Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Wednesday, October 18, 2017

လေထဲကငွေ --- Coinspace ဘာလဲ ဘယ်လဲ ။

လေထဲကငွေ ---

Coinspace ဘာလဲ ဘယ်လဲ ။
=====================

အရင်ဆိုရင်တော့ ဦးဆောင်သူဘယ်သူဘယ်ဝါဆိုတာ ပြောဦးမလဲပဲ ဒါပေမဲ့ Coinspaceမှာတော့ လက်ညိုထိုးပြစရာ အဖေမရှိ (အဲ ယောင်လို့ :-P ) ထိုးပြစရာ ဦးစီးဦးဆောင် စီးပွားရေးလုပ်ငန်ရှင်ရယ် ကျော်ကြားသူရယ်လို့ သူ့ မူရင်း website မှာကိုက ဘာသတင်းအချက်အလက်မှ မရှိဘူး ။

အဲ့တာနဲ့ပဲ ဒီ Website ကို တည်ထောင်သူ ဘယ်သူဆိုတာ လိုက်ရှာဖို့ ဆုံးဖြတ်တော့ တွေပါပြီ။
Danjel Pawl ဆိုတဲ့ နာမည်နဲ့ မတ်လ ၁၁ ရက်နေ့မှာ Domain ကို register လုပ်ပြီး စတင်လွှင့်တင် ခဲ့ တာပဲ။

လိပ်စာကတော့ Malta ကပဲ ။ (Malta ဆိုတာက တောင်ဥရောပ က ကျွန်းနိုင်ငံငယ်လေးတစ်ခုပါ ။ လူဦးရေ လေးသိန်းခွဲ သာသာနဲ့ EUထဲမှာအသေးဆုံးပဲ ။ ထားတော့ ။ Coinspace ကွဆိုတဲ့ သူတွေတောင် သိချင်မှသိမယ် ။ )

Danjel Pawl ဆိုတဲ့ လူက ဒီwebsite ကို register လုပ်ထားတဲ့ သူရဲ့ နာမည်သက်သက်ပဲ ။ သူကိုယ်တိုင် ဒီစီးပွားရေးကို runနေတာလား သို့မဟုတ် website admin သက်သက်လား ဘယ်သူမှမသိသလို ။ ဒီ Danjel Pawl ကလဲ ဘာသမိုင်းမှမရှိဘူး ။ ဒါကြောင့် Just a Name ပါ ။

ကဲလူမဟုတ်ရင် ဘယ်စီးပွားရေး Group ၊ ဘယ်ကုမ္ပဏီ Group က ဦးဆောင်တာလဲဆိုတာလဲ ရှာမရဘူး ။ 

ခိုင်မာချက်နော် ။

ဒါဆို သူတို့ ဘာကို ဖုံးကွယ်ထားတာလဲ ။ 

ထားပါတော့ဒါဆိုသူတို့ ရဲ့ Product အကြောင်းပြောရအောင် ။ Product ဆိုလို့ မယ်မယ်ရရကိုင်တွယ်ပြစရာလဲ မရှိပြန်ဘူး ။ မရှိတော့ ရှိတာပဲ ပြောရတာပေါ့လေ သူတို့ရဲ့ Coinspace ဆိုတဲ့ Product ဆိုကြပါဆိုရဲ့ ။

Coinspace ဆိုတာ ဘာလဲ?။
+++++++++++++++++++
Coinspace ဆိုတာက လေ တွင်းထွက်တူးတဲ့ ဟာပေါ့လေ ။ :-P 
Cryptocurrency ဆိုတဲ့ လက်က ကိုင်လို့ ထိလို့ မရတဲ့ လေပေါ်က ငွေကြေးတစ်မျိုးကို ခင်ဗျားတို့ ကျုပ်တို့ အတွက် လေပေါ်မှာတူးပေးတာပေါ့ဗျာ ။ 
(သူတို့ကတော့ S coin လို့ ခေါ်တယ် ။ တရားဝင်အနေနဲ့ အဲ့ဒါနဲ့ ဆင်တူ ငွေကြေးတစ်မျိုးကတော့ Bitcoin ဆိုတာ ကြားဘူးကြမှာပေါ့ ။ MMM လုပ်ခဲ့ဘူးသူ ခံခဲ့ဘူးသူတွေ ကောင်းကောင်းသိပါတယ် ။ သူတောင်မှ စတင်ခဲ့တဲ့အချိန်က stockmarket ခွက်ခွက်လန်အောင် ဈေးတွေပြုတ်ကျခဲ့ဘူးပါတယ်။ )

