ဆရာ ချစ်ဦးညို ရဲ့ သက်ဆိုင်သူများကို ရည်ညွှန်း သတိပေးမှု
========================================
" မလောင်ခင်တားကြစို့ "
-------------------------------
၁။ရည်ညွှန်း။ ။ကာယကံရှင်ခေါင်းဆောင်ကြီးများ၊
အနီးကပ်ကာကွယ်ပေးနေသူများ၊အနီးကပ်မိတ်ဆွေများ၊အစိုးရအဖွဲ့ဝင်များ၊
ပြည်သူလူထုတရပ်လုံး၊အထူးသဖြင့် အဂတိလေးပါးမှကင်းကြလေသည့်
ပြည်ထဲရေး၊ရဲ၊စစ်တပ်မှတာဝန်ရှိသူများ။
၂။ကိုယ့်ကိုကိုယ်ယုံလွန်းမှု၊သတိကင်းကွာမှု
***********************************
(က)၁၈၊၉၊၄၇. ဗိုလ်စိန်မှန်နဲ့ဗိုလ်မှူးအောင်တို့ကဘရင်းဂန်း၂၀၀ ပျောက်မှုတင်ပြခဲ့။
ပုလိပ်မင်းကြီးဦးဘမောင်နဲ့စုံထောက်မင်းကြီးဦးထွန်းလှအောင်တို့ကအထောက်
အထားခိုင်လုံသဖြင့်ဦးစောကိုဖမ်းခွင့်ပြုရန်ပြော၊
ဗိုလ်ချူပ်အောင်ဆန်းက "ခင်ဗျားတို့ပုလိပ်တွေကတဆိတ်ရှိနိုင်ငံရေးသမားတွေကို
ဖမ်းဖို့ပဲ၊ကျူ ပ်မကြိုက်ဘူး၊သေချာပြန်စုံစမ်း" လို့ပြောခဲ့။
ဗိုလ်ချူ ပ်အောင်ဆန်း။ ။ဗျာ ဒါကတော့ဘုရားတောင်မှအတိုက်အခံရှိသေးတာပဲ
ကိုယ်ကသာလမ်းမှန်ကနေပြီးမှန်တဲ့အလုပ်ကိုလက်ကိုင်ထားရင်ဘာမှကြောက်စရာ
မလိုပါဘူးအမေရယ်။မစိုးရိမ်ပါနဲ့ စစ်တိုက်နေတုန်းကတောင်မသေခဲ့တာ၊အခု
တိုင်းပြည်နဲ့လူထုကအရင်လိုမဟုတ်တော့ပါဘူး အကောင်းအဆိုးဝေဖန်တတ်ပါပြီဗျ။
၃။လက်နက်များထုတ်ယူသယ်ဆောင်သွားမှု
*************************************
၁၉၄၇ဇူလိုင်ဒုတိယအပတ်ထဲမှာဘီအိုဒီရဲထောက်ပံရေးဌာနမှဘရင်းဂန်း ၂၀၀ ရဲဝန်
လက်မှတ်အတုဖြင့်ထုတ်ယူသွားကြောင်း၁၅.၇.၄၇. ဗမာ့ခေတ်သတင်းစာမှာပါခဲ့။
၎။လူသတ်သမားတို့ရဲ့ယူနီဖောင်းနဲ့ကား
**********************************
၁၂ နံပါတ် ခြသေ့င်္တပ်ယူနီဖောင်း၊ကားနံပါတ် BC1814ဂျစ်ကား။မှုန်ကြီးလမ်းပြ၊
သုခကားမောင်း၊အတွင်းဝန်ရုံးအမှုဆောင်ကောင်စီအစည်းအဝေးခန်းမကြီးထဲသို့။
ဝန်ကြီးအဖွဲ့တပြုံလုံးကိုဘရင်းဂန်းဖြင့်ပစ်ခတ်။
အတွင်းဝန်ရုံးအောက်ထပ်တွင်အစောင့်လုံခြုံရေးတပ်ဖွဲ့မရှိ။
ဗိုလ်ချူ ပ်ကဖယ်ရှားခိုင်းဟုဆိုကြ။
၅။ ။ဒီလိုပက်စက်ယုတ်မာကြေကွဲတုန်လှုပ်ဖွယ်အဖြစ်ဆိုးမျိုး
ဘယ်တော့မှသမိုင်းတစ်ပတ်ပြန်မကြော့စေရ။ ။
ချစ်ဦးညို
၁၇.၁၀.၂၀၁၇
No comments:
Post a Comment