Latest News

CREDIT

သတင်းစုံပျော်ဝင်အိုးကြီးတွင် ဖော်ပြထားသည့် သတင်း၊ဓာတ်ပုံများသည် သက်ဆိုင်သူများ၏မူပိုင်သာဖြစ်ကြောင်း အသိပေးအပ်ပါသည်။

Friday, October 20, 2017

နားထောင်ကြည့်လိုက်ပါဗျ ကြက်သွန်စိုက် တောင်သူတွေရဲ့အသံ


''နားထောင်ကြည့်လိုက်ပါဗျ
ကြက်သွန်စိုက် တောင်သူတွေရဲ့အသံ''
20.10.2017
မနက်က ကားကြီးကွင်းမှာ ကျနော် ကုန်လိုက်ဝယ်နေရင်း
မိသားစု ကြက်သွန်ပွဲရုံမှာ နန်းမြင့်ရွာက ကြက်သွန်စိုက် တောင်သူကြီး ဦးညိုပုတို့ ဦးကျော်မြင့်တို့နဲ့ ဆုံမိပါတယ်။
ကျနော်က ''ဟား!ဘညိုပုတို့ l
နွေကြက်သွန်ဈေးလေး မြောက်လာတော့ အဘတို့ ပြုံးပျော်နေတာပေါ့လေ'' ဆိုတော့
အလွန်ရိုးသားပြီး အမြဲပြုံးပျော်နေတတ်တဲ့ ဘညိုပု တစ်ယောက် မျက်နှာလေး ညှိုးသွားတယ်။
'' အေးဗျာl နွေဈေးလေးက မဆိုးလို့ တော်သေးတာပေါ့။
အခု မိုးကြက်သွန်က ဒီဖက်နားက ဆယ်သိန်းကျော်လောက် အရင်းသွင်းထားတဲ့ အကွက်လေးက သုံးသိန်းလောက်တော့ ပြန်ရမလားလို့ပဲ။လုံးလုံး ဆုံးတဲ့ အကွက်တွေက ရှိသေးဗျာ'' တဲ့။
ဘေးက ထိုင်နေတဲ့ နန်းမြင့်ရွာက ဦးကျော်မြင့်ကလည်း
''အေးဗျာl ကျုပ်အကွက်လေးလည်း သိန်း၂၀ကျော် ကျထားတာဗျာ။အင်းးး ခက်ပါတယ်ဗျာ။ကံပေးသမျှပေါ့။
သူများတွေ လုံးလုံးပြန်မရကြတဲ့ ၂ပြန်စိုက် ၂ပြန်ကုန်တဲ့ နှစ်ဆိုးကြီးမှာ ကိုယ်တွေက တော်သေးပါတယ်လေ'' တဲ့။
တစ်ယောက်က ပြောတော့ နောက်တစ်ယောက်က ရင်ဖွင့်ကြl သက်ပြင်းချကြl ကြေကွဲကြl ဝမ်းနည်းကြနဲ့
အင်းး ဘာမှ မသိပဲနဲ့
ရမ်းပြောl ရမ်းရေး l ရမ်းလုပ်နေကြတဲ့ ဆရာကြီးတွေl ဂျာနယ်လစ်တွေl စားသုံးသူ အကြောင်းပြပြီး ကိုယ့်လောဘနဲ့ကိုယ် ကိုယ်မြတ်ပြီးရော လုပ်နေကြသူတွေကို နည်းနည်းလောက် တောင်သူတွေဘဝကို တစေ့တစောင်း ခနလောက်ဖြစ်ဖြစ် လေ့လာကြည့်ကြစေလိုပါတယ်လို့ မက်ဆေ့ပေးချင်လို့ ဒါလေး တင်လိုက်တာပါ။
ဒီနှစ်ရာသီဥတုမိုးလေဝသက ကြက်သွန်ဥမှ မဟုတ်ပါဘူးl ဆင်တဲဝချောင်းမှာ လူဘယ်နှယောက် အသက်ပေးလိုက်ရပြီလဲ? လာမေးကြည့်လိုက်ပါ။ကျနော်သိတာတွင် ၆ယောက် ပါသွားပါပြီ။အလောင်းပြန်မရသူတွေတောင် ရှိပါတယ်ဗျာ။
တောင်သူတွေရဲ့ ရင်ဘတ်ကြီးထဲက လာတဲ့ အသံတွေကို နေ့စဉ် မိုးလင်းကတည်းက ကြားနေရသူ တစ်ယောက် အနေနဲ့ တစိတ် တဒေသ ထုတ်ပြန်ပဲ့တင်သံ ပေးကြည့်လိုက်တာပါ။
pm-3:55
Chit Kaung




No comments:

Post a Comment