ကဲထားပါတော့ ။ 

coinspace အကြောင်းဆက်မယ် ။

ခင်ဗျားတို့ coinspace မှာ စပြီ Sing up လုပ်တာ ပထမဆုံးလုပ်ရမဲ့အလုပ်ဟာ ငွေထည့်ရမယ် (သူတို့အပြော invest လုပ်တယ်ပေါ့ ။ ရင်းနှီးမြှုပ်နံတယ်ပေါ့လေ ။ )

ပြီးတော့ ဒုတိယအလုပ်ကတော့ (coinspace သမားတော့ ဘယ်လောက်ငြင်းသော်ညားလည်း) MLM နဲ့လူရှာတာပါပဲ ။
ပထမဆုံး သူ့ packageတွေဝယ်ရင် S-Coin pointsတွေပေးတယ်ပေါ့လေ။

သူ့Package တွေအရ

Minimum Mine – 30 S-Coins
Basic Mine – 100 S-Coins
Quarter Mine – 250 S-Coins
Half Mine – 500 S-Coins
Full Mine – 1000 S-Coins
Double Mine – 2000 S-Coins ဆိုပြီးတော့ပေါ့လေ။
S Coinဆိုတဲ့ မမြင်ရတဲ့ ပိုက်ဆံက တန်ကြေး €0.5 EUR တန်ကြေးရှိတယ်။

အဲ့တော့ ဈေးနှုန်းအနေနဲ့ 
Minimum Mine – €300 EUR
Basic Mine – €700 EUR
Quarter Mine – €1500 EUR
Half Mine – €3000 EUR
Full Mine – €6000 EUR
Double Mine – €12,000 EUR

အဲ့တော့ ခင်ဗျားတို့ စဉ်းစားကြည့်ပါ ကိုယ့်ရဲ့ Currency အစစ်ဖြစ်တဲ့ ငွေးကြေးတစ်ရပ်ကို လေးထဲကပိုက်ဆံ (Cryptocurrency ) တွေကို ၀ယ်လိုက်တဲ့ သဘောပဲ ။ ရင်းရဲလား ။ 

ရောင်းဝယ်မှု့တစ်ခု သို့မဟုတ် လဲလယ်မှု့တစ်ခုမှာ တစ်ယောက်ကရွှေပေးလို့ တစ်ယောက်က ပိုက်ဆံပေးတာမျိုး ။ တစ်ယောက်က ဒီငွေးကြေးကို အခြားငွေးကြေးတစ်ခုနဲ့ တန်ဖိုးညှိလဲလှည်တာမျိုး(Money Exchange ) နဲ့ တစ်တန်းထဲထားပြီး လေပေါ်ကငွေကြေးနဲ့ တစ်ကယ့် ငွေကြေးတစ်ရပ်လဲလှည်တာကို လုပ်ကြရဲလား? ။ 

Compensation plan ကို ကြည့်ရင်တော့ ဒီဟာလုပ်တာဟာ Network Marketing နည်းပဲဆိုတာ သိပါ လိမ့်မယ် ။ 

ပစ္စည်းရောင်း Network Marketing တွေမှာ လိုပဲ ပစ္စည်းနေရာမှာ Scoin တွေရောင်းတယ်။
ပစ္စည်းရောင်း Network Marketing တွေမှာ လိုပဲ ကိုယ်အောက်က လူနှစ်ယောက် ရှာပြီး သူတို့ကိုလည်း scoin package တွေဝယ်ခိုင်းပြီးမှကိုယ်က ကော်မရှင်ရမှာပါ ။ 

သူကပိုတောင်ဆိုးသေတယ် ကိုယ့်က အကောင့်ဖွင့်ဖွင့်ပြီးချင် ၄၅ ရက်အတွင်း
ကိုယ်အောက်ကလူနှစ်ယောက်ရှာပြီး သူတို့က  package ၀ယ်မှဝယ်တဲ့တန်ဖိုးရဲ့၂၀% ရမှာဖြစ်ပြီး ကိုယ့်အကောင့်က ၄၅ရက်ကျော်သွားရင် ၁၂% နှုန်းပဲ ရမှာပါ ။

