Latest News
CREDIT
သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။
Wednesday, October 18, 2017
ဆီဆိုင်မြို့နယ်တွင် သမီးအရင်းဖြစ်သူအား သားမယားပြုကျင့် မှု့ဖြစ်ကာ ကိုယ်ဝန် ၇ လရှိနေ
ဆီဆိုင်မြို့နယ်တွင် သမီးအရင်းဖြစ်သူအား သားမယားပြုကျင့် မှု့ဖြစ်ကာ ကိုယ်ဝန် ၇ လရှိနေ
ဆီဆိုင်မြို့ နယ် နောင်မွန်ကျေးရွာ နားဆိုင်းရပ်မှနေထိုင်တဲ့ခွန်မောင်စန်း (ခ)မူဆာ အသက်(38)နှစ်အရွယ်ရှိသူကအသက်၁၄ နှစ်အရွယ်ရှိ
သမီးအရင်း ကိုးတန်းကျောင်းသူအား သားမယားပြု ကျင့်ခဲ့ရာ
သမီးဖြစ်သူမှာ ကိုယ်ဝန် ၇ လခန့် ရှိလာတဲ့အတွက် ကျောင်းမှ
ထုတ်ပယ်ခြင်းခံခဲ့ရကြောင်း အဆိုပါနောင်မွန်ကျေးရွာရှိ မူဆာ
ရဲ့ အမျိုးတော်စပ်သူများနဲ့  နောင်မွန်ကျေးရွာမှ ပြည်သူများက
မြန်မာနိုင်ငံရဲတပ်ဖွဲ့ မှ နယ်ထိန်းတပ်ဖွဲ့ ဝင်များက ဒီကနေ့ အောက်တိုဘာလ (18)ရက်နေ့ ညနေ ၃ နာရီခန့် က မူဆာတည်းခိုနေသောအိမ်သို့ သွားရောက်ရှာဖွေ ဖမ်းဆီးပြီး သက်ဆိုင်ရာနယ်မြေ ဘန်းယဉ်ရဲ စခန်းမှူးအားအကြောင်းကြားအပ်နှံပေးခဲ့ကြပါတယ်။
credit-MgMg( ဦးစံဝင်းမောင် )
No comments:
Post a Comment