို့..
ဂရုဏာ​ရှေ့ထားသတိ​ပေးပါတယ်​..
အာယုပါလ
https://www.facebook.com/drsaihksein02011962/photos/a.417351231967296.1073741829.409646519404434/491145657921186/?type=3&theater

No comments:

Post a Comment