Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 18, 2017

* ရေနွေးကြမ်းအတူသောက်ရင်း ခွက်ကျကွဲတာကို ကိုရင်ကြီးမှ ဆူပူကြိမ်းမောင်းသဖြင့် ရွာသားသုံးဦးက အငြိုးထားသတ်ဖြတ်မှု အောင်လံမြို့နယ် ဆင်တဲကြီးကျေးရွာ ဘု


* ရေနွေးကြမ်းအတူသောက်ရင်း ခွက်ကျကွဲတာကို ကိုရင်ကြီးမှ ဆူပူကြိမ်းမောင်းသဖြင့် ရွာသားသုံးဦးက အငြိုးထားသတ်ဖြတ်မှု အောင်လံမြို့နယ် ဆင်တဲကြီးကျေးရွာ ဘုန်းကြီးကျောင်းအတွင်းဖြစ်ပွား *
၂၀၁၇ ခုနှစ် အောက်တိုဘာ လ ၁၆ ရက် ၁၁ နာရီချိန် မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ် ရွှေပန်းတောနယ်မြေရဲစခန်းအပိုင် ဆင်တဲကြီးကျေးရွာဘုန်းကြီးကျောင်းတွင် ကိုရင်ဝတ်နေသော ကိုရင်ကြီး ဦးနန္ဒိယ၊ လူအမည် ဦးမြင့်သိန်း (၅၇)နှစ် ဝါတော် (၆)ဝါအား ဘုန်းကြီးကျောင်းဝင်း တောင်ဘက် ညောင်ပင်အောက်တွင် တစ်ရွာတည်းနေ စိုးဝင်း၊ အေးခိုင်၊ တင်လင်အောင်တို့မှ ဓါး၊ဒုတ်ဖြင့် ခုတ်/ရိုက်သဖြင့် ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်းကို ကိုရင်ကြီး၏ညီမ မထူး (၅၅)နှစ်အား တစ်ရွာနေတည်းနေ ဦးစန်းလွင်မှ လာရောက်ပြောပြသောကြောင့် တစ်ရွာတည်းနေ ညီမဖြစ်သူ မချိုနှင့်သွားရောက်ကြည့်ရှုရာ ကိုရင်ကြီးမှာ ဓါးဒဏ်ရာများဖြင့် မှောက်လျက်သေဆုံးနေသည်ကို တွေ့ရှိရသဖြင့် အစ်ကိုဖြစ်သူအား သတ်ဖြတ်သူ တရားခံများကို ဥပဒေအရအရေးယူပေးပါရန် မထူးမှ ရွှေပန်းတော နယ်မြေရဲစခန်းသို့ တိုင်းတန်းလာသဖြင့် ရဲအုပ်သန်းကျော်ရွှေနှင့်အဖွဲ့မှ အလောင်းအားသွားရောက် စစ်ဆေးရာ ဦးခေါင်းနှင့်ဝဲဘက်နားရွက် အရှည် (၁၀)လက်မခန့် ပြတ်ရှဒဏ်ရာ၊ ယာဘက်လက်မောင်းထိပ် အရှည် (၆) လက်မခန့် ပြတ်ရှဒဏ်ရာ (၁)ချက်စီနှင့် ဦးခေါင်းထိပ် (၂)လက်မခန့် ပြတ်ရှဒဏ်ရာ (၂)ချက်ဖြင့် သေဆုံးနေသည်ကို တွေ့ရှိရ၍ ရဲလုပ်ထုံးလုပ်နည်းအတိုင်း ဆက်လက်ဆောင်ရွက်ပြီး တရားခံများအား မွန်းလွဲ ၃ နာရီ ချိန် ဖမ်းစီးစစ်ဆေးခဲ့ရာ ၂၀၁၇ ခုနှစ် အောက်တိုဘာ လ ၁၅ ရက် ည ၈ နာရီအချိန်ခန့်က ဘုန်းကြီးကျောင်းဝင်းအတွင်း အုတ်ထိုင်ခုံပေါ်တွင် တစ်ရွာတည်းနေ စိုးဝင်း၊ တင်လင်းအောင်၊ အေးနိုင်နှင့် သေဆုံးသူ ကိုရင်ကြီးတို့ ရေနွေးကြမ်းအတူသောက်နေကြစဉ် အေးနိုင်သောက်သော ရေနွေးကြမ်းခွက် ကျကွဲသွားသဖြင့် ကိုရင်ကြီးမှ ဆူပူကြိမ်းမောင်းပြောဆိုသဖြင့် စကားများသည်ကို အငြိုးထားပြီး သတ်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် စိုးဝင်း (၅၀)နှစ် (ဘ)ဦးဖိုးကျွဲ၊ အေးနိုင် (၂၉)နှစ် (ဘ)ဦးစိုးဝင်းတို့အား ရွှေပန်းတောရဲစခန်းတွင် (ပ)၃၄/၂၀၁၇ (အမှုကြီးအမှတ် -၅/၂၀၁၇) ရာဇသတ်ကြီးပုဒ်မ ၃၀၂/၂၉၅-က/၁၁၄ ဖြင့် အမှုဖွင့်အရေးယူဆောင်ရွက်နေပြီး တရားခံ တင်လင်းအောင် (၂၄)နှစ် (ဘ)ဦးစိုးဝင်း အား ဖမ်းဆီးရမိရေး ဆက်လက်ဆောင်ရွက်နေ ကြောင်းနှင့် အမှုစစ်အဖြစ် ရဲအုပ်သန်းကျော်ရွှေမှ စစ်ဆေးဆောင်ရွက်နေကြောင်း မကွေးတိုင်း အမှတ် (၂) '' M.C.R.A'' မှုခင်းအထူးသတင်းထောက် တိုင်းစည်းရုံးရေးမှူး နိုင်ကိုလှိုင် (ခ)ဇွဲမောင်မောင် ပေးပို့သော ကနဦးသတင်းတစ်ရပ်အား ရရှိပါသည်။
သတင်းမှတ်တမ်း
    အောင်ခန့်
                              စစ်သည်တော်အဖွဲ့
                          {မှုခင်းကူညီမှု ပရဟိတ}
                      ဗဟိုဒုတိယစည်းရုံးရေးမှူးချုပ်ရုံး
                          နေပြည်တော် '' M.C.R.A

No comments:

Post a Comment