ဒီတော့ အနည်းဆုံး ကိုယ့်အောက်မှာ ၄သိန်းရင်းတဲ့ သူ နှစ်ယောက်ရှိမှ ၂၀%ဆိုရင် ၈သောင်း ပဲ ရဦးမှာပါ ။ နှစ်ယောက်ဆိုမှ ၁သိန်းခြောက်သောင်း သာရမှာပါ ။ 

လောလောဆယ်တော့ လူသုံးယောက်ပေါင်းမှာ ကုမ္ပဏီက ၁၂သိန်းရပြီး ၁သိန်းခြောက်သောင်းကို ကို လူတစ်ယောက်ကိုသာထုတ်ပေးတာပါ ။
စုစုပေါင်း ကုမ္ပဏီကရတဲ့ တန်ဖိုးရဲ့ ၁၃%သာသာပဲ ကော်မရှင်ပြန်ထုတ်ပေးတာပါ ။
ဒါက ၄၅ ရက်အတွင်းရှာနိုင်ဦးမှနော် ။ ၄၅ရက်ကျော်မှရှာနိုင်ရင် ၁၂%နှုန်းဆိုတော့ ကလေးမုန့်ဖိုးတောင်မရှိတဲ့ငွေက ကော်မရှင်ပါ ။

ပြီးတော့ တစ်နှစ် စာချုပ်ဆိုတာကြီးနဲ့ချုပ်ထားတဲ့ အတွက် တစ်နှစ်လုံး ကိုယ့်ရဲ့ အရင်းပြုငွေ တွေကို ပြန်ထုတ်လို့ မရပါဘူး ။

နောက်ဆုံးနိဂုံးချုပ်ရရင်တော့ ဒီ Coinspace ဟာ အရှေ့ က နောင်တော် MMM နည်းတူ Ponzi scheme ဆိုတာ လှလှပပကြီးကို ပေါ်လာပါတယ် ။

ဘာ့ကြောင့်ပြောနိုင်သလဲဆိုရင် ကုမ္ပဏီဏီရဲ့ incomeဟာ နောက်က downline တွေကတစ်ဆင် ထည့်ဝင်တဲ့ငွေတွေကနေ အဆင့်ဆင့် ကော်မရှင်ပြန်ပေးနဲ့ ရပ်တည်ဖြစ်ပြီး 

နောက်ဆုံး Downline တွေ ရောက်တဲ့အခါ ပိရိမစ် ပုံစံအရ လုံးဝကို ကြပ်တည်းတဲ့ အချိန်ရောက်ပြီး အောက်က ကော်မရှင် မရသူများထွက်လေ အဆင့်ဆင့် ပြိုးလဲပြီး အပေါ်ပိုင်းက သမားတွေ အောင်ဖျာလိပ် ပြီး website ကြီး ပိတ်ပြေးလေသတည်းပေါ့ ။

ဒါကြောင့် ဒီလုပ်ငန်းဟာ တစ်ချို့လူတွေ မြတ်ကောင်းမြတ်ပါလိမ့်မယ် ။ အဲ့အမြတ်တွေဟာ ခင်များတို့ရဲ့အောက်ကနေ ရနိုးနိုးနဲ့ ၀င်လာတဲ့ လူတွေရဲ့ ငွေတွေသာဖြစ်ပြီး သုံးနိုင် ပျော်နိုင်တယ်ဆိုလဲ ဆန္ဒပါ ။ 

ခင်များတို့ မြက်ဖျားကရေသီး လောက်မြတ်နေချိန်မှာ အပေါ်ဆုံးက ကိုယ်ပျောက်ကိုယ်တော်ကြီးက သမုဒ္ဒရာလောက် ရနေတာကို သတိချပ်ပါ ။

ကိုယ်နိုင်ငံသားတွေရဲ့ ချွေးနဲစာကို အချင်းချင်းရော နိုင်ငံခြားသာကပါ ဂုတ်သွေးစုပ်တာခံနိုင်တယ်ဆိုရင် ဆက်လုပ်ကြပေါ့ဗျာ ။

#ThetPaingTun
#JustThinking

No comments:

Post a Comment